န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ ျပည္ေထာင္စု အင္ဒီယားနား ျပည္နယ္က မုဆိုးမ တဦးဟာ သူ႔ခင္ပြန္းရဲ႕ အေလာင္း နဲ႔ ၉ လၾကာ အတူရွိေန ခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ အိမ္မွာ အေလာင္း ပုပ္ပြသည္ အထိ ထားၿပီး ခင္ပြန္းသည္ ေသဆံုး သြားတာကို သတင္းမပုိ႔ခဲ့ တဲ့အတြက္ တရားစြဲခံရဖုိ႔ ရွိေနပါၿပီ။

သူက ေျပာတာ ကေတာ့ သူ႔ခင္ပြန္းဟာ သူ႔ ခႏၶာကုိယ္ကို ငွက္ေတြကို အစာအျဖစ္ ေကြ်းခ်င္ခဲ့ တာေၾကာင့္လို႔ ဆုိတယ္။ ခင္ပြန္းသည္ရဲ႕ ဆႏၵကုိ ျဖည့္ဆည္းေပး လိုတာေၾကာင့္လို႔ ဆုိတယ္။

အသက္ ၅၄ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥ Ila Solomon အဆုိအရ ခင္ပြန္းျဖစ္သူ ဒုတိယ ကမာၻစစ္ စစ္ျပန္ႀကီး မစၥတာ Gerald Gavan ရဲ႕ အေလာင္းဟာ သူတုိ႔ အိမ္မွာ ၅ ရက္ပဲ ထားခဲ့တာပါတဲ့။ ဒါေပမယ့္ စံုစမ္း စစ္ေဆး သူေတြေျပာတာ ကေတာ့ ဒီထက္ ၾကာပါတယ္တဲ့။

အသက္ ၈၈ ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့တဲ့ ခင္ပြန္းသည္ရဲ႕ အေလာင္းေကာင္က ပုပ္ပြလာေတာ့မွ မုဆုိးမဟာ သူ႔ခင္ပြန္း အေလာင္းကုိ အိမ္မွာရွိတာကို ထုတ္ေျပာ လုိက္တာလုိ႔ ဆုိတယ္။

သူတုိ႔ အၾကင္လင္မယားပိုင္တဲ့ အိမ္မွာ ၉ လေက်ာ္ၾကာ အေလာင္းကုိထားမႈနဲ႔ မုဆုိးမ အီလာေဆာ္ လမြန္က တရား စြဲခံရဖြယ္ ရွိေနပါၿပီ။ အေလာင္းအိမ္မွာ ထားရွိတာကို ၿပီးခဲ့တဲ့ ေမလ တုန္းက တာဝန္ရွိသူေတြက ေတြ႔ခဲ့တာပါ။

မုဆုိးမက ဒုတိယကမာၻစစ္ စစ္ျပန္ႀကီး ဆံုးသြားၿပီဆုိတာကို သတင္းသမားတဖြဲ႔ကို သူ႔အိမ္ကို ေခၚၿပီး သတင္းစာ ရွင္းလင္းပြဲလည္း လုပ္လုိက္ပါေသးတယ္။

“အေမရိကန္ျပည္ေထာင္စုအတြက္ အေျမာက္အမ်ား စြမ္းေဆာင္ေပးခဲ့သူ တစံုတဦးဟာ သူဆႏၵအတုိင္းပဲ ေသျခင္း တရား ကုိ စီမံသင့္ပါတယ္။ သူက ဘဝသံသရာတခုမွာ ငွက္ျဖစ္ခဲ့တယ္လုိ႔ ယံုၾကည္ၿပီး သူ႔ အေလာင္းေကာင္ကို ငွက္စာေကြ်းခ်င္ခဲ့တာ” လုိ႔ မုဆုိးမက သတင္းသမားတဖြဲ႔ကုိ ေျပာပါတယ္။

ေသသူရဲ႕ ဆႏၵက သူ႔အေလာင္းကို အိမ္ျပင္ ထုတ္ၿပီး ငွက္ေတြ စားေသာက္လို႔ ရမယ့္ေနရာမွာ ထားဖုိ႔ စီစဥ္ခုိင္းခဲ့တယ္လုိ႔ ဆုိတယ္။

မုဆုိးမ အီလာေဆာ္လမြန္ဟာ စစ္ျပန္ႀကီး မစၥတာ Gerald Gavan ဆံုးပါးသြားခဲ့တာကို သက္ဆုိင္ရာ အာဏာပိုင္ေတြကို သတင္းပုိ႔ဖုိ႔ ပ်က္ကြက္ခဲ့တာဟာ တရားဥပေဒကို ခ်ိဳးေဖာက္တာျဖစ္တယ္လုိ႔ The Mirror သတင္းတပုဒ္က ေရးပါတယ္။

မုဆုိးမကေတာ့ သူ႔ခင္ပြန္း ဆႏၵကို ျဖည့္ဆည္းေပးတဲ့ အေနန႔ဲ႔ အိမ္ထဲမွာ အေလာင္းကုိထား၊ အိမ္တံခါး ကို ဖြင့္ထားၿပီး ငွက္ေတြ လာစားမယ္လုိ႔ ေမွ်ာ္လင့္ခဲ့တာလုိ႔ ဆုိပါတယ္။

ရဲဌာနက ခန္႔မွန္း တြက္ခ်က္တာက ၉ လ ဝန္းက်င္ရွိခဲ့ၿပီလုိ႔ ေျပာတယ္။ ထူးျခားတာက ဘာေၾကာင့္ ေသဆံုး သြားတယ္ဆုိတာ အခုထိ မသိရေသးတာပါဘဲ။

ေသဆံုးသြားခဲ့ေပမယ့္လည္း ခင္ပြန္းသည္အတြက္ အသက္အာမခံ ေငြကိုလည္း ဆက္သြင္းေနခဲ့တယ္တဲ့။ ဒါေပမယ့္ ေဆာ္လမြန္ဟာ ေငြျပန္ရမယ္ ဆုိတာေၾကာင့္ အသက္အာမခံ မူဝါဒကို ခ်ိဳးေဖာက္ၿပီး အေၾကြး လည္း ထုတ္ယူခဲ့တယ္လို႔ သတင္းက ဆုိတယ္။

ေသဆံုးသူ မစၥတာ ဂါဗန္ရဲ႕ ေသတမ္းစာအရ သူ႔႐ုပ္အေလာင္းကို အိႏၵိယႏုိင္ငံကုိ ပို႔ၿပီး ဓေလ့ထံုးစံနည္း တခုအရ ငွက္စာ ေကြ်းဖုိ႔ ေရးထားတယ္လုိ႔လည္း သိရပါတယ္။

ခင္ပြန္းသည္ရဲ႕ ဆႏၵကုိ ျဖည့္ဆည္းဖို႔ ႀကိဳးစားေပးခဲ့ တာေၾကာင့္ အခုေတာ့ သင္ခန္းစာႀကီးတခု ရတယ္ လို႔ ယူဆၿပီး ဝမ္းနည္းပူေဆြးမႈေတြျဖစ္ လာေနၿပီး ႏွစ္ သိမ့္ ပညာေပးေရး တခုကိုလည္း လက္ခံနာခံ ရမယ့္ အေျခဆုိက္ေနၿပီလို႔ ေျပာထားပါတယ္။

အခုေတာ့ ဒီအျဖစ္က လူအမ်ားကို စိတ္ဝင္စားစရာျဖစ္ေနပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အိမ့္သံစဥ္ ~ ဧရာ၀တီ

#Unicode Version#
အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ်က မုဆိုးမ တဦးဟာ သူ့ခင်ပွန်းရဲ့ အလောင်း နဲ့ ၉ လကြာ အတူရှိနေ ခဲ့ပါတယ်။ ဒါကြောင့် သူဟာ အိမ်မှာ အလောင်း ပုပ်ပွသည် အထိ ထားပြီး ခင်ပွန်းသည် သေဆုံး သွားတာကို သတင်းမပို့ခဲ့ တဲ့အတွက် တရားစွဲခံရဖို့ ရှိနေပါပြီ။

သူက ပြောတာ ကတော့ သူ့ခင်ပွန်းဟာ သူ့ ခန္ဓာကိုယ်ကို ငှက်တွေကို အစာအဖြစ် ကျွေးချင်ခဲ့ တာကြောင့်လို့ ဆိုတယ်။ ခင်ပွန်းသည်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေး လိုတာကြောင့်လို့ ဆိုတယ်။

အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ မစ္စ Ila Solomon အဆိုအရ ခင်ပွန်းဖြစ်သူ ဒုတိယ ကမ္ဘာစစ် စစ်ပြန်ကြီး မစ္စတာ Gerald Gavan ရဲ့ အလောင်းဟာ သူတို့ အိမ်မှာ ၅ ရက်ပဲ ထားခဲ့တာပါတဲ့။ ဒါပေမယ့် စုံစမ်း စစ်ဆေး သူတွေပြောတာ ကတော့ ဒီထက် ကြာပါတယ်တဲ့။

အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ ခင်ပွန်းသည်ရဲ့ အလောင်းကောင်က ပုပ်ပွလာတော့မှ မုဆိုးမဟာ သူ့ခင်ပွန်း အလောင်းကို အိမ်မှာရှိတာကို ထုတ်ပြော လိုက်တာလို့ ဆိုတယ်။

သူတို့ အကြင်လင်မယားပိုင်တဲ့ အိမ်မှာ ၉ လကျော်ကြာ အလောင်းကိုထားမှုနဲ့ မုဆိုးမ အီလာဆော် လမွန်က တရား စွဲခံရဖွယ် ရှိနေပါပြီ။ အလောင်းအိမ်မှာ ထားရှိတာကို ပြီးခဲ့တဲ့ မေလ တုန်းက တာဝန်ရှိသူတွေက တွေ့ခဲ့တာပါ။

မုဆိုးမက ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး ဆုံးသွားပြီဆိုတာကို သတင်းသမားတဖွဲ့ကို သူ့အိမ်ကို ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲလည်း လုပ်လိုက်ပါသေးတယ်။

“အမေရိကန်ပြည်ထောင်စုအတွက် အမြောက်အများ စွမ်းဆောင်ပေးခဲ့သူ တစုံတဦးဟာ သူဆန္ဒအတိုင်းပဲ သေခြင်း တရား ကို စီမံသင့်ပါတယ်။ သူက ဘဝသံသရာတခုမှာ ငှက်ဖြစ်ခဲ့တယ်လို့ ယုံကြည်ပြီး သူ့ အလောင်းကောင်ကို ငှက်စာကျွေးချင်ခဲ့တာ” လို့ မုဆိုးမက သတင်းသမားတဖွဲ့ကို ပြောပါတယ်။

သေသူရဲ့ ဆန္ဒက သူ့အလောင်းကို အိမ်ပြင် ထုတ်ပြီး ငှက်တွေ စားသောက်လို့ ရမယ့်နေရာမှာ ထားဖို့ စီစဉ်ခိုင်းခဲ့တယ်လို့ ဆိုတယ်။

မုဆိုးမ အီလာဆော်လမွန်ဟာ စစ်ပြန်ကြီး မစ္စတာ Gerald Gavan ဆုံးပါးသွားခဲ့တာကို သက်ဆိုင်ရာ အာဏာပိုင်တွေကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့တာဟာ တရားဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ The Mirror သတင်းတပုဒ်က ရေးပါတယ်။

မုဆိုးမကတော့ သူ့ခင်ပွန်း ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ အိမ်ထဲမှာ အလောင်းကိုထား၊ အိမ်တံခါး ကို ဖွင့်ထားပြီး ငှက်တွေ လာစားမယ်လို့ မျှော်လင့်ခဲ့တာလို့ ဆိုပါတယ်။

ရဲဌာနက ခန့်မှန်း တွက်ချက်တာက ၉ လ ဝန်းကျင်ရှိခဲ့ပြီလို့ ပြောတယ်။ ထူးခြားတာက ဘာကြောင့် သေဆုံး သွားတယ်ဆိုတာ အခုထိ မသိရသေးတာပါဘဲ။

သေဆုံးသွားခဲ့ပေမယ့်လည်း ခင်ပွန်းသည်အတွက် အသက်အာမခံ ငွေကိုလည်း ဆက်သွင်းနေခဲ့တယ်တဲ့။ ဒါပေမယ့် ဆော်လမွန်ဟာ ငွေပြန်ရမယ် ဆိုတာကြောင့် အသက်အာမခံ မူဝါဒကို ချိုးဖောက်ပြီး အကြွေး လည်း ထုတ်ယူခဲ့တယ်လို့ သတင်းက ဆိုတယ်။

သေဆုံးသူ မစ္စတာ ဂါဗန်ရဲ့ သေတမ်းစာအရ သူ့ရုပ်အလောင်းကို အိန္ဒိယနိုင်ငံကို ပို့ပြီး ဓလေ့ထုံးစံနည်း တခုအရ ငှက်စာ ကျွေးဖို့ ရေးထားတယ်လို့လည်း သိရပါတယ်။

ခင်ပွန်းသည်ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားပေးခဲ့ တာကြောင့် အခုတော့ သင်ခန်းစာကြီးတခု ရတယ် လို့ ယူဆပြီး ဝမ်းနည်းပူဆွေးမှုတွေဖြစ် လာနေပြီး နှစ် သိမ့် ပညာပေးရေး တခုကိုလည်း လက်ခံနာခံ ရမယ့် အခြေဆိုက်နေပြီလို့ ပြောထားပါတယ်။

အခုတော့ ဒီအဖြစ်က လူအများကို စိတ်ဝင်စားစရာဖြစ်နေပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:အိမ့်သံစဉ် ~ ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top