×

ယူကရိန္းႏိုင္ငံ အိုေဟာင္းေနတဲ႔ တိုက္ခန္းတစ္ခန္းအတြင္းမွာ ႏွစ္ (၃၀)ၾကာသက္တမ္းရွိေနျပီျဖစ္တဲ႔မံမီရုပ္အေလာင္းတစ္ေလာင္းကို ယူကရိန္းရဲတပ္ဖြဲ႔မွရွာေဖြေတြ႔ရွိခဲ႔ပါတယ္။ အဆိုပါမံမီရုပ္အေလာင္းမွာေသဆံုးတာအႏွစ္ (၃၀)ခန္႔ေလာက္ရွိျပီဟု ယူဆရတယ္လို႔ ရဲတပ္ဖြဲ႔မွေကာက္ခ်ခ်မွတ္ခဲ႔ပါတယ္။

မံမီရုပ္အေလာင္းကို ဝတ္စံုအျဖဴ ေခါင္းစြတ္ ေျခအိတ္နဲ႔ ဖိနပ္တို႕ကိုဝတ္ဆင္ေပးထားျပီး ဆိုဖာထိုင္ခံုေပၚမွာ လဲေလ်ာင္းအေနအထားျဖင့္ေတြ႔ရွိခဲ႔ပါတယ္။ ရုပ္အေလာင္းေခါင္းရင္းနဲ႔ေဘးတစ္ဝွက္မွာ အေဆာင္အေယာင္မ်ားနဲ႔ စီမံထားသည္ကိုေတြ႔ခဲ႔ရပါတယ္။ အခန္းတစ္ခုလံုး သတင္းစာစကၠဴအေဟာင္းမ်ားကတ္ထူမ်ားနဲ႔ရႈပ္ပြေနျပီး အမႈိက္ထုတ္ေတြၾကားထဲမွာ လဲေလ်ာင္းေနတဲ႔ အမ်ိဳးသမီးၾကီးတစ္ဦးကို ထပ္မံေတြ႔ရွိခဲ႔ပါတယ္။


အဆိုပါအမ်ိဳးသမိးၾကီးမွာ အသက္ (၇၇)ႏွစ္ခန္႔ရွိျပီး ေသဆံုးေနတဲ႔မံမီရုပ္အေလာင္းရဲ့ သမီးျဖစ္ပါတယ္။အစိုးရပင္စင္အျငိမ္းစားတစ္ေယာက္ျဖစ္ျပီး ယခုအခါေျခေထာက္ႏွစ္ဖက္စလံုးအေၾကာေသေနလ်က္ ၾကမ္းျပင္မွာလဲေလ်ာင္းေနသည္ကိုေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႔မွ ကယ္ဆယ္ေရးအသင္းအဖြဲ႔ကိုဆက္သြယ္ကာ သူမအားေဆးရုံသို႕အျမန္ဆံုးပို႕ေဆာင္ေပးခဲ႔ျပီး အခုလက္ရွိေဆးရုံမွာကုသမႈခံယူေနပါတယ္။ အဲ႔ဒီေနာက္မွာ မံမီရုပ္အေလာင္းကို တိုက္ခန္းမွ မႈခင္းေဆးပညာကြ်မ္းက်င္သူမ်ားထံသို႕ေျပာင္းေရႊ႔ခဲ႔ပါတယ္။
အိမ္နီးနားခ်င္းမ်ားက “သူမဟာ မည္သည့္အိမ္နီးခ်င္းနဲ႔မွ ခင္မင္ကြ်မ္းဝင္သူျခင္းမရွိဘဲ သူမဘာသာတစ္ဦးတစ္ေယာက္တည္းေနတယ္။ အိမ္တံခါးကိုလဲဘယ္ေတာ့မွမဖြင့္ဘူး။အိမ္နီးခ်င္းမ်ားကသူမနဲ႔ရင္းနီးမႈရယူရန္ၾကိဳးစားခဲ႔ေသာ္လည္းမေအာင္ျမင္ခဲ႔ပါဘူး။ သူမအိမ္ေရွ႕တံခါးဝမွာေတာ့ အစားအစာမ်ားကိုခ်ေပးထာျပီး ဂရုစိုက္ေပးခဲ႔ပါတယ္လို႔ ရဲတပ္ဖြဲ႔ကိုထုတ္ေဖာ္ေျပာျပခဲ႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dragon’s Heart (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ယူကရိန်းနိုင်ငံ အိုဟောင်းနေတဲ့ တိုက်ခန်းတစ်ခန်းအတွင်းမှာ နှစ် (၃၀)ကြာသက်တမ်းရှိနေပြီဖြစ်တဲ့မံမီရုပ်အလောင်းတစ်လောင်းကို ယူကရိန်းရဲတပ်ဖွဲ့မှရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါမံမီရုပ်အလောင်းမှာသေဆုံးတာအနှစ် (၃၀)ခန့်လောက်ရှိပြီဟု ယူဆရတယ်လို့ ရဲတပ်ဖွဲ့မှကောက်ချချမှတ်ခဲ့ပါတယ်။ မံမီရုပ်အလောင်းကို ဝတ်စုံအဖြူ ခေါင်းစွတ် ခြေအိတ်နဲ့ ဖိနပ်တို့ကိုဝတ်ဆင်ပေးထားပြီး ဆိုဖာထိုင်ခုံပေါ်မှာ လဲလျောင်းအနေအထားဖြင့်တွေ့ရှိခဲ့ပါတယ်။ ရုပ်အလောင်းခေါင်းရင်းနဲ့ဘေးတစ်ဝှက်မှာ အဆောင်အယောင်များနဲ့ စီမံထားသည်ကိုတွေ့ခဲ့ရပါတယ်။ အခန်းတစ်ခုလုံး သတင်းစာစက္ကူအဟောင်းများကတ်ထူများနဲ့ရှုပ်ပွနေပြီး အမှိုက်ထုတ်တွေကြားထဲမှာ လဲလျောင်းနေတဲ့ အမျိုးသမီးကြီးတစ်ဦးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
အဆိုပါအမျိုးသမိးကြီးမှာ အသက် (၇၇)နှစ်ခန့်ရှိပြီး သေဆုံးနေတဲ့မံမီရုပ်အလောင်းရဲ့ သမီးဖြစ်ပါတယ်။အစိုးရပင်စင်အငြိမ်းစားတစ်ယောက်ဖြစ်ပြီး ယခုအခါခြေထောက်နှစ်ဖက်စလုံးအကြောသေနေလျက် ကြမ်းပြင်မှာလဲလျောင်းနေသည်ကိုတွေ့ရသဖြင့် ရဲတပ်ဖွဲ့မှ ကယ်ဆယ်ရေးအသင်းအဖွဲ့ကိုဆက်သွယ်ကာ သူမအားဆေးရုံသို့အမြန်ဆုံးပို့ဆောင်ပေးခဲ့ပြီး အခုလက်ရှိဆေးရုံမှာကုသမှုခံယူနေပါတယ်။ အဲ့ဒီနောက်မှာ မံမီရုပ်အလောင်းကို တိုက်ခန်းမှ မှုခင်းဆေးပညာကျွမ်းကျင်သူများထံသို့ပြောင်းရွှေ့ခဲ့ပါတယ်။
အိမ်နီးနားချင်းများက “သူမဟာ မည်သည့်အိမ်နီးချင်းနဲ့မှ ခင်မင်ကျွမ်းဝင်သူခြင်းမရှိဘဲ သူမဘာသာတစ်ဦးတစ်ယောက်တည်းနေတယ်။ အိမ်တံခါးကိုလဲဘယ်တော့မှမဖွင့်ဘူး။အိမ်နီးချင်းများကသူမနဲ့ရင်းနီးမှုရယူရန်ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ပါဘူး။ သူမအိမ်ရှေ့တံခါးဝမှာတော့ အစားအစာများကိုချပေးထာပြီး ဂရုစိုက်ပေးခဲ့ပါတယ်လို့ ရဲတပ်ဖွဲ့ကိုထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dragon’s Heart (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top