ခရီးလမ္းေၾကာင္း လြဲေခ်ာ္သြားရာကေန အခုလို ရွားရွားပါးပါး ရွာေဖြေတြ႕ရွိမႈ ျဖစ္လာပါတယ္။ မႏုႆေဗဒပညာရွင္ တစ္ေယာက္နဲ႕ ဘရာဇီးက နာမည္ေက်ာ္ ဓာတ္ပုံဆရာတစ္ေယာက္တို႔က အေမဇုံ ေတာထဲက အရင္က ေတြ႕ထားဖူးတဲ့ လူမ်ိဳးစု တစ္စုဆီ ရဟတ္ယာဥ္နဲ႕ အသြားမွာ မထင္မွတ္ မေမွ်ာ္လင့္ပဲဘယ္တုံးကမွမသိခဲ့ရဖူးတဲ့ ေတာတြင္းေနလူမ်ိဳးစုတစ္စုကို ေတြ႕လိုက္ၾကရတာျဖစ္ပါတယ္။

လူမ်ိဳးသစ္ေတာတြင္းသားေတြက အေပၚက လာၾကည့္ေနတဲ့လူေတြကို ရန္လိုစိတ္တဝက္၊ စူးစမ္းလိုစိတ္ တဝက္နဲ႕ ေစာင့္ၾကည့္ေနခဲ့ပါတယ္ေတာတြင္းသားေတြက အေပၚက လာၾကည့္ေနတဲ့လူေတြကို ရန္လိုစိတ္တဝက္၊ စူးစမ္းလိုစိတ္ တဝက္နဲ႕ ေစာင့္ၾကည့္ေနခဲ့ပါတယ္။

ဘရာဇီးအစိုးရရဲ႕ စာရင္းအရ မုတ္သုန္ေတာေတြထဲမွာ ျပင္ပနဲ႕ လုံးဝ ထိေတြ႕မႈ မရွိတဲ့ လူမ်ိဳးစု အုပ္စုေပါင္း ၁၀၇ ခုေလာက္ ရွိေနနိုင္တယ္လို႔ဆိုပါတယ္။အေပၚက လူေတြကို ျမင္တာနဲ႕ ပုန္းလိုက္ၾကအေပၚက ရဟတ္ယာဥ္ ဝဲပ်ံလာတာကို ေတြ႕လိုက္တာနဲ႕ သူတို႔ သစ္ပင္ေနာက္မွာ ပုန္းဝပ္လိုက္ၾကပါတယ္။

အခုလို လူမ်ိဳးစု အသစ္တစ္ခုကို ေတြ႕လိုက္ရတဲ့ ေနရာဟာ ဘရာဇီး နိုင္ငံေျမာက္ပိုင္း ပီ႐ူးနဲ႕ နယ္စပ္က အက္ကရီဆိုတဲ့ ျပည္နယ္ထဲမွာ ျဖစ္ပါတယ္။ေအာက္ကေန ျမားေတြနဲ႕ ျပန္ပစ္ရဟတ္ယာဥ္နဲ႕ လာၾကသူေတြရဲ႕ ရည္႐ြယ္ခ်က္ကို မသိတဲ့အတြက္ ဒီ လူစုကလည္း ျမားေတြနဲ႕ ပစ္ခတ္ခဲ့ပါတယ္။

ရဟတ္ယာဥ္နဲ႕ ဝဲ ပ်ံၾကည့္ေနရာက မိုးေတြသည္းသည္းမဲမဲ ႐ြာလာလို႔ သူတို႔ ေအာက္ကို ဆင္းခဲ့ၾကရပါတယ္။ မိုးစဲသြားေတာ့ မေမွာင္ခင္မွာ ေစာေစာက ေတြ႕ခဲ့ရတဲ့ လူေတြဆီ သူတို႔ ျပန္သြားခဲ့ပါတယ္။ေကာက္ရိုးပုံထဲ အပ္ရွာရသလို

“မိုးတိတ္သြားေတာ့ ကြၽန္ေတာ္တို႔ ျပန္လွည့္ၿပီး သြားၾကည့္တယ္။အဲဒီေတာ့မွ ေအာက္မွာ ေကာက္ရိုးနဲ႕ လုပ္ထားတဲ့ အိမ္တန္းကို ေတြ႕ရတယ္။ သီးႏွံတခ်ိဳ႕ စိုက္ထားတာလည္း ေတြ႕ရတယ္။ ကြၽန္ေတာ္တို႔ ရဟတ္ယာဥ္က အရွိန္နဲ႕ ေမာင္းေနတာ၊ ဒါေပမယ့္ ကြၽန္ေတာ္ စၿပီး ဓာတ္ပုံေတြ ရိုက္ယူခဲ့ပါတယ္” လို႔ ဓာတ္ပုံဆရာ ေရာ္ဘတ္တိုစတုကတ္က ေျပာပါတယ္။ေကာက္ရိုးပုံႀကီးထဲကအပ္ကိုရွာရသလိုပါပဲ၊ကံေကာင္းလြန္းလို႔ ေတြ႕ခဲ့ရတာပါလို႔ သူက ေျပာပါတယ္။

ဓာတ္ပုံဆရာ ေရာ္ဘတ္တို စတုကတ္ဟာ သမၼတရဲ႕ပင္တိုင္ဓာတ္ပုံဆရာအျဖစ္ ႏွစ္ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့ပါတယ္။ သူနဲ႕ အတူ အခု ေလ့လာေရး ခရီးသြားခဲ့သူကေတာ့ ဘရာဇီးရဲ႕အေမဇုံေတာေတြထဲကလူမ်ိဳးစုေတြအေၾကာင္း ႏွစ္ေပါင္း ၄၀ ေက်ာ္ ေလ့လာသုေတသန ျပဳလုပ္ေနခဲ့သူ ပညာရွင္ ဟိုေဆး ကာေရာ့စ္ ေမရယ္လက္စ္ ပါ။

အခုလို လူမ်ိဳးစုေတြေနတဲ့ ေနရာအေပၚ ျဖတ္ၿပီး ပ်ံသန္းတာကိုက ျပင္ပနဲ႕ မထိေတြ႕ေသးတဲ့ လူမ်ိဳးစုေတြရဲ႕ ေဒသထဲကို က်ဴးေက်ာ္ရာ ေရာက္နိုင္တယ္လို႔ ေမရယ္လက္စ္က ေျပာပါတယ္။ဒီလူေတြကို စာရင္းျပဳစုမွတ္တမ္းတင္ရတာလုပ္သင့္တဲ့အလုပ္ပါ၊။ဒါေပမယ့္သူတို႔ ေၾကာက္လန့္သြားမွာ စိုးရလို႔ သိတ္လည္း နိမ့္နိမ့္ မပ်ံရပါဘူး။

တစ္ဖက္မွာေတာ့လည္း ဒီလို လူေတြ ရွိေနတယ္ဆိုတာ ကမာၻက သိဖို႔လိုပါတယ္။ ၿပီးေတာ့ သူတို႔ကို ဘယ္လို ထိန္းသိမ္းေစာင့္ေရွာက္မလဲဆိုတဲ့ မူဝါဒလည္း ခ်မွတ္နိုင္ဖို႔ပါလို႔ သူက ဆက္ေျပာပါတယ္။ဒီလူမ်ိဳးစုေတြ ရွင္သန္ေနနိုင္တာဟာ သူတို႔ ေနတဲ့ ေနရာက သိတ္ေဝးလံ ေခါင္သီလို႔ျဖစ္မယ္လို႔ ယူဆၾက။

ဒီလူမ်ိဳးစုေတြ ရွင္သန္ေနနိုင္တာဟာ သူတို႔ ေနတဲ့ ေနရာက သိတ္ေဝးလံ ေခါင္သီလို႔ျဖစ္မယ္လို႔ ယူဆၾကၿခိမ္းေျခာက္မႈလားရဟတ္ယာဥ္နဲ႕ လာၾကတဲ့ အဖြဲ႕ရဲ႕ ရည္႐ြယ္ခ်က္က ဘယ္လိုပဲ ေကာင္းေကာင္း၊ ေအာက္က ေတာတြင္းသားေတြကေတာ့ သူတို႔အတြက္ ၿခိမ္းေျခာက္မႈလို႔ ျမင္ၾကပါတယ္။

သူတို႔မ်က္ႏွာေပၚက စိုးရိမ္ထိတ္လန့္မႈနဲ႕ မေၾကနပ္မႈတို႔ကို ဓာတ္ပုံဆရာရဲ႕ ကင္မရာက အမိအရ မွတ္တမ္းတင္နိုင္ခဲ့ပါတယ္။ၿပီးေတာ့ ေအာက္ေန ျမားေတြနဲ႕လည္း ဆက္တိုက္ ပစ္ခဲ့ပါတယ္။ ရဟတ္ယာဥ္ကေတာ့ ၇ မိနစ္ၾကာေအာင္ ပ်ံဝဲေနၿပီးမွ အဲဒီ ေနရာက ခြာခဲ့ပါတယ္။

လူဦးေရ မနည္းအခု ေတြ႕လိုက္ရတဲ့ လူမ်ိဳးစုေတြကို သူတို႔ေနတဲ့ ေနရာနားက ျမစ္အမည္ကို အစြဲျပဳၿပီး မိတ္တာက အင္ဒီးယန္းေတြလို႔ ေလာေလာဆယ္ အမည္ေပးထားတယ္လို႔ ေမရယ္လက္စ္က ဆိုပါတယ္။ စုစုေပါင္း လူဦးေရ ၃၀၀ ေလာက္ရွိမယ္လို႔လည္း သူက ခန့္မွန္းပါတယ္။ ျပင္ပနဲ႕ အဆက္အသြယ္မရွိတဲ့ လူမ်ိဳးစု တစ္စု အေနနဲ႕ ဒီ အေရအတြက္ဟာ မနည္းလွဘူးလို႔ သူက ယူဆပါတယ္။သူတို႔ လူစုဟာ အဲဒီ ေဒသထဲကပဲ တျခား လူမ်ိဳးစု အုပ္စုေတြနဲ႕ အဆက္အသြယ္မရွိဘူးလို႔လည္း ယူဆရပါတယ္။

လူမ်ိဳးသစ္စတုကတ္ရိုက္ယူလာတဲ့ ဓာတ္ပုံေတြကို ေလ့လာၿပီးတဲ့ အခါ ေမရယ္လက္စ္ကျပင္ပလူေတြနဲ႕ အထိအေတြ႕မရွိတဲ့ လူမ်ိဳးစုေတြမွာ ေတြ႕ရတဲ့ လကၡဏာေတြကို ဒီ လူမ်ိဳးစုမွာလည္း ေတြ႕ရတယ္လို႔ ေျပာပါတယ္။

အမ်ိဳးသမီးေတြက စကပ္တစ္မ်ိဳးဝတ္ၾကၿပီး၊ အနားမွာ ခ်ည္ေတြ စိုက္ထားတာလည္း ေတြ႕ရတယ္၊ ခ်ည္ေတြကေန အထည္ရက္လုပ္ၾကတဲ့ ပုံမ်ိဳးလည္း ေတြ႕ရတယ္။ ေျပာင္း၊ ငွက္ေပ်ာ နဲ႕ အာလူးေတြ စိုက္ၾကတာလည္း ေတြ႕ရတယ္လို႔ သူက ဆိုပါတယ္။ဒီလူမ်ိဳးစုအတြက္ လတ္တေလာ ၿခိမ္းေျခာက္မႈ မရွိ။

ဒီလူမ်ိဳးစုေတြအတြက္ လတ္တေလာ ၿခိမ္းေျခာက္မႈေတြေတာ့ မေတြ႕ရဘူးလို႔ ကြၽမ္းက်င္သူေတြကေျပာတခ်ိဳ႕ အမ်ိဳးသားေတြမွာ ထူးျခားတဲ့ ဆံပင္ပုံစံေတြလည္း ေတြ႕ရပါတယ္။ ေရွ႕ကို အေျပာင္ရိတ္ထားၿပီးေနာက္ဘက္နားမွာ အရွည္ထားတာလည္း ေတြ႕ရပါတယ္။

သူတို႔ဟာ အဲဒီ ေဒသအတြင္း ေတြ႕ရတဲ့ တျခား လူမ်ိဳးစုေတြထက္ အရပ္ရွည္ၾကၿပီး အမ်ိဳးသားေတြက သူတို႔ရဲ႕ လိင္အဂၤါေတြကို အဝတ္စနဲ႕ ခ်ည္ထားတာလည္း ေတြ႕ခဲ့ရတယ္လို႔ ေမရယ္လက္စ္က ဆိုပါတယ္။

သူတို႔ အခုအထိ အုပ္စုလိုက္ ရွင္သန္ေနနိုင္ၾကတာဟာ ျပင္ပနဲ႕ ထိေတြ႕မႈ မရွိလို႔ လို႔ ယူဆနိုင္ပါတယ္။ဓာတ္ပုံဆရာ စတုကတ္ကေတာ့ သူ အဲဒီေနရာကို ထပ္သြားခ်င္ေသးေပမယ့္ သြားျဖစ္ော့မယ္လို႔ မထင္တဲ့ အေၾကာင္း၊ ဒီလူေတြကို သူတို႔ နယ္ပယ္ထဲမွာပဲ စိတ္ေအးခ်မ္းသာ ေနေစတာ၊ အေႏွာက္အယွက္ မေပးတာ အေကာင္းဆုံး ျဖစ္မယ္လို႔ ထင္တဲ့ အေၾကာင္း ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese
# Unicode Version ျဖင့္ ဖတ္ပါ #


ခရီးလမ်းကြောင်း လွဲချော်သွားရာကနေ အခုလို ရှားရှားပါးပါး ရှာဖွေတွေ့ရှိမှု ဖြစ်လာပါတယ်။ မနုဿဗေဒပညာရှင် တစ်ယောက်နဲ့ ဘရာဇီးက နာမည်ကျော် ဓာတ်ပုံဆရာတစ်ယောက်တို့က အမေဇုံ တောထဲက အရင်က တွေ့ထားဖူးတဲ့ လူမျိုးစု တစ်စုဆီ ရဟတ်ယာဉ်နဲ့ အသွားမှာ မထင်မှတ် မမျှော်လင့်ပဲဘယ်တုံးကမှမသိခဲ့ရဖူးတဲ့ တောတွင်းနေလူမျိုးစုတစ်စုကို တွေ့လိုက်ကြရတာဖြစ်ပါတယ်။

လူမျိုးသစ်တောတွင်းသားတွေက အပေါ်က လာကြည့်နေတဲ့လူတွေကို ရန်လိုစိတ်တဝက်၊ စူးစမ်းလိုစိတ် တဝက်နဲ့ စောင့်ကြည့်နေခဲ့ပါတယ်တောတွင်းသားတွေက အပေါ်က လာကြည့်နေတဲ့လူတွေကို ရန်လိုစိတ်တဝက်၊ စူးစမ်းလိုစိတ် တဝက်နဲ့ စောင့်ကြည့်နေခဲ့ပါတယ်။

ဘရာဇီးအစိုးရရဲ့ စာရင်းအရ မုတ်သုန်တောတွေထဲမှာ ပြင်ပနဲ့ လုံးဝ ထိတွေ့မှု မရှိတဲ့ လူမျိုးစု အုပ်စုပေါင်း ၁၀၇ ခုလောက် ရှိနေနိုင်တယ်လို့ဆိုပါတယ်။အပေါ်က လူတွေကို မြင်တာနဲ့ ပုန်းလိုက်ကြအပေါ်က ရဟတ်ယာဉ် ဝဲပျံလာတာကို တွေ့လိုက်တာနဲ့ သူတို့ သစ်ပင်နောက်မှာ ပုန်းဝပ်လိုက်ကြပါတယ်။

အခုလို လူမျိုးစု အသစ်တစ်ခုကို တွေ့လိုက်ရတဲ့ နေရာဟာ ဘရာဇီး နိုင်ငံမြောက်ပိုင်း ပီရူးနဲ့ နယ်စပ်က အက်ကရီဆိုတဲ့ ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။အောက်ကနေ မြားတွေနဲ့ ပြန်ပစ်ရဟတ်ယာဉ်နဲ့ လာကြသူတွေရဲ့ ရည်ရွယ်ချက်ကို မသိတဲ့အတွက် ဒီ လူစုကလည်း မြားတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ရဟတ်ယာဉ်နဲ့ ဝဲ ပျံကြည့်နေရာက မိုးတွေသည်းသည်းမဲမဲ ရွာလာလို့ သူတို့ အောက်ကို ဆင်းခဲ့ကြရပါတယ်။ မိုးစဲသွားတော့ မမှောင်ခင်မှာ စောစောက တွေ့ခဲ့ရတဲ့ လူတွေဆီ သူတို့ ပြန်သွားခဲ့ပါတယ်။ကောက်ရိုးပုံထဲ အပ်ရှာရသလို

“မိုးတိတ်သွားတော့ ကျွန်တော်တို့ ပြန်လှည့်ပြီး သွားကြည့်တယ်။အဲဒီတော့မှ အောက်မှာ ကောက်ရိုးနဲ့ လုပ်ထားတဲ့ အိမ်တန်းကို တွေ့ရတယ်။ သီးနှံတချို့ စိုက်ထားတာလည်း တွေ့ရတယ်။ ကျွန်တော်တို့ ရဟတ်ယာဉ်က အရှိန်နဲ့ မောင်းနေတာ၊ ဒါပေမယ့် ကျွန်တော် စပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်” လို့ ဓာတ်ပုံဆရာ ရော်ဘတ်တိုစတုကတ်က ပြောပါတယ်။ကောက်ရိုးပုံကြီးထဲကအပ်ကိုရှာရသလိုပါပဲ၊ကံကောင်းလွန်းလို့ တွေ့ခဲ့ရတာပါလို့ သူက ပြောပါတယ်။

ဓာတ်ပုံဆရာ ရော်ဘတ်တို စတုကတ်ဟာ သမ္မတရဲ့ပင်တိုင်ဓာတ်ပုံဆရာအဖြစ် နှစ်တော်တော်များများ လုပ်ခဲ့ပါတယ်။ သူနဲ့ အတူ အခု လေ့လာရေး ခရီးသွားခဲ့သူကတော့ ဘရာဇီးရဲ့အမေဇုံတောတွေထဲကလူမျိုးစုတွေအကြောင်း နှစ်ပေါင်း ၄၀ ကျော် လေ့လာသုတေသန ပြုလုပ်နေခဲ့သူ ပညာရှင် ဟိုဆေး ကာရော့စ် မေရယ်လက်စ် ပါ။

အခုလို လူမျိုးစုတွေနေတဲ့ နေရာအပေါ် ဖြတ်ပြီး ပျံသန်းတာကိုက ပြင်ပနဲ့ မထိတွေ့သေးတဲ့ လူမျိုးစုတွေရဲ့ ဒေသထဲကို ကျူးကျော်ရာ ရောက်နိုင်တယ်လို့ မေရယ်လက်စ်က ပြောပါတယ်။ဒီလူတွေကို စာရင်းပြုစုမှတ်တမ်းတင်ရတာလုပ်သင့်တဲ့အလုပ်ပါ၊။ဒါပေမယ့်သူတို့ ကြောက်လန့်သွားမှာ စိုးရလို့ သိတ်လည်း နိမ့်နိမ့် မပျံရပါဘူး။

တစ်ဖက်မှာတော့လည်း ဒီလို လူတွေ ရှိနေတယ်ဆိုတာ ကမ္ဘာက သိဖို့လိုပါတယ်။ ပြီးတော့ သူတို့ကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်မလဲဆိုတဲ့ မူဝါဒလည်း ချမှတ်နိုင်ဖို့ပါလို့ သူက ဆက်ပြောပါတယ်။ဒီလူမျိုးစုတွေ ရှင်သန်နေနိုင်တာဟာ သူတို့ နေတဲ့ နေရာက သိတ်ဝေးလံ ခေါင်သီလို့ဖြစ်မယ်လို့ ယူဆကြ။

ဒီလူမျိုးစုတွေ ရှင်သန်နေနိုင်တာဟာ သူတို့ နေတဲ့ နေရာက သိတ်ဝေးလံ ခေါင်သီလို့ဖြစ်မယ်လို့ ယူဆကြခြိမ်းခြောက်မှုလားရဟတ်ယာဉ်နဲ့ လာကြတဲ့ အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲ ကောင်းကောင်း၊ အောက်က တောတွင်းသားတွေကတော့ သူတို့အတွက် ခြိမ်းခြောက်မှုလို့ မြင်ကြပါတယ်။

သူတို့မျက်နှာပေါ်က စိုးရိမ်ထိတ်လန့်မှုနဲ့ မကြေနပ်မှုတို့ကို ဓာတ်ပုံဆရာရဲ့ ကင်မရာက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ပြီးတော့ အောက်နေ မြားတွေနဲ့လည်း ဆက်တိုက် ပစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ကတော့ ၇ မိနစ်ကြာအောင် ပျံဝဲနေပြီးမှ အဲဒီ နေရာက ခွာခဲ့ပါတယ်။

လူဦးရေ မနည်းအခု တွေ့လိုက်ရတဲ့ လူမျိုးစုတွေကို သူတို့နေတဲ့ နေရာနားက မြစ်အမည်ကို အစွဲပြုပြီး မိတ်တာက အင်ဒီးယန်းတွေလို့ လောလောဆယ် အမည်ပေးထားတယ်လို့ မေရယ်လက်စ်က ဆိုပါတယ်။ စုစုပေါင်း လူဦးရေ ၃၀၀ လောက်ရှိမယ်လို့လည်း သူက ခန့်မှန်းပါတယ်။ ပြင်ပနဲ့ အဆက်အသွယ်မရှိတဲ့ လူမျိုးစု တစ်စု အနေနဲ့ ဒီ အရေအတွက်ဟာ မနည်းလှဘူးလို့ သူက ယူဆပါတယ်။သူတို့ လူစုဟာ အဲဒီ ဒေသထဲကပဲ တခြား လူမျိုးစု အုပ်စုတွေနဲ့ အဆက်အသွယ်မရှိဘူးလို့လည်း ယူဆရပါတယ်။

လူမျိုးသစ်စတုကတ်ရိုက်ယူလာတဲ့ ဓာတ်ပုံတွေကို လေ့လာပြီးတဲ့ အခါ မေရယ်လက်စ်ကပြင်ပလူတွေနဲ့ အထိအတွေ့မရှိတဲ့ လူမျိုးစုတွေမှာ တွေ့ရတဲ့ လက္ခဏာတွေကို ဒီ လူမျိုးစုမှာလည်း တွေ့ရတယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေက စကပ်တစ်မျိုးဝတ်ကြပြီး၊ အနားမှာ ချည်တွေ စိုက်ထားတာလည်း တွေ့ရတယ်၊ ချည်တွေကနေ အထည်ရက်လုပ်ကြတဲ့ ပုံမျိုးလည်း တွေ့ရတယ်။ ပြောင်း၊ ငှက်ပျော နဲ့ အာလူးတွေ စိုက်ကြတာလည်း တွေ့ရတယ်လို့ သူက ဆိုပါတယ်။ဒီလူမျိုးစုအတွက် လတ်တလော ခြိမ်းခြောက်မှု မရှိ။

ဒီလူမျိုးစုတွေအတွက် လတ်တလော ခြိမ်းခြောက်မှုတွေတော့ မတွေ့ရဘူးလို့ ကျွမ်းကျင်သူတွေကပြောတချို့ အမျိုးသားတွေမှာ ထူးခြားတဲ့ ဆံပင်ပုံစံတွေလည်း တွေ့ရပါတယ်။ ရှေ့ကို အပြောင်ရိတ်ထားပြီးနောက်ဘက်နားမှာ အရှည်ထားတာလည်း တွေ့ရပါတယ်။

သူတို့ဟာ အဲဒီ ဒေသအတွင်း တွေ့ရတဲ့ တခြား လူမျိုးစုတွေထက် အရပ်ရှည်ကြပြီး အမျိုးသားတွေက သူတို့ရဲ့ လိင်အင်္ဂါတွေကို အဝတ်စနဲ့ ချည်ထားတာလည်း တွေ့ခဲ့ရတယ်လို့ မေရယ်လက်စ်က ဆိုပါတယ်။

သူတို့ အခုအထိ အုပ်စုလိုက် ရှင်သန်နေနိုင်ကြတာဟာ ပြင်ပနဲ့ ထိတွေ့မှု မရှိလို့ လို့ ယူဆနိုင်ပါတယ်။ဓာတ်ပုံဆရာ စတုကတ်ကတော့ သူ အဲဒီနေရာကို ထပ်သွားချင်သေးပေမယ့် သွားဖြစ်ော့မယ်လို့ မထင်တဲ့ အကြောင်း၊ ဒီလူတွေကို သူတို့ နယ်ပယ်ထဲမှာပဲ စိတ်အေးချမ်းသာ နေစေတာ၊ အနှောက်အယှက် မပေးတာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်တဲ့ အကြောင်း ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top