ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အိမ္မွာဒီေန႔ အိမ္ေဖာ္အသစ္ေရာက္မယ္တဲ့ … တစ္ခါမွအိမ္ေဖာ္မေခၚဖူးပဲ အခုမွအိမ္ေဖာ္ေခၚၾကည့္မယ္ဆိုၿပီး ေခၚထားတာ … ေရာက္လာပါတယ္ မယ္မင္းႀကီးမ …

အသားကမဲေျခာက္ေျခာက္ ပုပု၀၀နဲ႔ အသက္က ၁၅ ၁၆ ေလာက္ … ဒင္းကအိမ္ေပၚတက္လာတည္းက ဖုန္းကပြတ္ေနတယ္ … ဘာလားဟေပါ့ … က်ဳပ္မွာလည္း အင္တာဗ်ဴးဖို႔က တာ၀န္ရွိသကိုး …

“ညီမေလး နာမည္ဘယ္လိုေခၚလည္း ”

“ေဖ့စ္ဖုတ္က နာမည္လား အျပင္ကနာမည္လားကြီး”

“ငင္ ဘိုလို ”

“ေအာ္ ပိန္းလုိက္တာ ဖြဘုတ္နာမည္က Pinky Cuttie Lovely Angel Red တဲ့ … ”

“ငင္ ဘယ္လို ဒါန႔ဲ နာမည္အရင္းကေရာဟင္”

“ေအးသိန္း ”

ေအာ္ ဘာမွကိုမဆို္င္တာ … ထားပါေတာ့ေလ

“ညည္းက ေဖ့ဘုတ္လည္းသံုးတတ္တာပဲလား ”

“အို လူမ်ား အထင္စေမာလို႔ ညည္းလို႔ေခၚစမ္းပါနဲ႔ ခလိန္းလို႔ေခၚ”

“ေသပ်ေဇေတာ့ ခလိန္းတဲ့ သူ႔အခြက္ကို …”

“ေအးေအး ခလိန္းက ဖြဘုတ္လည္းသံုးတတ္လား ….”

” အမယ္သံုးတတ္ပါ့ .. က်ဳပ္မွာ ဖရန္႔၅၀၀၀ ေဖာ္လိုအာ သံုးေထာင္ေလာက္ေတာင္ရွိေသး … ဆယ္လီေတာ့ ”

ေအာ္ ဆယ္လီအိမ္ေဖာ္နဲ႔ေတာင္ လာတိုးေနတယ္ ငါ့ႏွယ့္ … ေျပာရင္း ငတိမက လက္ ၂ေခ်ာင္းေထာင္ ဆယ္ဖီေတာင္ ေကာက္ဆြဲလိုက္ေသး … ၿပီးေတာ့ က်ဳပ္ဘက္လွည့္ၿပီး

” ကြီးအေကာင့္နာမည္ကဘာတုန္း ”

” Aung Phone ဘာလုပ္မို႔တုန္း … ”

” အပ္ထားမယ္ေလ သူငယ္ခ်င္းျဖစ္ေအာင္ ငွယ္ငွယ္ … တမီး ခုတင္ထားတဲ့ပံုေအာက္မွာ အရမ္းခရုတယ္ အပ္မီေခးလို႔ ၀င္ေရးလိုက္ လာအပ္ေပးမယ္ ”

ေအာ္ မ်က္ရည္ေလးေတြေတာင္၀ိုင္းတက္လာတယ္ … အိမ္ေဖာ္က ကိုယ့္အိမ္မာပံုရိုက္တင္တာကို ကိုယ္ကေအာက္ကေန Add Me ေခးေရာ ခရုတယ္ေရာ၀င္ေရးရမယ္တဲ့ … ေအာင္မေလး ဆယ္လီအိမ္ေဖာ္

” ေနစမ္းပါအုန္း နင္ကအရင္က အိမ္ေဖာ္လုပ္ဖူးလား ”

” လုပ္ဖူးပါဘူး အိမ္မာေျခေမြးမီးမေလာင္ လက္ေမြးမီးမေလာင္ေနလာတာ ဘာအေမြးမွမီးမေလာင္ဘူး က်ိမလား ”

” ေတာ္ပါၿပီ မယ္မင္းႀကီးမရယ္ …ဒါဆို ညည္းက ဘယ့္နယ္အိမ္ေဖာ္လာလုပ္ေနတာတုန္း ”

” အေဒၚကအိမ္မာ ဖုန္းပဲပြတ္ၿပီး ေဘလ္ပဲေတာင္းေနလို႔တဲ့ ေသာက္ျမင္ကတ္လို႔လြတ္လိုက္တာ ”

” ေအာ္ နင့္အေဒၚမေျပာနဲ႔ ငါေတာင္အေတာ္ေသာက္ျမင္ကတ္ေနၿပီ ”

” ကြီးကလည္း အာ့လိုမေျပာပါနဲ႔ ခလိန္းက တိုင္လိုက္မာေနာ္ ပံုရိုက္ၿပီး ဖြဘုတ္ေပၚဖြပလိုက္မယ္ ဘာမွတ္ေနလည္း ”

” ေအာ္ ေၾကာက္ပါၿပီ … ဟိုေလ အိမ္ေဖာ္က ခုမလိုေသးလို႔ အဟီး အာ့ေလ ခလိန္းက အိမ္ျပန္လိုက္ေတာ့ေနာ့္ အိမ္ကအ၀တ္ေတြလည္း ကြကိုယ္ေလွ်ာ္မယ္ သိလား ထမင္းဟင္းလည္း ကြကိုယ္ခ်က္ေတာ့မယ္ … ညေလးက အိမ္ျပန္ေနာ္ေနာ္ ”

” ၿပီးတာပဲ ေလွ်ာ္ေၾကးေပး ၿပီးရင္ျပန္မယ္ ”

” ငါနင့္ကို ဘာလုပ္လို႔လည္းဟာ ႏိုခ်င္လာၿပီ ငါ့ငါအိမ္အလုပ္လုပ္မယ္ေျပာတာကို ဘာလို႔ေလ်ာ္ရမာတုန္း ” ဟုတ္တယ္

” အို႔ လူကိုေခၚၿပီး အလုပ္မခန္႔ေတာ့ ဒါ သက္သက္ေစာ္ကားတာ ၃၇၆ပဲ … ”

” ဟယ္ ၃၇၆ က ဟိုဒင္းေလ ငါက ဘာမွမဟိုဒင္းဘူးေလ ”

” အလုပ္ေပးမယ္ဆိုၿပီး ျပန္ခိုင္းတာ ေစာ္ကားတာမဟုတ္ဘူးလား ”

” အြမ္ ”

” ဖြဘုတ္ေပၚေရာက္သြားမယ္ေနာ္ တိတယ္မို႔လား တမီးက ဆယ္လီ ”

” ငြဲ ” ငိုၿပီေလ

ေလ်ာ္မယ္ ေလ်ာ္မယ္ ေရာ႕ဆိုၿပီး ပိုက္ဆံထုတ္ေပးလိုက္ေတာ့မွငတိမက ထြက္သြားတယ္ … ဖုန္းေလးပြတ္လို႔ လမ္းထိပ္မာေတာင္ တက္စီငွားရင္း ဆယ္ဖီဆြဲသြားေသး …

သူ႔အေကာင့္ေလးတက္ၾကည့္ေတာ့ တက္စီေပၚမွာ ဘာတဲ့ အိမ္က ဒရိုက္ဘာေလး ေနမေကာင္းလို႔လာၾကည့္တာတဲ့ ခုအိမ္ျပန္ေနၿပီကားေပၚမာတဲ့ … ဆိုပီး က်ဳပ္ေပးတဲ့ပိုက္ဆံေလးကိုင္ၿပီးတင္ထားတာ … အမေလး ေၾကာက္ပါၿပီဗ် …

အာ့တည္းက အခ်ိဳးကိုေျပသြားတာမွ ခုဆို ထမင္းဟင္းလည္းခ်က္ေနၿပီ … အ၀တ္ေလွ်ာ္ ၾကမ္းတိုက္လည္းလုပ္ေနၿပီ … အပိုးကိုက်ိဳးလို႔ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊ မီဒီယာ
# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်မှာဒီနေ့ အိမ်ဖော်အသစ်ရောက်မယ်တဲ့ … တစ်ခါမှအိမ်ဖော်မခေါ်ဖူးပဲ အခုမှအိမ်ဖော်ခေါ်ကြည့်မယ်ဆိုပြီး ခေါ်ထားတာ … ရောက်လာပါတယ် မယ်မင်းကြီးမ …

အသားကမဲခြောက်ခြောက် ပုပု၀၀နဲ့ အသက်က ၁၅ ၁၆ လောက် … ဒင်းကအိမ်ပေါ်တက်လာတည်းက ဖုန်းကပွတ်နေတယ် … ဘာလားဟပေါ့ … ကျုပ်မှာလည်း အင်တာဗျူးဖို့က တာဝန်ရှိသကိုး …

“ညီမလေး နာမည်ဘယ်လိုခေါ်လည်း ”

“ဖေ့စ်ဖုတ်က နာမည်လား အပြင်ကနာမည်လားကွီး”

“ငင် ဘိုလို ”

“အော် ပိန်းလိုက်တာ ဖွဘုတ်နာမည်က Pinky Cuttie Lovely Angel Red တဲ့ … ”

“ငင် ဘယ်လို ဒါနဲ့ နာမည်အရင်းကရောဟင်”

“အေးသိန်း ”

အော် ဘာမှကိုမဆိုင်တာ … ထားပါတော့လေ

“ညည်းက ဖေ့ဘုတ်လည်းသုံးတတ်တာပဲလား ”

“အို လူများ အထင်စမောလို့ ညည်းလို့ခေါ်စမ်းပါနဲ့ ခလိန်းလို့ခေါ်”

“သေပျဇေတော့ ခလိန်းတဲ့ သူ့အခွက်ကို …”

“အေးအေး ခလိန်းက ဖွဘုတ်လည်းသုံးတတ်လား ….”

” အမယ်သုံးတတ်ပါ့ .. ကျုပ်မှာ ဖရန့်၅၀၀၀ ဖော်လိုအာ သုံးထောင်လောက်တောင်ရှိသေး … ဆယ်လီတော့ ”

အော် ဆယ်လီအိမ်ဖော်နဲ့တောင် လာတိုးနေတယ် ငါ့နှယ့် … ပြောရင်း ငတိမက လက် ၂ချောင်းထောင် ဆယ်ဖီတောင် ကောက်ဆွဲလိုက်သေး … ပြီးတော့ ကျုပ်ဘက်လှည့်ပြီး

” ကွီးအကောင့်နာမည်ကဘာတုန်း ”

” Aung Phone ဘာလုပ်မို့တုန်း … ”

” အပ်ထားမယ်လေ သူငယ်ချင်းဖြစ်အောင် ငှယ်ငှယ် … တမီး ခုတင်ထားတဲ့ပုံအောက်မှာ အရမ်းခရုတယ် အပ်မီခေးလို့ ဝင်ရေးလိုက် လာအပ်ပေးမယ် ”

အော် မျက်ရည်လေးတွေတောင်ဝိုင်းတက်လာတယ် … အိမ်ဖော်က ကိုယ့်အိမ်မာပုံရိုက်တင်တာကို ကိုယ်ကအောက်ကနေ Add Me ခေးရော ခရုတယ်ရောဝင်ရေးရမယ်တဲ့ … အောင်မလေး ဆယ်လီအိမ်ဖော်

” နေစမ်းပါအုန်း နင်ကအရင်က အိမ်ဖော်လုပ်ဖူးလား ”

” လုပ်ဖူးပါဘူး အိမ်မာခြေမွေးမီးမလောင် လက်မွေးမီးမလောင်နေလာတာ ဘာအမွေးမှမီးမလောင်ဘူး ကျိမလား ”

” တော်ပါပြီ မယ်မင်းကြီးမရယ် …ဒါဆို ညည်းက ဘယ့်နယ်အိမ်ဖော်လာလုပ်နေတာတုန်း ”

” အဒေါ်ကအိမ်မာ ဖုန်းပဲပွတ်ပြီး ဘေလ်ပဲတောင်းနေလို့တဲ့ သောက်မြင်ကတ်လို့လွတ်လိုက်တာ ”

” အော် နင့်အဒေါ်မပြောနဲ့ ငါတောင်အတော်သောက်မြင်ကတ်နေပြီ ”

” ကွီးကလည်း အာ့လိုမပြောပါနဲ့ ခလိန်းက တိုင်လိုက်မာနော် ပုံရိုက်ပြီး ဖွဘုတ်ပေါ်ဖွပလိုက်မယ် ဘာမှတ်နေလည်း ”

” အော် ကြောက်ပါပြီ … ဟိုလေ အိမ်ဖော်က ခုမလိုသေးလို့ အဟီး အာ့လေ ခလိန်းက အိမ်ပြန်လိုက်တော့နော့် အိမ်ကအဝတ်တွေလည်း ကွကိုယ်လျှော်မယ် သိလား ထမင်းဟင်းလည်း ကွကိုယ်ချက်တော့မယ် … ညလေးက အိမ်ပြန်နော်နော် ”

” ပြီးတာပဲ လျှော်ကြေးပေး ပြီးရင်ပြန်မယ် ”

” ငါနင့်ကို ဘာလုပ်လို့လည်းဟာ နိုချင်လာပြီ ငါ့ငါအိမ်အလုပ်လုပ်မယ်ပြောတာကို ဘာလို့လျော်ရမာတုန်း ” ဟုတ်တယ်

” အို့ လူကိုခေါ်ပြီး အလုပ်မခန့်တော့ ဒါ သက်သက်စော်ကားတာ ၃၇၆ပဲ … ”

” ဟယ် ၃၇၆ က ဟိုဒင်းလေ ငါက ဘာမှမဟိုဒင်းဘူးလေ ”

” အလုပ်ပေးမယ်ဆိုပြီး ပြန်ခိုင်းတာ စော်ကားတာမဟုတ်ဘူးလား ”

” အွမ် ”

” ဖွဘုတ်ပေါ်ရောက်သွားမယ်နော် တိတယ်မို့လား တမီးက ဆယ်လီ ”

” ငွဲ ” ငိုပြီလေ

လျော်မယ် လျော်မယ် ရော့ဆိုပြီး ပိုက်ဆံထုတ်ပေးလိုက်တော့မှငတိမက ထွက်သွားတယ် … ဖုန်းလေးပွတ်လို့ လမ်းထိပ်မာတောင် တက်စီငှားရင်း ဆယ်ဖီဆွဲသွားသေး …

သူ့အကောင့်လေးတက်ကြည့်တော့ တက်စီပေါ်မှာ ဘာတဲ့ အိမ်က ဒရိုက်ဘာလေး နေမကောင်းလို့လာကြည့်တာတဲ့ ခုအိမ်ပြန်နေပြီကားပေါ်မာတဲ့ … ဆိုပီး ကျုပ်ပေးတဲ့ပိုက်ဆံလေးကိုင်ပြီးတင်ထားတာ … အမလေး ကြောက်ပါပြီဗျ …

အာ့တည်းက အချိုးကိုပြေသွားတာမှ ခုဆို ထမင်းဟင်းလည်းချက်နေပြီ … အဝတ်လျှော် ကြမ်းတိုက်လည်းလုပ်နေပြီ … အပိုးကိုကျိုးလို့ …

ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေ မီဒီယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top