ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တ႐ုတ္နိုင္ငံ ဂြမ္ေဒါင္းျပည္နယ္ရဲ့ လမ္းသြယ္အခ်ိဳ႕မွာ ေပါေလာေပၚေနတဲ့ အေလာင္းမ်ားဟာ ျမင္လို႔မေကာင္းေအာင္ ေမ်ာပါေနၾကပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေလျပင္းမုန္တိုင္းနဲ႔အတူ မိုးသည္ထန္စြာရြာသြန္းခဲ့တဲ့အတြက္ အနည္းဆုံး လူေလးဦး ဓာတ္လိုက္ေသဆုံးကာ ေရစီးနဲ႔အတူ လမ္းမမ်ားမွာ ေမ်ာပါလာခဲ့ၾကတာျဖစ္ပါတယ္။

ေသဆုံးသူမ်ားထဲက မိခင္ျဖစ္သူနဲ႔ သမီးျဖစ္သူတို႔ဟာ လၽွပ္စစ္ေၾကာ္ျငာဆိုင္းဘုတ္ႀကီးအနီး ကားမွတ္တိုင္မွာ ကားေစာင့္ေနစဥ္ ဓာတ္လိုက္ ေသဆုံးခဲ့ၾကတာျဖစ္ပါတယ္။ အဆိုပါမေတာ္တဆမွုေၾကာင့္ ကားမွတ္တိုင္မ်ားရဲ့ ဓာတ္အားလိုင္းမ်ား ျပတ္ေတာက္သြားခဲ့ၿပီး လမ္းမႀကီးတစ္ခုလုံး ေရေတြနဲ႔ ဖုံးလႊမ္းခဲ့ပါတယ္။

ေနာက္တစ္ဦးကေတာ့ အသက္ ၁၇ ႏွစ္အရြယ္ ေကာင္ေလးတစ္ဦး ေရထဲကေန ကားလမ္းမကို လမ္းျဖတ္ကူးေနစဥ္မွာပဲ လဲက်ေသဆုံးခဲ့ရပါတယ္။ ေသဆုံးရတဲ့ အေၾကာင္းရင္းကို တိက်စြာမသိရေပမယ့္ သူရဲ့ဖခင္ျဖစ္သူကေတာ့ သူ႔သားဟာ ဓါတ္လိုက္ေသဆုံးခဲ့တာလို႔ အခိုင္အမာယုံၾကည္ေနၿပီး အဲဒီအနီးနားက လၽွပ္စစ္ဓာတ္အား႐ုံကို အျပစ္တင္ေနပါတယ္။

ေနာက္ထပ္အမ်ိဳးသားတစ္ဦးရဲ့ အေလာင္းကေတာ့ လမ္းမေပၚက လၽွပ္စစ္ဓါတ္မီးတိုင္ေအာက္မွာ ေပါေလာေပၚကာ ေမ်ာေနခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ ရဲေတြဟာ ကားေပၚကေန တုတ္တံရွည္ကို သုံးၿပီးအေလာင္းကို ဆယ္ယူဖို႔ ႀကိဳးစားေနပါတယ္။

ဒီအျဖစ္ပ်က္ေတြေၾကာင့္ ၿမိဳ႕သူၿမိဳ႕သားေတြနဲ႔ အနီးပတ္ဝန္းက်င္ၿမိဳ႕ကလူေတြ အျပင္ထြက္ရမွာ အထိတ္တလန႔္ျဖစ္ေနၾကပါတယ္။ သက္ဆိုင္ရာဌါနေတြမွာလည္း ဒီလိုအျဖစ္ပ်က္မ်ိဳးမျဖစ္ေအာင္ တာဝန္ယူေဆာင္ရြက္ေပးဖို႔ ဖုန္းေခၚဆိုၿပီး ေတာင္းဆိုမွုမ်ားရွိေနေၾကာင္း တ႐ုပ္သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
#Unicode Version#
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်ရဲ့ လမ်းသွယ်အချို့မှာ ပေါလောပေါ်နေတဲ့ အလောင်းများဟာ မြင်လို့မကောင်းအောင် မျောပါနေကြပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က လေပြင်းမုန်တိုင်းနဲ့အတူ မိုးသည်ထန်စွာရွာသွန်းခဲ့တဲ့အတွက် အနည်းဆုံး လူလေးဦး ဓာတ်လိုက်သေဆုံးကာ ရေစီးနဲ့အတူ လမ်းမများမှာ မျောပါလာခဲ့ကြတာဖြစ်ပါတယ်။

သေဆုံးသူများထဲက မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတို့ဟာ လျှပ်စစ်ကြော်ငြာဆိုင်းဘုတ်ကြီးအနီး ကားမှတ်တိုင်မှာ ကားစောင့်နေစဉ် ဓာတ်လိုက် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါမတော်တဆမှုကြောင့် ကားမှတ်တိုင်များရဲ့ ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့ပြီး လမ်းမကြီးတစ်ခုလုံး ရေတွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်။

နောက်တစ်ဦးကတော့ အသက် ၁၇ နှစ်အရွယ် ကောင်လေးတစ်ဦး ရေထဲကနေ ကားလမ်းမကို လမ်းဖြတ်ကူးနေစဉ်မှာပဲ လဲကျသေဆုံးခဲ့ရပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကို တိကျစွာမသိရပေမယ့် သူရဲ့ဖခင်ဖြစ်သူကတော့ သူ့သားဟာ ဓါတ်လိုက်သေဆုံးခဲ့တာလို့ အခိုင်အမာယုံကြည်နေပြီး အဲဒီအနီးနားက လျှပ်စစ်ဓာတ်အားရုံကို အပြစ်တင်နေပါတယ်။

နောက်ထပ်အမျိုးသားတစ်ဦးရဲ့ အလောင်းကတော့ လမ်းမပေါ်က လျှပ်စစ်ဓါတ်မီးတိုင်အောက်မှာ ပေါလောပေါ်ကာ မျောနေခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ရဲတွေဟာ ကားပေါ်ကနေ တုတ်တံရှည်ကို သုံးပြီးအလောင်းကို ဆယ်ယူဖို့ ကြိုးစားနေပါတယ်။

ဒီအဖြစ်ပျက်တွေကြောင့် မြို့သူမြို့သားတွေနဲ့ အနီးပတ်ဝန်းကျင်မြို့ကလူတွေ အပြင်ထွက်ရမှာ အထိတ်တလန့်ဖြစ်နေကြပါတယ်။ သက်ဆိုင်ရာဌါနတွေမှာလည်း ဒီလိုအဖြစ်ပျက်မျိုးမဖြစ်အောင် တာဝန်ယူဆောင်ရွက်ပေးဖို့ ဖုန်းခေါ်ဆိုပြီး တောင်းဆိုမှုများရှိနေကြောင်း တရုပ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top