ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မခံခ်င္​စိတ္​​ေတြ နဲ႔ ႀကိဳးစား ဝိတ္​ခ်ခဲ့တယ္​ဆိုတဲ့ ​ေအသင္​ခ်ိဳ​ေဆြက လက္​႐ွိမွာ ႀကိဳးစားခ်င္​စိတ္​နဲ႔ပဲ ရပ္​တည္​သြား​ေတာ့မယ္​လို႔ ဆိုၿပီး သီခ်င္​း​ေတြလည္​း ျပန္​လုပ္​​ေနတယ္​လို႔ သိရပါတယ္။

အႏုပညာ႐ွင္​တစ္​​ေယာက္​ျဖစ္​တာ​ေၾကာင္​့ အရင္​က ခႏၶာကိုယ္​ဝလာတာကို depression ဝင္​ၿပီး လူၾကားထဲ မသြားရဲခဲ့ဘူးလို႔ ​ေအသင္​ခ်ိဳ​ေဆြက ဆိုပါတယ္​။ “ခႏၱာကုိယ္န႔ဲပတ္သတ္ၿပီးေတာ့ ကိုယ္ျဖစ္ခ်င္တ့ဲပုံစံအျပည့္အဝမရဘူး ဆုိေပမ့ဲလည္း အရင္ကထက္စာရင္​ ကုိယ္မလိုခ်င္တ့ဲခႏၱာကုိယ္ႀကီးက ေန႐ုန္းထြက္ႏုိင္ခ့ဲတယ္ ။ ဝိတ္ခ်ဖုိ႔ဆုိတာတကယ္တမ္းေတာ့ လြယ္တ့ဲကိစၥေတာ့မဟုတ္ဘူး။မခံခ်င္စိတ္ေတြေပါ့ေနာ္။ တစ္ေန႔တစ္ေန႔ ကုိယ့္ကုိယ္ကုိ မွန္ထဲမွာၾကည့္ေနရတာလည္း မလုိခ်င္ေတာ့ဘူး ။ဒီခႏၶာကုိယ္ႀကီးကုိ ေနရထုိင္ရတာလည္းအဆင္မေျပဘူး ။ေနာက္ၿပီးေတာ့ လူေတြၾကားထဲလည္းမသြားရဲဘူး တစ္ခ်ိန္လုံးစိတ္ဆင္းရဲေနရတယ္ ။အ့ဲဒီ feelingႀကီးကိုလည္းမလုိခ်င္ေတာ့ဘူး။လူေတြေျပာတာလည္းမခံစားႏုိင္ေတာ့လုိ႔ မခံခ်င္စိတ္န႔ဲေရာ အဓိကေတာ့စိတ္ပါပဲ။”လို႔ ​ေအသင္​ခ်ိဳ​ေဆြက သူ ဝိတ္​ခ်ျဖစ္​ခဲ့တဲ့ အ​ေၾကာင္​းကို ႐ွင္​းျပပါတယ္​။

လတ္​တ​ေလာမွာ​ေတာ့ သီခ်င္​း​ေတြ ျပန္​လုပ္​​ေနတယ္​လို႔ ဆိုၿပီး ဟစ္​ပ္​​ေဟာ့ပ္​ ခ​ေရဇီျဖစ္​တဲ့ သူက ဟစ္​ပ္​​ေဟာ့ပ္​ သီခ်င္​း​ေတြ လုပ္​ခ်င္​​ေပမယ္​့ ပရိသတ္​ အႀကိဳက္​နဲ႔ မကိုက္​ညီမွာ စိုးတာ​ေၾကာင္​့ သီခ်င္​း​ေအး​ေအး​ေလး​ေတြကို အဓိက ဖန္​တီးထားတယ္​လို႔ သိရတယ္​။ “ေအသင္အခု သီခ်င္းေအးေအးေလးေတြ လုပ္ထားပါတယ္​။ အဓိကေတာ့ R&B နဲ႔ hip hop ဘက္ကုိသြားျဖစ္မွာပါ ။သီခ်င္းေတြျပန္လုပ္ျဖစ္မယ္။အျမဴးေတြလည္းပါမယ္ ။အေႏွးေတြလည္းပါမယ္ေပါ့။ Single songအေနန႔ဲ အရင္ထြက္မွာပါ။ online ကေနၿပီးေတာ့ ၆ပုဒ္ေလာက္က ထြက္ျဖစ္မယ္။”လို႕ ​ေအသင္​ခ်ိဳ​ေဆြက ​ေျပာပါတယ္​။
အလုပ္​​ေတြ ျပန္​ႀကိဳးစားလုပ္​​ေတာ့မယ္​ဆိုတဲ့ ​ေအသင္​ခ်ိဳ​ေဆြက ပရိသတ္​ႀကီးကိုလည္​း ျပန္​အား​ေပး လက္​ခံၾကပါလို႔ ဆိုထားပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kyar Phyu (MyanmarNote)
@ Unicode Version ျဖင့္ ဖတ္ပါ #
မခံချင်စိတ်တွေ နဲ့ ကြိုးစား ဝိတ်ချခဲ့တယ်ဆိုတဲ့ အေသင်ချိုဆွေက လက်ရှိမှာ ကြိုးစားချင်စိတ်နဲ့ပဲ ရပ်တည်သွားတော့မယ်လို့ ဆိုပြီး သီချင်းတွေလည်း ပြန်လုပ်နေတယ်လို့ သိရပါတယ်။

အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အရင်က ခန္ဓာကိုယ်ဝလာတာကို depression ဝင်ပြီး လူကြားထဲ မသွားရဲခဲ့ဘူးလို့ အေသင်ချိုဆွေက ဆိုပါတယ်။ “ခန္တာကိုယ်နဲ့ပတ်သတ်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ပုံစံအပြည့်အဝမရဘူး ဆိုပေမဲ့လည်း အရင်ကထက်စာရင် ကိုယ်မလိုချင်တဲ့ခန္တာကိုယ်ကြီးက နေရုန်းထွက်နိုင်ခဲ့တယ် ။ ဝိတ်ချဖို့ဆိုတာတကယ်တမ်းတော့ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။မခံချင်စိတ်တွေပေါ့နော်။ တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်နေရတာလည်း မလိုချင်တော့ဘူး ။ဒီခန္ဓာကိုယ်ကြီးကို နေရထိုင်ရတာလည်းအဆင်မပြေဘူး ။နောက်ပြီးတော့ လူတွေကြားထဲလည်းမသွားရဲဘူး တစ်ချိန်လုံးစိတ်ဆင်းရဲနေရတယ် ။အဲ့ဒီ feelingကြီးကိုလည်းမလိုချင်တော့ဘူး။လူတွေပြောတာလည်းမခံစားနိုင်တော့လို့ မခံချင်စိတ်နဲ့ရော အဓိကတော့စိတ်ပါပဲ။”လို့ အေသင်ချိုဆွေက သူ ဝိတ်ချဖြစ်ခဲ့တဲ့ အကြောင်းကို ရှင်းပြပါတယ်။

လတ်တလောမှာတော့ သီချင်းတွေ ပြန်လုပ်နေတယ်လို့ ဆိုပြီး ဟစ်ပ်ဟော့ပ် ခရေဇီဖြစ်တဲ့ သူက ဟစ်ပ်ဟော့ပ် သီချင်းတွေ လုပ်ချင်ပေမယ့် ပရိသတ် အကြိုက်နဲ့ မကိုက်ညီမှာ စိုးတာကြောင့် သီချင်းအေးအေးလေးတွေကို အဓိက ဖန်တီးထားတယ်လို့ သိရတယ်။ “အေသင်အခု သီချင်းအေးအေးလေးတွေ လုပ်ထားပါတယ်။ အဓိကတော့ R&B နဲ့ hip hop ဘက်ကိုသွားဖြစ်မှာပါ ။သီချင်းတွေပြန်လုပ်ဖြစ်မယ်။အမြူးတွေလည်းပါမယ် ။အနှေးတွေလည်းပါမယ်ပေါ့။ Single songအနေနဲ့ အရင်ထွက်မှာပါ။ online ကနေပြီးတော့ ၆ပုဒ်လောက်က ထွက်ဖြစ်မယ်။”လို့ အေသင်ချိုဆွေက ပြောပါတယ်။
အလုပ်တွေ ပြန်ကြိုးစားလုပ်တော့မယ်ဆိုတဲ့ အေသင်ချိုဆွေက ပရိသတ်ကြီးကိုလည်း ပြန်အားပေး လက်ခံကြပါလို့ ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kyar Phyu (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top