န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

“ဗုိက္ႀကီးသည္ကို ေနရာထေပးလိုက္ပါလား”

ဘတ္စ္ကားေပၚမွာ ဒီလိုစကားသံေတြၾကားတိုင္း ထိုင္ရမလို ထရမလို အားတံု႕အားနာျဖစ္ရတဲ့ ဒီဗိုက္ႀကီးသည္က ဘာလုပ္ရမွန္းမသိေအာင္ပါ…

ကိုယ္ဝန္ေဆာင္ ၃ ၄လေလာက္ဆို ဗိုက္ကမသိသာေပမယ့္ ၄လေက်ာ္ၿပီဆိုတာနဲ႔ ဗိုက္ထြက္လာေတာ့ ကိုယ္မေျပာလည္း ဗိုက္ႀကီးသည္ဆိုတာကို ျမင္ရံုနဲ႕သိေနၿပီေလ … ဒီလိုအခ်ိန္မ်ိဳးမွာ အလုပ္လုပ္ေနတဲ့ မဗိုက္ကေတာ့ ဘတ္စ္ကားစီးၿပီဆိုရင္ မလံုမလဲျဖစ္ရတဲ့ အျဖစ္ေတြ ႀကံဳရၿပီေပါ့…

လူတိုင္းကကားခေပးၿပီး စီးရတဲ့ ဘတ္စ္ကားကို ခရီးေဝးတာ၊ နီးတာနဲ႕ သူသူကိုယ္ကိုယ္ ထိုင္ခ်င္ၾကမွာပဲမလား… တစ္ခါတေလ ေဝးေဝးလံလံသြားရတဲ့သူမ်ိဳးဆို ထိုင္ေနရာရဖို႔ ပိုအေရးႀကီးေတာ့ ဘယ္သူက ထေပးခ်င္ေတာ့မလဲေနာ္…. ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ေရွ႕ဗိုက္ႀကီးသည္တစ္ေယာက္လာရပ္ေနတယ္ဆိုရင္ ထပဲရပ္ေပးရမလား… မသိခ်င္ေယာင္ေဆာင္ျပီး ဆက္ပဲထိုင္ေနရမလားဆိုတဲ့ ဒြိဟအေတြးေတြလဲ သူ႕မွာရွိမွာပဲေလ…

ကိုယ္လည္း အမ်ားနည္းတူ ကားခေပးၿပီးစီးတဲ့ ဗုိက္ႀကီးသည္မို႕ ကားေပၚတက္သြားတဲ့အခ်ိန္ “ဒီမွာလာထိုင္” ဆိုရင္ အားနာေနရပါတယ္… ထိုင္သာ ထုိင္ေနရတယ္ ကိုယ့္ကို ထေပးလိုက္သူကို အားနာရတာက ဘယ္လိုေျပာရေကာင္းမွန္းကို မသိတဲ့ ခံစားမႈေပါ့… အဲ့ဒီလူေနရာရသြားမွ ဒါမွမဟုတ္ ဆင္းသြားမွပဲ စိတ္သက္သာရာနည္းနည္းရသြားတာ ကိုယ္နဲ႕နည္းတူ မဗိုက္ေတြခံစားရတဲ့ ခံစားခ်က္မ်ားလား…

တစ္ခါကႀကံဳတဲ့အျဖစ္ေပါ့ ကိုယ္ကကားေပၚမွာ ထိုင္ေနတဲ့အမ်ိဳးသားတစ္ေယာက္ေရွ႕မွာ သြားရပ္မိေတာ့ နည္းနည္းၾကပ္ေနတဲ့ကားေပၚမွာ မဗိုက္တစ္ေယာက္ တိုင္မမွီ လက္ကိုင္ကြင္းမမွီနဲ႕ ယိမ္းထိုးေနေရာ.. ဗုိက္ႀကီးသည္အျဖစ္ကို မၾကည့္ႏုိင္ေတာ့တဲ့ ဦးေလးတစ္ေယာက္က “ညီေလး ဗိုက္ႀကီးသည္ကို ထေပးလိုက္ပါလား”ဆိုတဲ့စကားကို ကိုယ္ေရာ ထိုင္ေနတဲ့သူပါၾကားလိုက္ရပါတယ္…

ကိုယ္ကေတာ့ ရပါတယ္ ဆိုတဲ့စကားနဲ႕ အားနာခဲ့ေပမယ့္ အဲ့ဒီလူငယ္ေလးကေတာ့ထေပးလိုက္တယ္… ဒါေပမယ့္ သူကထိုင္ေနတဲ့ကိုယ့္ကို တစ္ခ်ိန္လံုးမၾကည္တဲ့ အမူအရာနဲ႕ ၾကည့္လိုက္ “သူကေရာ ကားခပိုေပးထားလို႕လား သူလည္း လိုင္းကားစီးတာပဲ” ဆုိၿပီး ပြစိပြစိေျပာေနေတာ့ ထိုင္သာထုိင္ေနရတယ္ ျပန္ပဲထေပးလိုက္ရမလိုလို၊ ဆက္ပဲထိုင္ေနရမလိုလို ဆိုတဲ့ စိတ္က မသက္မသာျဖစ္ရပါတယ္… ကားေပၚမွာ တစ္ခုခုျဖစ္မွာလည္း ေၾကာက္ရေတာ့ ဘာေျပာလို႕ေျပာရမွန္းမသိေအာင္ကို စိတ္မေကာင္းျဖစ္ခဲ့ရတယ္…

ဒီလိုအျဖစ္ေလးႀကံဳရေတာ့ ဒီလိုေလး စဥ္းစားမိတယ္ေလ… ဗိုက္ႀကီးသည္ဆိုတာက လူ႕အခြင့္အေရးခ်ိဳးေဖာက္ေနတဲ့သူလား??? ခႏၶာကိုယ္တစ္ခုထဲမွာ အသက္ႏွစ္ေခ်ာင္းေပါင္းစပ္ထားတဲ့ တစ္ကိုယ္တည္းမဟုတ္ေတာ့တဲ့သူမို႔ အမ်ားကအထူးအခြင့္အေရးေပးၾကတာလား…

ဒါေပမဲ့ ဒီမဗိုက္ကေတာ့ သူသူငါငါလိုိပဲ တန္းတူအခြင့္အေရးပဲ လိုအပ္တာျဖစ္ၿပီး တကူးတက ထေပးဖို႔လည္း မလိုအပ္ဘူးဆိုတာ အဲဒီ လူငယ္ေလးကို သိေစခ်င္လိုက္တာ… စိတ္ေရာ ကိုယ္ပါ ေလးလံေနရတဲ့ မဗိုက္အတြက္ ဘတ္စ္ကားစီးဖို႔ ေတာ္ေတာ္မ်ား ခက္ခဲသြားၿပီလား?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
“ဗိုက်ကြီးသည်ကို နေရာထပေးလိုက်ပါလား”

ဘတ်စ်ကားပေါ်မှာ ဒီလိုစကားသံတွေကြားတိုင်း ထိုင်ရမလို ထရမလို အားတုံ့အားနာဖြစ်ရတဲ့ ဒီဗိုက်ကြီးသည်က ဘာလုပ်ရမှန်းမသိအောင်ပါ…

ကိုယ်ဝန်ဆောင် ၃ ၄လလောက်ဆို ဗိုက်ကမသိသာပေမယ့် ၄လကျော်ပြီဆိုတာနဲ့ ဗိုက်ထွက်လာတော့ ကိုယ်မပြောလည်း ဗိုက်ကြီးသည်ဆိုတာကို မြင်ရုံနဲ့သိနေပြီလေ … ဒီလိုအချိန်မျိုးမှာ အလုပ်လုပ်နေတဲ့ မဗိုက်ကတော့ ဘတ်စ်ကားစီးပြီဆိုရင် မလုံမလဲဖြစ်ရတဲ့ အဖြစ်တွေ ကြုံရပြီပေါ့…

လူတိုင်းကကားခပေးပြီး စီးရတဲ့ ဘတ်စ်ကားကို ခရီးဝေးတာ၊ နီးတာနဲ့ သူသူကိုယ်ကိုယ် ထိုင်ချင်ကြမှာပဲမလား… တစ်ခါတလေ ဝေးဝေးလံလံသွားရတဲ့သူမျိုးဆို ထိုင်နေရာရဖို့ ပိုအရေးကြီးတော့ ဘယ်သူက ထပေးချင်တော့မလဲနော်…. ဒီလိုအချိန်မျိုးမှာ ကိုယ့်ရှေ့ဗိုက်ကြီးသည်တစ်ယောက်လာရပ်နေတယ်ဆိုရင် ထပဲရပ်ပေးရမလား… မသိချင်ယောင်ဆောင်ပြီး ဆက်ပဲထိုင်နေရမလားဆိုတဲ့ ဒွိဟအတွေးတွေလဲ သူ့မှာရှိမှာပဲလေ…

ကိုယ်လည်း အများနည်းတူ ကားခပေးပြီးစီးတဲ့ ဗိုက်ကြီးသည်မို့ ကားပေါ်တက်သွားတဲ့အချိန် “ဒီမှာလာထိုင်” ဆိုရင် အားနာနေရပါတယ်… ထိုင်သာ ထိုင်နေရတယ် ကိုယ့်ကို ထပေးလိုက်သူကို အားနာရတာက ဘယ်လိုပြောရကောင်းမှန်းကို မသိတဲ့ ခံစားမှုပေါ့… အဲ့ဒီလူနေရာရသွားမှ ဒါမှမဟုတ် ဆင်းသွားမှပဲ စိတ်သက်သာရာနည်းနည်းရသွားတာ ကိုယ်နဲ့နည်းတူ မဗိုက်တွေခံစားရတဲ့ ခံစားချက်များလား…

တစ်ခါကကြုံတဲ့အဖြစ်ပေါ့ ကိုယ်ကကားပေါ်မှာ ထိုင်နေတဲ့အမျိုးသားတစ်ယောက်ရှေ့မှာ သွားရပ်မိတော့ နည်းနည်းကြပ်နေတဲ့ကားပေါ်မှာ မဗိုက်တစ်ယောက် တိုင်မမှီ လက်ကိုင်ကွင်းမမှီနဲ့ ယိမ်းထိုးနေရော.. ဗိုက်ကြီးသည်အဖြစ်ကို မကြည့်နိုင်တော့တဲ့ ဦးလေးတစ်ယောက်က “ညီလေး ဗိုက်ကြီးသည်ကို ထပေးလိုက်ပါလား”ဆိုတဲ့စကားကို ကိုယ်ရော ထိုင်နေတဲ့သူပါကြားလိုက်ရပါတယ်…

ကိုယ်ကတော့ ရပါတယ် ဆိုတဲ့စကားနဲ့ အားနာခဲ့ပေမယ့် အဲ့ဒီလူငယ်လေးကတော့ထပေးလိုက်တယ်… ဒါပေမယ့် သူကထိုင်နေတဲ့ကိုယ့်ကို တစ်ချိန်လုံးမကြည်တဲ့ အမူအရာနဲ့ ကြည့်လိုက် “သူကရော ကားခပိုပေးထားလို့လား သူလည်း လိုင်းကားစီးတာပဲ” ဆိုပြီး ပွစိပွစိပြောနေတော့ ထိုင်သာထိုင်နေရတယ် ပြန်ပဲထပေးလိုက်ရမလိုလို၊ ဆက်ပဲထိုင်နေရမလိုလို ဆိုတဲ့ စိတ်က မသက်မသာဖြစ်ရပါတယ်… ကားပေါ်မှာ တစ်ခုခုဖြစ်မှာလည်း ကြောက်ရတော့ ဘာပြောလို့ပြောရမှန်းမသိအောင်ကို စိတ်မကောင်းဖြစ်ခဲ့ရတယ်…

ဒီလိုအဖြစ်လေးကြုံရတော့ ဒီလိုလေး စဉ်းစားမိတယ်လေ… ဗိုက်ကြီးသည်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်နေတဲ့သူလား??? ခန္ဓာကိုယ်တစ်ခုထဲမှာ အသက်နှစ်ချောင်းပေါင်းစပ်ထားတဲ့ တစ်ကိုယ်တည်းမဟုတ်တော့တဲ့သူမို့ အများကအထူးအခွင့်အရေးပေးကြတာလား…

ဒါပေမဲ့ ဒီမဗိုက်ကတော့ သူသူငါငါလိုပဲ တန်းတူအခွင့်အရေးပဲ လိုအပ်တာဖြစ်ပြီး တကူးတက ထပေးဖို့လည်း မလိုအပ်ဘူးဆိုတာ အဲဒီ လူငယ်လေးကို သိစေချင်လိုက်တာ… စိတ်ရော ကိုယ်ပါ လေးလံနေရတဲ့ မဗိုက်အတွက် ဘတ်စ်ကားစီးဖို့ တော်တော်များ ခက်ခဲသွားပြီလား?

ဖိုးသူတော် (www.phothutaw.com)
Credit: May (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top