×

အဆိုေတာ္ အစၥဏီရဲ့မိခင္ကေတာ့ ေမာ္ဒယ္စူးရွထက္ဟာ ကိုယ္ဝန္ႏွစ္လနဲ႔ သူမရဲ့ အိမ္ကို ဝင္လာခဲ့ဖူးတယ္လို႔ ေျပာလိုက္ပါတယ္။ မိခင္ျဖစ္သူက သားျဖစ္သူ ရံုးထုတ္အၿပီး ဒီကေန႔မွာ မီဒီယာေတြကို ခုလိုေျပာခ့ဲတာ ျဖစ္ပါတယ္။

“အန္တီ႔အိမ္ ဝင္လာတာ ကိုယ္ဝန္ႏွစ္လရွိၿပီ လက္ခံေပးပါ ယူမွာပါဆိုၿပီး ဝင္လာတာ။ အဲ့ေနာက္ပိုင္းမွာ ခဏခဏျဖစ္တယ္ အဲ့ေတာ့ သားမသြားနဲ႔ေတာ့ အေျခအေနမဟန္ဘူး။ သားမသြားတဲ့အခ်ိန္မွာ ေအာက္ကေန ဆဲမယ္ဆူမယ္ အိမ္ေပၚေရာက္လာတာ။” ဆိုၿပီး ယခင္က အေျခအေနေတြကို ေျပာျပပါတယ္။

“သမီးတာဝန္ယူတယ္။ အေမႀကီးသမီးတာဝန္ယူတယ္ စိတ္ခ်ပါဆိုေတာ့ ထည့္ေပးလိုက္ေရာ၊မနက္မိုးလည္းရင္ ရဲတိုင္ၿပီး ျပန္လာရျပန္ေရာ” ဆိုၿပီး အရင္ကျဖစ္ေလ့ရွိပံုမ်ားကို ေျပာျပပါတယ္။ ခုေနာက္ဆံုးအေခါက္မွာလည္း အစၥဏီကို အေခၚသြားခံရၿပီး မနက္မွာေတာ့ ရဲစခန္းေရာက္ေနတယ္လို႔ မိခင္ျဖစ္သူက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: pannpwint.com

#Unicode Version#
အဆိုတော် အစ္စဏီရဲ့မိခင်ကတော့ မော်ဒယ်စူးရှထက်ဟာ ကိုယ်ဝန်နှစ်လနဲ့ သူမရဲ့ အိမ်ကို ဝင်လာခဲ့ဖူးတယ်လို့ ပြောလိုက်ပါတယ်။ မိခင်ဖြစ်သူက သားဖြစ်သူ ရုံးထုတ်အပြီး ဒီကနေ့မှာ မီဒီယာတွေကို ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

“အန်တီ့အိမ် ဝင်လာတာ ကိုယ်ဝန်နှစ်လရှိပြီ လက်ခံပေးပါ ယူမှာပါဆိုပြီး ဝင်လာတာ။ အဲ့နောက်ပိုင်းမှာ ခဏခဏဖြစ်တယ် အဲ့တော့ သားမသွားနဲ့တော့ အခြေအနေမဟန်ဘူး။ သားမသွားတဲ့အချိန်မှာ အောက်ကနေ ဆဲမယ်ဆူမယ် အိမ်ပေါ်ရောက်လာတာ။” ဆိုပြီး ယခင်က အခြေအနေတွေကို ပြောပြပါတယ်။

“သမီးတာဝန်ယူတယ်။ အမေကြီးသမီးတာဝန်ယူတယ် စိတ်ချပါဆိုတော့ ထည့်ပေးလိုက်ရော၊မနက်မိုးလည်းရင် ရဲတိုင်ပြီး ပြန်လာရပြန်ရော” ဆိုပြီး အရင်ကဖြစ်လေ့ရှိပုံများကို ပြောပြပါတယ်။ ခုနောက်ဆုံးအခေါက်မှာလည်း အစ္စဏီကို အခေါ်သွားခံရပြီး မနက်မှာတော့ ရဲစခန်းရောက်နေတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: pannpwint.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top