ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကၽြန္ေတာ္တို႔အားလုံး ငွက္ေပ်ာသီး စားဖူးၾကပါတယ္။ ဒါေပမဲ့ ငွက္ေပ်ာသီး အခြံႏႊာစားၿပီး အခြံကိုေတာ့ လႊတ္ပစ္ၾကစၿမဲပါ။

ကၽြန္ေတာ္တို႔ စားၿပီးလႊတ္ပစ္ေနတဲ့ ငွက္ေပ်ာသီးအခြံက ကၽြန္ေတာ္တို႔အတြက္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာ ေပးစြမ္းနိင္ပါတယ္။ ဒီတစ္ခါေတာ့ ႐ိုးရာေလးစာဖတ္ပရိသတ္ႀကီးအတြက္ ငွက္ေပ်ာခြံရဲ႕ အက်ိဳးေက်းဇူးေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

ငွက္ေပ်ာခြံမွာ ကပ္ေနတဲ့ အမၽွင္ေတြကို စားသုံးေပးျခင္းျဖင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး အူကို သဘာဝအတိုင္း သန္႔ရွင္းေစတာေၾကာင့္ ဝမ္းခ်ဳပ္ျခင္း ျဖစ္ေပၚမႈကို ကာကြယ္ေပးပါတယ္။ တကယ္လို႔ သင္က ေခါင္းမူး၊ ေခါင္းကိုက္ေနတယ္ဆိုရင္ေတာ့ နဖူးေပၚကို ငွက္ေပ်ာခြံ ၁၅မိနစ္ေလာက္ မလႈပ္ဘဲ ၿငိမ္ေနေအာင္ တင္ထားေပးပါ။ ငွက္ေပ်ာခြံရွိ ပိုတက္ဆီယမ္ဓာတ္ကို အေရျပားကစုတ္ယူၿပီး မိနစ္အနည္းငယ္ တစ္ခဏအတြင္း ေခါင္းကိုက္ျခင္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ငွက္ေပ်ာခြံအတြင္းသား အမၽွင္ေတြမွာ မ်က္လုံးအားေကာင္းေစတဲ့ Beta-Caroteneနဲ႔ ဗီတာမင္ Aဓာတ္ေတြ ပါဝင္တဲ့အတြက္ ေန႔စဥ္ေန႔တိုင္း ပမာဏအနည္းငယ္ စားသုံးေပးမယ္ဆိုရင္ မ်က္ၾကည္လႊာနဲ႔ မ်က္လုံးအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိႏိုင္ပါတယ္။ ငွက္ေပ်ာခြံအတြင္းသားေတြမွာ ပိုတက္ဆီယမ္ဓာတ္စဥ္မ်ားစြာလည္း ပါဝင္တဲ့အတြက္ ေသြးေၾကာေတြကို သန္႔ရွင္းေစၿပီး ေသြးေၾကာထဲမွာရွိတဲ့ ကိုလက္စထေရာပမာဏကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင့္ ႏွလုံးေသြးေၾကာနဲ႔ပတ္သတ္တဲ့ ေရာဂါေတြျဖစ္ပြားျခင္းကလည္း ကာကြယ္ေပးႏိုင္ပါတယ္။ တကယ္လို႔ သင့္မွာ ႏွလုံးေရာဂါ (ဒါမွမဟုတ္) ကိုလက္စထေရာ ပမာဏမ်ားေနတယ္ဆိုရင္ ေန႔စဥ္ ငွက္ေပ်ာသီးကို အခြံမွာပါတဲ့ အမၽွင္ေတြပါမခ်န္ စားသုံးေပးသင့္ပါတယ္။

ငွက္ေပ်ာခြံကို အသားအေရထိန္းသိမ္းရာမွာလည္း အသုံးျပဳႏိုင္ပါေသးတယ္။ သင့္ခႏၶာကိုယ္မွာ အဖုအပိန္႔ေတြ၊ အနီအစက္အစက္ေတြ ထြက္ၿပီး ယားယံေနတယ္ဆိုရင္ ငွက္ေပ်ာခြံရဲ႕ အတြင္းသားနဲ႔ ယားယံတဲ့ေနရာတစ္ဝိုက္ကို ပြတ္တိုက္ေပးပါ။ တစ္ေန႔(၂)ႀကိမ္ အနဲဆုံးပြတ္တိုက္ေပးမယ္ဆိုရင္ အခ်ိန္တိုအတြင္း ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ဒါ့အျပင္ ငွက္ေပ်ာခြံကို ဝက္ၿခံေတြကုသရာမွာလည္း အသုံးဝင္ပါေသးတယ္။ ဝက္ၿခံရွိတဲ့ေနရာကို သန္႔စင္ေဆးေၾကာၿပီး ငွက္ေပ်ာခြံနဲ႔ အိပ္ယာမဝင္မီ ေန႔စဥ္ပြတ္တိုက္ေပးပါ။ အခ်ိန္တိုအတြင္း သိသိသာသာ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

အခုေလာက္ဆိုရင္ေတာ့ ႐ိုးရာေလး စာဖတ္ပရိသတ္ႀကီးလည္း ငွက္ေပ်ာခြံရဲ႕ အက်ိဳးေက်းဇူးကိုသိရွိေလာက္ၿပီျဖစ္လို႔ အရင္လို လႊတ္မပစ္ေတာ့ဘဲ အက်ိဳးရွိရွိအသုံးျပဳေတာ့ေနာ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:႐ိုးရာေလး

#Unicode Version#
ကျွန်တော်တို့အားလုံး ငှက်ပျောသီး စားဖူးကြပါတယ်။ ဒါပေမဲ့ ငှက်ပျောသီး အခွံနွှာစားပြီး အခွံကိုတော့ လွှတ်ပစ်ကြစမြဲပါ။

ကျွန်တော်တို့ စားပြီးလွှတ်ပစ်နေတဲ့ ငှက်ပျောသီးအခွံက ကျွန်တော်တို့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိင်ပါတယ်။ ဒီတစ်ခါတော့ ရိုးရာလေးစာဖတ်ပရိသတ်ကြီးအတွက် ငှက်ပျောခွံရဲ့ အကျိုးကျေးဇူးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောခွံမှာ ကပ်နေတဲ့ အမျှင်တွေကို စားသုံးပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အူကို သဘာဝအတိုင်း သန့်ရှင်းစေတာကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ တကယ်လို့ သင်က ခေါင်းမူး၊ ခေါင်းကိုက်နေတယ်ဆိုရင်တော့ နဖူးပေါ်ကို ငှက်ပျောခွံ ၁၅မိနစ်လောက် မလှုပ်ဘဲ ငြိမ်နေအောင် တင်ထားပေးပါ။ ငှက်ပျောခွံရှိ ပိုတက်ဆီယမ်ဓာတ်ကို အရေပြားကစုတ်ယူပြီး မိနစ်အနည်းငယ် တစ်ခဏအတွင်း ခေါင်းကိုက်ခြင်း ပျောက်ကင်းစေနိုင်ပါတယ်။

ငှက်ပျောခွံအတွင်းသား အမျှင်တွေမှာ မျက်လုံးအားကောင်းစေတဲ့ Beta-Caroteneနဲ့ ဗီတာမင် Aဓာတ်တွေ ပါဝင်တဲ့အတွက် နေ့စဉ်နေ့တိုင်း ပမာဏအနည်းငယ် စားသုံးပေးမယ်ဆိုရင် မျက်ကြည်လွှာနဲ့ မျက်လုံးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ငှက်ပျောခွံအတွင်းသားတွေမှာ ပိုတက်ဆီယမ်ဓာတ်စဉ်များစွာလည်း ပါဝင်တဲ့အတွက် သွေးကြောတွေကို သန့်ရှင်းစေပြီး သွေးကြောထဲမှာရှိတဲ့ ကိုလက်စထရောပမာဏကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင့် နှလုံးသွေးကြောနဲ့ပတ်သတ်တဲ့ ရောဂါတွေဖြစ်ပွားခြင်းကလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ နှလုံးရောဂါ (ဒါမှမဟုတ်) ကိုလက်စထရော ပမာဏများနေတယ်ဆိုရင် နေ့စဉ် ငှက်ပျောသီးကို အခွံမှာပါတဲ့ အမျှင်တွေပါမချန် စားသုံးပေးသင့်ပါတယ်။

ငှက်ပျောခွံကို အသားအရေထိန်းသိမ်းရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ သင့်ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ၊ အနီအစက်အစက်တွေ ထွက်ပြီး ယားယံနေတယ်ဆိုရင် ငှက်ပျောခွံရဲ့ အတွင်းသားနဲ့ ယားယံတဲ့နေရာတစ်ဝိုက်ကို ပွတ်တိုက်ပေးပါ။ တစ်နေ့(၂)ကြိမ် အနဲဆုံးပွတ်တိုက်ပေးမယ်ဆိုရင် အချိန်တိုအတွင်း ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါ့အပြင် ငှက်ပျောခွံကို ဝက်ခြံတွေကုသရာမှာလည်း အသုံးဝင်ပါသေးတယ်။ ဝက်ခြံရှိတဲ့နေရာကို သန့်စင်ဆေးကြောပြီး ငှက်ပျောခွံနဲ့ အိပ်ယာမဝင်မီ နေ့စဉ်ပွတ်တိုက်ပေးပါ။ အချိန်တိုအတွင်း သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

အခုလောက်ဆိုရင်တော့ ရိုးရာလေး စာဖတ်ပရိသတ်ကြီးလည်း ငှက်ပျောခွံရဲ့ အကျိုးကျေးဇူးကိုသိရှိလောက်ပြီဖြစ်လို့ အရင်လို လွှတ်မပစ်တော့ဘဲ အကျိုးရှိရှိအသုံးပြုတော့နော်။

 ဖိုးသူတော် (www.phothutaw.com)
Credit:ရိုးရာလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top