×

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္ထဲက အိမ္ေထာင္တစ္ခုရဲ႕အေၾကာင္းက အလြန္စိတ္၀င္စားဖို႔ေကာင္းပါတယ္။ Mary Kay Letourneau(၅၅ ႏွစ္) နဲ႔ သူမရဲ႕ေယာက်ာ္း Vili Fualaau(၃၄ ႏွစ္)တို႔ဟာ အသက္အရြယ္အားျဖင့္ (၂၁)ႏွစ္ကြာၾကပါတယ္။ ၁၉၉၆ခုႏွစ္က Mary Kay Letourneauရဲ႕အသက္ဟာ (၃၄)ႏွစ္ျဖစ္ၿပီး အဲဒီတုန္းက သူမဟာ ေက်ာင္းဆရာမအျဖစ္လုပ္ကိုင္ခဲ့ၿပီး အိမ္ေထာင္နဲ႔ကေလး(၄)ေယာက္ရွိပါတယ္။ ဒါေပမယ့္ သူမအတန္းက (၆)တန္းေက်ာင္းသား အသက္(၁၂)ႏွစ္အရြယ္နဲ႔ ေဖာက္ျပားခဲ့မိလို႔ ေထာင္ဒဏ္(၆)လျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

ေထာင္ကထြက္လာၿပီး မၾကာခင္မွာပဲ Mary Kay Letourneauဟာ အဲဒီကေလးငယ္နဲ႔ပဲ ဒုတိယအႀကိမ္ေဖာက္ျပားခဲ့မိလို႔ ပထမအိမ္ေထာင္ၿပိဳပ်က္ခဲ့ရသလို ေထာင္လည္း (၇)ႏွစ္အက်ခံခဲ့ရပါတယ္။ Mary Kay Letourneau ေထာင္က် သြား တဲ့အခါ (၁၃)ႏွစ္သားေကာင္ေလးနဲ႔ ကိုယ္၀န္ရသြားခဲ့ၿပီး ေထာင္ထဲမွာ သမီးေလးတစ္ဦးေမြးဖြားခဲ့ပါတယ္။

Mary Kay Letourneauဟာ (၂၀၀၄)ခုႏွစ္က ေထာင္ကထြက္လာတဲ့အခ်ိန္မွာေတာ့ သူမနဲ႔ျဖစ္ပ်က္ခဲ့တဲ့ Vili Fualaau ရဲ႕အသက္ဟာ (၂၁)ႏွစ္ရွိခဲ့ၿပီး ေနာက္ႏွစ္မွာ သူတို႔ႏွစ္ဦးဟာ အခ်စ္တစ္ခုအတြက္ ဘ၀ကိုျပန္တည္ေထာင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူတို႔ရဲ႕အသက္အရြယ္ေတြဟာ Mary Kay Letourneau (၅၅ ႏွစ္)၊ Vili Fualaau(၃၄)ႏွစ္ ျဖစ္လာၾကၿပီး သူတို႔ရဲ႕အိမ္ေထာင္သက္ဟာ (၁၂)ႏွစ္ၾကာျမင့္ခဲ့ပါၿပီ။ ဒါေပမယ့္ ၿပီးခဲ့တဲ့လမွာေတာ့ Vili Fualaauဟာ ကယ္လီဖိုးနီးယားျပည္နယ္တရားရုံးမွာ ကြာရွင္းဖို႔အတြက္ ေလွ်ာက္လႊာတင္ထားတယ္လို႔သိရပါတယ္။ သူတို႔ႏွစ္ဦးရဲ႕
အိပ္မက္ဆန္ဆန္ဇာတ္လမ္းကို ၂၀၁၅ခုႏွစ္က Barbara Waltersဂ်ာနယ္လစ္တစ္ဦးက အင္တာဗ်ဴးခဲ့ၿပီး ရုပ္သံမွာ ထုတ္လႊင့္ခဲ့ရာ ေအာင္ျမင္ခဲ့ေၾကာင္းလည္းသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dailymail
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ထဲက အိမ်ထောင်တစ်ခုရဲ့အကြောင်းက အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Mary Kay Letourneau(၅၅ နှစ်) နဲ့ သူမရဲ့ယောကျာ်း Vili Fualaau(၃၄ နှစ်)တို့ဟာ အသက်အရွယ်အားဖြင့် (၂၁)နှစ်ကွာကြပါတယ်။ ၁၉၉၆ခုနှစ်က Mary Kay Letourneauရဲ့အသက်ဟာ (၃၄)နှစ်ဖြစ်ပြီး အဲဒီတုန်းက သူမဟာ ကျောင်းဆရာမအဖြစ်လုပ်ကိုင်ခဲ့ပြီး အိမ်ထောင်နဲ့ကလေး(၄)ယောက်ရှိပါတယ်။ ဒါပေမယ့် သူမအတန်းက (၆)တန်းကျောင်းသား အသက်(၁၂)နှစ်အရွယ်နဲ့ ဖောက်ပြားခဲ့မိလို့ ထောင်ဒဏ်(၆)လပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ထောင်ကထွက်လာပြီး မကြာခင်မှာပဲ Mary Kay Letourneauဟာ အဲဒီကလေးငယ်နဲ့ပဲ ဒုတိယအကြိမ်ဖောက်ပြားခဲ့မိလို့ ပထမအိမ်ထောင်ပြိုပျက်ခဲ့ရသလို ထောင်လည်း (၇)နှစ်အကျခံခဲ့ရပါတယ်။ Mary Kay Letourneau ထောင်ကျ သွား တဲ့အခါ (၁၃)နှစ်သားကောင်လေးနဲ့ ကိုယ်ဝန်ရသွားခဲ့ပြီး ထောင်ထဲမှာ သမီးလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။

Mary Kay Letourneauဟာ (၂၀၀၄)ခုနှစ်က ထောင်ကထွက်လာတဲ့အချိန်မှာတော့ သူမနဲ့ဖြစ်ပျက်ခဲ့တဲ့ Vili Fualaau ရဲ့အသက်ဟာ (၂၁)နှစ်ရှိခဲ့ပြီး နောက်နှစ်မှာ သူတို့နှစ်ဦးဟာ အချစ်တစ်ခုအတွက် ဘဝကိုပြန်တည်ထောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့ရဲ့အသက်အရွယ်တွေဟာ Mary Kay Letourneau (၅၅ နှစ်)၊ Vili Fualaau(၃၄)နှစ် ဖြစ်လာကြပြီး သူတို့ရဲ့အိမ်ထောင်သက်ဟာ (၁၂)နှစ်ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လမှာတော့ Vili Fualaauဟာ ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးမှာ ကွာရှင်းဖို့အတွက် လျှောက်လွှာတင်ထားတယ်လို့သိရပါတယ်။ သူတို့နှစ်ဦးရဲ့
အိပ်မက်ဆန်ဆန်ဇာတ်လမ်းကို ၂၀၁၅ခုနှစ်က Barbara Waltersဂျာနယ်လစ်တစ်ဦးက အင်တာဗျူးခဲ့ပြီး ရုပ်သံမှာ ထုတ်လွှင့်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းလည်းသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dailymail
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top