ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လြန္ခ့ဲေသာအႏွစ္ ၂၀ ခန္႔က ေတာင္ဥကၠလာပတြင္ လင္မယားႏွစ္ေယာက္ႏွင့္သမီးအပ်ိဳၾကီးတစ္ေယာက္ မိသားစုရွိ၏။

ပစၥည္းဥစၥာခ်မ္းသာေသာ္လည္း မလွဴရက္ မတန္းရက္ေပ။တရားအသိမရွိသလို ကိုယ္က်င့္တရားလည္းဆင္းရဲ၏။

မိဘႏွစ္ပါးသည္ ဆန္အေရာင္းအဝယ္လုပ္ျပီး သမီးက ေရႊဆိုင္တည္ထား၏။

ဆန္ဝယ္သည့္အခါ တစ္ျပည္ပို ဝင္သည့္တင္းေတာင္းႏွင့္ခ်ိန္ျပီး ျပန္ေရာင္းသည့္အခါ တစ္ျပည္ေလ်ာ့ တင္းေတာင္းႏွင့္ေရာင္း၏။

သမီးျဖစ္သူကလည္း ေရႊဝယ္သည့္အခါ ဆီစိမ္ထားသည့္ ေရြးေစ့ႏွင့္ခ်ိန္ျပီး ျပန္ေရာင္းသည့္အခါ ဆီမစိမ္သည့္ေရြးေစ့ျဖင့္ျပန္ေရာင္း၏။

သူတို႔မိသားစုသည္ အေသးေလးခိုးရာမွစကာ လက္ရဲလာျပီး ျခံခ်င္းကပ္က သူတစ္ပါးေျမကိုပါခိုးလာ၏။

မိဘျခင္းရင္းႏွီး၍ ျခံစည္းရိုး ကာမထားေခ်။

ေနာက္တြင္ တစ္ဖက္ျခံမွ မိဘမ်ားဆုံး၍ ရိုးသားသည့္ ေမာင္ႏွမမ်ားသာက်န္၏။

ေျပာရဲဆိုရဲ လူၾကီးမရွိမွန္းသိ၍ သူခိုးမိသားစု သည္ အၾကီးျမန္သည့္ လဲပင္မ်ားအား ျခံစည္းရိုးေနရာတြင္ စိုက္လိုက္၏။

စိုက္သည့္အခါ ေျမငါးေပခိုးထား၏။

တစ္ဖက္ျခံမွ ေမာင္နွမမ်ားသည္ အေနေအးသူမ်ားျဖစ္၍ ဘာမ်ွမေျပာေပ။ဘာမွမေျပာမွန္းသိ၍ အတင့္ရဲလာကာ ေနာက္ထပ္ငါးေပတိုးျပီး လဲပင္ေတြ စိုက္ျပန္၏။

အခိုးခံရသည့္ ကာယကံရွင္မ်ားက သိေသာ္လည္း ဘာမ်ွမေျပာၾကေပ။

“ခိုးျခင္းမ်ိဳးစုံတို႔တြင္ ေျမခိုးျခင္းသည္ အျပစ္အၾကီးဆုံးျဖစ္၏”။

အဘယ္ေၾကာင့္ဆိုေသာ္ အေပၚယံၾကည့္လ်ွင္ေျမေလးငါးေပ အားမမ်ားဘူးဟု ထင္ရေသာ္လည္း ေအာက္အဝီစိ ေရာက္ေအာင္ တိုင္းၾကည့္လ်ွင္ နည္းမည္ မဟုတ္ေပ။

အကုသိုလ္မွန္သမ်ွသည္ မေကာင္းက်ိဳးသာ ေပးမည္ျဖစ္၏။

ယခုဘဝမေကာင္းတာလုပ္ျပီး မေကာင္းက်ိဳး မေပးေသးဘူးဆိုတာ အတိတ္ဘဝက ျပဳခ့ဲသည့္ ကုသိုလ္အက်ိဳးေပးေန၍သာျဖစ္၏။

တစ္ေန႔တြင္ သူတို႔မိသားစုလုပ္သည့္ အကုသိုလ္ကံမ်ား အက်ိဳးေပးခ်ိန္ေရာက္လာ၏။

သူခိုးေခါင္းေဆာင္ အေဖျဖစ္သူသည္ ေသြးအန္ျပီး ရုတ္တရက္ေသ၏။

အန္ သည့္အခါ ေသြးသည္ အနီေရာင္သာမက အနက္ေရာင္ ေတြပါ ပါ၏။

ဒု ေခါင္းေဆာင္ မိခင္သည္ ေစ်းဝယ္ရင္း ဦးေႏွာက္ေသြးေၾကာျပတ္ကာေသ၏။

ေနာက္လပိုင္းတြင္ သမီးအပ်ိဳၾကီးသည္ ၾကိဳးဆြဲခ်ေသသြား၏။

မိသားစုသုံးဦး လုံး အပါယ္လားမည္မွာ ေသခ်ာ၏။

အကုသိုလ္ကံအက်ိဳးေပးခ်ိန္ေရာက္လာလ်ွင္ အလြန္ ေၾကာက္စရာေကာင္းေၾကာင္းေတြ႕ရ၏။

သူတို႔မိသားစု ၏ က်န္ရွိေသာ ပစၥည္းဥစၥာမ်ားအား ေဆြမ်ိဳးသားျခင္းမ်ားမွ ခြဲေဝယူလိုက္ၾက၏။

ေသလ်ွင္ ကိုယ့္ေနာက္သို႔ မည္သည့္ဥစၥာမွပါမသြား,ကုသိုလ္အကုသိုလ္သာ ပါသြါး မည္ကို ဘာသာေရးအသိမရွိ၍ သိမသြားၾကေခ်။

ထို႔ေၾကာင့္ တတိယေျမာက္ တိပိဋကဓရ ျပည္ဆရာေတာ္က ေအာက္ပါအတိုင္း စပ္ဆိုသတိေပးခ့ဲ၏။

“အထုပ္ကေလးတျပင္ျပင္

အထုပ္ရွင္ေသလို႔သြား

က်န္တ့ဲသူေတြေဝလို႔စား

အထုပ္ရွင္မွာအလကား

ဘာမွလည္းပါမသြား

ေသရြာက်ေတာ့အပါယ္လား

နိဗၺာန္ေရာက္ဖို႔ အခက္သား”

သို႔ပါ၍ စားဝတ္ေနေရးအတြက္ မိမိ၏လုပ္အားျဖင့္ စီးပြားရွာသလို မဂ္ဥာဏ္ဖိုလ္ဥာဏ္မရရွိေသးပါက သံသရာအတြက္ စိတ္ခ်ရေအာင္ ကုသိုလ္ေကာင္းမႈမ်ား လည္း ဆည္းပူးၾကပါစို႔လို႔ တိုက္တြန္းေရးသားလိုက္ရေပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရား ရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
လွန်ခဲ့သောအနှစ် ၂၀ ခန့်က တောင်ဥက္ကလာပတွင် လင်မယားနှစ်ယောက်နှင့်သမီးအပျိုကြီးတစ်ယောက် မိသားစုရှိ၏။

ပစ္စည်းဥစ္စာချမ်းသာသော်လည်း မလှူရက် မတန်းရက်ပေ။တရားအသိမရှိသလို ကိုယ်ကျင့်တရားလည်းဆင်းရဲ၏။

မိဘနှစ်ပါးသည် ဆန်အရောင်းအဝယ်လုပ်ပြီး သမီးက ရွှေဆိုင်တည်ထား၏။

ဆန်ဝယ်သည့်အခါ တစ်ပြည်ပို ဝင်သည့်တင်းတောင်းနှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ တစ်ပြည်လျော့ တင်းတောင်းနှင့်ရောင်း၏။

သမီးဖြစ်သူကလည်း ရွှေဝယ်သည့်အခါ ဆီစိမ်ထားသည့် ရွေးစေ့နှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ ဆီမစိမ်သည့်ရွေးစေ့ဖြင့်ပြန်ရောင်း၏။

သူတို့မိသားစုသည် အသေးလေးခိုးရာမှစကာ လက်ရဲလာပြီး ခြံချင်းကပ်က သူတစ်ပါးမြေကိုပါခိုးလာ၏။

မိဘခြင်းရင်းနှီး၍ ခြံစည်းရိုး ကာမထားချေ။

နောက်တွင် တစ်ဖက်ခြံမှ မိဘများဆုံး၍ ရိုးသားသည့် မောင်နှမများသာကျန်၏။

ပြောရဲဆိုရဲ လူကြီးမရှိမှန်းသိ၍ သူခိုးမိသားစု သည် အကြီးမြန်သည့် လဲပင်များအား ခြံစည်းရိုးနေရာတွင် စိုက်လိုက်၏။

စိုက်သည့်အခါ မြေငါးပေခိုးထား၏။

တစ်ဖက်ခြံမှ မောင်နှမများသည် အနေအေးသူများဖြစ်၍ ဘာမျှမပြောပေ။ဘာမှမပြောမှန်းသိ၍ အတင့်ရဲလာကာ နောက်ထပ်ငါးပေတိုးပြီး လဲပင်တွေ စိုက်ပြန်၏။

အခိုးခံရသည့် ကာယကံရှင်များက သိသော်လည်း ဘာမျှမပြောကြပေ။

“ခိုးခြင်းမျိုးစုံတို့တွင် မြေခိုးခြင်းသည် အပြစ်အကြီးဆုံးဖြစ်၏”။

အဘယ်ကြောင့်ဆိုသော် အပေါ်ယံကြည့်လျှင်မြေလေးငါးပေ အားမများဘူးဟု ထင်ရသော်လည်း အောက်အဝီစိ ရောက်အောင် တိုင်းကြည့်လျှင် နည်းမည် မဟုတ်ပေ။

အကုသိုလ်မှန်သမျှသည် မကောင်းကျိုးသာ ပေးမည်ဖြစ်၏။

ယခုဘဝမကောင်းတာလုပ်ပြီး မကောင်းကျိုး မပေးသေးဘူးဆိုတာ အတိတ်ဘဝက ပြုခဲ့သည့် ကုသိုလ်အကျိုးပေးနေ၍သာဖြစ်၏။

တစ်နေ့တွင် သူတို့မိသားစုလုပ်သည့် အကုသိုလ်ကံများ အကျိုးပေးချိန်ရောက်လာ၏။

သူခိုးခေါင်းဆောင် အဖေဖြစ်သူသည် သွေးအန်ပြီး ရုတ်တရက်သေ၏။

အန် သည့်အခါ သွေးသည် အနီရောင်သာမက အနက်ရောင် တွေပါ ပါ၏။

ဒု ခေါင်းဆောင် မိခင်သည် ဈေးဝယ်ရင်း ဦးနှောက်သွေးကြောပြတ်ကာသေ၏။

နောက်လပိုင်းတွင် သမီးအပျိုကြီးသည် ကြိုးဆွဲချသေသွား၏။

မိသားစုသုံးဦး လုံး အပါယ်လားမည်မှာ သေချာ၏။

အကုသိုလ်ကံအကျိုးပေးချိန်ရောက်လာလျှင် အလွန် ကြောက်စရာကောင်းကြောင်းတွေ့ရ၏။

သူတို့မိသားစု ၏ ကျန်ရှိသော ပစ္စည်းဥစ္စာများအား ဆွေမျိုးသားခြင်းများမှ ခွဲဝေယူလိုက်ကြ၏။

သေလျှင် ကိုယ့်နောက်သို့ မည်သည့်ဥစ္စာမှပါမသွား,ကုသိုလ်အကုသိုလ်သာ ပါသွါး မည်ကို ဘာသာရေးအသိမရှိ၍ သိမသွားကြချေ။

ထို့ကြောင့် တတိယမြောက် တိပိဋကဓရ ပြည်ဆရာတော်က အောက်ပါအတိုင်း စပ်ဆိုသတိပေးခဲ့၏။

“အထုပ်ကလေးတပြင်ပြင်

အထုပ်ရှင်သေလို့သွား

ကျန်တဲ့သူတွေဝေလို့စား

အထုပ်ရှင်မှာအလကား

ဘာမှလည်းပါမသွား

သေရွာကျတော့အပါယ်လား

နိဗ္ဗာန်ရောက်ဖို့ အခက်သား”

သို့ပါ၍ စားဝတ်နေရေးအတွက် မိမိ၏လုပ်အားဖြင့် စီးပွားရှာသလို မဂ်ဉာဏ်ဖိုလ်ဉာဏ်မရရှိသေးပါက သံသရာအတွက် စိတ်ချရအောင် ကုသိုလ်ကောင်းမှုများ လည်း ဆည်းပူးကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: တရား ရတနာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top