ကိုယ္တိုင္ေရာ ၊ ပရိသတ္ပါ ခံစားရမယ့္ ကာ႐ိုက္တာမ်ိဳး ကို ေရြးခ်ယ္႐ိုက္ကူးျဖစ္တယ္ဆိုတဲ့ အကယ္ဒမီ ေဖြးေဖြးက အခုႏွစ္အတြင္းမွာ ႐ုပ္႐ွင္ဇာတ္ကားႀကီး ၅ကား လက္ခံ႐ိုက္ကူးထားတယ္လို႔ သိရပါတယ္။
အဆိုပါ ဇာတ္ကား ၅ကားမွာ’ၾကာေတာ့သည္လည္းေမာင့္စကား ဇာတ္ကားက’ ႐ိုက္ကူးၿပီးသြားၿပီလို႔ ဆိုပါတယ္။ ဒါ႐ိုက္တာဝိုင္းနဲ႔ ‘လွည့္၍လြင့္ေသာ္’ ဇာတ္ကား၊ ဒါ႐ိုက္တာ ပြင္႔့သိဂၤေဇာ္နဲ႔ ဇာတ္ကားတစ္ကား အျပင္ လာမယ့္ ၆ရက္ေန႔မွာေတာ့ ဒါ႐ိုက္တာ ထူးပိုင္ေဇာ္ဦးနဲ႔ ‘သူစိမ္းအိမ္’ ဆိုတဲ့ သည္းထိတ္ရင္ဖို ဇာတ္ကားတစ္ကား ႐ိုက္ကူးသြားဖို႔ ႐ွိတယ္လို႔ သိရတယ္။
“သူစိမ္းအိမ္အတြက္ ျပင္ဆင္ရတာကေတာ့ ေဖြး ဆံပင္ညႇပ္ရတာေပါ့ေနာ္။ ဆံပင္တို ပံုစံေလး လိုခ်င္တယ္ဆိုတာနဲ႔ ဆံပင္ညႇပ္ေပးလိုက္တယ္။ တျခား ပါမယ့္သူေတြကေတာ့ အသစ္ေတြမ်ားတယ္။ မခိုင္ႀကီးနဲ႔ ဦးလြင္မိုးလည္းပါတယ္။ ကိုထူးပိုင္ရဲ႕ တပည့္ေလးေတြ မ်ားတယ္ေပါ့။ သူတို႔နဲ႔ အိုက္တင္ေတြ ညႇိၿပီး ရီဟာဇယ္ေတြ လုပ္ရပါတယ္။ ကိုယ္တစ္ေယာက္တည္း လည္းအရမ္းမ်ားေနမွာစိုးလို႔ ေဖြးက သူတို႔နဲ႔ ညႇိၿပီးေတာ့ အိုက္တင္ေတြကို ေလ်ွာ့သင့္တာ ေလ်ွာ့ပါတယ္။ “လို႔ ေဖြးေဖြးက ေျပာပါတယ္။
ယေန႔ ဇြန္လ ၁ရက္ကစႁပီး ရံုတင္ျပသမယ့္ ငါ့ကိုနမ္းတဲ့ မုန္တိုင္း ဇာတ္ကားမွာေတာ့ ေဖြးေဖြးက ဝင့္႐ွင္ပ်ိဴ ေနရာက သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားအျပင္ အခုႏွစ္အတြင္း မွာေတာ့ ေဖြးေဖြး ပါဝင္တဲ့ ႐ုပ္႐ွင္ဇာတ္ကား၂ကားခန္႔ ထပ္မံ ရံုတင္ျပသသြားဖို႔ ႐ွိတယ္လို္႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kyar Phyu (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်တိုင်ရော ၊ ပရိသတ်ပါ ခံစားရမယ့် ကာရိုက်တာမျိုး ကို ရွေးချယ်ရိုက်ကူးဖြစ်တယ်ဆိုတဲ့ အကယ်ဒမီ ဖွေးဖွေးက အခုနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီး ၅ကား လက်ခံရိုက်ကူးထားတယ်လို့ သိရပါတယ်။
အဆိုပါ ဇာတ်ကား ၅ကားမှာ’ကြာတော့သည်လည်းမောင့်စကား ဇာတ်ကားက’ ရိုက်ကူးပြီးသွားပြီလို့ ဆိုပါတယ်။ ဒါရိုက်တာဝိုင်းနဲ့ ‘လှည့်၍လွင့်သော်’ ဇာတ်ကား၊ ဒါရိုက်တာ ပွင့့်သိင်္ဂဇော်နဲ့ ဇာတ်ကားတစ်ကား အပြင် လာမယ့် ၆ရက်နေ့မှာတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ‘သူစိမ်းအိမ်’ ဆိုတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရတယ်။
“သူစိမ်းအိမ်အတွက် ပြင်ဆင်ရတာကတော့ ဖွေး ဆံပင်ညှပ်ရတာပေါ့နော်။ ဆံပင်တို ပုံစံလေး လိုချင်တယ်ဆိုတာနဲ့ ဆံပင်ညှပ်ပေးလိုက်တယ်။ တခြား ပါမယ့်သူတွေကတော့ အသစ်တွေများတယ်။ မခိုင်ကြီးနဲ့ ဦးလွင်မိုးလည်းပါတယ်။ ကိုထူးပိုင်ရဲ့ တပည့်လေးတွေ များတယ်ပေါ့။ သူတို့နဲ့ အိုက်တင်တွေ ညှိပြီး ရီဟာဇယ်တွေ လုပ်ရပါတယ်။ ကိုယ်တစ်ယောက်တည်း လည်းအရမ်းများနေမှာစိုးလို့ ဖွေးက သူတို့နဲ့ ညှိပြီးတော့ အိုက်တင်တွေကို လျှော့သင့်တာ လျှော့ပါတယ်။ “လို့ ဖွေးဖွေးက ပြောပါတယ်။
ယနေ့ ဇွန်လ ၁ရက်ကစပြီး ရုံတင်ပြသမယ့် ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကားမှာတော့ ဖွေးဖွေးက ဝင့်ရှင်ပျိူ နေရာက သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားအပြင် အခုနှစ်အတွင်း မှာတော့ ဖွေးဖွေး ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကား၂ကားခန့် ထပ်မံ ရုံတင်ပြသသွားဖို့ ရှိတယ်လို့် သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Kyar Phyu (MyanmarNote)