iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဆိုတာ တစ္ခ်ိဳ႕အခ်က္ေတြေတာ္ေတာ္မ်ားမ်ားမွာ ေယာက္်ားေလးေတြနဲ႔မတူညီေနတာမ်ိဳးေတြ ရွိတတ္ပါတယ္။ အိတ္ေတြနဲ႔ပတ္သက္ရင္လည္း ေယာက္်ားေလးေတြအျပင္သြားရင္ ေခါက္ပိုက္ဆံအိတ္ေလးတစ္လံုးဆိုရင္ အဆင္ေျပၿပီဆိုေပမယ့္ မိန္းကေလးေတြ အျပင္တစ္ခါထြက္တဲ့အခါမွာေတာ့ ဒါေလးတစ္ခုထဲနဲ႔မရပါဘူး။ ဒီေတာ့ မိန္းကေလးတိုင္းရဲ႕ ပိုက္ဆံအိတ္ထဲမွာ ဘယ္အခ်ိန္ၾကည့္ၾကည့္ရွိေနသင့္တဲ့ အရာေတြကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အေရးႀကံဳတဲ့အခါမ်ိဳးမွာ သံုးဖို႔အတြက္ ပိုက္ဆံေတာ့အပိုေဆာင္ထားသင့္ပါတယ္။ တခါတေလမွာ မေမွ်ာ္လင့္ပဲနဲ႔ အေရးတႀကီးကိစၥေတြႀကံဳလာတဲ့အခါမွာေတာ့ သံုးဖို႔အတြက္ပိုက္ဆံေလးေတာ့ အေရးေပၚေဆာင္ထားသင့္ပါတယ္ေနာ္။

ဖုန္းအားသြင္းႀကိဳးကလည္း ပ်ိဳေမတို႔ရဲ႕အိတ္ထဲမွာ ထည့္ကိုထည့္ထားသင့္ပါတယ္။ တကယ္လို႔ဖုန္းအားနည္းလာတဲ့အခါမ်ိဳးမွာ အဆက္အသြယ္ျပတ္သြားတာမ်ိဳးေတြ မျဖစ္ရေလေအာင္ ဖုန္းအားသြင္းႀကိဳးကိုေတာ့ အိတ္ထဲထည့္ထားဖို႔လိုတယ္ေနာ္။

Wet Tissue ကလည္းေဆာင္ထားသင့္တဲ့အရာပါပဲ။ တစ္ရွဴးလိုတယ္ဆိုေပမယ့္လည္း Wet Tissue က်ေတာ့အားလံုးအဆင္ေျပၿပီး ေနပူတဲ့ေန႔ေတြမွာဆိုရင္လည္း ေခၽြးထြက္တာမ်ိဳးေတြအတြက္ အဆင္ေျပေစမႈရွိပါတယ္။

ပူရွိန္းသၾကားလံုး၊ ပီေကဆိုတာကလည္း ေဆာင္ထားသင့္တဲ့အရာတစ္ခုပါပဲ။ အျပင္သြားလို႔ ခံတြင္းကိုရွင္းလင္းေစခ်င္တယ္ဆိုရင္လည္း အဆင္သင့္စားေပးလိုက္ရင္ ခံတြင္းနံ႔ကိုလည္းလန္းဆန္းသြားေစမွာပဲျဖစ္ပါတယ္။

မိန္းကေလးဆိုေတာ့ အလွမပ်က္ပဲအခ်ိန္တိုင္းရွိေနဖို႔လိုအပ္တာေပါ႔။ ဒါေၾကာင့္ ႏႈတ္ခမ္းနီ မိတ္ကပ္ေပါင္ဒါစတာေတြကို အိတ္ထဲမွာထည့္ထားေပးမယ္ဆိုရင္ မိတ္ကပ္ပ်က္သြားၿပီထင္တိုင္း ထုတ္ၿပီးျပင္ဆင္လို႔ရတာေပါ႔။

ပလာစတာေလးကလည္း ေဆာင္ထားဖို႔ေတာ့လိုအပ္တယ္ေနာ္။ ဘာလို႔လည္းဆိုေတာ့ မေတာ္တဆဖိနပ္ေပါက္တဲ့အခါေတြမွာ ေျခေထာက္ေတြနာေနတတ္တာေၾကာင့္ လမ္းေလွ်ာက္ရတာလည္း အဆင္မေျပတာမ်ိဳးေတြရွိလာတတ္တာေပါ႔။ ဒါေၾကာင့္ အေရးႀကံဳရင္ အသံုးျပဳလို႔ရေအာင္ ပလာစတာေလးေတာ့ဆင္ထားသင့္တယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
အမျိုးသမီးတွေဆိုတာ တစ်ချို့အချက်တွေတော်တော်များများမှာ ယောက်ျားလေးတွေနဲ့မတူညီနေတာမျိုးတွေ ရှိတတ်ပါတယ်။ အိတ်တွေနဲ့ပတ်သက်ရင်လည်း ယောက်ျားလေးတွေအပြင်သွားရင် ခေါက်ပိုက်ဆံအိတ်လေးတစ်လုံးဆိုရင် အဆင်ပြေပြီဆိုပေမယ့် မိန်းကလေးတွေ အပြင်တစ်ခါထွက်တဲ့အခါမှာတော့ ဒါလေးတစ်ခုထဲနဲ့မရပါဘူး။ ဒီတော့ မိန်းကလေးတိုင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ ဘယ်အချိန်ကြည့်ကြည့်ရှိနေသင့်တဲ့ အရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

အရေးကြုံတဲ့အခါမျိုးမှာ သုံးဖို့အတွက် ပိုက်ဆံတော့အပိုဆောင်ထားသင့်ပါတယ်။ တခါတလေမှာ မမျှော်လင့်ပဲနဲ့ အရေးတကြီးကိစ္စတွေကြုံလာတဲ့အခါမှာတော့ သုံးဖို့အတွက်ပိုက်ဆံလေးတော့ အရေးပေါ်ဆောင်ထားသင့်ပါတယ်နော်။

ဖုန်းအားသွင်းကြိုးကလည်း ပျိုမေတို့ရဲ့အိတ်ထဲမှာ ထည့်ကိုထည့်ထားသင့်ပါတယ်။ တကယ်လို့ဖုန်းအားနည်းလာတဲ့အခါမျိုးမှာ အဆက်အသွယ်ပြတ်သွားတာမျိုးတွေ မဖြစ်ရလေအောင် ဖုန်းအားသွင်းကြိုးကိုတော့ အိတ်ထဲထည့်ထားဖို့လိုတယ်နော်။

Wet Tissue ကလည်းဆောင်ထားသင့်တဲ့အရာပါပဲ။ တစ်ရှူးလိုတယ်ဆိုပေမယ့်လည်း Wet Tissue ကျတော့အားလုံးအဆင်ပြေပြီး နေပူတဲ့နေ့တွေမှာဆိုရင်လည်း ချွေးထွက်တာမျိုးတွေအတွက် အဆင်ပြေစေမှုရှိပါတယ်။

ပူရှိန်းသကြားလုံး၊ ပီကေဆိုတာကလည်း ဆောင်ထားသင့်တဲ့အရာတစ်ခုပါပဲ။ အပြင်သွားလို့ ခံတွင်းကိုရှင်းလင်းစေချင်တယ်ဆိုရင်လည်း အဆင်သင့်စားပေးလိုက်ရင် ခံတွင်းနံ့ကိုလည်းလန်းဆန်းသွားစေမှာပဲဖြစ်ပါတယ်။

မိန်းကလေးဆိုတော့ အလှမပျက်ပဲအချိန်တိုင်းရှိနေဖို့လိုအပ်တာပေါ့။ ဒါကြောင့် နှုတ်ခမ်းနီ မိတ်ကပ်ပေါင်ဒါစတာတွေကို အိတ်ထဲမှာထည့်ထားပေးမယ်ဆိုရင် မိတ်ကပ်ပျက်သွားပြီထင်တိုင်း ထုတ်ပြီးပြင်ဆင်လို့ရတာပေါ့။

ပလာစတာလေးကလည်း ဆောင်ထားဖို့တော့လိုအပ်တယ်နော်။ ဘာလို့လည်းဆိုတော့ မတော်တဆဖိနပ်ပေါက်တဲ့အခါတွေမှာ ခြေထောက်တွေနာနေတတ်တာကြောင့် လမ်းလျှောက်ရတာလည်း အဆင်မပြေတာမျိုးတွေရှိလာတတ်တာပေါ့။ ဒါကြောင့် အရေးကြုံရင် အသုံးပြုလို့ရအောင် ပလာစတာလေးတော့ဆင်ထားသင့်တယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top