ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မေမတစ္ေယာက္ အိပ္ရာႏိုးတာနဲ႔ ေဘးမွာမရွိေတာ့တဲ့ ေယာက္်ားအိပ္ရာေနရာကို ၾကည့္ၿပီးၿပံဳးမိတယ္… ဟြင္း ဟြင္း ကိုယ့္အႀကံနဲ႔ ကိုယ္ပဲေလ … အရင္ေန႔မ်ားဆို ကိုယ္ကအရင္ႏုိ္းၿပီး သူကအိပ္ေနတာ… ဒီေန႔ေတာ့ ခြင့္လႊတ္တယ္ေညာ္ တိပ္လိမ္မာဒဲ့ ခိုခုိ… အေတြးေတြ လြန္ေနတဲ့အခ်ိန္ တံခါးဖြင့္သံၾကားရၿပီ… ဘုရား ဘုရားအိပ္ခ်င္ေယာင္ေဆာင္ေနမွ… ဘယ္ရမလဲ အကယ္ဒမီမင္းသမီး ႐ံႈးေလာက္ေအာင္ အိပ္ခ်င္ေယာင္ေဆာင္လိုက္တာေပါ့ အကယ္ဒမီ “မမေမ” ဘာ 😊

အိမ္ေရွ႕မွာ ဝုန္းဒိုင္းႀကဲေနတဲ့ အသံေတြ ၾကားေနရေတာ့ ပီတိေတြ ျဖစ္တာျဖစ္တာ ဆိုတာေလ… လိုခ်င္တာရၿပီကိုး… ဒီေန႔က မေမကို အိမ္ဦးနတ္ႀကီး လာေတာင္းတာ (၁)ႏွစ္ျပည့္တဲ့ေန႔ဆိုေတာ့ကာ မိန္းမတို႕ရဲ႕သဘာဝ သိတယ္မလား… ဟိဟိ ဇာတ္ေၾကာင္းကို ျပန္လွန္ရမယ္ဆိုရင္ေတာ့ျဖင့္…

ညကေပါ့ ဘယ္ရမလဲ ဗိုက္ႀကီးေနေတာ့ အသားကုန္ေတြစားေသာက္ၿပီး ဆင္ခႏၶာ ဝက္ကိုယ္လံုး ျဖစ္ေနေပမဲ့ လွခ်င္ေတာ့ကာ မ်က္ခံုးေမႊးမဆိုးရင္ အိမ္ေျမွာင္ျဖစ္ေနတဲ့ မ်က္ခံုးေမႊးကိုဆြဲၿပီး “ေယာက္်ား မနက္ျဖန္ဘာေန႔လဲ”ဆိုေတာ့ကာ သိပ္ေတာ္တတ္ထက္ျမက္လြန္းတဲ့ ေယာက္်ားက “တနဂၤေႏြေန႔” ဆိုပဲ…

“ေတာ္..တိတ္ မနက္ျဖန္ ဘာေန႔လဲ” အသံကို နည္းနည္းပိုက်ယ္လာၿပီ… ဂိမ္းေဆာ့ေနတဲ့ အိမ္ဦးနတ္ႀကီး နည္းနည္းေတာ့ လန္႔သြားတဲ့ပံုပဲ… ဘယ္ရမလဲ ရွိသမွ် အင္အားနဲ႔ မ်က္ႏွာကို ခ်ီထားတာေပါ့… ဒင္းလည္း ေၾကာက္ေၾကာက္လန္႔လန္႕ ဂိမ္းကိုပိတ္၊ ဖုန္းျပကၡဒိန္ကိုၾကည့္ၿပီး “ေၾသာ္ အင္း” သိသြားၿပီထင္တယ္ ခစ္ ခစ္…

“အင္းေလ ၁၀ရက္ေန႔ပဲ ဘာျဖစ္လို႕လဲ ဘယ္သြားခ်င္လို႕လဲ” ေမွ်ာ္လင့္ခ်က္နည္းနည္းရွိေနတဲ့ စိတ္က ခ်က္ခ်င္းေပ်ာက္သြားၿပီး “ဘာေန႔တံုး ေသခ်ာစဥ္းစား” အသံကုန္ဟစ္ၿပီး ေျပာလိုက္တယ္…

သူလည္း ျပာသြားသလိုလိုနဲ႔ “ဘာေန႔လဲဟင္” ဒင္းတို႕ေယာက္်ားေတြမ်ား သူတို႕မွားေနရင္ မ်က္ႏွာငယ္ေလးနဲ႕ “အမေလး လိုခ်င္တံုးကေတာ့ လာေတာင္းၿပီးေတာ့ အခုေတာ့ေမ့ေနၿပီေပါ့” ဒင္းကခ်က္ခ်င္းဆိုသလို အမူအရာေျပာင္းသြားၿပီး “ဟား ဟ မသိဘဲေနမလား သိတာေပါ့ ခ်စ္မ်ားေမ့ေနလားလို႕” သိသားပဲ ခုမွသူမ်ားေျပာမွသိျပီး ေရာခ်တာ ဟင္းေနာ္ လိုခ်င္တာရွိလို႕သာ စိတ္ေတြကို ႏွစ္ေတာင္ေလာက္ရွည္ထားတာ… ကဲပါေလ မ်က္ႏွာေလးျပန္ျပင္ အသံေလးကို တေရာ္ကင္ပြန္းေလးထည့္မွ…

“ကိုကို… အရင္ကေလ ကိုကိုကခ်စ္ကို လက္ေဆာင္ေတြ အမ်ားႀကီးေပးတယ္ေနာ္”

“ဒါေပါ့မိန္းမရယ္ ကိုယ္ဖမ္းမိထားတဲ့ငါးကို တီေကာင္ေကၽြးပါ့အံုးမလား” အမေလးေလး ေယာက္်ားေတြမ်ားေနာ္..  ဘာပဲေျပာေျပာပါေလ လိုခ်င္တဲ့ေနရာေတာ့ေရာက္ေအာင္သြားမွ…

“ခ်စ္ကိုေလ မနက္ျဖန္က် ပန္းစည္းေလးတစ္စည္းေလာက္ လုပ္ေပးပါလားဟင္”

“မွာေပးလိုက္မယ္” ဘယ့္ႏွယ္ ဒီငနဲဘာေတြေျပာ

“ခ်စ္ကပန္းစည္းရတာထက္ ကိုကိုလုပ္ေပးတာလိုခ်င္တာပါဆို” သူအတန္အသင့္စဥ္းစားၿပီး

“အင္းးးးး ဘာေတြလိုမလဲ ေရးေပး” ငွဲ ငွဲ ငွဲ မိန္းမေတြမ်ား လိုခ်င္တာရရင္ မ်က္ႏွာကိုၿပံဳးၿဖီးေနလို႔ ဘယ္အရြယ္ေရာက္ေရာက္ ရို (Ro) တာေလးေတာ့လိုခ်င္သား…

ကဲ မေမ ဘာလို႕ၿပံဳးေနတာလဲ သိၿပီဟုတ္စ…

အိမ္ေရွ႕က ဝရုန္းသုန္းကားနဲ႕ ႏွင္းဆီဆူးစူးတဲ့အသံနဲ႔ အသံေပါင္းစံုေတြၾကားေနရေတာ့… ဟူး မျဖစ္ေတာ့ပါဘူး ေတာ္ၾကာ မဟုတ္ကဟုတ္ကေတြ ထြက္လာပါမယ္ေလ အိပ္ရာကေနထၿပီး အျပင္ထြက္ၾကည့္လိုက္ေတာ့ ဘုရား ဘုရား ပန္းေတြမ်ား တခန္းလံုး႐ႈပ္ပြလို႕ “ဘာလို႕ထလာတာလဲ” သိေနတယ္ေလ သူလုပ္ရင္ ဒီလိုျဖစ္မယ္ဆိုတာ “ေပး ေပး ဒီလိုလုပ္ရတယ္… ဟိုလိုလုပ္ပါလား… ဒီဟာကိုဒီလိုစည္း ဟိုဟာကိုဟုိလိုစည္း” ဆိုၿပီး တစ္ဝက္ေလာက္ ကိုယ္လုပ္ေပးလိုက္တယ္…

ကဲ ပန္းစည္းတစ္စည္းေတာ့ အိုနာက်ိဳးကန္းပံုေလးနဲ႔ ၿပီးၿပီ… “ေရာ့” ဆိုၿပီး သူေပးလိုက္ေတာ့ “ေနပါဦး ျပန္ဝင္အိပ္လိုက္အံုးမယ္” သူကေတာ့ ေၾကာင္ေတာင္ေတာင္နဲ႔ ကိုယ္ကေတာ့ အိပ္ရာထဲေျပးဝင္ အိပ္ခ်င္ေယာင္ေဆာင္လိုက္ၿပီး ေတာ္ေတာ္နဲ႔ မဝင္လာေတာ့ “လာေတာ့မွာလား လာေတာ့ေလ” ဆိုၿပီး မ်က္စိႀကီးမွိတ္ၿပီး ေအာ္ေနေရာ… အခန္းထဲဝင္လာတာလဲ သိေနၿပီ ႏွာေခါင္းနားကို ပန္းစည္းေလး လာကပ္ေတာ့ ေအာ္စကာဆုရွင္တစ္ေယာက္ရဲ႕ဟန္ပန္နဲ႕ မ်က္လံုးကိုဖြင့္ၿပီး “ဟင္ ပန္းစည္းေလးက လွလိုက္တာ ကိုယ္ကိုယ္တိုင္ လုပ္ထားလို႕ထင္တယ္ ဟင္း ဟင္း” ေၾသာ္.. မမေမရယ္ ကိုယ္ကတစ္ဝက္ေလာက္ဝင္လုပ္ခဲ့ၿပီး မသိျခင္ေထာင္ေထာင္ရတာလည္း လင္မယားအခ်င္းခ်င္း ေပါရဲတယ္ေနာ္…

“ေပးၿပီးၿပီေနာ္ ဘာလိုေသးလဲ” ဆိုေတာ့ ခဏစဥ္းစားၿပီး

“ဒီေန႔က လာေတာင္းတာ ၁ႏွစ္ျပည့္ၿပီဆိုေတာ့ ဘာေျပာခ်င္လဲ”

“အာ့ဆိုခ်စ္က လာေတာင္းတံုးက ေမးတဲ့ပံုစံအတိုင္းေမး ကိုယ္ကေျဖမယ္”

အယ္… ကိုယ့္လူဘယ္ဆိုးလို႕လဲ ျပန္ၿပီး အမွတ္ရခ်င္တာထင္တယ္… ရင္ေတြေတာင္ခုန္တယ္ ဟီး..

ဒါမ်ိဳးဆို ဘယ္ရမလဲ ခ်က္ခ်င္းကိုေမးမယ္

“ဒါဆိုစေမးမယ္ေနာ္ အထက္ကလာလား ေအာက္ကလာလား”

သူေျဖရမယ့္ အေျဖက အထက္ကလာပါတယ္ဆိုတဲ့အေျဖေပါ့… (ဒါ… မေမ “အုန္းပြဲ ငွက္ေပ်ာပြဲနဲ႔သာ ေမာင္ေတာင္းလွည့္ပါ။” နာမည္နဲ႔ ေရးခဲ့ဖူးၿပီးသားေနာ္.. )

“အလယ္ကလာတာပါ ျပန္အပ္မလို႕လာတာပါဗ်ာ…”

“ဘယ္လို ေနာက္တခုေမးမယ္ ေကာင္းေကာင္းေျဖ ဆင္နဲ႕လာလား ျမင္းနဲ႕လာလား”

“ဆိုက္ကားစီးၿပီး လာတာပါ။ ျပန္အပ္မယ့္သူလည္း ပါပါတယ္”

ဘယ္လို ဘယ္လို ညင္သာတဲ့ဆင္နဲ႕လာတယ္ဆိုတဲ့ အဓိပၸာယ္နဲ႕ ေျဖရမွာကို

“ေမးေတာ့ဘူး”

“ေမးပါ ေကာင္းေကာင္းေျဖမယ္”

ေနာက္ဆံုးတခုေတာ့ ေကာင္းေကာင္းေျဖေလာက္ပါတယ္

“ေရႊပါလား ေငြပါလား” ေမးသာေမးရတယ္ ဘာေျဖမွန္းမသိ…

ဒင္းက “ဘာမွမပါပါဘူး ဗိုက္တလံုးေတာ့အပိုထည့္ေပးလိုက္ပါတယ္”

ေျပာလည္း ေျပာၿပီး အျပင္ထြက္ေျပးသြားတဲ့ အိမ္ဦးနတ္ ဘယ့္ႏွယ္ ကိုယ့္မွာအေကာင္းမွတ္လို႔ ဘာပဲျဖစ္ျဖစ္ ကိုယ့္လက္ထဲမွာ ပန္းစည္းတစ္စည္းရွိေနၿပီဆိုေတာ့ကာ ၾကြားရမယ္ေလဟုတ္စ ဓာတ္ပံုကို ဘယ္ကရိုက္လိုက္ ညာကရုိက္လိုက္နဲ႕ ပံု၅၀ေလာက္ရုိက္မွ စိတ္ႀကိဳက္တစ္ပံု ထြက္တာကိုး 😊

ကဲ အားလံုး အိုေခမွာ စိုေျပသြားေတာ့ကာ ဖုန္းေလးယူၿပီး FB ေလးဖြင့္ၿပီးေတာ့ စိတ္ႀကိဳက္ပံုေလး ၃ပံုေလာက္တင္ၿပီး ေရးလိုက္တဲ့ စာသားက

“ဒီေန႔ မနက္ေစာေစာ အိပ္ေနတံုးမွာ ပန္းနံ႕ေလးရတယ္ မ်က္စိဖြင့္ၾကည့္လိုက္ေတာ့ ေတာင္းရမ္းမဂၤလာတစ္ႏွစ္ျပည့္မို႕ သူကိုယ္တုိင္လုပ္ၿပီး ပန္းစည္းေလးေပးတာတဲ့… ဘယ္အခ်ိန္ကလုပ္ေနလဲ ကိုယ္ေတာင္မသိလိုက္ဘူးရယ္… ဘယ္အခ်ိန္ကတည္းက ႀကိတ္ႀကံေနတယ္မသိ…  ခ်စ္တယ္ေယာက္်ား”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
မမေတစ်ယောက် အိပ်ရာနိုးတာနဲ့ ဘေးမှာမရှိတော့တဲ့ ယောက်ျားအိပ်ရာနေရာကို ကြည့်ပြီးပြုံးမိတယ်… ဟွင်း ဟွင်း ကိုယ့်အကြံနဲ့ ကိုယ်ပဲလေ … အရင်နေ့များဆို ကိုယ်ကအရင်နိုးပြီး သူကအိပ်နေတာ… ဒီနေ့တော့ ခွင့်လွှတ်တယ်ညော် တိပ်လိမ်မာဒဲ့ ခိုခို… အတွေးတွေ လွန်နေတဲ့အချိန် တံခါးဖွင့်သံကြားရပြီ… ဘုရား ဘုရားအိပ်ချင်ယောင်ဆောင်နေမှ… ဘယ်ရမလဲ အကယ်ဒမီမင်းသမီး ရှုံးလောက်အောင် အိပ်ချင်ယောင်ဆောင်လိုက်တာပေါ့ အကယ်ဒမီ “မမမေ” ဘာ 😊

အိမ်ရှေ့မှာ ဝုန်းဒိုင်းကြဲနေတဲ့ အသံတွေ ကြားနေရတော့ ပီတိတွေ ဖြစ်တာဖြစ်တာ ဆိုတာလေ… လိုချင်တာရပြီကိုး… ဒီနေ့က မမေကို အိမ်ဦးနတ်ကြီး လာတောင်းတာ (၁)နှစ်ပြည့်တဲ့နေ့ဆိုတော့ကာ မိန်းမတို့ရဲ့သဘာဝ သိတယ်မလား… ဟိဟိ ဇာတ်ကြောင်းကို ပြန်လှန်ရမယ်ဆိုရင်တော့ဖြင့်…

ညကပေါ့ ဘယ်ရမလဲ ဗိုက်ကြီးနေတော့ အသားကုန်တွေစားသောက်ပြီး ဆင်ခန္ဓာ ဝက်ကိုယ်လုံး ဖြစ်နေပေမဲ့ လှချင်တော့ကာ မျက်ခုံးမွှေးမဆိုးရင် အိမ်မြှောင်ဖြစ်နေတဲ့ မျက်ခုံးမွှေးကိုဆွဲပြီး “ယောက်ျား မနက်ဖြန်ဘာနေ့လဲ”ဆိုတော့ကာ သိပ်တော်တတ်ထက်မြက်လွန်းတဲ့ ယောက်ျားက “တနင်္ဂနွေနေ့” ဆိုပဲ…

“တော်..တိတ် မနက်ဖြန် ဘာနေ့လဲ” အသံကို နည်းနည်းပိုကျယ်လာပြီ… ဂိမ်းဆော့နေတဲ့ အိမ်ဦးနတ်ကြီး နည်းနည်းတော့ လန့်သွားတဲ့ပုံပဲ… ဘယ်ရမလဲ ရှိသမျှ အင်အားနဲ့ မျက်နှာကို ချီထားတာပေါ့… ဒင်းလည်း ကြောက်ကြောက်လန့်လန့် ဂိမ်းကိုပိတ်၊ ဖုန်းပြက္ခဒိန်ကိုကြည့်ပြီး “သြော် အင်း” သိသွားပြီထင်တယ် ခစ် ခစ်…

“အင်းလေ ၁၀ရက်နေ့ပဲ ဘာဖြစ်လို့လဲ ဘယ်သွားချင်လို့လဲ” မျှော်လင့်ချက်နည်းနည်းရှိနေတဲ့ စိတ်က ချက်ချင်းပျောက်သွားပြီး “ဘာနေ့တုံး သေချာစဉ်းစား” အသံကုန်ဟစ်ပြီး ပြောလိုက်တယ်…

သူလည်း ပြာသွားသလိုလိုနဲ့ “ဘာနေ့လဲဟင်” ဒင်းတို့ယောက်ျားတွေများ သူတို့မှားနေရင် မျက်နှာငယ်လေးနဲ့ “အမလေး လိုချင်တုံးကတော့ လာတောင်းပြီးတော့ အခုတော့မေ့နေပြီပေါ့” ဒင်းကချက်ချင်းဆိုသလို အမူအရာပြောင်းသွားပြီး “ဟား ဟ မသိဘဲနေမလား သိတာပေါ့ ချစ်များမေ့နေလားလို့” သိသားပဲ ခုမှသူများပြောမှသိပြီး ရောချတာ ဟင်းနော် လိုချင်တာရှိလို့သာ စိတ်တွေကို နှစ်တောင်လောက်ရှည်ထားတာ… ကဲပါလေ မျက်နှာလေးပြန်ပြင် အသံလေးကို တရော်ကင်ပွန်းလေးထည့်မှ…

“ကိုကို… အရင်ကလေ ကိုကိုကချစ်ကို လက်ဆောင်တွေ အများကြီးပေးတယ်နော်”

“ဒါပေါ့မိန်းမရယ် ကိုယ်ဖမ်းမိထားတဲ့ငါးကို တီကောင်ကျွေးပါ့အုံးမလား” အမလေးလေး ယောက်ျားတွေများနော်..  ဘာပဲပြောပြောပါလေ လိုချင်တဲ့နေရာတော့ရောက်အောင်သွားမှ…

“ချစ်ကိုလေ မနက်ဖြန်ကျ ပန်းစည်းလေးတစ်စည်းလောက် လုပ်ပေးပါလားဟင်”

“မှာပေးလိုက်မယ်” ဘယ့်နှယ် ဒီငနဲဘာတွေပြော

“ချစ်ကပန်းစည်းရတာထက် ကိုကိုလုပ်ပေးတာလိုချင်တာပါဆို” သူအတန်အသင့်စဉ်းစားပြီး

“အင်းးးးး ဘာတွေလိုမလဲ ရေးပေး” ငှဲ ငှဲ ငှဲ မိန်းမတွေများ လိုချင်တာရရင် မျက်နှာကိုပြုံးဖြီးနေလို့ ဘယ်အရွယ်ရောက်ရောက် ရို (Ro) တာလေးတော့လိုချင်သား…

ကဲ မမေ ဘာလို့ပြုံးနေတာလဲ သိပြီဟုတ်စ…

အိမ်ရှေ့က ဝရုန်းသုန်းကားနဲ့ နှင်းဆီဆူးစူးတဲ့အသံနဲ့ အသံပေါင်းစုံတွေကြားနေရတော့… ဟူး မဖြစ်တော့ပါဘူး တော်ကြာ မဟုတ်ကဟုတ်ကတွေ ထွက်လာပါမယ်လေ အိပ်ရာကနေထပြီး အပြင်ထွက်ကြည့်လိုက်တော့ ဘုရား ဘုရား ပန်းတွေများ တခန်းလုံးရှုပ်ပွလို့ “ဘာလို့ထလာတာလဲ” သိနေတယ်လေ သူလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ “ပေး ပေး ဒီလိုလုပ်ရတယ်… ဟိုလိုလုပ်ပါလား… ဒီဟာကိုဒီလိုစည်း ဟိုဟာကိုဟိုလိုစည်း” ဆိုပြီး တစ်ဝက်လောက် ကိုယ်လုပ်ပေးလိုက်တယ်…

ကဲ ပန်းစည်းတစ်စည်းတော့ အိုနာကျိုးကန်းပုံလေးနဲ့ ပြီးပြီ… “ရော့” ဆိုပြီး သူပေးလိုက်တော့ “နေပါဦး ပြန်ဝင်အိပ်လိုက်အုံးမယ်” သူကတော့ ကြောင်တောင်တောင်နဲ့ ကိုယ်ကတော့ အိပ်ရာထဲပြေးဝင် အိပ်ချင်ယောင်ဆောင်လိုက်ပြီး တော်တော်နဲ့ မဝင်လာတော့ “လာတော့မှာလား လာတော့လေ” ဆိုပြီး မျက်စိကြီးမှိတ်ပြီး အော်နေရော… အခန်းထဲဝင်လာတာလဲ သိနေပြီ နှာခေါင်းနားကို ပန်းစည်းလေး လာကပ်တော့ အော်စကာဆုရှင်တစ်ယောက်ရဲ့ဟန်ပန်နဲ့ မျက်လုံးကိုဖွင့်ပြီး “ဟင် ပန်းစည်းလေးက လှလိုက်တာ ကိုယ်ကိုယ်တိုင် လုပ်ထားလို့ထင်တယ် ဟင်း ဟင်း” သြော်.. မမမေရယ် ကိုယ်ကတစ်ဝက်လောက်ဝင်လုပ်ခဲ့ပြီး မသိခြင်ထောင်ထောင်ရတာလည်း လင်မယားအချင်းချင်း ပေါရဲတယ်နော်…

“ပေးပြီးပြီနော် ဘာလိုသေးလဲ” ဆိုတော့ ခဏစဉ်းစားပြီး

“ဒီနေ့က လာတောင်းတာ ၁နှစ်ပြည့်ပြီဆိုတော့ ဘာပြောချင်လဲ”

“အာ့ဆိုချစ်က လာတောင်းတုံးက မေးတဲ့ပုံစံအတိုင်းမေး ကိုယ်ကဖြေမယ်”

အယ်… ကိုယ့်လူဘယ်ဆိုးလို့လဲ ပြန်ပြီး အမှတ်ရချင်တာထင်တယ်… ရင်တွေတောင်ခုန်တယ် ဟီး..

ဒါမျိုးဆို ဘယ်ရမလဲ ချက်ချင်းကိုမေးမယ်

“ဒါဆိုစမေးမယ်နော် အထက်ကလာလား အောက်ကလာလား”

သူဖြေရမယ့် အဖြေက အထက်ကလာပါတယ်ဆိုတဲ့အဖြေပေါ့… (ဒါ… မမေ “အုန်းပွဲ ငှက်ပျောပွဲနဲ့သာ မောင်တောင်းလှည့်ပါ။” နာမည်နဲ့ ရေးခဲ့ဖူးပြီးသားနော်.. )

“အလယ်ကလာတာပါ ပြန်အပ်မလို့လာတာပါဗျာ…”

“ဘယ်လို နောက်တခုမေးမယ် ကောင်းကောင်းဖြေ ဆင်နဲ့လာလား မြင်းနဲ့လာလား”

“ဆိုက်ကားစီးပြီး လာတာပါ။ ပြန်အပ်မယ့်သူလည်း ပါပါတယ်”

ဘယ်လို ဘယ်လို ညင်သာတဲ့ဆင်နဲ့လာတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖြေရမှာကို

“မေးတော့ဘူး”

“မေးပါ ကောင်းကောင်းဖြေမယ်”

နောက်ဆုံးတခုတော့ ကောင်းကောင်းဖြေလောက်ပါတယ်

“ရွှေပါလား ငွေပါလား” မေးသာမေးရတယ် ဘာဖြေမှန်းမသိ…

ဒင်းက “ဘာမှမပါပါဘူး ဗိုက်တလုံးတော့အပိုထည့်ပေးလိုက်ပါတယ်”

ပြောလည်း ပြောပြီး အပြင်ထွက်ပြေးသွားတဲ့ အိမ်ဦးနတ် ဘယ့်နှယ် ကိုယ့်မှာအကောင်းမှတ်လို့ ဘာပဲဖြစ်ဖြစ် ကိုယ့်လက်ထဲမှာ ပန်းစည်းတစ်စည်းရှိနေပြီဆိုတော့ကာ ကြွားရမယ်လေဟုတ်စ ဓာတ်ပုံကို ဘယ်ကရိုက်လိုက် ညာကရိုက်လိုက်နဲ့ ပုံ၅၀လောက်ရိုက်မှ စိတ်ကြိုက်တစ်ပုံ ထွက်တာကိုး 😊

ကဲ အားလုံး အိုခေမှာ စိုပြေသွားတော့ကာ ဖုန်းလေးယူပြီး FB လေးဖွင့်ပြီးတော့ စိတ်ကြိုက်ပုံလေး ၃ပုံလောက်တင်ပြီး ရေးလိုက်တဲ့ စာသားက

“ဒီနေ့ မနက်စောစော အိပ်နေတုံးမှာ ပန်းနံ့လေးရတယ် မျက်စိဖွင့်ကြည့်လိုက်တော့ တောင်းရမ်းမင်္ဂလာတစ်နှစ်ပြည့်မို့ သူကိုယ်တိုင်လုပ်ပြီး ပန်းစည်းလေးပေးတာတဲ့… ဘယ်အချိန်ကလုပ်နေလဲ ကိုယ်တောင်မသိလိုက်ဘူးရယ်… ဘယ်အချိန်ကတည်းက ကြိတ်ကြံနေတယ်မသိ…  ချစ်တယ်ယောက်ျား”

ဖိုးသူတော် (www.phothutaw.com)
Credit: May (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top