ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အေရွ႕တိုင္းရဲ႕ေဆးပညာသေဘာအရ သင့္မ်က္ႏွာက သင့္က်န္းမာေရးနဲ႔ေနထိုင္မႈပံုစံကို ညႊန္ျပေနပါတယ္။

မ်က္ႏွာက အလြန္အမင္းပိန္ေနရင္

ေလ့က်င့္ခန္းေတြ အလြန္အကၽြံလုပ္ရင္ သင့္မ်က္ႏွာအသားအေရက လံုေလာက္တဲ့ ေအာက္စီဂ်င္မရေတာ့ပါဘူး။ ဒါ့ေၾကာင့္ ပါးရိုးေနရာေတြမွာဆိုရင္ အလြန္အမင္းပိန္ေနတာကို ေတြ႔ရပါလိမ့္မယ္။ တခါတေလ အစားေလ်ာ့တာမ်ားလြန္းရင္လည္းျဖစ္တတ္ပါတယ္။

ကိုယ္လုပ္ေနတဲ့ ေလ့က်င့္ခန္းနဲ႔ အစားအစာေတြကို ျပန္လည္ ခ်င့္ခ်ိန္သင့္ပါတယ္။

မ်က္ႏွာ ေဖာေနရင္

မ်က္ႏွာက ႀကီးေနသလို၊ ေရာင္ေနသလို ျဖစ္ေနရင္ ေလ့က်င့္ခန္းလုပ္ဖို႔ လိုအပ္ပါတယ္။ ဒါမွမဟုတ္ စိတ္ဖိစီးမႈေတြနဲ႔ အရက္ေသာက္သံုးမႈကို ေလ်ာ့ခ်ဖို႔လိုအပ္ပါတယ္။

ကိုယ့္မ်က္ႏွာကို ပိုႏုလာေအာင္ ေလ့က်င့္ခန္းပံုမွန္လုပ္ၿပီး အရက္ေသာက္တာကို ေလ်ာ့ဖို႔လိုအပ္ပါတယ္။

အေရးအေၾကာင္းမ်ား

မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြမ်ားေနတဲ့သူဟာ ေနေရာင္နဲ႔ထိေတြ႔တာမ်ားတဲ့သူျဖစ္ႏိုင္ပါတယ္။ ေနေရာင္ထဲမွာပါ၀င္တဲ့ ခရမ္းလြန္ေရာင္ျခည္က အေရးအေၾကာင္းေတြကို ျမန္ျမန္ျဖစ္ေစပါတယ္။ မ်က္လံုးနားတစ္၀ိုက္က အေရျပားက ပိုပါးတာေၾကာင့္ အဲ့နားမွာ အေရးအေၾကာင္းေတြပိုျဖစ္ေစပါတယ္။

အသားအေရ ေျခာက္ေသြ႔မႈ

အသားအေရ ေျခာက္ေသြ႔တာဟာ ဗီတာမင္ေတြ နဲ႔ သတၱဳဓာတ္ေတြ ခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္ပါတယ္။ ဒီလို ဓာတ္ေတြခ်ိဳ႕တဲ့ရင္ အသားအေရရဲ႕ က်ံဳ႕ႏိုင္ ဆံ့ႏိုင္အားကို ေလ်ာ့ေစၿပီး အသားအေရ ေျခာက္ေသြ႔ေစပါတယ္။

ဒါ့ေၾကာင့္ ကိုယ္စားတဲ့ အစားအစာေတြမွာ လံုေလာက္တဲ့ အာဟာရ မရရွိရင္ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေပးတဲ့ ခရမ္ေတြလိမ္းလည္း အပိုပါဘဲ။

အ၀ါေရာင္ အသားအေရ

သင့္အသားအေရက အ၀ါေရာင္ေျပာင္းလာရင္ သင့္အဆုတ္မွာ သို႔ေသြးနီဥမွာ ျပႆနာရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အ၀ါေရာင္ေျပာင္းလာတယ္လို႔သံသယရွိရင္ ဆရာ၀န္နဲ႔ျပသင့္ပါတယ္။

၀က္ၿခံ

အဆီဓာတ္ေတြနဲ႔ သၾကားဓာတ္ပါတဲ့ အစားအစာကိုႀကိဳက္ႏွစ္သက္သူေတြမွာ ၀က္ၿခံပိုျဖစ္တတ္ပါတယ္။ တခါတေလ ေဟာ္မႈန္းေျပာင္းလဲမႈေၾကာင့္ ၀က္ၿခံျဖစ္တတ္ပါတယ္။

ဒါ့ေၾကာင့္ အဆီဓာတ္နဲ႔ သၾကားဓာတ္ကို ေလ်ာ့ စားသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myhealthmyanmar

#Unicode Version#
အရှေ့တိုင်းရဲ့ဆေးပညာသဘောအရ သင့်မျက်နှာက သင့်ကျန်းမာရေးနဲ့နေထိုင်မှုပုံစံကို ညွှန်ပြနေပါတယ်။

မျက်နှာက အလွန်အမင်းပိန်နေရင်

လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ရင် သင့်မျက်နှာအသားအရေက လုံလောက်တဲ့ အောက်စီဂျင်မရတော့ပါဘူး။ ဒါ့ကြောင့် ပါးရိုးနေရာတွေမှာဆိုရင် အလွန်အမင်းပိန်နေတာကို တွေ့ရပါလိမ့်မယ်။ တခါတလေ အစားလျော့တာများလွန်းရင်လည်းဖြစ်တတ်ပါတယ်။

ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းနဲ့ အစားအစာတွေကို ပြန်လည် ချင့်ချိန်သင့်ပါတယ်။

မျက်နှာ ဖောနေရင်

မျက်နှာက ကြီးနေသလို၊ ရောင်နေသလို ဖြစ်နေရင် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေနဲ့ အရက်သောက်သုံးမှုကို လျော့ချဖို့လိုအပ်ပါတယ်။

ကိုယ့်မျက်နှာကို ပိုနုလာအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အရက်သောက်တာကို လျော့ဖို့လိုအပ်ပါတယ်။

အရေးအကြောင်းများ

မျက်နှာပေါ်မှာ အရေးအကြောင်းတွေများနေတဲ့သူဟာ နေရောင်နဲ့ထိတွေ့တာများတဲ့သူဖြစ်နိုင်ပါတယ်။ နေရောင်ထဲမှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေးအကြောင်းတွေကို မြန်မြန်ဖြစ်စေပါတယ်။ မျက်လုံးနားတစ်ဝိုက်က အရေပြားက ပိုပါးတာကြောင့် အဲ့နားမှာ အရေးအကြောင်းတွေပိုဖြစ်စေပါတယ်။

အသားအရေ ခြောက်သွေ့မှု

အသားအရေ ခြောက်သွေ့တာဟာ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေ ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ဒီလို ဓာတ်တွေချို့တဲ့ရင် အသားအရေရဲ့ ကျုံ့နိုင် ဆံ့နိုင်အားကို လျော့စေပြီး အသားအရေ ခြောက်သွေ့စေပါတယ်။

ဒါ့ကြောင့် ကိုယ်စားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ အာဟာရ မရရှိရင် အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတဲ့ ခရမ်တွေလိမ်းလည်း အပိုပါဘဲ။

အဝါရောင် အသားအရေ

သင့်အသားအရေက အဝါရောင်ပြောင်းလာရင် သင့်အဆုတ်မှာ သို့သွေးနီဥမှာ ပြဿနာရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဝါရောင်ပြောင်းလာတယ်လို့သံသယရှိရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

ဝက်ခြံ

အဆီဓာတ်တွေနဲ့ သကြားဓာတ်ပါတဲ့ အစားအစာကိုကြိုက်နှစ်သက်သူတွေမှာ ဝက်ခြံပိုဖြစ်တတ်ပါတယ်။ တခါတလေ ဟော်မှုန်းပြောင်းလဲမှုကြောင့် ဝက်ခြံဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် အဆီဓာတ်နဲ့ သကြားဓာတ်ကို လျော့ စားသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myhealthmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top