ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×





Credit: သတင်းဦး
# Unicode Version ဖြင့် ဖတ်ပါ #
မနေ့ညကတော့ မြန်မာပရိသတ်တွေ ဝမ်းသာမဆုံး ဂုဏ်ယူမဆုံးဖြစ်ခဲ့ရတဲ့ ညလေးတစ်ညဖြစ်ပါတယ်။ မနေ့ညက MMA ပွဲမှာတော့ မြန်မာပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အောင်လအန်ဆန်က အနိုင်ရခဲ့ပြီး ပရိသတ်တွေအကြိုက် ကုလားကားလို ကစားပြသွားခဲ့ပါတယ်။ နေရာအနှံ့မှာ အောင်လအတွက် အားပေးသံတွေ ဂုဏ်ယူသံတွေနဲ့ ညံနေခဲ့ပြီး ကွင်းထဲထိ သွားရောက်အားပေးခဲ့ကြသူတွေလည်း ရှိပါတယ်။

အနုပညာရှင်အချို့လည်း ကွင်းထဲအထိ သွားရောက်ခဲ့ပြီး အောင်လကို အားပေးခဲ့ကြတာ တွေ့ရပါတယ်။ နာမည်ကြီး မော်ဒယ်လ် အောန်ဆိုင်းကတော့ MMA ပွဲတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး ယခုတစ်ခေါက်မှာလည်း တက်ရောက်အားပေးခဲ့ပါတယ်။ နန္ဒာလှိုင်ကလည်း သူမရဲ့ခင်ပွန်းနဲ့အတူ ပွဲကွင်းထဲအထိ သွားရောက်အးပေးခဲ့ပြီး သူမရဲ့ Facebook ကနေ live လွှင့်ခဲ့ပါသေးတယ်။

သူတို့အပြင် ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံနဲ့အတူ နေဝင်းတို့ ချစ်သူစုံတွဲလည်း သွားရောက်အားပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ အောင်လတစ်ယောက် ဒဏ်ရာ အချို့ရရှိခဲ့ပြီး ပြိုင်ဘက် ဂျပန်ကြီးကို အနိုင်ရရှိခဲ့ပါတယ်။ ကဲ ကွင်းထဲထိသွားပြီး မြန်မာ့စပါးအုန်းကြီးကို အားပေးခဲ့ကြတဲ့ ချစ်ရတဲ့ အနုပညာရှင်တို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်……

Photo Source : Sandi Myint Lwin, Awng Seng & Thiha Lwin’s Instagram

ဖိုးသူတော် (www.phothutaw.com)
Credit: သတင်းဦး
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top