ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မိန်းခလေး အများစုက အမေကို ချစ်တဲ့ သားကို ကြောက်လေ့ ၊ ရှောင်လေ့ ရှိကြပါတယ် ။ နောက်ပီး ဒီလို ချစ်သူမျိုးကို ပိုင်ဆိုင် ထားရတဲ့ မိန်းခလေး တော်တော် များများ ကလည်း ပါးစပ်က ထုတ်မပြော ပေမယ့် မကြိုက်ကြ ပါဘူး ။

မိန်းခလေးတွေဟာ သူတို့ရဲ့ ချစ်သူအတွက် ပထမ ဦးစားပေး ဖြစ်ချင်ကြတဲ့ အတ္တလေး ကြောင့်ပါ ။ ဒီလို အတ္တဟာ နည်းရင် ပြသနာ မရှိပေမယ့် များလာရင်တော့ ချစ်သူ နှစ်ဦးစလုံး အတွက် ထိခိုက် စရာတွေ ဖြစ်ပေါ်လာနိုင် ပါတယ် ။

တကယ်တမ်းတော့ အမေချစ်သားကို ရွေးချယ်တာက သင့်အတွက် လမ်းမှားဖွယ် မရှိပါဘူး ။ ကိုယ့်ချစ်သူဟာ သူ့ရဲ့ မွေးမိခင်ကို ချစ်တာ မဆန်းပါဘူး ။ အဲ ... မချစ်မှသာ ထူးဆန်း တာပါ ။ သင်ကိုယ်တိုင်ကလည်း သင့်ရဲ့ မိခင် ၊ ဖခင်ကို ချစ်တာ ပါပဲ။ သားသမီး နဲ့ မိဘ ချစ်ကြတာ မဆန်းပါဘူး ။ နှစ်ပေါင်း များစွာ ကြာသည့်တိုင် ပြုစု စောင့်ရှောက် ခဲ့တဲ့ သူ့ရဲ့ မိခင်ကို ကျေးဇူး သိတတ်စွာ ချစ်ခင်ခြင်းက ချစ်စရာ ကောင်းပြီး အရမ်း ကောင်းတဲ့ စိတ်ဓာတ်လေးပါ ။

ဒီလို အမေချစ်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားတဲ့ သင်က ကံကောင်း မှာပါ ။ ရိုးရိုးလေး စဉ်းစားကြည့်ပါ ။ ဒီလိုမျိုး ကျေးဇူးတရား များစွာ ရှိတဲ့ သူ့ရဲ့ မိခင်ကိုတောင် မချစ်ခင် ၊ မနွေးထွေးဘူး ဆိုလျှင် လုံး၀ သူစိမ်းဖြစ်တဲ့ သင့်ကိုရော ကြာရှည်စွာ ချစ်ခင် ကြင်နာနိုင်ပါ့မလား စဉ်းစား ။

သူ့ရဲ့ မိခင်ကိုတောင် ချစ်ခင် နွေးထွေးမှု မရှိဘူး ဆိုလျှင် ကိုယ့်ကိုရော ချစ်ခင် နွေးထွေးနိုင် ပါ့မလား ။ သူ့မှာ မိသားစု စိတ်ဓာတ် မရှိဘူး ဆိုရင် အခု ကိုယ်နဲ့ မိသားစု တခု တည်ဆောက်ဖို့ အရည်အချင်း ပြည့်မှီပါ မလား ။

မိသားစု စိတ်ဓာတ် လုံး၀ မရှိတဲ့ သူတွေဟာ အတ္တကြီးတတ် ကြပါတယ် ။ ဘယ်သူကိုမှ မျက်နှာ သာပေး ၊ ဦးစားပေးမှာ မဟုတ်ပဲနဲ့ ကိုယ့်အတွက်သာ ကိုယ် သိတတ်သူတွေပါ ။  ဒါ့ကြောင့် မိန်းခလေးများ အနေနဲ့ ကိုယ့်ချစ်သူက သူ့မိခင် ၊ သူူ့ရဲ့ မိသားစုကို ချစ်ခင် တွယ်တာကို အပြည့်အဝ နားလည်မှု ပေးဖို့ လိုပါတယ် ။

သူ့ရဲ့ မိဘကို ကိုယ်က ခင်တွယ်မှ ကိုယ့်ရဲ့ မိဘ ကိုလည်း သူက ပြန်ခင်တွယ် မှာပါ ။  အိမ်ထောင် ဆိုတဲ့ မတူညီတဲ့ ဘဝနှစ်ခု ပေါင်းစပ်ခြင်းမှာ မိသားစု အချင်းချင်းပါ ပေါင်းစပ်ရ တာပါ ။ နားလည်မှု အပြည့်ရှိဖို့ လိုပါတယ် ။ မိခင်ကို ချစ်ခင်တဲ့ သားလိမ္မာကို ရွေးမိလို့ မမှားပါဘူးနော် ။ ကိုယ့်ချစ်သူကို ကိုယ်ချင်းစာ နားလည်ပေး လိုက်ပါ ။

ယောက်ျားလေးများ အနေနဲ့လည်း ဒီကိစ္စတွေ လိမ္မာ ပါးနပ်ဖို့တော့ လိုပါတယ် ။ ကိုယ့် အမေကို ချစ်တာနဲ့ အမေ့ရဲ့ လောင်းရိပ်အောက်မှာ ပိတ်မိနေတာ မတူ ဘူးနော် ။ ချစ်ပါ ။ ကိုယ့် အမေကို အစွမ်းကုန် ချစ်လိုက်စမ်းပါ ။ တဖက်မှာ ကိုယ့်ရဲ့ ချစ်သူ ကိုလည်း ပစ်မထားမိ ပါစေနဲ့ ။

အမေရှေ့မှာ တမျိုး ၊ ချစ်သူ ဇနီးမယားရှေ့ မှာ တမျိုး မလုပ်မိ ပါစေနဲ့ ။ မိမိရဲ့ လက်တွဲဖော် နဲ့ မိခင် ကို ရင်းနီး ချစ်ခင်မှု ရရှိအောင် ကြားထဲက ပါးပါးနပ်နပ် လုပ်ဆောင်ပေးရ မှာပါ ။ ဒီလိုမျိုး အပေး အယူမျှမျှ ရှိနေမယ် ဆိုရင် ချစ်သူနဲ့ မိဘကြား ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit: Chan #Unicode Version#
မိန္းခေလး အမ်ားစုက အေမကို ခ်စ္တဲ့ သားကို ေၾကာက္ေလ့ ၊ ေရွာင္ေလ့ ရွိၾကပါတယ္ ။ ေနာက္ပီး ဒီလို ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ ထားရတဲ့ မိန္းခေလး ေတာ္ေတာ္ မ်ားမ်ား ကလည္း ပါးစပ္က ထုတ္မေျပာ ေပမယ့္ မၾကိဳက္ၾက ပါဘူး ။

မိန္းခေလးေတြဟာ သူတို႔ရဲ့ ခ်စ္သူအတြက္ ပထမ ဦးစားေပး ျဖစ္ခ်င္ၾကတဲ့ အတၱေလး ေၾကာင့္ပါ ။ ဒီလို အတၱဟာ နည္းရင္ ျပသနာ မရွိေပမယ့္ မ်ားလာရင္ေတာ့ ခ်စ္သူ ႏွစ္ဦးစလံုး အတြက္ ထိခိုက္ စရာေတြ ျဖစ္ေပၚလာႏိုင္ ပါတယ္ ။

တကယ္တမ္းေတာ့ အေမခ်စ္သားကို ေရြးခ်ယ္တာက သင့္အတြက္ လမ္းမွားဖြယ္ မရွိပါဘူး ။ ကိုယ့္ခ်စ္သူဟာ သူ႔ရဲ႕ ေမြးမိခင္ကို ခ်စ္တာ မဆန္းပါဘူး ။ အဲ ... မခ်စ္မွသာ ထူးဆန္း တာပါ ။ သင္ကိုယ္တိုင္ကလည္း သင့္ရဲ႕ မိခင္ ၊ ဖခင္ကို ခ်စ္တာ ပါပဲ။ သားသမီး နဲ႕ မိဘ ခ်စ္ၾကတာ မဆန္းပါဘူး ။ ႏွစ္ေပါင္း မ်ားစြာ ၾကာသည့္တိုင္ ျပဳစု ေစာင့္ေရွာက္ ခဲ့တဲ့ သူ႔ရဲ့ မိခင္ကို ေက်းဇူး သိတတ္စြာ ခ်စ္ခင္ျခင္းက ခ်စ္စရာ ေကာင္းျပီး အရမ္း ေကာင္းတဲ့ စိတ္ဓာတ္ေလးပါ ။

ဒီလို အေမခ်စ္တဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆိုင္ထားတဲ့ သင္က ကံေကာင္း မွာပါ ။ ရိုးရိုးေလး စဥ္းစားၾကည့္ပါ ။ ဒီလိုမ်ိဳး ေက်းဇူးတရား မ်ားစြာ ရွိတဲ့ သူ႔ရဲ့ မိခင္ကိုေတာင္ မခ်စ္ခင္ ၊ မေႏြးေထြးဘူး ဆိုလွ်င္ လံုး၀ သူစိမ္းျဖစ္တဲ့ သင့္ကိုေရာ ၾကာရွည္စြာ ခ်စ္ခင္ ၾကင္နာႏိုင္ပါ့မလား စဥ္းစား ။

သူ႔ရဲ့ မိခင္ကိုေတာင္ ခ်စ္ခင္ ေႏြးေထြးမႈ မရွိဘူး ဆိုလွ်င္ ကိုယ့္ကိုေရာ ခ်စ္ခင္ ေႏြးေထြးႏိုင္ ပါ့မလား ။ သူ႔မွာ မိသားစု စိတ္ဓာတ္ မရွိဘူး ဆိုရင္ အခု ကိုယ္နဲ႕ မိသားစု တခု တည္ေဆာက္ဖို႔ အရည္အခ်င္း ျပည့္မွီပါ မလား ။

မိသားစု စိတ္ဓာတ္ လံုး၀ မရွိတဲ့ သူေတြဟာ အတၱႀကီးတတ္ ၾကပါတယ္ ။ ဘယ္သူကိုမွ မ်က္ႏွာ သာေပး ၊ ဦးစားေပးမွာ မဟုတ္ပဲနဲ႔ ကိုယ့္အတြက္သာ ကိုယ္ သိတတ္သူေတြပါ ။  ဒါ့ေၾကာင့္ မိန္းခေလးမ်ား အေနနဲ႕ ကိုယ့္ခ်စ္သူက သူ႔မိခင္ ၊ သူူ႔ရဲ့ မိသားစုကို ခ်စ္ခင္ တြယ္တာကို အျပည့္အဝ နားလည္မႈ ေပးဖို႔ လိုပါတယ္ ။

သူ႔ရဲ့ မိဘကို ကိုယ္က ခင္တြယ္မွ ကိုယ့္ရဲ့ မိဘ ကိုလည္း သူက ျပန္ခင္တြယ္ မွာပါ ။  အိမ္ေထာင္ ဆိုတဲ့ မတူညီတဲ့ ဘဝႏွစ္ခု ေပါင္းစပ္ျခင္းမွာ မိသားစု အခ်င္းခ်င္းပါ ေပါင္းစပ္ရ တာပါ ။ နားလည္မႈ အျပည့္ရွိဖို႔ လိုပါတယ္ ။ မိခင္ကို ခ်စ္ခင္တဲ့ သားလိမၼာကို ေရြးမိလို႔ မမွားပါဘူးေနာ္ ။ ကိုယ့္ခ်စ္သူကို ကိုယ္ခ်င္းစာ နားလည္ေပး လိုက္ပါ ။

ေယာက္်ားေလးမ်ား အေနနဲ႔လည္း ဒီကိစၥေတြ လိမၼာ ပါးနပ္ဖို႔ေတာ့ လိုပါတယ္ ။ ကိုယ့္ အေမကို ခ်စ္တာနဲ႔ အေမ့ရဲ့ ေလာင္းရိပ္ေအာက္မွာ ပိတ္မိေနတာ မတူ ဘူးေနာ္ ။ ခ်စ္ပါ ။ ကိုယ့္ အေမကို အစြမး္ကုန္ ခ်စ္လိုက္စမ္းပါ ။ တဖက္မွာ ကိုယ့္ရဲ႕ ခ်စ္သူ ကိုလည္း ပစ္မထားမိ ပါေစနဲ႔ ။

အေမေရွ႕မွာ တမ်ိဳး ၊ ခ်စ္သူ ဇနီးမယားေရွ႕ မွာ တမ်ိဳး မလုပ္မိ ပါေစနဲ႔ ။ မိမိရဲ့ လက္တြဲေဖာ္ နဲ႔ မိခင္ ကို ရင္းနီး ခ်စ္ခင္မႈ ရရွိေအာင္ ၾကားထဲက ပါးပါးနပ္နပ္ လုပ္ေဆာင္ေပးရ မွာပါ ။ ဒီလိုမ်ိဳး အေပး အယူမွ်မွ် ရွိေနမယ္ ဆိုရင္ ခ်စ္သူနဲ႔ မိဘၾကား ဘာျပႆနာမွ ရွိလာမွာ မဟုတ္ပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Chan


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top