ရွမ္းျပည္ေျမာက္ပိုင္း၊ လား႐ႈိးၿမိဳ႕နယ္၊ နားလြယ္အုပ္စု ေမာက္ေတာင္းေက်းရြာမွာ မီးေလာင္မႈျဖစ္ပြားစဥ္ ရြာဦးဘုန္းေတာ္ႀကီး တေက်ာင္းလံုး ပ်က္စီးဆံုး႐ႈံးသြားၿပီး ဆင္းတုေတာ္တဆူသာ က်န္ရွိပါတယ္။

“ေမာက္ေတာင္းေက်ာင္းမီးေလာင္သြားၿပီ ဆိုၿပီး နမ့္မဆရာေတာ္ဖံုးဆက္လာလို႔ အခုအဲဒီကို သြားေနပါတယ္။ မီးေလာင္ရတဲ့ အေၾကာင္းရင္းနဲ႔ ဆံုး႐ႈံးမႈေတြေတာ့ မသိရေသးပါဘူး။၊ ဆင္းထုေတာ္ တဆူဘဲက်န္ၿပီး က်န္တာ အကုန္လံုးေလာင္သြားတယ္လို႔ ေျပာပါတယ္။”အဆိုပါဘုန္းႀကီးေက်ာင္းမွာ ေအာက္ထပ္ကအုတ္ ၊ အေပၚထပ္က ပ်ဥ္ကာ ပ်ဥ္ခင္းသြြပ္မိုး ေက်ာင္းတိုက္ႀကီးျဖစ္ေၾကာင္း၊ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္က တၾကိမ္မီးေလာင္ခဲ့ဖူးၿပီး သံုးလို႔ ရေသးတဲ့ ပ်ဥ္ေတြ၊ တိုင္ေတြျပန္အသံုးျပဳကာ အသစ္တဖန္ ျပန္ေဆာက္လုပ္ထားတာလို႔ ဆိုပါ တယ္။

ေက်ာင္းတိုက္မွာ ပရိယတၱိစာသင္တိုက္ျဖစ္ၿပီး စာသင္သံဃာအပါး ၃၀ ေက်ာ္ ရွိပါတယ္။ေမာက္ေတာင္းေက်ာင္းတိုက္မီးေလာင္တာနဲ႔ ပတ္သက္ၿပီး လား႐ႈိးၿမိဳ႕နယ္ မီးသတ္ဌာနကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းရာမွာေတာ့ အဲဒီရြာဟာ ၿမိဳ႕နဲ႔ မိုင္ ၄၀ ေလာက္ေ၀းတဲ့အျပင္ လန္းပမ္းဆက္သြယ္ေရးမေကာင္းတာနဲ႔ သြားေရာက္ၿငိမ္းသတ္ျခင္း မျပဳႏိုင္ခဲ့ဘူးလို႔ မီးသတ္ဌာန တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္

ဓာတ္ပံု – Kang Murng

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Versionျဖင့္ ဖတ္ပါ #
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားလွယ်အုပ်စု မောက်တောင်းကျေးရွာမှာ မီးလောင်မှုဖြစ်ပွားစဉ် ရွာဦးဘုန်းတော်ကြီး တကျောင်းလုံး ပျက်စီးဆုံးရှုံးသွားပြီး ဆင်းတုတော်တဆူသာ ကျန်ရှိပါတယ်။

“မောက်တောင်းကျောင်းမီးလောင်သွားပြီ ဆိုပြီး နမ့်မဆရာတော်ဖုံးဆက်လာလို့ အခုအဲဒီကို သွားနေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတွေတော့ မသိရသေးပါဘူး။၊ ဆင်းထုတော် တဆူဘဲကျန်ပြီး ကျန်တာ အကုန်လုံးလောင်သွားတယ်လို့ ပြောပါတယ်။”အဆိုပါဘုန်းကြီးကျောင်းမှာ အောက်ထပ်ကအုတ် ၊ အပေါ်ထပ်က ပျဉ်ကာ ပျဉ်ခင်းသွပ်မိုး ကျောင်းတိုက်ကြီးဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က တကြိမ်မီးလောင်ခဲ့ဖူးပြီး သုံးလို့ ရသေးတဲ့ ပျဉ်တွေ၊ တိုင်တွေပြန်အသုံးပြုကာ အသစ်တဖန် ပြန်ဆောက်လုပ်ထားတာလို့ ဆိုပါ တယ်။

ကျောင်းတိုက်မှာ ပရိယတ္တိစာသင်တိုက်ဖြစ်ပြီး စာသင်သံဃာအပါး ၃၀ ကျော် ရှိပါတယ်။မောက်တောင်းကျောင်းတိုက်မီးလောင်တာနဲ့ ပတ်သက်ပြီး လားရှိုးမြို့နယ် မီးသတ်ဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီရွာဟာ မြို့နဲ့ မိုင် ၄၀ လောက်ဝေးတဲ့အပြင် လန်းပမ်းဆက်သွယ်ရေးမကောင်းတာနဲ့ သွားရောက်ငြိမ်းသတ်ခြင်း မပြုနိုင်ခဲ့ဘူးလို့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်

ဓာတ်ပုံ – Kang Murng

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top