န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတုိင္းေဒသႀကီး ေတာင္ငူခရုိင္ ေက်ာက္ႀကီးၿမဳိ႕ ေမတၱာရပ္ကြက္ အလက(ခြဲ)ေက်ာင္းမွာ ေက်ာင္းသားတစ္ဦး ေက်ာင္းေဆာင္ေပၚတတ္ၿပီး ခုိဖမ္းရာကေန ျပဳတ္က်ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႕သိရပါတယ္။ ဇြန္လ (၁၃)ရက္ ေက်ာင္းဆင္းၿပီးခ်ိန္မွာ ျပဳတ္က်ေသဆုံးမႈ ျဖစ္ပြားခဲ့တာပါ။

 ေသဆုံးသူဟာ အသက္ (၁၀)ႏွစ္အရြယ္ တတိယတန္းတက္ေရာက္ေန တဲ့ေက်ာင္းသားတစ္ဦးျဖစ္ပါတယ္။ အတန္းေဖာ္(၂) ဦးနဲ႔အတူ ႏွစ္ထပ္ ေက်ာင္းေဆာင္ရဲ႕ အေပၚထပ္မ်က္ႏွာက်က္အေပါက္ ထပ္ခုိးအတြင္းကုိ စာသင္ခုံငါးခုံဆင့္ကာ ၀င္ေရာက္ၿပီး ခုိဖမ္းစဥ္ မ်က္ႏွာက်က္ေပါက္ၿပီး ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။

 ျပဳတ္က်တဲ့အျမင့္ ဟာ(၂၄)ေပေလာက္ရွိၿပီး ေလွကားရင္းအုတ္ခုံေပၚကုိျပဳတ္က်ကာ ညာဘက္ဦးေခါင္းကြဲေၾကဒဏ္ရာ၊ ပါးစပ္ကေသြးထြက္ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့တာျဖစ္ပါတယ္။ဒီျဖစ္စဥ္ နဲ႔ပတ္သတ္လုိ႕ ေက်ာက္ႀကီးၿမဳိ႕မ ရဲစခန္းက အမႈဖြင့္စစ္ေဆးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သတင္း၊ဓာတ္ပုံ-ၿဖိဳးကုိလင္း(ေညာင္၀ုိင္း)

#Unicode Version#
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့ မေတ္တာရပ်ကွက် အလက(ခွဲ)ကျောင်းမှာ ကျောင်းသားတစ်ဦး ကျောင်းဆောင်ပေါ်တတ်ပြီး ခိုဖမ်းရာကနေ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဇွန်လ (၁၃)ရက် ကျောင်းဆင်းပြီးချိန်မှာ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

 သေဆုံးသူဟာ အသက် (၁၀)နှစ်အရွယ် တတိယတန်းတက်ရောက်နေ တဲ့ကျောင်းသားတစ်ဦးဖြစ်ပါတယ်။ အတန်းဖော်(၂) ဦးနဲ့အတူ နှစ်ထပ် ကျောင်းဆောင်ရဲ့ အပေါ်ထပ်မျက်နှာကျက်အပေါက် ထပ်ခိုးအတွင်းကို စာသင်ခုံငါးခုံဆင့်ကာ ဝင်ရောက်ပြီး ခိုဖမ်းစဉ် မျက်နှာကျက်ပေါက်ပြီး ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

 ပြုတ်ကျတဲ့အမြင့် ဟာ(၂၄)ပေလောက်ရှိပြီး လှေကားရင်းအုတ်ခုံပေါ်ကိုပြုတ်ကျကာ ညာဘက်ဦးခေါင်းကွဲကြေဒဏ်ရာ၊ ပါးစပ်ကသွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။ဒီဖြစ်စဉ် နဲ့ပတ်သတ်လို့ ကျောက်ကြီးမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သတင်း၊ဓာတ်ပုံ-ဖြိုးကိုလင်း(ညောင်ဝိုင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top