မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ပရဟိတ အလွဴကိုအေၾကာင္းျပ အဲ့ထဲကေငြကေတာ့ေရေတာင္၀ယ္မေသာက္ၾကပါနဲ႕ ငရဲျပည္တန္းေနတာပဲဘုရားတကာ ေက်ာင္းတကာတစ္ေယာက္ဟာ ေက်ာင္းအတြက္ အလွဴခံလွည့္လည္ရင္း အလွဴခံခြက္ထဲက အဲ့ဒီထဲကေငြနဲ႕ သူဟာကြမ္း၀ယ္စားမိတယ္ေက်ာင္းျပန္ေရာက္ေတာ့လည္းအဲ့ေငြကိုျပန္မထည့္မိဘူးေ၀ရာ၀စၥ ကိစၥျပီးစီးလို႕ ဦးကဟာ သူအိမ္ေရာက္ေတာ့မူးတယ္ဆိုျပီးအသက္ေသဆုံးသြားရွာတယ္အလွဴခံရရွိတဲ့ကြမ္းစာေသာေငြကိုျပန္ထည့္ဖို႕ အခ်ိန္မရလိုက္ဘူးအဲ့ဒီလိုနဲ႕ သူအိမ္ ေဘးနားက ဦးခ တစ္ေယာက္ မက်န္းမမာျဖစ္ေနတာကေနသတိေမ့ျပီးေမွ်ာသြားတယ္

ဦးခဟာ မလြတ္မကြ်တ္တဲ့ ဘုံတခုကိုခဏ ေရာက္ရွိသြားတယ္သူအိမ္ေဘးက ဘုရား တရား အင္မတန္ ရိုေသတဲ့ဘုရားဒကာဦးက ကိုပင္ပမ္းဆင္းရဲေနတာ ဦးခ ေတြ႕ေတာ့စိတ္မခ်မ္းသာပဲထိပ္လန္႕စရာျဖစ္တာေပါ့ဦးခကိုဦးကဟာအိမ္ျပန္ေရာက္ရင္ေျပာျပေပးပါ သူကြမ္းစာဖို႕အတြက္ အလွဴခံလွည့္ရင္း ေငြေလးအနည္းငယ္ယူမိခဲ့တဲ့အတြက္ သူငရဲက်ေနတာပါသူအိမ္တိုင္ထဲမွာ ေငြနဲ႕ေရႊျပားထည့္ထားပါတယ္လူျပည္ျပန္ေရာက္ခ်ိန္မွာသူအိမ္ကိုေသခ်ာေျပာျပေပးပါမွာတယ္ဦးခေမ့ေမွ်ာေနရာမွ သတိရခ်ိန္မွာ ဦးကရဲ့မိသားစုကိုေခၚေစျပီး ဦးကမွာၾကားတာကိုေျပာျပတယ္

ဒါေပမယ့္ ဦးကမိသားစုဟာလူကုံထံေတြပစၥည္းဥစၥာေပါၾကြယ္သူမို႕ သူအေဖရဲ့ သီလ သိခၡါကိုလဲယုံၾကည္တဲ့အတြက္ဦးခေျပာတာကိုမယုံဘူး ဦးခကိုသူတို႕အေဖဂဳဏ္သိခၡါ ခ်တယ္ဆိုျပီးစိတ္ဆိုးက် ရုံးေရာက္ဂါတ္ေရာက္ျဖစ္ၾကတယ္ အဲ့ဒီတင္ ဦးခဟာ ကြ်န္ေတာ္ေျပာတာ အမွန္ပါဦးက မွာတဲ့ေနရာကိုသာ ေသခ်ာျပန္ရွာၾကည့္ပါ ခင္ေ်ာ ကြ်န္ေတာ္ျပေပးပါ့မယ္မေတြကခဲ့လွ်င္ ခင္ဗ်ားတို႕သေဘာပါ တိုင္လိုကတိုင္ပါ အေရးယူလိုကယူပါေျပာလိုက္တယ္ ဦးကတို႕အိမ္ထဲက အိမ္တိုင္ကို ေသခ်ာဦးကျပသေျပာဆိုတဲ့ေနရာမွာပဲဦးကညြန္တဲ့အတိုင္း ဦးခဟာဦးကသားသမီးေတြကို သူေဘးမွေနျပီး ရွာေဖြေစတဲ့အခါေငြ ၃၀၀က်ပ္နဲ ေရႊဒဂၤါး ျပားေတြကိုေတြ႕ၾကတယ္အဲ့ဒီေတာ့မွ သားသမီးမ်ားေဆြမ်ိဳးမ်ား အားလုံးဟာအံအားသင့္လို႕ယုံၾကည္ၾကပါတယ္..

အမွတ္မထင္ သူတပါးလွဴတန္းထားတာကို မျဖစ္စေလာက္ေလး ယူခဲ့မိရင္ေတာင္ ငရဲက်ခံရတတ္ပါတယ္အဲ့ဒီတာ့ ပရဟိတလုပ္ေနၾကျပီး သူတပါးအလွဴေငြကိုေရေတာင္မွ၀ယ္မေသာက္ပါနဲ႕သူတပါး အလွဴေငြကိုလည္းယူရဲလို႕ ယူက်တာမို႕ သူအကုသိုလ္ သူယူတာမို႕ပရဟိတ လုပ္ရင္းငရဲက်မဲ့သူမ်ားဟာသူဘ၀အေၾကာင္းသူပါပဲလို႕စိတ္ထားလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Luckymyanmar

#Unicode Version#

ပရဟိတ အလှူကိုအကြောင်းပြ အဲ့ထဲကငွေကတော့ရေတောင်ဝယ်မသောက်ကြပါနဲ့ ငရဲပြည်တန်းနေတာပဲဘုရားတကာ ကျောင်းတကာတစ်ယောက်ဟာ ကျောင်းအတွက် အလှူခံလှည့်လည်ရင်း အလှူခံခွက်ထဲက အဲ့ဒီထဲကငွေနဲ့ သူဟာကွမ်းဝယ်စားမိတယ်ကျောင်းပြန်ရောက်တော့လည်းအဲ့ငွေကိုပြန်မထည့်မိဘူးဝေရာဝစ္စ ကိစ္စပြီးစီးလို့ ဦးကဟာ သူအိမ်ရောက်တော့မူးတယ်ဆိုပြီးအသက်သေဆုံးသွားရှာတယ်အလှူခံရရှိတဲ့ကွမ်းစာသောငွေကိုပြန်ထည့်ဖို့ အချိန်မရလိုက်ဘူးအဲ့ဒီလိုနဲ့ သူအိမ်ဘေးနားက ဦးခ တစ်ယောက် မကျန်းမမာဖြစ်နေတာကနေသတိမေ့ပြီးမျှောသွားတယ်

ဦးခဟာ မလွတ်မကျွတ်တဲ့ ဘုံတခုကိုခဏ ရောက်ရှိသွားတယ်သူအိမ်ဘေးက ဘုရား တရား အင်မတန် ရိုသေတဲ့ဘုရားဒကာဦးက ကိုပင်ပမ်းဆင်းရဲနေတာ ဦးခ တွေ့တော့စိတ်မချမ်းသာပဲထိပ်လန့်စရာဖြစ်တာပေါ့ဦးခကိုဦးကဟာအိမ်ပြန်ရောက်ရင်ပြောပြပေးပါ သူကွမ်းစာဖို့အတွက် အလှူခံလှည့်ရင်း ငွေလေးအနည်းငယ်ယူမိခဲ့တဲ့အတွက် သူငရဲကျနေတာပါသူအိမ်တိုင်ထဲမှာ ငွေနဲ့ရွှေပြားထည့်ထားပါတယ်လူပြည်ပြန်ရောက်ချိန်မှာသူအိမ်ကိုသေချာပြောပြပေးပါမှာတယ်ဦးခမေ့မျှောနေရာမှ သတိရချိန်မှာ ဦးကရဲ့မိသားစုကိုခေါ်စေပြီး ဦးကမှာကြားတာကိုပြောပြတယ်

ဒါပေမယ့် ဦးကမိသားစုဟာလူကုံထံတွေပစ္စည်းဥစ္စာပေါကြွယ်သူမို့ သူအဖေရဲ့ သီလ သိခ္ခါကိုလဲယုံကြည်တဲ့အတွက်ဦးခပြောတာကိုမယုံဘူး ဦးခကိုသူတို့အဖေဂုဏ်သိခ္ခါ ချတယ်ဆိုပြီးစိတ်ဆိုးကျ ရုံးရောက်ဂါတ်ရောက်ဖြစ်ကြတယ် အဲ့ဒီတင် ဦးခဟာ ကျွန်တော်ပြောတာ အမှန်ပါဦးက မှာတဲ့နေရာကိုသာ သေချာပြန်ရှာကြည့်ပါ ခင်ေျာ ကျွန်တော်ပြပေးပါ့မယ်မတွေကခဲ့လျှင် ခင်ဗျားတို့သဘောပါ တိုင်လိုကတိုင်ပါ အရေးယူလိုကယူပါပြောလိုက်တယ် ဦးကတို့အိမ်ထဲက အိမ်တိုင်ကို သေချာဦးကပြသပြောဆိုတဲ့နေရာမှာပဲဦးကညွန်တဲ့အတိုင်း ဦးခဟာဦးကသားသမီးတွေကို သူဘေးမှနေပြီး ရှာဖွေစေတဲ့အခါငွေ ၃၀၀ကျပ်နဲ ရွှေဒင်္ဂါး ပြားတွေကိုတွေ့ကြတယ်အဲ့ဒီတော့မှ သားသမီးများဆွေမျိုးများ အားလုံးဟာအံအားသင့်လို့ယုံကြည်ကြပါတယ်..

အမှတ်မထင် သူတပါးလှူတန်းထားတာကို မဖြစ်စလောက်လေး ယူခဲ့မိရင်တောင် ငရဲကျခံရတတ်ပါတယ်အဲ့ဒီတာ့ ပရဟိတလုပ်နေကြပြီး သူတပါးအလှူငွေကိုရေတောင်မှဝယ်မသောက်ပါနဲ့သူတပါး အလှူငွေကိုလည်းယူရဲလို့ ယူကျတာမို့ သူအကုသိုလ် သူယူတာမို့ပရဟိတ လုပ်ရင်းငရဲကျမဲ့သူများဟာသူဘဝအကြောင်းသူပါပဲလို့စိတ်ထားလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Luckymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top