အဝတ္မဲ့သူေတာ္စဥ္လုိ႔ ခံယူထားတဲ့ တပသီႀကီးတစ္ဦးကုိ အစုိးရက လူေတြေနရပ္ထံ ျပန္လည္ပုိ႔ေဆာင္ခဲ့ပါတယ္။ အဆုိပါ တပသီႀကီးဟာ ကႏၱာရထဲမွာ ႏွစ္ေပါင္း(၃၀)ၾကာ ဒုကၠရစရိယာက်င့္ေနခဲ့သူပါ။ တပသီဆုိတာ သာမန္လူတုိ႔က်င့္ဖုိ႔ခက္ခဲတဲ့ ျဗဟၼစရိယက်င့္စဥ္နဲ႔ ဒုကၠရစရိယာက်င့္စဥ္ေတြကို က်င့္တဲ့ ရေသ့ သုိ႔မဟုတ္ တပသီလုိ႔ အေခၚရွိသူေတြ ျဖစ္ပါတယ္။

အဆုိပါတပသီႀကီးရဲ႕နာမည္မွာ မာဆာဖူမိနာဂါဆာကီျဖစ္ၿပီး အဝတ္မဲ့သူေတာ္စဥ္လုိ႔လည္း ေခၚဆုိၾကပါတယ္။ သူဟာ ဂ်ပန္လူသူအေရာက္ေပါက္နည္းရာ ကၽြန္းတစ္ခုျဖစ္တဲ့ ကႏၱရာဆန္ဆန္ ဆာတုိဘာနာရီကၽြန္းေပၚမွာ ႏွစ္ေပါင္း(၃၀)ေက်ာ္ၾကာ ေနထိုင္ခဲ့သူျဖစ္ၿပီး၊ အခုအခါမွာေတာ့ သက္ဆုိင္ရာအစုိးရက သူ႕ကို ကၽြန္းကေနစြန္႔ခြာဖုိ႔ ဖိအားေပးခဲ့ပါတယ္။

အဝတ္မဲ့သူေတာ္စဥ္ႀကီးဟာ အဲဒီကၽြန္းေပၚမွာ သန္႔ရွင္းတဲ့ေရ၊ စားစရာလုံလုံေလာက္ေလာက္၊ အဝတ္အထည္၊ ဖုန္း စတဲ့ လူမႈအသုံးအေဆာင္ေတြ မရွိပါဘဲ၊ ဆယ္စုႏွစ္(၃)စုေက်ာ္ၾကာေအာင္ အသက္ရွင္ေနထုိင္ခဲ့သူပါ။ ဒါ့အျပင္ အလြန္ဆုိးရြားလွတဲ့ တုိင္ဖုန္းမုန္တုိင္းနဲ႔ ေရာဂါဆုိးျဖစ္ေစတဲ့ ျခင္ကုိက္ခံရျခင္းေတြကုိ မၾကာခဏခံစားခဲ့ရေပမယ့္ သူကေတာ့ အသက္ရွင္လွ်က္ပါဘဲ။

သူဟာ ဒီကၽြန္းေလးေပၚကို လြန္ခဲ့တဲ့ (၁၉၈၉)ခုႏွစ္ကတည္းက ေရာက္ရွိခဲ့သူျဖစ္ၿပီး ႐ိုးရွင္းတဲ့ဘဝေလးကို ျဖတ္သန္းဖုိ႔ ျပင္ဆင္ခဲ့ပါတယ္။ ေဒသခံေတြေျပာစကားအရ အဲဒီကၽြန္းဟာ လူေတြသြားေလ့မရွိဘဲ၊ တံငါသည္ေတြေတာင္ပင္ ကမ္းကပ္ရပ္နားျခင္းမရွိတဲ့ကၽြန္းလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အဝတ္မဲ့သူေတာ္စဥ္ကေတာ့ ဒီကၽြန္းေပၚမွာ ေကာင္းေကာင္းေနႏုိင္ပါတယ္။ ဒါေပမယ့္ ငါးနဲ႔ လိပ္ဥအစရွိတဲ့အစားအစာေတြကုိလည္း မစားပါဘူးတဲ့။ သူက သက္သက္လြတ္သမားလုိ႔ သိရပါတယ္။

သူဟာ အသက္ (၈၂)ႏွစ္ ရွိၿပီျဖစ္ၿပီး (၂၀၁၂)ခုႏွစ္တုန္းက Reuters သတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ သူက သတင္းဒီကၽြန္းေလးေပၚမွာပဲ သူ႕အိမ္လုိသေဘာထားၿပီး ေခါင္းခ်သြားခ်င္တယ္လုိ႔ ေျပာပါတယ္။ ဒါေပမယ့္ ဂ်ပန္အာဏာပုိင္ေတြဟာ သူ႕ကို ကၽြန္းေပၚမွာ ေနခြင့္မေပးေတာ့ဘဲ ၿပီးခဲ့တဲ့ ဧၿပီလကတည္းက ဖယ္ရွားခဲ့ပါတယ္။

ဂ်ပန္အေျခစုိက္သတင္းေတြမွာေတာ့ အဝတ္မဲ့သူေတာ္စင္ႀကီးဟာ အလြန္အားနည္းေနၿပီး အခုဆုိရင္ သူေနထိုင္ခဲ့ရာကၽြန္းနဲ႔ (၆၀)ကီလုိမီတာအေဝးက အီရွီဂါကီၿမိဳ႕ကေလးမွာရွိတဲ့ အစုိးရအိမ္ငယ္ေလးတစ္ခုမွာ ေနထိုင္ေနေၾကာင္း သိရပါတယ္။ အဝတ္မဲ့သူေတာ္စဥ္ႀကီးနဲ႔ နီးနီးစပ္စပ္ ေပါင္းသင္းခဲ့ဖူးသူကေတာ့ အယ္လ္ဗာ႐ုိစီ႐ုိဇုိ အမည္ရ အမ်ိဳးသားျဖစ္ပါတယ္။

သူဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က စူးစမ္းရွာေဖြေရးခရီးစဥ္နဲ႔အတူ အဝတ္မဲ့သူေတာ္စင္ႀကီးထံ ေရာက္ရွိခဲ့ၿပီး ငါးရက္ၾကာ ေနထုိင္ခဲ့သူပါ။ ထုိစဥ္က အဝတ္မဲ့သူေတာ္စင္ႀကီးက ဒီကၽြန္းေလးကိုကာကြယ္ဖုိ႔ သူ႕အသက္ ေသခ်င္ေသပါေစ ကာကြယ္သြားမွာလုိ႔ ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။ နာမက်န္းျဖစ္ၿပီး ေသမွာကုိ မေၾကာက္ဘဲ ဒီကၽြန္းကေန တစ္ျခားေနရာကို ထြက္သြားရမွာကုိ ေၾကာက္တယ္လုိ႔ ေျပာပါတယ္။ သူဟာ ဂ်ပန္ျပည္မႀကီးထဲမွာ မိသားစုဝင္ေတြ ရွိခဲ့ဖူးၿပီး၊ အခုထိေတာ့ သူတုိ႔နဲ႔ အဆက္အသြယ္မရေသးဘူးလုိ႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  myanmarnote

#Unicode Version#
အဝတ်မဲ့သူတော်စဉ်လို့ ခံယူထားတဲ့ တပသီကြီးတစ်ဦးကို အစိုးရက လူတွေနေရပ်ထံ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ အဆိုပါ တပသီကြီးဟာ ကန္တာရထဲမှာ နှစ်ပေါင်း(၃၀)ကြာ ဒုက္ကရစရိယာကျင့်နေခဲ့သူပါ။ တပသီဆိုတာ သာမန်လူတို့ကျင့်ဖို့ခက်ခဲတဲ့ ဗြဟ္မစရိယကျင့်စဉ်နဲ့ ဒုက္ကရစရိယာကျင့်စဉ်တွေကို ကျင့်တဲ့ ရသေ့ သို့မဟုတ် တပသီလို့ အခေါ်ရှိသူတွေ ဖြစ်ပါတယ်။

အဆိုပါတပသီကြီးရဲ့နာမည်မှာ မာဆာဖူမိနာဂါဆာကီဖြစ်ပြီး အဝတ်မဲ့သူတော်စဉ်လို့လည်း ခေါ်ဆိုကြပါတယ်။ သူဟာ ဂျပန်လူသူအရောက်ပေါက်နည်းရာ ကျွန်းတစ်ခုဖြစ်တဲ့ ကန္တရာဆန်ဆန် ဆာတိုဘာနာရီကျွန်းပေါ်မှာ နှစ်ပေါင်း(၃၀)ကျော်ကြာ နေထိုင်ခဲ့သူဖြစ်ပြီး၊ အခုအခါမှာတော့ သက်ဆိုင်ရာအစိုးရက သူ့ကို ကျွန်းကနေစွန့်ခွာဖို့ ဖိအားပေးခဲ့ပါတယ်။

အဝတ်မဲ့သူတော်စဉ်ကြီးဟာ အဲဒီကျွန်းပေါ်မှာ သန့်ရှင်းတဲ့ရေ၊ စားစရာလုံလုံလောက်လောက်၊ အဝတ်အထည်၊ ဖုန်း စတဲ့ လူမှုအသုံးအဆောင်တွေ မရှိပါဘဲ၊ ဆယ်စုနှစ်(၃)စုကျော်ကြာအောင် အသက်ရှင်နေထိုင်ခဲ့သူပါ။ ဒါ့အပြင် အလွန်ဆိုးရွားလှတဲ့ တိုင်ဖုန်းမုန်တိုင်းနဲ့ ရောဂါဆိုးဖြစ်စေတဲ့ ခြင်ကိုက်ခံရခြင်းတွေကို မကြာခဏခံစားခဲ့ရပေမယ့် သူကတော့ အသက်ရှင်လျှက်ပါဘဲ။

သူဟာ ဒီကျွန်းလေးပေါ်ကို လွန်ခဲ့တဲ့ (၁၉၈၉)ခုနှစ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး ရိုးရှင်းတဲ့ဘဝလေးကို ဖြတ်သန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒေသခံတွေပြောစကားအရ အဲဒီကျွန်းဟာ လူတွေသွားလေ့မရှိဘဲ၊ တံငါသည်တွေတောင်ပင် ကမ်းကပ်ရပ်နားခြင်းမရှိတဲ့ကျွန်းလို့ ဆိုပါတယ်။ ဒါပေမယ့် အဝတ်မဲ့သူတော်စဉ်ကတော့ ဒီကျွန်းပေါ်မှာ ကောင်းကောင်းနေနိုင်ပါတယ်။ ဒါပေမယ့် ငါးနဲ့ လိပ်ဥအစရှိတဲ့အစားအစာတွေကိုလည်း မစားပါဘူးတဲ့။ သူက သက်သက်လွတ်သမားလို့ သိရပါတယ်။

သူဟာ အသက် (၈၂)နှစ် ရှိပြီဖြစ်ပြီး (၂၀၁၂)ခုနှစ်တုန်းက Reuters သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ သူက သတင်းဒီကျွန်းလေးပေါ်မှာပဲ သူ့အိမ်လိုသဘောထားပြီး ခေါင်းချသွားချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဂျပန်အာဏာပိုင်တွေဟာ သူ့ကို ကျွန်းပေါ်မှာ နေခွင့်မပေးတော့ဘဲ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖယ်ရှားခဲ့ပါတယ်။

ဂျပန်အခြေစိုက်သတင်းတွေမှာတော့ အဝတ်မဲ့သူတော်စင်ကြီးဟာ အလွန်အားနည်းနေပြီး အခုဆိုရင် သူနေထိုင်ခဲ့ရာကျွန်းနဲ့ (၆၀)ကီလိုမီတာအဝေးက အီရှီဂါကီမြို့ကလေးမှာရှိတဲ့ အစိုးရအိမ်ငယ်လေးတစ်ခုမှာ နေထိုင်နေကြောင်း သိရပါတယ်။ အဝတ်မဲ့သူတော်စဉ်ကြီးနဲ့ နီးနီးစပ်စပ် ပေါင်းသင်းခဲ့ဖူးသူကတော့ အယ်လ်ဗာရိုစီရိုဇို အမည်ရ အမျိုးသားဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က စူးစမ်းရှာဖွေရေးခရီးစဉ်နဲ့အတူ အဝတ်မဲ့သူတော်စင်ကြီးထံ ရောက်ရှိခဲ့ပြီး ငါးရက်ကြာ နေထိုင်ခဲ့သူပါ။ ထိုစဉ်က အဝတ်မဲ့သူတော်စင်ကြီးက ဒီကျွန်းလေးကိုကာကွယ်ဖို့ သူ့အသက် သေချင်သေပါစေ ကာကွယ်သွားမှာလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ နာမကျန်းဖြစ်ပြီး သေမှာကို မကြောက်ဘဲ ဒီကျွန်းကနေ တစ်ခြားနေရာကို ထွက်သွားရမှာကို ကြောက်တယ်လို့ ပြောပါတယ်။ သူဟာ ဂျပန်ပြည်မကြီးထဲမှာ မိသားစုဝင်တွေ ရှိခဲ့ဖူးပြီး၊ အခုထိတော့ သူတို့နဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  myanmarnote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top