×




Source : Kyaw Thu

Credit: သုတစတား
# Unicode Version ဖြင့် ဖတ်ပါ #
ပရဟိတလုပ်ငန်းတွေရဲ့ ဖခင်ကြီးဦးကျော်သူရဲ့ဇနီးဖြစ်သူဒေါ်ဇီးကွက်တစ်ယောက် ဟဲဟိုးသွားတဲ့လေယာဉ်ရုတ်တရက်ချို့ယွင်းမှုကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ဖို့လေယာဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ် ။ ဦးကျော်သူရှိရာ အောင်ပန်းမြို့ကို လိုက်လာရင်း လမ်းခရီးမှာ အခက်ခဲဖြစ်ခဲ့ရတာဖြစ်ပါတယ် ။

ဇွန်လ ၂၇ ရက်နေ့ နံနက် မှာ ဦးကျော်သူ ရှိရာအောင်ပန်းမြို့သို့ထွက်ခွါလာတဲ့ အန်တီ ရွှေဇီးကွက်လိုက်ပါလာတဲ့ ရန်ကုန်ကနေ ဟဲဟိုးကို ထွက်ခွါလာတဲ့ လေယာဉ်ဟာ မိနစ်၂၀ခန့်ပျံသန်းလာခဲ့စဉ်လေယာဉ်တစ်ခုလုံး ငရုတ်ကောင်းနံ့ (spray) မွှန်ထူကာခရီးသွားများအားလုံး မျက်ရည်ကျ၊နှာမွှန်၊ချောင်းဆိုးဖြစ်ကုန်တဲ့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့အရေးပေါ်ပြန်လည်ဆင်းသက်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ရပါတယ် ။ လေယာဉ်ရဲ့အဲလ်ကွန်းအနီးမှာ ဆီယိုမှုကြောင့်ဖြစ်တယ် လို့ သိရကာထပ်မံပြီး လေယာဉ်ပြောင်းကာထွက်ခွါခဲ့ရတယ်လို့သိရပါတယ် ။

စိတ်ပူနေကြသူများကိုလည်းအထူးကျေးဇူးတင်ကြောင်းနဲ့ အားလုံးပို့သတဲ့မေတ္တာစွမ်း အားကြောင့် ဟဲဟိုးလေဆိပ်ကို ချောချောချူချူပြန်လည်ရောက်ရှိခဲ့ပါတယ်လို့ ဦးကျော်သူက ပြန်လည်ပြောကြားခဲ့ပါတယ် ။ မိုးရာသီမှာ ခရီးထွက်ကြတဲ့ ပရိသတ်ကြီးလည်း သတိထား ကြပါလို့ သတိပေးလိုက်ပါတယ်နော် ။

Source : Kyaw Thu

ဖိုးသူတော် (www.phothutaw.com)
Credit: သုတစတား
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top