iMyanmarHouse.com - Best Property Website for Myanmar
×

မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္၊ စြယ္ေတာ္ကားႀကီးကြင္းအေရွ႕ဘက္ ၆၂ လမ္းမႀကီးေပၚတြင္ လူငယ္ ၂၀ ဦးခန႔္ ဓားရွည္မ်ားကိုင္​ေဆာင္ကာ ရမ္းကားေနေၾကာင္း သတင္းရရွိသျဖင့္ ရဲတပ္ဖြဲ႕မွ သြားေရာက္ ထိန္းသိမ္းခဲ့ရာ ရဲအဖြဲ႕အား ျပန္လည္ ရန္ျပဳခုခံသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ေမလ ၃၁ ရက္ေန႔ ည ၉ နာရီအခ်ိန္က မႏၲ​ေလးၿမိဳ႕ ​ေအာင္​​ေျမသာစံၿမိဳ႕မရဲစခန္းတြင္ ပုဒ္မအသီသီးႏွင့္ တရားစြဲဆိုထားေသာ အမွုမွ တရာခံေျပးမ်ားျဖစ္ၾကသည့္ ​ေက်ာ္​​ေက်ာ္​ (ခ) မင္းသိန္း (ခ) က်ား​ေပါက္​ (ခ) ​ေပါက္​စ ႏွင့္ ​ေအာင္​​ေက်ာ္​ (ခ) ဂ်ီဆက္​ တို႔ႏွစ္​ဦးသည္​ ၆၆×၆၇လမ္းၾကား၊ B လမ္းရွိ ထမင္းဆိုင္​တြင္​ ​ေရာက္​ရွိ​ေန​ေၾကာင္း သတင္းရရွိသျဖင့္ မႏၲေလးခရိုင္ မွုခင္းႏွိပ္နင္းေရးအဖြဲ႕ႏွင့္ ဦးစီး(၁)ဌါန အဖြဲ႕တို႔ ပူးေပါင္း၍ သြားေရာက္ဖမ္းဆီးရာ မေတြ႕သျဖင့္ ဆက္လက္ရွာေဖြခဲ့ၾကသည္။

ထိုသို႔ရွာ​ေဖြ​ေနစဥ္​ အမရပူရၿမိဳ႕နယ္၊ စြယ္ေတာ္ကားႀကီးကြင္း အေရွ႕ဘက္ ၆၂ လမ္းမႀကီးေပၚတြင္ လူငယ္ ၂၀ ဦးခန႔္သည္​ ေက်ာ္ေက်ာ္(ခ) မင္းသိန္း(ခ) က်ားေပါက္(ခ)ေပါက္စ ႏွင့္ ေအာင္ေက်ာ္(ခ) ဂ်ီဆက္တို႔ ၂ ဦးအား ဖမ္းဆီးသည္ကိုမေက်နပ္၍ ဓားရွည္မ်ားကိုင္​ေဆာင္ကာ ရမ္းကားေနေၾကာင္း သတင္းအရ ည ၁၀:၃၀ နာရီခ်ိန္တြင္​ ျမစ္ငယ္ရဲစခန္းမွ ဒုရဲအုပ္ သူရေအာင္ ဦးစီးသည့္ ရဲတပ္​ဖြဲ႕ဝင္​ ၈ ဦးသြားေရာက္ ရွင္းလင္းခဲ့ရာ အဆိုပါလူငယ္အဖြဲ႕မွ ျပန္လည္ခုခံရန္ျပဳသျဖင့္ ဒုရဲအုပ္ သူရေအာင္မွ MA-13 ျဖင့္ ၁ ခ်က္၊ ရဲတပ္​ၾကပ္​သက္နိုင္မွ MA-13 ျဖင့္ ၃ ခ်က္ ေျခာက္လွန႔္ ပစ္ခတ္ခဲ့ရာ ငဆက္(ခ)ဟိန္းမင္းဆက္ (၂၄)ႏွစ္၊ (၁-၃)ရပ္ကြက္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေနသူ၏ လည္ပင္းႏွင့္ ေက်ာကုန္းတြင္ ေပါက္ထြက္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့ၿပီး၊ စိုင္းထူးေအာင္ ၂၃ ႏွစ္၊ ၅၈×၅၉ ၾကား၊ (၁-၁)ရပ္ကြက္၊ ပံ့သႀကီးတံခြန္ၿမိဳ႕နယ္၏ ပါးေပါက္ဒဏ္ရာရရွိခဲ့ရာ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ကုသ​ေပးလ်က္​ရွိ​ေၾကာင္း မႏၲေလးသတင္းဂ်ာနယ္မွ သိရွိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
 မန္တလေးတိုင်း အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့် ဓားရှည်များကိုင်ဆောင်ကာ ရမ်းကားနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့မှ သွားရောက် ထိန်းသိမ်းခဲ့ရာ ရဲအဖွဲ့အား ပြန်လည် ရန်ပြုခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၃၁ ရက်နေ့ ည ၉ နာရီအချိန်က မန္တလေးမြို့ အောင်မြေသာစံမြို့မရဲစခန်းတွင် ပုဒ်မအသီသီးနှင့် တရားစွဲဆိုထားသော အမှုမှ တရာခံပြေးများဖြစ်ကြသည့် ကျော်ကျော် (ခ) မင်းသိန်း (ခ) ကျားပေါက် (ခ) ပေါက်စ နှင့် အောင်ကျော် (ခ) ဂျီဆက် တို့နှစ်ဦးသည် ၆၆×၆၇လမ်းကြား၊ B လမ်းရှိ ထမင်းဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင် မှုခင်းနှိပ်နင်းရေးအဖွဲ့နှင့် ဦးစီး(၁)ဌါန အဖွဲ့တို့ ပူးပေါင်း၍ သွားရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဆက်လက်ရှာဖွေခဲ့ကြသည်။

ထိုသို့ရှာဖွေနေစဉ် အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်း အရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့်သည် ကျော်ကျော်(ခ) မင်းသိန်း(ခ) ကျားပေါက်(ခ)ပေါက်စ နှင့် အောင်ကျော်(ခ) ဂျီဆက်တို့ ၂ ဦးအား ဖမ်းဆီးသည်ကိုမကျေနပ်၍ ဓားရှည်များကိုင်ဆောင်ကာ ရမ်းကားနေကြောင်း သတင်းအရ ည ၁၀:၃၀ နာရီချိန်တွင် မြစ်ငယ်ရဲစခန်းမှ ဒုရဲအုပ် သူရအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးသွားရောက် ရှင်းလင်းခဲ့ရာ အဆိုပါလူငယ်အဖွဲ့မှ ပြန်လည်ခုခံရန်ပြုသဖြင့် ဒုရဲအုပ် သူရအောင်မှ MA-13 ဖြင့် ၁ ချက်၊ ရဲတပ်ကြပ်သက်နိုင်မှ MA-13 ဖြင့် ၃ ချက် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ငဆက်(ခ)ဟိန်းမင်းဆက် (၂၄)နှစ်၊ (၁-၃)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ၏ လည်ပင်းနှင့် ကျောကုန်းတွင် ပေါက်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ စိုင်းထူးအောင် ၂၃ နှစ်၊ ၅၈×၅၉ ကြား၊ (၁-၁)ရပ်ကွက်၊ ပံ့သကြီးတံခွန်မြို့နယ်၏ ပါးပေါက်ဒဏ်ရာရရှိခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသပေးလျက်ရှိကြောင်း မန္တလေးသတင်းဂျာနယ်မှ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top