iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေနမေကာင္းသ ျဖင့္ ေနအိမ္သို႔ သြားေရာက္သ တင္းေမးသည့္ အသက္ (၂၄) ႏွစ္အရြယ္ အမ်ိဳးသမီးကို ၎ခ်စ္သူ၏ညီမက ဓားျဖင့္ထိုးသတ္ခဲ့သျဖင့္ က်ဴးလြန္ခဲ့သူအား စစ္ေဆးၿပီးေနာက္ အလုပ္ၾကမ္းႏွင့္ေထာင္ ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခဲ့သည္။

အဆိုပါအမႈကို ရန္ကုန္အ ေရွ႕ပိုင္းခ႐ိုင္ တရား႐ံုးတြင္သက္ ေသမ်ားအားစစ္ေဆးကာျပစ္မႈ က်ဴးလြန္ေၾကာင္း ထင္ရွားသျဖင့္ စြဲ ခ်က္တင္ထားသည့္ ပုဒ္မ ၃၀၂ (၂) အရ ျပစ္ဒဏ္ခ်မွတ္ျခင္းျဖစ္ သည္။

အမႈကို ၁၀ လေက်ာ္ၾကာ စစ္ေဆးၿပီးေနာက္ အမိန္႔ခ်မွတ္ခဲ့ ၿပီး ယခုခ်မွတ္သည့္ ျပစ္ဒဏ္သည္ ပုဒ္မ ၃၀၂ (၂) ၏ အျမင့္ဆံုးျပစ္ဒဏ္ခ်မွတ္ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္ ၆ ရက္က တာေမြၿမိဳ႕နယ္ တာေမြ ႀကီး (ခ) ရပ္ကြက္တြင္ေနထိုင္ သည့္ အသက္ (၂၄) ႏွစ္အရြယ္ အမ်ိဳးသမီးသည္ ၎၏ခ်စ္သူ (ေယာက္်ားလ်ာ) စိတ္ေကာက္ ေနသျဖင့္ သြားေခ်ာ့မည္ဆိုကာ ေနအိမ္မွထြက္လာခဲ့သည္။ ထို႔ ေနာက္၎၏ခ်စ္သူ ရေကာက္ (ခ) မရႊန္းလဲ့ေဝ (ေယာက္်ားလ်ာ) ႏွင့္ ေနအိမ္အေပၚထပ္တြင္စကား ေျပာဆိုၿပီးေနာက္ ေသဆံုးသူမွာ ေအာက္ထပ္သို႔ ဆင္းသြားခဲ့ၿပီး ခဏအၾကာတြင္ ခ်စ္သူ၏ညီမက မီးဖိုေဆာင္သံုး ဓားျဖင့္ထိုးခဲ့ ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ေသဆံုးသူအမ်ိဳးသမီးသည္ ၎ခ်စ္သူ၏ ညီမေတာ္စပ္သူ မသက္မွဴးခင္ကို ၎တို႔ႏွစ္ဦး ခ်စ္ႀကိဳက္ေနသည့္ ကိစၥကိုေျပာ ဆိုရာ မသက္မွဴးခင္ကလည္းေသ ဆံုးသူ အမ်ိဳးသမီး၏ေမာင္အရင္း ႏွင့္ ခ်စ္ႀကိဳက္ေနသျဖင့္ ၎တို႔ကို မခြဲရန္ေျပာဆိုသည္ကို ေသဆံုးသူအမ်ိဳးသမီးက လက္မခံသျဖင့္ စကားမ်ားကာ  ေနာက္မွသိုင္းဖက္၍ ဓားျဖင့္ ထိုးခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ဓားထိုးခံရသူ၏ လည္ပင္း၊ ပါးႏွင့္ တံေတာင္တို႔တြင္ ျပတ္ရွ ပြန္းပဲ့ဒဏ္ရာမ်ားရရွိၿပီး  သွ်င္ ပါကူေဆး႐ံုသို႔ ပို႔ေဆာင္စဥ္ ေသ ဆံုးျခင္းျဖစ္ေၾကာင္း တာေမြၿမိဳ႕ နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day

#Unicode Version#
ချစ်သူနေမကောင်းသ ဖြင့် နေအိမ်သို့ သွားရောက်သ တင်းမေးသည့် အသက် (၂၄) နှစ်အရွယ် အမျိုးသမီးကို ၎င်းချစ်သူ၏ညီမက ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် ကျူးလွန်ခဲ့သူအား စစ်ဆေးပြီးနောက် အလုပ်ကြမ်းနှင့်ထောင် ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

အဆိုပါအမှုကို ရန်ကုန်အ ရှေ့ပိုင်းခရိုင် တရားရုံးတွင်သက် သေများအားစစ်ဆေးကာပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် စွဲ ချက်တင်ထားသည့် ပုဒ်မ ၃၀၂ (၂) အရ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် သည်။

အမှုကို ၁၀ လကျော်ကြာ စစ်ဆေးပြီးနောက် အမိန့်ချမှတ်ခဲ့ ပြီး ယခုချမှတ်သည့် ပြစ်ဒဏ်သည် ပုဒ်မ ၃၀၂ (၂) ၏ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇူလိုင် ၆ ရက်က တာမွေမြို့နယ် တာမွေ ကြီး (ခ) ရပ်ကွက်တွင်နေထိုင် သည့် အသက် (၂၄) နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏ချစ်သူ (ယောက်ျားလျာ) စိတ်ကောက် နေသဖြင့် သွားချော့မည်ဆိုကာ နေအိမ်မှထွက်လာခဲ့သည်။ ထို့ နောက်၎င်း၏ချစ်သူ ရကောက် (ခ) မရွှန်းလဲ့ဝေ (ယောက်ျားလျာ) နှင့် နေအိမ်အပေါ်ထပ်တွင်စကား ပြောဆိုပြီးနောက် သေဆုံးသူမှာ အောက်ထပ်သို့ ဆင်းသွားခဲ့ပြီး ခဏအကြာတွင် ချစ်သူ၏ညီမက မီးဖိုဆောင်သုံး ဓားဖြင့်ထိုးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူအမျိုးသမီးသည် ၎င်းချစ်သူ၏ ညီမတော်စပ်သူ မသက်မှူးခင်ကို ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေသည့် ကိစ္စကိုပြော ဆိုရာ မသက်မှူးခင်ကလည်းသေ ဆုံးသူ အမျိုးသမီး၏မောင်အရင်း နှင့် ချစ်ကြိုက်နေသဖြင့် ၎င်းတို့ကို မခွဲရန်ပြောဆိုသည်ကို သေဆုံးသူအမျိုးသမီးက လက်မခံသဖြင့် စကားများကာ  နောက်မှသိုင်းဖက်၍ ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားထိုးခံရသူ၏ လည်ပင်း၊ ပါးနှင့် တံတောင်တို့တွင် ပြတ်ရှ ပွန်းပဲ့ဒဏ်ရာများရရှိပြီး  သျှင် ပါကူဆေးရုံသို့ ပို့ဆောင်စဉ် သေ ဆုံးခြင်းဖြစ်ကြောင်း တာမွေမြို့ နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top