×








Credit: Duwun Tech
# Unicode Version ဖြင့် ဖတ်ပါ #
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကတော့ လာမယ့် ဇွန်လ ၂ ရက် စနေနေ့မှာ ကြေငြာသွားတော့မှာ ဖြစ်ပါတယ်။ ဒီနှစ် ဆယ်တန်းအောင်စာရင်းကို လူကိုယ်တိုင် အပင်ပန်းခံပြီး သွားကြည့်စရာမလိုဘဲ ကိုယ်ကိုင်နေတဲ့ ဖုန်းကနေ တိုက်ရိုက်ကြည့်လို့ရနိုင်စေမယ့် နည်းလမ်းများကို နတ်လမ်းညွှန်လိုက်ရပါတယ်။

(၁) စာမေးပွဲ အောင်စာရင်း

အောင်စာရင်း ထွက်နေတဲ့နေ့မနက် ၆ နာရီ ကစပြီး အောင်စာရင်း ကြည့်လို့ရမယ့် အက်ပလီကေးရှင်းလေး ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်အနေနဲ့1.67MB ပဲ ရှိပြီး လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲ သုံးနိုင်မှာပါ။ ဒီအက်ပလီကေးရှင်းထဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက် ဆယ်တန်းအောင်စာရင်းများကို အသေးစိတ်ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းလေးတစ်ခု ရှိတာနဲ့ကိုယ့်ရဲ့ အောင်စာရင်းအပြင် ကျောင်းနေဘက် သူငယ်ချင်းတွေရဲ့ အောင်စာရင်းကိုပါ အွန်လိုင်းကနေ အလွယ်တကူ ကြည့်နိုင်တော့မှာပါ။ ဒီအက်ပလီကေးရှင်းလေးကိုတော့ ဒီလင့်ခ် ကနေ ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။

(၂) ပညာရေးဝန်ကြီးဌာန Facebook စာမျက်နှာ

လူတိုင်းလိုလို Facebook သုံးနေကြပြီ ဖြစ်လို့ကိုယ့် Facebook အကောင့်ကနေ ဆယ်တန်းအောင်စာရင်း ကြည့်ချင်တယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာကနေ သွားကြည့်နိုင်ပါတယ်။ ဒီစာမျက်နှာမှာတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် အောင်စာရင်းများကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီစာမျက်နှာမှာက အောင်စာရင်းကြည့်ရတာ အချိန်နဲ့တပြေးညီတော့ ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကြည့်လိုတဲ့ တိုင်းဒေသကြီးကို နေ့လည် ၁၁ ခွဲ ၁၂ နာရီလောက်မှ တင်တာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာမျက်နှာကတော့ အစိုးရအနနဲ့တရားဝင်ထုတ်တာဖြစ်လို့လုံးဝစိတ်ချရပါတယ်။ နောက်တစ်ခုက အောင်စာရင်းကပ်တဲ့ ကျောင်းနဲ့ကိုယ်နေထိုင်တဲ့နေရာက သိပ်အလှမ်းဝေးလွန်းလို့သွားရခက်ရင် ဒီစာမျက်နှာကနေပဲ အောင်စာရင်းကြည့်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၃) http://www.myanmarexam.org/

ဒါလေးကတော့ ပညာရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး အောင်စာရင်းတွေကို ဒီလင့်ခ်ကနေ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သူကတော့ အောင်စာရင်းထွက်တဲ့နေ့မနက် ၆ နာရီကစပြီး အောင်စာရင်းကို ထုတ်ပြန်သွားမှာ ဖြစ်လို့ပိုပြီး အဆင်ပြေတယ်လို့ဆိုရမှာပါ။ ဒီတစ်ခုကတော့ ဝက်ဘ်ဆိုက်လိပ်စာ ဖြစ်တာကြောင့် browser ကနေ သွားပြီး ဝင်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ရဲ့ ထူးခြားချက်ကတော့ အောင်စာရင်းတင် မဟုတ်ဘဲ မေးခွန်းဟောင်းများနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ပို့ချချက် အဟောင်းအသစ် အစုံအလင် တင်ဆက်ထားတာ ဖြစ်လို့ကျောင်းသားသစ်များအတွက်ပါ ဝင်ရောက်ကြည့်ရှုသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun Tech
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top