န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အၾကားအျမင္ ပါရမီရွင္ ဟုဆုိေသာ ဆရာမတစ္ဦးက ေဗဒင္လာေမးသည့္ အမ်ဳိးသမီးတစ္ဦး ကုိ ေငြစုေငြေခ်းလုပ္ငန္းတြင္ ေငြတစ္ဆ ေပးသြင္းပါက ေခ်းေငြ ႏွစ္ဆ ျပန္ရမည္ဟုဆုိကာ က်ပ္ သိန္းတစ္ေထာင္ လိမ္လည္သျဖင့္ ေမလ ၂၉ ရက္က အမႈဖြင့္အေရးယူထားေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖဲြ႕က သတင္းထုတ္ျပန္သည္။

မဂၤလာဒုံၿမိဳ႕နယ္ ခ်စ္တီး ရပ္ကြက္အတြင္း ဖြင့္လွစ္ထား သည့္ အၾကားအျမင္ဆရာမ ေယာဂီေဒၚနႏၵမာလာသည္ ၎ ၏ေဗဒင္ေဟာခန္းသို႔ ၂၀၁၇ ႏုိ ၀င္ဘာ ၁၁ ရက္တြင္ ေဗဒင္လာ ေရာက္ေမးျမန္းသည့္ ေဒၚသႏၲာ ဦးကုိ အေပါင္လုပ္ငန္း လုပ္ကိုင္ လုိလွ်င္ ေငြစုေငြေခ်းလုပ္ငန္း၌ အေပါင္ပစၥည္းေပးစရာမလိုဘဲ ေငြေခ်းႏုိင္သည္ဟု စတင္ေျပာဆို ခဲ့ေၾကာင္း ရဲတပ္ဖဲြ႕က ထုတ္ျပန္ သည္။

အဆုိပါ ေခ်းေငြလုပ္ငန္း လုပ္ကိုင္သည့္ ဦးပိုင္ကုမၸဏီႏွင့္ ဆက္စပ္ၿပီး အသင္းသို႔ေငြတစ္ဆ ေပးသြင္းၿပီးပါက ေခ်းေငြရမည္ ျဖစ္ၿပီး ေငြစုေငြေခ်းအသင္းသို႔ ေခ်းေငြေပးသြင္းသည့္ ေန႔ကစ၍ ၄၅ ရက္အၾကာတြင္ ေခ်းေငြႏွင့္အရင္းေပါင္းကာ ျပန္လည္ထုတ္ ယူရမည္ဟု ယုံၾကည္ေအာင္ ေျပာဆိုခဲ့ေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖဲြ႕၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပ ထားသည္။

ထို႔ေနာက္ ေခ်းေငြထုတ္ယူ လိုပါက ၂၀၁၇ ႏုိ၀င္ဘာ ၂၄ ရက္အၿပီး ေငြေပးသြင္းရမည္ျဖစ္ၿပီး က်ပ္သိန္း ၅၀၀ အပို ရရွိရန္ လည္း ေျပာဆိုေပးမည္ျဖစ္ကာ ဦးပုိင္လက္ေအာက္ရွိ ေငြစုေငြေခ်းလုပ္ငန္းမ်ားတြင္ ေဒၚနႏၵမာလာသည္ ေျပာေရးခြင့္ရွိသူျဖစ္ ေၾကာင္း ေျပာဆိုခဲ့သည္။

ထို႔ျပင္ ေခ်းေငြကို ၄၅ ရက္ အတြင္း ေပးေခ်ရမည္ျဖစ္ၿပီး အ တုိးႏႈန္း ၁ ရာခိုင္ႏႈန္းႏွင့္ ေခ်းေငြ ထုတ္ယူသည့္ေန႔ကစ၍ သုံးလ တစ္ႀကိမ္ အတုိးေပးရမည္ျဖစ္ ကာ သုံးႏွစ္ျပည့္လွ်င္ အတိုးႏွင့္ ေခ်းေငြပါ ျပန္ဆပ္ရမည္ျဖစ္ ေၾကာင္း အႀကိမ္ႀကိမ္ေျပာဆုိ သျဖင့္ ေဒၚသႏၲာဦးက ၂၀၁၇ ႏုိ၀င္ ဘာ ၂၇ ရက္၊ ဒီဇင္ဘာ ၁ ႏွင့္ ၂ ရက္တို႔တြင္ Mobile Banking မွလည္းေကာင္း၊ ေဒၚနႏၵမာလာ၏ ေနအိမ္ေဟာခန္းမွလည္းေကာင္း ေဒၚနႏၵမာလာထံသို စုစုေပါင္း က်ပ္သိန္းတစ္ေထာင္ အႀကိမ္ ႀကိမ္ လဲႊေပးခဲ့ေၾကာင္း ရဲတပ္ဖဲြ႕ ထုတ္ျပန္ခ်က္၌ ေဖာ္ျပထား သည္။

ထို႔ေနာက္ ၂၀၁၇ ဒီဇင္ဘာ ၁၈ ရက္တြင္ ေဒၚနႏၵမာလာက ေခ်းေငြ အျမန္ခ်ေပးႏုိင္ရန္ က်ပ္သိန္း ၅၀ ကန္ေတာ့ရမည္ဟု ေျပာဆိုသျဖင့္ ဒီဇင္ဘာ ၂၀ ရက္၌ ေဒၚသႏၲာဦးက က်ပ္သိန္း ၅၀ ကို ဘဏ္မွတစ္ဆင့္ လဲႊေပးခဲ့သည္။

ထိုသို႔ လဲႊေပးၿပီး ၄၅ ရက္ ၾကာသည္အထိ ေစာင့္ဆုိင္းခဲ့ ေသာ္လည္း က်ပ္သိန္း ၂,၅၀၀ မရရွိသျဖင့္ ေဒၚနႏၵမာလာထံသို႔ အႀကိမ္ႀကိမ္ သြားေရာက္ခဲ့ေသာ္ လည္း ေငြမ်ားျပန္လည္ ေပးအပ္ ျခင္းမရွိသျဖင့္ မဂၤလာဒုံၿမိဳ႕မရဲစ ခန္းတြင္ အမႈဖြင့္တိုင္ၾကားျခင္း ျဖစ္ေၾကာင္း ရဲတပ္ဖဲြ႕က ထုတ္ ျပန္ထားသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္ သက္၍ အၾကားအျမင္ဆရာမ ေဒၚနႏၵမာလာကုိ မဂၤလာဒုံၿမိဳ႕မရဲစခန္း က လိမ္လည္မႈ ပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္ကာ လုိက္လံစုံစမ္းေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
# Unicode Version ဖြင့်ဖတ်ရန် #
အကြားအမြင် ပါရမီရှင် ဟုဆိုသော ဆရာမတစ်ဦးက ဗေဒင်လာမေးသည့် အမျိုးသမီးတစ်ဦး ကို ငွေစုငွေချေးလုပ်ငန်းတွင် ငွေတစ်ဆ ပေးသွင်းပါက ချေးငွေ နှစ်ဆ ပြန်ရမည်ဟုဆိုကာ ကျပ် သိန်းတစ်ထောင် လိမ်လည်သဖြင့် မေလ ၂၉ ရက်က အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မင်္ဂလာဒုံမြို့နယ် ချစ်တီး ရပ်ကွက်အတွင်း ဖွင့်လှစ်ထား သည့် အကြားအမြင်ဆရာမ ယောဂီဒေါ်နန္ဒမာလာသည် ၎င်း ၏ဗေဒင်ဟောခန်းသို့ ၂၀၁၇ နို ဝင်ဘာ ၁၁ ရက်တွင် ဗေဒင်လာ ရောက်မေးမြန်းသည့် ဒေါ်သန္တာ ဦးကို အပေါင်လုပ်ငန်း လုပ်ကိုင် လိုလျှင် ငွေစုငွေချေးလုပ်ငန်း၌ အပေါင်ပစ္စည်းပေးစရာမလိုဘဲ ငွေချေးနိုင်သည်ဟု စတင်ပြောဆို ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

အဆိုပါ ချေးငွေလုပ်ငန်း လုပ်ကိုင်သည့် ဦးပိုင်ကုမ္ပဏီနှင့် ဆက်စပ်ပြီး အသင်းသို့ငွေတစ်ဆ ပေးသွင်းပြီးပါက ချေးငွေရမည် ဖြစ်ပြီး ငွေစုငွေချေးအသင်းသို့ ချေးငွေပေးသွင်းသည့် နေ့ကစ၍ ၄၅ ရက်အကြာတွင် ချေးငွေနှင့်အရင်းပေါင်းကာ ပြန်လည်ထုတ် ယူရမည်ဟု ယုံကြည်အောင် ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

ထို့နောက် ချေးငွေထုတ်ယူ လိုပါက ၂၀၁၇ နိုဝင်ဘာ ၂၄ ရက်အပြီး ငွေပေးသွင်းရမည်ဖြစ်ပြီး ကျပ်သိန်း ၅၀၀ အပို ရရှိရန် လည်း ပြောဆိုပေးမည်ဖြစ်ကာ ဦးပိုင်လက်အောက်ရှိ ငွေစုငွေချေးလုပ်ငန်းများတွင် ဒေါ်နန္ဒမာလာသည် ပြောရေးခွင့်ရှိသူဖြစ် ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ချေးငွေကို ၄၅ ရက် အတွင်း ပေးချေရမည်ဖြစ်ပြီး အ တိုးနှုန်း ၁ ရာခိုင်နှုန်းနှင့် ချေးငွေ ထုတ်ယူသည့်နေ့ကစ၍ သုံးလ တစ်ကြိမ် အတိုးပေးရမည်ဖြစ် ကာ သုံးနှစ်ပြည့်လျှင် အတိုးနှင့် ချေးငွေပါ ပြန်ဆပ်ရမည်ဖြစ် ကြောင်း အကြိမ်ကြိမ်ပြောဆို သဖြင့် ဒေါ်သန္တာဦးက ၂၀၁၇ နိုဝင် ဘာ ၂၇ ရက်၊ ဒီဇင်ဘာ ၁ နှင့် ၂ ရက်တို့တွင် Mobile Banking မှလည်းကောင်း၊ ဒေါ်နန္ဒမာလာ၏ နေအိမ်ဟောခန်းမှလည်းကောင်း ဒေါ်နန္ဒမာလာထံသို စုစုပေါင်း ကျပ်သိန်းတစ်ထောင် အကြိမ် ကြိမ် လွဲှပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

ထို့နောက် ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါ်နန္ဒမာလာက ချေးငွေ အမြန်ချပေးနိုင်ရန် ကျပ်သိန်း ၅၀ ကန်တော့ရမည်ဟု ပြောဆိုသဖြင့် ဒီဇင်ဘာ ၂၀ ရက်၌ ဒေါ်သန္တာဦးက ကျပ်သိန်း ၅၀ ကို ဘဏ်မှတစ်ဆင့် လွဲှပေးခဲ့သည်။

ထိုသို့ လွဲှပေးပြီး ၄၅ ရက် ကြာသည်အထိ စောင့်ဆိုင်းခဲ့ သော်လည်း ကျပ်သိန်း ၂,၅၀၀ မရရှိသဖြင့် ဒေါ်နန္ဒမာလာထံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သော် လည်း ငွေများပြန်လည် ပေးအပ် ခြင်းမရှိသဖြင့် မင်္ဂလာဒုံမြို့မရဲစ ခန်းတွင် အမှုဖွင့်တိုင်ကြားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ် ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ အကြားအမြင်ဆရာမ ဒေါ်နန္ဒမာလာကို မင်္ဂလာဒုံမြို့မရဲစခန်း က လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ လိုက်လံစုံစမ်းနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top