×
တောင်ကြီးတွင် မေ လ ၃၀ ရက်ကလေပြင်းတိုက်ခတ် မှုကြောင့် ရွှေဘုန်းပွင့်ဘုရား၏ အရံစေတီနှစ်ဆူ ထီးတော်မြေခ ခဲ့ပြီး သစ်ပင်ကြီးများ၊ ကြော်ငြာ ဘုတ်များနှင့် ကေဘယ်ဆက်သွယ်ရေးတိုင်များလဲပြိုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
တောင်ကြီးအတက်လမ်း တွင် သစ်ပင်ကြီးများပြိုလဲခြင်း ကြောင့် လမ်းပိတ်ဆို့ခဲ့ပြီးတောင် ကြီးမြို့အမှတ်(၇)ကျောင်းအနီး၊ မြကန်သာပန်းခြံအနီး၊ မင်းကွန်း ကျောင်းတိုက်နှင့် မင်းကျောင်း ပရိယတ္တိစာသင်တိုက်အနီးတို့ တွင်လည်း သစ်ပင်ကြီးများလဲပြို ခဲ့သည်။
ထို့အပြင် တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား၏ အလှူခံ မဏ္ဍပ်သွပ်မိုးလန်ခဲ့ကြောင်း မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက သတင်းထုတ်ပြန်ထား သည်။
‘‘လေရော၊ မိုးရောမနေ့(မေ လ ၂၉ ရက်)ကတည်းက တိုက် နေတာ။ ညပိုင်းက ပိုသိသာ တယ်။ ဒီလောက်အထိ ပျက်စီး ဆုံးရှုံးတာမျိုး ဒါပထမဆုံးမြင်ဖူး တာပဲ’’ ဟု တောင်ကြီးဒေသခံ ဦး စိုင်းတင်မောင်က ပြောသည်။
တောင်ကြီးမြို့ မိန်းလမ်းရှိ City Square အပေါ်ထပ်တည် ဆောက်ဆဲငြမ်းများယိုင်လဲခဲ့ပြီး လမ်းသွားလမ်းလာများ အန္တ ရာယ် မဖြစ်စေရန် လမ်းပိတ်ကာရံ ထားရသည်ဟုလည်း တောင်ကြီး မြို့ခံများက ပြောသည်။
အလားတူ လေပြင်းတိုက် ခတ်မှုကြောင့် အေးသာယာမြို့ သစ်တွင် သစ်ပင်ကြီးများ ပြိုလဲ ခြင်း၊ သစ်ကိုင်းများကျိုးကျခြင်းတို့ ကြောင့် လူတစ်ဦးသစ်ပင်ပိကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန် ရှိသူတစ်ဦးကပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ သေကျေပျက်စီးခြင်းမရှိဘဲ ပျက်စီးဆုံးရှုံးမှုတန်ဖိုးစိစစ်နေကြောင်း ၎င်းကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
#Unicode Version#
Credit: 7Daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top