×

၂၀၁၁ခုႏွစ္ က သဃၤန္းက်ႊန္းစံျပေစ်း မွတ္တိုင္ တြင္ လိုင္းကားေစာင့္ေနသည့္ အသက္ ၁၄ႏွစ္ အရြယ္အမ်ဳိးသမီးငယ္ ေလးကို ေရာင္းစားရန္ အတြက္ အတင္းအဓမၼျခိမ္းေျခာက္ ဓားေထာက္ေခၚယူကာ တည္ခိုခန္း တြင္ မုဒိန္းက်င့္ခဲ့ ေသာ တရားခံ ရန္ႏိုင္စိုး(ခ)ကရင္ မွာ ၈ႏွစ္ေက်ာ္ၾကာ ထြက္ေျပးလြတ္ေျမာက္ေနခဲ့သည္။

သက္ငယ္မုဒိမ္းမႈ က်ဴ းလြန္းခဲ့ျပီး ထြက္ေျပးလြတ္ေျမာက္ ေနေသာ မုဒိန္းတရားခံေျပး အျဖစ္ ဖမ္းဝရမ္းထုတ္ခံထားရသူ ရန္ႏိုင္စိုး(ခ)ကရင္ မွာ လက္ရွိအခ်ိန္ တြင္ ဒဂံုျမိဳ ့သစ္(ေတာင္ပိုင္း)ျမိဳ ့နယ္ ရွိ ၁၄၀ရပ္ကြက္ တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴ း ျဖစ္ေနပါသည္။ရန္ႏိုင္စိုး(ခ)ကရင္ က်ဴ းလြန္ခဲ့ေသာ သက္ငယ္မုဒိမ္းမႈ မွာ ယခုအခ်ိန္အထိ ကာယကံရွင္ ဘက္က အမႈပိတ္သိမ္းျခင္း မရွိေသး ေသာ္လည္း ယင္း သက္ငယ္မုဒိန္းမႈ ေပ်ာက္ကြယ္ေန သည္မွာ၈ႏွစ္ ေက်ာ္ ရွိေနျပီ ျဖစ္သည္။

သက္ငယ္မုဒိန္းမႈ ကို ျပန္လည္ မေဖာ္ထုတ္ႏိုင္ရန္ အတြက္မုဒိန္းျပဳ က်င့္ခံရသူ ကာယကံရွင္အမ်ဳိးသီးငယ္ ၏ မိသားစု ကို
ရန္ႏိုင္စိုး(ခ)ကရင္ ကအသက္အႏၲရယ္ အပါအဝင္နည္းမ်ဳိးစံုေသာ ျခိမ္းေျခာက္မႈ တို ့ေၾကာင့္ ကာယကံရွင္ မိသားစု မွာ
ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း သိရသည္။ရန္ႏိုင္စိုး(ခ)ကရင္ မွာ ၂၀၁၁ခုႏွစ္ သက္ငယ္မုဒိမ္းမႈ က်ဴ းလြန္စဥ္ ကတည္းက ၄င္း မွာ ဇိုး ေခၚ လူဆိုး စာရင္းသြင္းခံ ထားရသူ ျဖစ္သလို မုဒိမ္းမႈက်ဴ းလြန္း ျပီး ျမဝတီ ဘက္သို ့ ထြက္ေျပးစဥ္ ကေတာတြင္း လက္နက္ကိုင္ အဖြဲ ့အစည္း တစ္ခု သို ့ဝင္ေရာက္ခဲ့ဖူးသူလည္း ျဖစ္ျပီး ရန္ႏိုင္စိုး(ခ)ကရင္ တြင္ ေမြးထားေသာ လူမိုက္အုပ္စုလည္း ရွိ ေနေၾကာင္း စံုစမ္းသိရွိရသည္။

ရန္ႏိုင္စိုး(ခ)အက္ဖာစီ(ခ)အတာ(ခ)ကရင္ ၏ မုဒိမ္းျပဳက်င့္ျခင္း ကို ခံခဲ့ရသည့္ အျပင္ လက္ရွိ တြင္ ၄င္း ၏ ျခိမ္းေျခာက္ျခင္း ကို ခံေနရသည့္ ကာယကံရွင္ မိသားစု ကို သြားေရာက္ေတြ ့ဆံု ေမးျမန္ခဲ့သည့္ ရုပ္သံ မွတ္တမ္း ကို အမ်ားျပည္သူ သိရွိေအာင္ ေဖာ္ျပလိုက္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dkhit

#Unicode Version#
 ၂၀၁၁ခုနှစ် က သင်္ဃန်းကျွှန်းစံပြဈေး မှတ်တိုင် တွင် လိုင်းကားစောင့်နေသည့် အသက် ၁၄နှစ် အရွယ်အမျိုးသမီးငယ် လေးကို ရောင်းစားရန် အတွက် အတင်းအဓမ္မခြိမ်းခြောက် ဓားထောက်ခေါ်ယူကာ တည်ခိုခန်း တွင် မုဒိန်းကျင့်ခဲ့ သော တရားခံ ရန်နိုင်စိုး(ခ)ကရင် မှာ ၈နှစ်ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့သည်။

သက်ငယ်မုဒိမ်းမှု ကျူ းလွန်းခဲ့ပြီး ထွက်ပြေးလွတ်မြောက် နေသော မုဒိန်းတရားခံပြေး အဖြစ် ဖမ်းဝရမ်းထုတ်ခံထားရသူ ရန်နိုင်စိုး(ခ)ကရင် မှာ လက်ရှိအချိန် တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရှိ ၁၄၀ရပ်ကွက် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူ း ဖြစ်နေပါသည်။ရန်နိုင်စိုး(ခ)ကရင် ကျူ းလွန်ခဲ့သော သက်ငယ်မုဒိမ်းမှု မှာ ယခုအချိန်အထိ ကာယကံရှင် ဘက်က အမှုပိတ်သိမ်းခြင်း မရှိသေး သော်လည်း ယင်း သက်ငယ်မုဒိန်းမှု ပျောက်ကွယ်နေ သည်မှာ၈နှစ် ကျော် ရှိနေပြီ ဖြစ်သည်။

သက်ငယ်မုဒိန်းမှု ကို ပြန်လည် မဖော်ထုတ်နိုင်ရန် အတွက်မုဒိန်းပြု ကျင့်ခံရသူ ကာယကံရှင်အမျိုးသီးငယ် ၏ မိသားစု ကို
ရန်နိုင်စိုး(ခ)ကရင် ကအသက်အန္တရယ် အပါအဝင်နည်းမျိုးစုံသော ခြိမ်းခြောက်မှု တို့ကြောင့် ကာယကံရှင် မိသားစု မှာ
ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ရန်နိုင်စိုး(ခ)ကရင် မှာ ၂၀၁၁ခုနှစ် သက်ငယ်မုဒိမ်းမှု ကျူ းလွန်စဉ် ကတည်းက ၎င်း မှာ ဇိုး ခေါ် လူဆိုး စာရင်းသွင်းခံ ထားရသူ ဖြစ်သလို မုဒိမ်းမှုကျူ းလွန်း ပြီး မြဝတီ ဘက်သို့ ထွက်ပြေးစဉ် ကတောတွင်း လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု သို့ဝင်ရောက်ခဲ့ဖူးသူလည်း ဖြစ်ပြီး ရန်နိုင်စိုး(ခ)ကရင် တွင် မွေးထားသော လူမိုက်အုပ်စုလည်း ရှိ နေကြောင်း စုံစမ်းသိရှိရသည်။

ရန်နိုင်စိုး(ခ)အက်ဖာစီ(ခ)အတာ(ခ)ကရင် ၏ မုဒိမ်းပြုကျင့်ခြင်း ကို ခံခဲ့ရသည့် အပြင် လက်ရှိ တွင် ၎င်း ၏ ခြိမ်းခြောက်ခြင်း ကို ခံနေရသည့် ကာယကံရှင် မိသားစု ကို သွားရောက်တွေ့ဆုံ မေးမြန်ခဲ့သည့် ရုပ်သံ မှတ်တမ်း ကို အများပြည်သူ သိရှိအောင် ဖော်ပြလိုက်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Dkhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top