ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဟသၤာတခ႐ိုင္၊ ဇလြန္ၿမိဳ႕နယ္၊ ထံုးတပိုေက်း႐ြာအုပ္စုတြင္ ဇြန္လ ၁၀ ရက္ ေန႔ နံနက္ ၇ နာရီခန္႔က ၿခံဝင္းအတြင္းဝက္ဝင္သည့္ ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ခဲ့ရာ အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ကတ္ေၾကးျဖင့္ အထိုးခံရျခင္းေၾကာင့္ ေသဆံုးခဲ့ေၾကာင္း ဇလြန္ၿမိဳ႕နယ္၊ ရဲတပ္ဖြဲ႔မွဴး ႐ံုးထံမွ သိရသည္။

ထံုးတပို႔ေက်း႐ြာအုပ္စုတြင္ ေနထိုင္သည့္ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဒၚပန္းအိျဖဴႏွင့္ တစ္႐ြာတည္းေန အသက္ ၄၅ ႏွစ္အ႐ြယ္ ဦးသိန္းစိုး၊ အသက္ ၂၀ ႏွစ္အ႐ြယ္ ေဒၚရေဝတို႔သားအဖႏွစ္ဦးမွာ ေဒၚပန္းအိျဖဴေမြးထားသည့္ဝက္ ၿခံအတြင္းဝင္သည့္ကိစၥျဖင့္ စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း၊ ယင္းေနာက္ ဦးသိန္းစိုးက ေဒၚပန္းအိျဖဴကို တုတ္ျဖင့္႐ိုက္ႏွက္ခဲ့ၿပီး ေဒၚရေဝက ကတ္ေၾကးျဖင့္ ထိုးခဲ့သျဖင့္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း ယင္း႐ံုးထံမွ သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ ပတ္သက္၍ ဦးသိန္းစိုးႏွင့္ ေဒၚရေဝတို႔ သားအဖႏွစ္ဦးကို ဇလြန္ၿမိဳ႕မရဲတပ္ဖြဲ႔စခန္းက (ပ)အမွတ္ ၃၉၆/ ၂၀၁၈ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂/ ၁၁၄ ျဖင့္ အမႈဖြင့္ဖမ္းဆီးထားေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး႐ံုးမွ တာဝန္ရွိသူတစ္ဦး က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:thevoicemyanmar

#Unicode Version#

ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ထုံးတပိုကျေးရွာအုပ်စုတွင် ဇွန်လ ၁၀ ရက် နေ့ နံနက် ၇ နာရီခန့်က ခြံဝင်းအတွင်းဝက်ဝင်သည့် ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ရာ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရခြင်းကြောင့် သေဆုံးခဲ့ကြောင်း ဇလွန်မြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ထုံးတပို့ကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ဒေါ်ပန်းအိဖြူနှင့် တစ်ရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးသိန်းစိုး၊ အသက် ၂၀ နှစ်အရွယ် ဒေါ်ရဝေတို့သားအဖနှစ်ဦးမှာ ဒေါ်ပန်းအိဖြူမွေးထားသည့်ဝက် ခြံအတွင်းဝင်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ဦးသိန်းစိုးက ဒေါ်ပန်းအိဖြူကို တုတ်ဖြင့်ရိုက်နှက်ခဲ့ပြီး ဒေါ်ရဝေက ကတ်ကြေးဖြင့် ထိုးခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ ဦးသိန်းစိုးနှင့် ဒေါ်ရဝေတို့ သားအဖနှစ်ဦးကို ဇလွန်မြို့မရဲတပ်ဖွဲ့စခန်းက (ပ)အမှတ် ၃၉၆/ ၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top