ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မွ်စ္ဟာက်န္းမာေရးအတြက္အလြန္ပဲအသုံးဝင္တယ္ဆိုတာ သိပါသလား။ အစာေျခစနစ္ကိုေကာင္းမြန္ေစၿပီး အစာအိမ္ေဝဒနာမ်ားကို သက္သာေစပါတယ္။ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေတြကိုလည္း သက္သာေစပါတယ္။ မိုးရာသီဆိုရင္ လတ္ဆက္တဲ့မွ်စ္ကို စားရတတ္ပါတယ္။ မွ်စ္က နာတာ ရွည္ေရာဂါျဖစ္ႏိုင္ေျခကိုလည္း ေလ်ာ့က်ေပးပါတယ္။ ဖီေနာလစ္အက္စစ္ မ်ားပါဝင္မႈ႕ေၾကာင့္လည္း ေရာင္ရမ္းမႈ႕ ေလ်ာ့က်ၿပီးအင္တီ ေအာက္ဆီးဒင့္ အစြမ္းလည္းပါရွိေနပါတယ္။ ႏွလုံးေရာဂါကိုလည္း က်န္းမာေရးေကာင္း မြန္ေစပါတယ္။ ကိုယ္ခံအားစနစ္ ေကာင္းမြန္ၿပီး ပိုးသတ္အာနိသင္ႏွင့္ ဖိုင္ကိုကမ္မီကယ္ မ်ားပါဝင္မႈ႕ေၾကာင့္ ဘက္တီးရီးယား ဆန႔္က်င္တဲ့ အာနိသင္ႏွင့္ ကင္ဆာကိုတားႏိုင္တဲ့ အာနိသင္ေတြပါရွိေနပါတယ္။

မွ်စ္က ေသြးဖိအားကိုထိန္းေပးျခင္း ေသြးတိုးကို ေလ်ာ့က်ေစျခင္း၊ မွ်စ္ဟင္းတစ္ခြက္ မွာ တစ္ေန႔တာလိုအပ္ေန တဲ့ ပိုတက္စီယမ္ ပမာဏရဲ႕ ငါးပုံတစ္ပုံ ပါဝင္ေနပါတယ္။ မေကာင္းတဲ့အဆီေတြကို ေခ်ဖ်က္ႏိုင္ျခင္း၊ အမွ်င္ဓာတ္ပါဝင္မႈ႕ မ်ားျခင္း၊ မၾကာခဏဆာေလာင္မႈ႕ကိုေလ်ာ့နည္းေစျခင္းေၾကာင့္လည္း အဝလြန္တဲ့သူေတြ အတြက္ စားေပးႏိုင္ပါတယ္။ဝမ္းမွန္ျခင္း၊ အူလႈပ္ရွားမႈကိုေကာင္းမြန္ေစျခင္း၊တို႔ေၾကာင့္ နာတာရွည္ ဝမ္းခ်ဳပ္မႈ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ အမ်ိဳးသမီးေတြအတြက္ ရာသီစက္ဝန္း မွန္ေစျခင္း၊ ကိုက္ခဲတာေတြ ကိုလည္းသက္သာေစပါတယ္။ သည္းေျခအိတ္ကိုက်န္းမာေစျခင္းကို အိမ္သုံးေဆးအျဖစ္ ေရွ႕အခါကအသုံးျပဳခဲ့ ၾကပါတယ္။ မွ်စ္အရည္ဟာလည္း ဒဏ္ရာမ်ားေပၚ အရည္ကိုလိမ္းေပးပါက အနာက်က္ျမန္ေစပါတယ္။ ေနာက္တစ္ခုကေတာ့ ေသြးထြက္ေနတဲ့ လိပ္ေခါင္းေရာဂါ၊ဆီးပူေညာင္းက်ေရာဂါ ျဖစ္ေနပါကလည္း မွ်စ္ကို စားေပးပါသက္သာ ေစႏိုင္ပါတယ္။

ဒီအထဲမွာမွ မွ်စ္ဟာ ျမန္မာလူမ်ိဳးေတြအေနနဲ႔ ဟင္းတစ္ခြက္အျဖစ္ပါဝင္လို႔ေနပါတယ္။ ဒါေၾကာင့္ တစ္ကူးတစ္က သြားေရာက္ရွာေဖြေနစရာမလိုဘဲ မိမိအနီးနာေဈးထဲမွာကို ေပါမ်ားစြာေတြရွိႏိုင္ ပါတယ္။ အစာလည္းေဆး ေဆးလည္းအစာဆိုသလို ထမင္းစားရင္နဲ႔လည္း ေဆးစားၿပီးသားျဖစ္သြားတာ ေပါ့ေနာ္။ စာဖတ္သူေတြအေနနဲ႔လည္း ဒီစာကိုသိရွိၿပီးေတာ့ ကိုယ္ပတ္ဝန္းက်င္ကိုလည္း ေဝမွ်ႏိုင္ပါေစလို႔ သတင္းေကာင္းေပးလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေၾကးမုံ
# Unicode Version ျဖင့္ ဖတ္ပါ #
မျှစ်ဟာကျန်းမာရေးအတွက်အလွန်ပဲအသုံးဝင်တယ်ဆိုတာ သိပါသလား။ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်ဝေဒနာများကို သက်သာစေပါတယ်။ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကိုလည်း သက်သာစေပါတယ်။ မိုးရာသီဆိုရင် လတ်ဆက်တဲ့မျှစ်ကို စားရတတ်ပါတယ်။ မျှစ်က နာတာ ရှည်ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ကျပေးပါတယ်။ ဖီနောလစ်အက်စစ် များပါဝင်မှု့ကြောင့်လည်း ရောင်ရမ်းမှု့ လျော့ကျပြီးအင်တီ အောက်ဆီးဒင့် အစွမ်းလည်းပါရှိနေပါတယ်။ နှလုံးရောဂါကိုလည်း ကျန်းမာရေးကောင်း မွန်စေပါတယ်။ ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ပိုးသတ်အာနိသင်နှင့် ဖိုင်ကိုကမ်မီကယ် များပါဝင်မှု့ကြောင့် ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နှင့် ကင်ဆာကိုတားနိုင်တဲ့ အာနိသင်တွေပါရှိနေပါတယ်။

မျှစ်က သွေးဖိအားကိုထိန်းပေးခြင်း သွေးတိုးကို လျော့ကျစေခြင်း၊ မျှစ်ဟင်းတစ်ခွက် မှာ တစ်နေ့တာလိုအပ်နေ တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။ မကောင်းတဲ့အဆီတွေကို ချေဖျက်နိုင်ခြင်း၊ အမျှင်ဓာတ်ပါဝင်မှု့ များခြင်း၊ မကြာခဏဆာလောင်မှု့ကိုလျော့နည်းစေခြင်းကြောင့်လည်း အဝလွန်တဲ့သူတွေ အတွက် စားပေးနိုင်ပါတယ်။ဝမ်းမှန်ခြင်း၊ အူလှုပ်ရှားမှုကိုကောင်းမွန်စေခြင်း၊တို့ကြောင့် နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက် ရာသီစက်ဝန်း မှန်စေခြင်း၊ ကိုက်ခဲတာတွေ ကိုလည်းသက်သာစေပါတယ်။ သည်းခြေအိတ်ကိုကျန်းမာစေခြင်းကို အိမ်သုံးဆေးအဖြစ် ရှေ့အခါကအသုံးပြုခဲ့ ကြပါတယ်။ မျှစ်အရည်ဟာလည်း ဒဏ်ရာများပေါ် အရည်ကိုလိမ်းပေးပါက အနာကျက်မြန်စေပါတယ်။ နောက်တစ်ခုကတော့ သွေးထွက်နေတဲ့ လိပ်ခေါင်းရောဂါ၊ဆီးပူညောင်းကျရောဂါ ဖြစ်နေပါကလည်း မျှစ်ကို စားပေးပါသက်သာ စေနိုင်ပါတယ်။

ဒီအထဲမှာမှ မျှစ်ဟာ မြန်မာလူမျိုးတွေအနေနဲ့ ဟင်းတစ်ခွက်အဖြစ်ပါဝင်လို့နေပါတယ်။ ဒါကြောင့် တစ်ကူးတစ်က သွားရောက်ရှာဖွေနေစရာမလိုဘဲ မိမိအနီးနာဈေးထဲမှာကို ပေါများစွာတွေရှိနိုင် ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို ထမင်းစားရင်နဲ့လည်း ဆေးစားပြီးသားဖြစ်သွားတာ ပေါ့နော်။ စာဖတ်သူတွေအနေနဲ့လည်း ဒီစာကိုသိရှိပြီးတော့ ကိုယ်ပတ်ဝန်းကျင်ကိုလည်း ဝေမျှနိုင်ပါစေလို့ သတင်းကောင်းပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကြေးမုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top