ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ႏုိင္ဂ်ီးရီးယားႏုိင္ငံ၊ ေဝးလံသီေခါင္လွတဲ့ Ihaiala အမည္ရ ေက်းရြာေလးမွာ အမ်ိဳးသားတစ္ဦးဟာ ဖခင္ရဲ႕ အေလာင္းကို တန္ဖုိးႀကီးဇိမ္ခံကား BMW တစ္စီးနဲ႔အတူ ေရာၿပီး ေျမျမႇဳပ္ခဲ့ေၾကာင္း သိရပါတယ္။ သားျဖစ္သူကေတာ့ သူရဲဲ႕ဖခင္ဟာ မေသခင္တုန္းက ဒီလုိ ေတာက္ေျပာင္ေနတဲ့ကားႀကီးကုိ စီးခ်င္ခဲ့တယ္လုိ႔ မၾကာခဏ ပူဆာခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ သူဟာ ဖခင္ရဲ႕ဆႏၵကို မေသခင္ ျဖည့္ဆည္းေပးႏုိင္ျခင္း မရွိခဲ့ေပမယ့္၊ ဖခင္ေသဆုံးသြားတာနဲ႔ အနီးဆုံးၿမိဳ႕က Showroom ကုိ သြားၿပီး ေပါင္ (၆၆၀၀၀)အထိ ေပးရတဲ့ BMW အသစ္စက္စက္ တစ္စီးကို ဝယ္ယူခဲ့ပါတယ္။ ေခါင္းတလားအစား အဲဒီကားကုိသၿဂႋဳဟ္ရာမွာ အသုံးျပဳဖုိ႔ပါ။

အဆုိပါ သားျဖစ္သူရဲ႕ နာမည္ကေတာ့ Azubuike လုိ႔ သိရၿပီး လူခ်မ္းသားတစ္ဦးျဖစ္ပါတယ္။ သူဟာ ေသဆုံးသြားတဲ့ဖခင္ ေကာင္းကင္ႏုိင္ငံေတာ္ရဲ႕ ေလွကားကုိ ျမင္ႏုိင္ဖုိ႔ BMW ကားမွာ ေခတ္မီလမ္းေၾကာင္းရွာ ကိရိယာျဖစ္တဲ့ Sat Nav ကိုေတာင္ ထည့္ေပးထားတယ္လုိ႔ သိရပါတယ္။

ဓာတ္ပုံထဲမွာ သၿဂႋဳဟ္ေရးအဖြဲ႕ေတြဟာ ဆင္တူဝတ္စုံဝတ္ဆင္ထားၿပီး ေျခာက္ေပအနက္ရွိတဲ့ တြင္းထဲကို BMW ကားႀကီးနဲ႔အတူ၊ Azubuike ရဲ႕ဖခင္႐ုပ္အေလာင္းကို မျမႇဳပ္ခင္မွာ ႐ိုက္ကူးထားတဲ့ဓာတ္ပုံျဖစ္ၿပီး မ်က္မွန္နဲ႔ အက်ႌအနီအစိမ္းကြက္နဲ႔လူမွာ Azubuike ျဖစ္ပုံရပါတယ္။ ဒါေပမယ့္ သူရဲ႕လုပ္ရပ္ကုိ လူေတြက ေဝဖန္ေနၾကပါတယ္။

အထူးသျဖင့္ လူမႈကြန္ယက္ေပၚမွာ ေဝဖန္ေနၾကတာပါ။ Sifiso Inno Makhashila လုိ႔အမည္ရတဲ့ လူမႈကြန္ယက္ အသုံးျပဳသူတစ္ဦးက ” မေသခင္ ဝယ္ေပးတယ္ဆုိတာက လူျမင္ေကာင္းေသးတယ္ .. ေသမွ ကားနဲ႔အတူ ေျမျမႇဳပ္တာက အေတာ္ အသိဉာဏ္မဲ့တဲ့လုပ္ရပ္ … ေငြကုိ အလဟႆျဖဳန္းတီးတာပဲ … သင့္ေတာ္တဲ့ ေခါင္းတလားေလးနဲ႔ဆုိ လူျမင္ေကာင္းေသးတယ္ “လုိ႔ မွတ္ခ်က္ေရးခဲ့ပါတယ္။

အျခားတစ္ဦးျဖစ္တဲ့ Obienice Mohale ကေတာ့ ” ဒါက ဆင္းရဲသားေတြကုိ ဆင္းရဲတြင္းနက္ေစမယ့္ ေမွာင္ခုိေငြေၾကး ခဝါခ်သူေတြရဲ႕ ေငြျဖဳန္းနည္းတစ္ခုေပါ့ “လုိ႔ ေရးခဲ့သလုိ၊ အျခားတစ္ဦးက ” အေဖမေသခင္တုန္းကေတာ့ ေကာင္းမျပဘဲ ေသမွ နာမည္ေကာင္းရခ်င္တဲ့သူရဲ႕ အသိဉာဏ္မဲ့လြန္းတဲ့ လုပ္ရပ္”လုိ႔ ပစ္ပစ္ႏွစ္ႏွစ္ ေဝဖန္ခဲ့ပါတယ္။ လူတစ္ေယာက္ကေတာ့ မၾကာဘူး သူခုိးေတြက ကားကို တူးယူလိမ့္မယ္လုိ႔ ေရးသားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေနသူရိန္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ဂျီးရီးယားနိုင်ငံ၊ ဝေးလံသီခေါင်လှတဲ့ Ihaiala အမည်ရ ကျေးရွာလေးမှာ အမျိုးသားတစ်ဦးဟာ ဖခင်ရဲ့ အလောင်းကို တန်ဖိုးကြီးဇိမ်ခံကား BMW တစ်စီးနဲ့အတူ ရောပြီး မြေမြှုပ်ခဲ့ကြောင်း သိရပါတယ်။ သားဖြစ်သူကတော့ သူရဲ့ဖခင်ဟာ မသေခင်တုန်းက ဒီလို တောက်ပြောင်နေတဲ့ကားကြီးကို စီးချင်ခဲ့တယ်လို့ မကြာခဏ ပူဆာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူဟာ ဖခင်ရဲ့ဆန္ဒကို မသေခင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပေမယ့်၊ ဖခင်သေဆုံးသွားတာနဲ့ အနီးဆုံးမြို့က Showroom ကို သွားပြီး ပေါင် (၆၆၀၀၀)အထိ ပေးရတဲ့ BMW အသစ်စက်စက် တစ်စီးကို ဝယ်ယူခဲ့ပါတယ်။ ခေါင်းတလားအစား အဲဒီကားကိုသင်္ဂြိုဟ်ရာမှာ အသုံးပြုဖို့ပါ။

အဆိုပါ သားဖြစ်သူရဲ့ နာမည်ကတော့ Azubuike လို့ သိရပြီး လူချမ်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ သေဆုံးသွားတဲ့ဖခင် ကောင်းကင်နိုင်ငံတော်ရဲ့ လှေကားကို မြင်နိုင်ဖို့ BMW ကားမှာ ခေတ်မီလမ်းကြောင်းရှာ ကိရိယာဖြစ်တဲ့ Sat Nav ကိုတောင် ထည့်ပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံထဲမှာ သင်္ဂြိုဟ်ရေးအဖွဲ့တွေဟာ ဆင်တူဝတ်စုံဝတ်ဆင်ထားပြီး ခြောက်ပေအနက်ရှိတဲ့ တွင်းထဲကို BMW ကားကြီးနဲ့အတူ၊ Azubuike ရဲ့ဖခင်ရုပ်အလောင်းကို မမြှုပ်ခင်မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပြီး မျက်မှန်နဲ့ အကျႌအနီအစိမ်းကွက်နဲ့လူမှာ Azubuike ဖြစ်ပုံရပါတယ်။ ဒါပေမယ့် သူရဲ့လုပ်ရပ်ကို လူတွေက ဝေဖန်နေကြပါတယ်။

အထူးသဖြင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်နေကြတာပါ။ Sifiso Inno Makhashila လို့အမည်ရတဲ့ လူမှုကွန်ယက် အသုံးပြုသူတစ်ဦးက ” မသေခင် ဝယ်ပေးတယ်ဆိုတာက လူမြင်ကောင်းသေးတယ် .. သေမှ ကားနဲ့အတူ မြေမြှုပ်တာက အတော် အသိဉာဏ်မဲ့တဲ့လုပ်ရပ် … ငွေကို အလဟဿဖြုန်းတီးတာပဲ … သင့်တော်တဲ့ ခေါင်းတလားလေးနဲ့ဆို လူမြင်ကောင်းသေးတယ် “လို့ မှတ်ချက်ရေးခဲ့ပါတယ်။

အခြားတစ်ဦးဖြစ်တဲ့ Obienice Mohale ကတော့ ” ဒါက ဆင်းရဲသားတွေကို ဆင်းရဲတွင်းနက်စေမယ့် မှောင်ခိုငွေကြေး ခဝါချသူတွေရဲ့ ငွေဖြုန်းနည်းတစ်ခုပေါ့ “လို့ ရေးခဲ့သလို၊ အခြားတစ်ဦးက ” အဖေမသေခင်တုန်းကတော့ ကောင်းမပြဘဲ သေမှ နာမည်ကောင်းရချင်တဲ့သူရဲ့ အသိဉာဏ်မဲ့လွန်းတဲ့ လုပ်ရပ်”လို့ ပစ်ပစ်နှစ်နှစ် ဝေဖန်ခဲ့ပါတယ်။ လူတစ်ယောက်ကတော့ မကြာဘူး သူခိုးတွေက ကားကို တူးယူလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နေသူရိန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top