ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဂ်ပန္ေခတ္က ျဖစ္သည္

စစ္ကိုင္းေတာင္ရိုး မဂၤလာေစတီေခ်ာင္သို႔

ဂ်ပန္အရာရွိတစ္ဦးႏွင့္ စကားျပန္တစ္ဦး

ေရာက္လာ၏

ဆြမ္းစားခ်ိန္ျဖစ္ေသာေၾကာင့္ ေၾကးေမာင္းထိုး

တံုးေခါက္ရာ ဂ်ပန္အရာရွိက ဘာလုပ္တာလဲ ဟုေမး၏

စကားျပန္က ဆြမ္းစားမွာမို႔ ေၾကးေမာင္းထိုး

တံုးေခါက္ျခင္းျဖစ္ေၾကာင္း ရွင္းျပရာ

ဂ်ပန္အရာရွိႀကီးက ” ဒီဘုန္းႀကီးေတြ သူမ်ားလွဴတဲ့

ဆြမ္းစားတာေတာင္ ဒီလို ေၾကးေမာင္းေတြ

တံုးေတြေခါက္ၿပီးစားရင္ ကိုယ့္ဖာသာရွာစား

ရင္ေတာ့ အေျမာက္ေဖာက္ၿပီးမ်ား စားမလား မသိဘူး” ဟု မွတ္ခ်က္ျပဳသတဲ့

ထိုမွတ္ခ်က္ကို စကားျပန္က မဂၤလာေစတီ

ဆရာေတာ္ႀကီးအား ေလွ်ာက္ထားရာ

ဆရာေတာ္ႀကီးက ” ဘုန္းႀကီးတို႔ ဒီလို

ေၾကးေမာင္းထိုး တံုးေတြ ေခါက္ၿပီး

စားတာဟာ ၾကြားခ်င္လို႔ မဟုတ္ဘူး

ဒီအနီးအနားမွာ ဘုရားဖူး ခရီးသြား

သံဃာေတာ္ေတြ ဆြမ္းမျပည့္စံုေသးရင္

ဒီေနရာမွာ ဆြမ္း ဆြမ္းဟင္းအျပည့္အစံု ရွိပါတယ္

ဆြမ္းစားၾကြေတာ္မူၾကပါလို႔ အသိေပး

ဖိတ္ၾကားတာ ျဖစ္​တဲ့အျပင္​ ေနာက္​ၿပီး​ေတာ့ ႐ြာ​ေတြက ဆြမ္း ဆြမ္​းဟင္​​း ​ေလာင္​းလွဴ​ၾကေသာ ဆြမ္​းဒါယိကာ ဆြမ္​းဒါယိကာမ မ်ားအ​ေနျဖင့္​့

မိမိတို႔လွဴလိုက္​တဲ့ ဆြမ္​း ခဲဘြယ္တို႔ကို ​ဆရာ​ေတာ္​ သံဃာ​ေတာ္​မ်ား ဘုန္​း​ေပးသံုး​ေဆာင္​ ​ေတာ့မွာျဖစ္​တဲ့အတြက္​

အလွဴရွင္​မ်ားအ​ေနျဖင္​့ ​ေကာင္​းမႈကုသိုလ္​ အစုစုအတြက္​ သာဓုအႏု​ေမာဒနာ ​ေခၚဆိုနိုင္​ဘို႔ျဖစ္​တယ္​ တကာဟု ရွင္းျပ၏

ဆရာေတာ္ႀကီး ရွင္းျပတာကို နားေထာင္၍

ဂ်ပန္အရာရွိႀကီးက နားလည္သေဘာက်သည့္

အေနျဖင့္ အႀကိမ္ႀကိမ္ အေလးျပဳသြားသည္ဟူ၏

ေပးလိုသည့္ မွတ္ခ်က္မွာ ခရီးသြား ဆရာေတာ္

သံဃာေတာ္တို႔အေနျဖင့္ ဆြမ္းဘုဥ္းခ်ိန္ေရာက္လွ်င္

စားေသာက္ဆိုင္မ်ားဝင္၍ အကုန္အက်ခံ

ဘုဥ္းေပးေတာ္မမူၾကပါႏွင့္

သိသိ မသိသိ ဆြမ္းစားခ်ိန္ ေၾကးေမာင္းထိုး

တံုးေခါက္ေသာ ေက်ာင္းတိုက္မ်ားသို႔သာ

ဝင္ေရာက္ ဘုဥ္းေပးေတာ္မူၾကပါ

၎ေၾကးေမာင္းသံ တံုးေခါက္သံတို႔သည္

အရွင္ဘုရားတို႔အား ဆြမ္းစားပင့္ျခင္းပင္

ျဖစ္ပါေပ၏

ဖိုးသူေတာ္ (www.phothutaw.com)
Credit: AshinTe jawtara

#Unicode Version#
ဂျပန်ခေတ်က ဖြစ်သည်

စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီချောင်သို့

ဂျပန်အရာရှိတစ်ဦးနှင့် စကားပြန်တစ်ဦး

ရောက်လာ၏

ဆွမ်းစားချိန်ဖြစ်သောကြောင့် ကြေးမောင်းထိုး

တုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုး

တုံးခေါက်ခြင်းဖြစ်ကြောင်း ရှင်းပြရာ

ဂျပန်အရာရှိကြီးက ” ဒီဘုန်းကြီးတွေ သူများလှူတဲ့

ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေ

တုံးတွေခေါက်ပြီးစားရင် ကိုယ့်ဖာသာရှာစား

ရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့

ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီ

ဆရာတော်ကြီးအား လျှောက်ထားရာ

ဆရာတော်ကြီးက ” ဘုန်းကြီးတို့ ဒီလို

ကြေးမောင်းထိုး တုံးတွေ ခေါက်ပြီး

စားတာဟာ ကြွားချင်လို့ မဟုတ်ဘူး

ဒီအနီးအနားမှာ ဘုရားဖူး ခရီးသွား

သံဃာတော်တွေ ဆွမ်းမပြည့်စုံသေးရင်

ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်းအပြည့်အစုံ ရှိပါတယ်

ဆွမ်းစားကြွတော်မူကြပါလို့ အသိပေး

ဖိတ်ကြားတာ ဖြစ်တဲ့အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော ဆွမ်းဒါယိကာ ဆွမ်းဒါယိကာမ များအနေဖြင့့်

မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာဖြစ်တဲ့အတွက်

အလှူရှင်များအနေဖြင့် ကောင်းမှုကုသိုလ် အစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ဘို့ဖြစ်တယ် တကာဟု ရှင်းပြ၏

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍

ဂျပန်အရာရှိကြီးက နားလည်သဘောကျသည့်

အနေဖြင့် အကြိမ်ကြိမ် အလေးပြုသွားသည်ဟူ၏

ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတော်

သံဃာတော်တို့အနေဖြင့် ဆွမ်းဘုဉ်းချိန်ရောက်လျှင်

စားသောက်ဆိုင်များဝင်၍ အကုန်အကျခံ

ဘုဉ်းပေးတော်မမူကြပါနှင့်

သိသိ မသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုး

တုံးခေါက်သော ကျောင်းတိုက်များသို့သာ

ဝင်ရောက် ဘုဉ်းပေးတော်မူကြပါ

၎င်းကြေးမောင်းသံ တုံးခေါက်သံတို့သည်

အရှင်ဘုရားတို့အား ဆွမ်းစားပင့်ခြင်းပင်

ဖြစ်ပါပေ၏

ဖိုးသူတော် (www.phothutaw.com)
Credit: AshinTe jawtara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top