ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္၊ ၁၂၈ လမ္းရွိ သံုးလႊာတိုက္ခန္းတြင္ အိမ္အကူလုပ္ကိုင္သည့္ ညီအစ္မႏွစ္ဦးကို ညႇဥ္းပန္းႏွိပ္စက္ခဲ့သည္ဟုဆိုေသာ အိမ္ရွင္လင္မယားႏွစ္ဦးအား အမႈဖြင့္အေရးယူရန္ စိစစ္ေဆာင္႐ြက္ေနေၾကာင္း ယင္းၿမိဳ႕နယ္ ရဲစခန္းထံမွ စံုစမ္းသိရွိရသည္။

“လတ္တေလာ ေဆးစာသြားယူေနတယ္။ ဒီညတြင္းခ်င္း အမႈဖြင့္အေရးယူမွာပါ။ အိမ္အကူ မိန္းကေလးႏွစ္ဦးကို ႐ိုက္ႏွက္ႏွိပ္စက္မႈနဲ႔။ အေရးယူခံရမယ့္ အိမ္ရွင္လင္မယားက ေဈးေရာင္းတယ္” ဟု မဂၤလာေတာင္ၫြန္႔ၿမိဳ႕မရဲစခန္းမွဴးက ေျပာသည္။

အမႈဖြင့္အေရးယူခံရမည့္ အိမ္ရွင္လင္မယားမွာ အသက္ ၄၃ ႏွစ္ ဦးဖုန္းႏိုင္ႏွင့္ အသက္ ၃၁ ႏွစ္ ေဒၚတင္ဇာျမင့္တို႔ျဖစ္ၿပီး ၎တို႔၏ ေနအိမ္တြင္ အိမ္အကူလုပ္ကိုင္ေနသည့္ အသက္ ၁၄ ႏွစ္ႏွင့္ ၁၂ ႏွစ္အ႐ြယ္ ညီအစ္မႏွစ္ဦးကို ႀကိမ္လံုး၊ ခါးပတ္မ်ားျဖင့္ ႐ိုက္ႏွက္ျခင္း၊ ေရေႏြးပူ၊ မီးပူတို႔ျဖင့္ ပက္ျခင္းတို႔ ျပဳလုပ္ခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားခ်က္အရ သိရသည္။

“ႏွိပ္စက္ခံရတဲ့ အိမ္အကူညီအစ္မႏွစ္ေယာက္ထဲက အစ္မျဖစ္သူက သူ႔အေမအိမ္ဆီ ထြက္ေျပးသြားတယ္။ အေၾကာင္းစံုရွင္းျပၿပီးေတာ့ သားအမိႏွစ္ေယာက္ သေျပကုန္းရပ္ကြက္အုပ္ခ်ဳပ္႐ံုးဆီ ေရာက္လာၾကတယ္။ တာဝန္ရွိသူေတြက စစ္ေဆးေမးျမန္းရာက မိန္းကေလးႏွစ္ေယာက္ ညႇဥ္းပန္းႏွိပ္စက္ခံရမႈျဖစ္စဥ္ကို သိရွိခဲ့ရတာ” ဟု မဂၤလာေတာင္ၫြန္႔ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါ ညႇဥ္းပန္းႏွိပ္စက္မႈေၾကာင့္ ညီအစ္မႏွစ္ဦး၏ ပခံုး၊ ေက်ာကုန္းႏွင့္ ေပါင္တို႔တြင္ ညိဳမည္းဒဏ္ရာမ်ားကို လတ္တေလာ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thevoice

#Unicode Version#
မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၈ လမ်းရှိ သုံးလွှာတိုက်ခန်းတွင် အိမ်အကူလုပ်ကိုင်သည့် ညီအစ်မနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုသော အိမ်ရှင်လင်မယားနှစ်ဦးအား အမှုဖွင့်အရေးယူရန် စိစစ်ဆောင်ရွက်နေကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“လတ်တလော ဆေးစာသွားယူနေတယ်။ ဒီညတွင်းချင်း အမှုဖွင့်အရေးယူမှာပါ။ အိမ်အကူ မိန်းကလေးနှစ်ဦးကို ရိုက်နှက်နှိပ်စက်မှုနဲ့။ အရေးယူခံရမယ့် အိမ်ရှင်လင်မယားက ဈေးရောင်းတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှူးက ပြောသည်။

အမှုဖွင့်အရေးယူခံရမည့် အိမ်ရှင်လင်မယားမှာ အသက် ၄၃ နှစ် ဦးဖုန်းနိုင်နှင့် အသက် ၃၁ နှစ် ဒေါ်တင်ဇာမြင့်တို့ဖြစ်ပြီး ၎င်းတို့၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်နေသည့် အသက် ၁၄ နှစ်နှင့် ၁၂ နှစ်အရွယ် ညီအစ်မနှစ်ဦးကို ကြိမ်လုံး၊ ခါးပတ်များဖြင့် ရိုက်နှက်ခြင်း၊ ရေနွေးပူ၊ မီးပူတို့ဖြင့် ပက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“နှိပ်စက်ခံရတဲ့ အိမ်အကူညီအစ်မနှစ်ယောက်ထဲက အစ်မဖြစ်သူက သူ့အမေအိမ်ဆီ ထွက်ပြေးသွားတယ်။ အကြောင်းစုံရှင်းပြပြီးတော့ သားအမိနှစ်ယောက် သပြေကုန်းရပ်ကွက်အုပ်ချုပ်ရုံးဆီ ရောက်လာကြတယ်။ တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းရာက မိန်းကလေးနှစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံရမှုဖြစ်စဉ်ကို သိရှိခဲ့ရတာ” ဟု မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ညီအစ်မနှစ်ဦး၏ ပခုံး၊ ကျောကုန်းနှင့် ပေါင်တို့တွင် ညိုမည်းဒဏ်ရာများကို လတ်တလော ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top