❝ ရွင္သီဝလိ မေထရ္ျမတ္ ကို လာဘ္​လာဘ​ေတြ
ျပည္​့စံု ကံုလံု ႂကြယ္​ဝျခင္​း ႏွင္​့ အခက္​အခဲမ်ား
သက္​သာ ​ေအးခ်မ္​း​ေစျခင္​း … စသျဖင္​့ ​ေသာ
ကိစၥမ်ား ​ေအာင္​ျမင္​မူ ရ​ေစတယ္​ လို႔ ယံုၾကည္​
ၾကၿပီး ​ရွင္သီဝလိ ၁၀ ဂါထာ ကုိ ႐ြတ္​ဖတ္​ကာ
ပူ​ေဇာ္​ၾကၿပီး ဆုမြန္​​ေကာင္​းမ်ား ကို ဆုပန္​​ေလ့
ရွိၾကပါတယ္​

ရွင္သီဝလိ မေထရ္ျမတ္ အ​ေၾကာင္​း
ဆိုင္​ရာ သိမွတ္​စရာ​ေလး​ေတြကို
စုစည္​းၿပီး တင္​ျပ​ လိုက္​ပါတယ္​

ရွင္သီဝလိ မေထရ္ျမတ္ အ​ေၾကာင္​း

ဗုဒၶျမတ္စြာဘုရား သက္ေတာ္ ထင္ရွား
ရွိစဥ္ကပင္ ျဖစ္ပါသည္။

ျမတ္စြာဘုရား ၏ ေဆြေတာ္မ်ိဳးေတာ္
ျဖစ္ေသာ ေကာလိယ သာကီဝင္ မင္းသား
ႏွင့္ သုပၸဝါသာ သာကီဝင္မင္းသမီး တို႔သည္
ရွင္သီဝလီ မေထရ္ျမတ္ ၏ ခမည္းေတာ္ ႏွင့္
မယ္ေတာ္ မိဘႏွစ္ပါး ျဖစ္ေလသည္။

ရွင္သီဝလီမေထရ္ျမတ္အေလာင္း သေႏၶေတာ္
ခ ေနစဥ္မွာပင္ ပစၥည္းဘ႑ာ ရတနာဆက္သ
ၾကသူမ်ားျပားလ်က္ လာဘ္႐ႊင္ျခင္း ၏ အစ
နိမိတ္ျပခဲ့သည္။

ပစၥည္းဥစၥာ ရတနာဘ႑ာတိုက္တြင္းမွ
ထုတ္ယူသုံးစြဲေသာ္လည္း ျပည့္ၿမဲ ျပည့္
လ်က္သာ၊ ကုန္ခန္းသြားသည္ မရွိ၊
လာဘ္လာဘ ျပည့္ဝျခင္းျဖင့္
ေကာင္းျခင္းမ်ားစြာအက်ိဳးျပဳခဲ့ေလ၏။

သို႔ေသာ္ ၁၀-လႏွင့္လည္းမဖြား။ လ-၂၀ႏွင့္
လည္း မဖြားဘဲ သမားေတာ္ႀကီးမ်ားပင္
ဥာဏ္ျမင္သမၽွ ေရာဂါရွာၾကေသာ္လည္း
ေရာဂါမေတြ႕၊ ေဝဒနာ မရွိ၊ ခုနစ္ႏွစ္
တိတိၾကာေလေတာ့သည္။

ထိုခုနစ္ႏွစ္မွ လြန္ေျမာက္ ခုနစ္လ
ေရာက္ေသာအခါမွာမူ သုပၸဝါသာ
မင္းသမီးမွာ ကမၼဇေလ လႈပ္ရွားၿပီး
ဗိုက္နာ၍ လာေသာ္ျငား ေမြးဖြားမည့္ပုံ
မေပၚ၊ အခ်ီေတာ္ အေခ်ာ့ေတာ္
နန္းေတာ္မွာ ခစားၾကကုန္ေသာ
သမားအေက်ာ္ ဟူရားေတာ္မ်ားႏွင့္တကြ
လက္သည္ေတာ္ ေမာင္းမမ်ား ျပဳစုၾကျငား
ေသာ္လည္း မထူး၍

သက္သာျဖစ္မလာဘဲ နာၿမဲနာေနရာ
ခုနစ္ရက္ ျပည့္သည့္ေန႔၌ မေအာင့္ႏိုင္ဘဲ
ေကာလိယမင္းသားကို ျမတ္စြာဘုရားထံ
ေစလႊတ္၍ ေဝဒနာကို ကယ္မေတာ္မူပါရန္
ေလၽွာက္တင္ခိုင္းေလသည္။

ေကာလိယမင္းသားလည္း ျမတ္စြာဘုရား၏
ႏွမေတာ္ေသာ သုပၸဝါသာ မင္းသမီး၏
အျဖစ္ကို သြားေရာက္ ေလၽွာက္ထားရာ –

“သုပၸဝါသာသည္ သားရတနာကို ခ်မ္းသာစြာ
ဖြားျမင္လိမ့္မည္” ဟု အမိန္႔ေတာ္ ရွိလိုက္ရာ
ေကာလိယမင္းသား အိမ္ေတာ္ျပန္ေရာက္
ေသာအခါ သုပၸဝါသာသာ သားရတနာကို
ဖြားျမင္ၿပီး ျဖစ္ေနသည္ကို ဝမ္းေျမာက္စြာ
ေတြ႕ရေလေတာ့သည္။

ျမတ္စြာဘုရားက ခ်မ္းသာစြာ ေမြးဖြား
လိမ့္မည္ဟု ေျပာေသာစကားအရ “သီဝလိ”
ဟူေသာ အမည္ကို ေပးလိုက္ၾကေလသည္။

အမိဝမ္းတြင္းမွာ ခုနစ္ႏွစ္၊ ခုနစ္လ၊
ခုနစ္ရက္ တိတိ ေနခဲ့ရေသာ သီဝလိ
သတို႔သားမွာ ေမြးဖြား သန္႔စင္သည္ႏွင့္
တစ္ၿပိဳင္နက္ ခုနစ္ႏွစ္အ႐ြယ္ပမာဏ
႐ုတ္တရက္ေျပာင္းလဲခဲ့သည္ျဖစ္ရာ
သိတတ္၊ ရွက္တတ္ေသာအ႐ြယ္ေတာ္သို႔
ေရာက္ရွိလာခဲ့ေလသည္။

မီးဖြားသန္႔စင္ၿပီး ခုနစ္ရက္ေက်ာ္လြန္
ေသာအခါ ျမတ္စြာဘုရားရွင္ႏွင့္ သံဃာေတာ္
မ်ားအား အိမ္ေတာ္သို႔ ပင့္ဖတ္ၿပီး သီဝလိ
ကေလးအတြက္ဆြမ္းကပ္လႉဒါန္း ၾကသည္။

ထိုဆြမ္းကပ္လႉပြဲတြင္ ရွင္သာရိပုတၱရာက
အမိဝမ္းတြင္း၌ ပဋိသေႏၶ ေနရျခင္းဒုကၡကို
သိပါလၽွင္ တရားခ်မ္းသာရရန္ ရဟန္းျပဳ
သင့္ေၾကာင္း တရားေဟာေလရာ သီဝလိ
သတို႔သားမွာ မိဘႏွစ္ပါးထံ ခြင့္ပန္၍
သာသနာ႔အေမြ ခံယူေလေတာ့သည္။

ရွင္သာရိပုတၱရာသည္ သီဝလိသတို႔သားေလး
ကို ကမၼ႒ာန္းေပး၍ ဆင္ျခင္ေစကာ ဆံခ်
ေပးေလရာ ဆံခ်ၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္
အာသေဝကုန္ခမ္း၍ ရဟႏၲာျဖစ္သြား
ေလေတာ့သည္။

လႉဒါန္းသူ ေပါမ်ားလွ၍ လာဘ္လာ႐ႊင္လန္း
သျဖင့္ ဧတဒဂ္ရ မဟာသာဝက အပါအဝင္
“လာဘ္လာဘ ဧတဒဂ္ရ -ရွင္သီဝလိ” ဟု
ျမတ္စြာဘုရားက အသိအမွတ္ျပဳ မိန္႔ေတာ္မူ
သည္က စ၍ “ရွင္သီဝလိ ပရိတ္ဂါထာ
မႏၲာန္ေတာ္” ဟု ျဖစ္ေပၚ႐ြတ္ဆို
ပြားမ်ားခဲ့ၾကပါသည္။

❑ ရွင္သီဝလိ ၁၀ဂါထာ ပါဠိ ❑

၁။ သီဝလီ စ မဟာနာမံ၊ သဗၺလာဘံ
ဘဝိႆတိ။ ေထရႆ အႏုဘာေဝန၊ သေဗၺ
ေဟာႏၲဳ ပိယံ မမ။

၂။ သီဝလိ စ မဟာဝီေရာ ေယ ေယ
ပႆႏၲဳ မံ ပိယံ။ေတ ေတ ပႆႏၲဳ ပရမံ၊ ဇနပဒါ
ပူဇယႏၲဳ။

၃။ သီဝလိ နာမ ေထေရန၊ မမသီေသ
ဌေပတြာန၊ ဇမၺဴဒီပ မ႑ေလန၊ ဇေယာမႏၲာ
သုခါဝဟံ။

၄။ သီဝလိ စ မဟာနာမံ၊ ဣႏၵာေဒဝါ
သျဗဟၼကာ။မႏုႆပုရိေသာ ဣတၳိ၊ မဟာလာဘံ
ဘဝိႆတိ။

၅။ သီဝလိ စ မဟာလာဘံ၊ နာနာေဒဟိ
ဝရံ ဝရံ။ ဣဒမၸိ ပူဇာတံ ေဒတိ၊ မဟာသုခံ
ဘဝိႆတိ။

၆။ ဝဏၰံ ဒႏၲံ သုခံ ကိတၱိ၊ အနာမယံ
ဘေဝ ဘေဝ။ တဝ႐ုေကၡ ေဒဝဓိတာ၊
သဗၺေကာဓံ ဝိနႆႏၲဳ။

၇။ သီဝလိ စ မဟာလာဘံ၊ သဗၺလာဘံ
ဘဝိႆတိ။ ေထရႆ အာႏုဘာေဝန၊ သဒါ
ေဟာတု ပိယံ မမ။

၈။ သီဝလိ စ မဟာေထေရာ၊ ေယ ေယ
ပႆႏၲဳ မံ ပိယံ။ ေတ ေတ ပႆႏၲဳ မံ ပိယံ၊ ဇနပၸဒံ
ပူဇယႏၲဳ။

၉။ သီဝလိ စ မဟာေထေရာ၊ မမ သီေသ
ဌေပတြာန။ မႏၲိေတဇ ဇေယာမႏၲံ၊ အဟံ
ဝႏၵာမိ သဗၺဒါ။

၁၀။ သီဝလိ စ မဟာေထေရာ၊
ေဒဝမႏုႆ ပူဇိေတာ။ ေသာရေဟာ ပစၥယာဒီနံ၊
မဟာလာဘံ ကေရာတု ေမ။

➦ ​ေအာက္​က ပံု​ေလး​ေတြမွာ ဂါထာ ရဲ႕
အနက္​ ကို ​အ​ေသးစိပ္​ ေရး​ေပး
ထားၾကပါတယ္​

➦ ဒါ့အျပင္​ ၁၀ဂါထာ ကို ဂါထာ ၁ခုစီ အလိုက္​
ဘာ​ေၾကာင္​့ ႐ြတ္​ဖတ္​ၾကရလဲ ဆိုတာကိုလဲ
အ​ေသးစိပ္​ ေရး​ေပးထားၾကပါတယ္​

ရွင္သီဝလိ မေထရ္ျမတ္ ဤကဲ့သို႔
လာဘ္လာဘ မ်ား ေပါ မ်ားျခင္း
အေၾကာင္း ရင္း ကို ျပန္လည္
သံုးသပ္ပါက

ရွင္သီဝလိ ေလာင္း ႏုစဥ္အခါ က ဘုရား
ရဟႏၲာ ႏွင့္ သံဃာေတာ္မ်ား အား ပ်ားရည္
ဆြမ္းဒါနကပ္လႈပူေဇာ္ျခင္း ေၾကာင့္ ထူးျမတ္
လွသည့္ အလႈဒါနျပဳ႕ခဲ့ ျခင္း ၏ အက်ိဴး ဆက္
မ်ားဟု႔ ဗုဒၶ စာေပ မ်ား တြင္ေတြ႕ရွိရပါသည္။

အလြန္ မြန္ျမတ္သည့္ လႈဘြယ္ပစၥည္း
ပ်ားရည္ ႏွင့္ဆက္စပ္ ႏွီးႏြယ္ လ်က္ ရွိေသာ
အေၾကာင္းအရာမ်ားကိုေဗဒင္ သခ်ၤာနည္း
အရ ေလ့လာသံုးသပ္ပါက ….

ပ်ား ရည္ = ၅ + ၈ =၁၃ = ၄ (လာဘ္)
လာဘ္ လာ ဘ = ၄+၄+၅ =၁၃ =၄ (လာဘ္)
ရွင္ သီဝလိ = ၄+၆+၄+၄=၂၂=၄ (လာဘ္)

သေႏၶေတာ္ ခသည့္ အခ်ိန္
၇ ႏွစ္ ၇ လ ၇ ရက္ ။
(၇) ဂဏန္း သည္ မိခင္ ဝမ္းတြင္း ပိတ္ေလွာင္
သည့္ အက်ဥ္း အက်ပ္ မွ လြတ္ေျမာက္သည့္
ဂဏန္း ကံေကာင္းသည့္ ဂဏန္း ။

လာဘ္ ရႊင္ ျခင္း လာဘ္ရ ျခင္း ၇ ၄
၄ ၇ စေန -ဗုဒၶဟးူ ဒါန္း လွ
မိတ္ ဓာတ္ ျဖစ္ ျခင္း
ေပါင္း ျခင္း ၄+၇ = ၁၁ ဆယ္တစ္မီး
ၿငိမ္းေအးေစျခင္း

ဗုဒၶဟူး နံ စေနနံ တြဲယွဥ္ျခင္း ျဖင့္ လာဘ္လာဘ
ေပါမ်ားမႈ႕ကို ျဖစ္ေစသည္။

ထို႔ေၾကာင့္ ထို ေန႔နံ ပန္းမ်ား တြဲ၍ဘုရား လႈျခင္း ေရႊခ် ျခင္း ေရႊဆိုင္း ကပ္လႈၿပီး
ထီး ပူေဇာ္ျခင္း (ေရႊထီး ) လႈျခင္း ပ်ားရည္ဆမ္းမုန္႔မ်ား ကပ္လႈျခင္းစသျဖင့္ လုပ္ေဆာင္
ႏိုင္ပါသည္။





လာဘ္လာဘ ေပါမ်ား သည့္ ဂါထာ
ရွင္သီဝလိ ဂါထာအား မိမိ ေန႔ နံ အလိုက္
ရြတ္ဆို ႏိုင္ရန္ လည္း တင္ ျပ
ေပး အပ္ ပါ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: original uploader
# Unicode Version ျဖင့္ ဖတ္ပါ#
❝ ရှင်သီဝလိ မထေရ်မြတ် ကို လာဘ်လာဘတွေ
ပြည့်စုံ ကုံလုံ ကြွယ်ဝခြင်း နှင့် အခက်အခဲများ
သက်သာ အေးချမ်းစေခြင်း … စသဖြင့် သော
ကိစ္စများ အောင်မြင်မူ ရစေတယ် လို့ ယုံကြည်
ကြပြီး ရှင်သီဝလိ ၁၀ ဂါထာ ကို ရွတ်ဖတ်ကာ
ပူဇော်ကြပြီး ဆုမွန်ကောင်းများ ကို ဆုပန်လေ့
ရှိကြပါတယ်

ရှင်သီဝလိ မထေရ်မြတ် အကြောင်း
ဆိုင်ရာ သိမှတ်စရာလေးတွေကို
စုစည်းပြီး တင်ပြ လိုက်ပါတယ်

ရှင်သီဝလိ မထေရ်မြတ် အကြောင်း

ဗုဒ္ဓမြတ်စွာဘုရား သက်တော် ထင်ရှား
ရှိစဉ်ကပင် ဖြစ်ပါသည်။

မြတ်စွာဘုရား ၏ ဆွေတော်မျိုးတော်
ဖြစ်သော ကောလိယ သာကီဝင် မင်းသား
နှင့် သုပ္ပဝါသာ သာကီဝင်မင်းသမီး တို့သည်
ရှင်သီဝလီ မထေရ်မြတ် ၏ ခမည်းတော် နှင့်
မယ်တော် မိဘနှစ်ပါး ဖြစ်လေသည်။

ရှင်သီဝလီမထေရ်မြတ်အလောင်း သန္ဓေတော်
ခ နေစဉ်မှာပင် ပစ္စည်းဘဏ္ဍာ ရတနာဆက်သ
ကြသူများပြားလျက် လာဘ်ရွှင်ခြင်း ၏ အစ
နိမိတ်ပြခဲ့သည်။

ပစ္စည်းဥစ္စာ ရတနာဘဏ္ဍာတိုက်တွင်းမှ
ထုတ်ယူသုံးစွဲသော်လည်း ပြည့်မြဲ ပြည့်
လျက်သာ၊ ကုန်ခန်းသွားသည် မရှိ၊
လာဘ်လာဘ ပြည့်ဝခြင်းဖြင့်
ကောင်းခြင်းများစွာအကျိုးပြုခဲ့လေ၏။

သို့သော် ၁၀-လနှင့်လည်းမဖွား။ လ-၂၀နှင့်
လည်း မဖွားဘဲ သမားတော်ကြီးများပင်
ဉာဏ်မြင်သမျှ ရောဂါရှာကြသော်လည်း
ရောဂါမတွေ့၊ ဝေဒနာ မရှိ၊ ခုနစ်နှစ်
တိတိကြာလေတော့သည်။

ထိုခုနစ်နှစ်မှ လွန်မြောက် ခုနစ်လ
ရောက်သောအခါမှာမူ သုပ္ပဝါသာ
မင်းသမီးမှာ ကမ္မဇလေ လှုပ်ရှားပြီး
ဗိုက်နာ၍ လာသော်ငြား မွေးဖွားမည့်ပုံ
မပေါ်၊ အချီတော် အချော့တော်
နန်းတော်မှာ ခစားကြကုန်သော
သမားအကျော် ဟူရားတော်များနှင့်တကွ
လက်သည်တော် မောင်းမများ ပြုစုကြငြား
သော်လည်း မထူး၍

သက်သာဖြစ်မလာဘဲ နာမြဲနာနေရာ
ခုနစ်ရက် ပြည့်သည့်နေ့၌ မအောင့်နိုင်ဘဲ
ကောလိယမင်းသားကို မြတ်စွာဘုရားထံ
စေလွှတ်၍ ဝေဒနာကို ကယ်မတော်မူပါရန်
လျှောက်တင်ခိုင်းလေသည်။

ကောလိယမင်းသားလည်း မြတ်စွာဘုရား၏
နှမတော်သော သုပ္ပဝါသာ မင်းသမီး၏
အဖြစ်ကို သွားရောက် လျှောက်ထားရာ –

“သုပ္ပဝါသာသည် သားရတနာကို ချမ်းသာစွာ
ဖွားမြင်လိမ့်မည်” ဟု အမိန့်တော် ရှိလိုက်ရာ
ကောလိယမင်းသား အိမ်တော်ပြန်ရောက်
သောအခါ သုပ္ပဝါသာသာ သားရတနာကို
ဖွားမြင်ပြီး ဖြစ်နေသည်ကို ဝမ်းမြောက်စွာ
တွေ့ရလေတော့သည်။

မြတ်စွာဘုရားက ချမ်းသာစွာ မွေးဖွား
လိမ့်မည်ဟု ပြောသောစကားအရ “သီဝလိ”
ဟူသော အမည်ကို ပေးလိုက်ကြလေသည်။

အမိဝမ်းတွင်းမှာ ခုနစ်နှစ်၊ ခုနစ်လ၊
ခုနစ်ရက် တိတိ နေခဲ့ရသော သီဝလိ
သတို့သားမှာ မွေးဖွား သန့်စင်သည်နှင့်
တစ်ပြိုင်နက် ခုနစ်နှစ်အရွယ်ပမာဏ
ရုတ်တရက်ပြောင်းလဲခဲ့သည်ဖြစ်ရာ
သိတတ်၊ ရှက်တတ်သောအရွယ်တော်သို့
ရောက်ရှိလာခဲ့လေသည်။

မီးဖွားသန့်စင်ပြီး ခုနစ်ရက်ကျော်လွန်
သောအခါ မြတ်စွာဘုရားရှင်နှင့် သံဃာတော်
များအား အိမ်တော်သို့ ပင့်ဖတ်ပြီး သီဝလိ
ကလေးအတွက်ဆွမ်းကပ်လှူဒါန်း ကြသည်။

ထိုဆွမ်းကပ်လှူပွဲတွင် ရှင်သာရိပုတ္တရာက
အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေရခြင်းဒုက္ခကို
သိပါလျှင် တရားချမ်းသာရရန် ရဟန်းပြု
သင့်ကြောင်း တရားဟောလေရာ သီဝလိ
သတို့သားမှာ မိဘနှစ်ပါးထံ ခွင့်ပန်၍
သာသနာ့အမွေ ခံယူလေတော့သည်။

ရှင်သာရိပုတ္တရာသည် သီဝလိသတို့သားလေး
ကို ကမ္မဋ္ဌာန်းပေး၍ ဆင်ခြင်စေကာ ဆံချ
ပေးလေရာ ဆံချပြီးသည်နှင့် တစ်ပြိုင်နက်
အာသဝေကုန်ခမ်း၍ ရဟန္တာဖြစ်သွား
လေတော့သည်။

လှူဒါန်းသူ ပေါများလှ၍ လာဘ်လာရွှင်လန်း
သဖြင့် ဧတဒဂ်ရ မဟာသာဝက အပါအဝင်
“လာဘ်လာဘ ဧတဒဂ်ရ -ရှင်သီဝလိ” ဟု
မြတ်စွာဘုရားက အသိအမှတ်ပြု မိန့်တော်မူ
သည်က စ၍ “ရှင်သီဝလိ ပရိတ်ဂါထာ
မန္တာန်တော်” ဟု ဖြစ်ပေါ်ရွတ်ဆို
ပွားများခဲ့ကြပါသည်။

❑ ရှင်သီဝလိ ၁၀ဂါထာ ပါဠိ ❑

၁။ သီဝလီ စ မဟာနာမံ၊ သဗ္ဗလာဘံ
ဘဝိဿတိ။ ထေရဿ အနုဘာဝေန၊ သဗ္ဗေ
ဟောန္တု ပိယံ မမ။

၂။ သီဝလိ စ မဟာဝီရော ယေ ယေ
ပဿန္တု မံ ပိယံ။တေ တေ ပဿန္တု ပရမံ၊ ဇနပဒါ
ပူဇယန္တု။

၃။ သီဝလိ နာမ ထေရေန၊ မမသီသေ
ဌပေတွာန၊ ဇမ္ဗူဒီပ မဏ္ဍလေန၊ ဇယောမန္တာ
သုခါဝဟံ။

၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာဒေဝါ
သဗြဟ္မကာ။မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ
ဘဝိဿတိ။

၅။ သီဝလိ စ မဟာလာဘံ၊ နာနာဒေဟိ
ဝရံ ဝရံ။ ဣဒမ္ပိ ပူဇာတံ ဒေတိ၊ မဟာသုခံ
ဘဝိဿတိ။

၆။ ဝဏ္ဏံ ဒန္တံ သုခံ ကိတ္တိ၊ အနာမယံ
ဘဝေ ဘဝေ။ တဝရုက္ခေ ဒေဝဓိတာ၊
သဗ္ဗကောဓံ ဝိနဿန္တု။

၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ
ဘဝိဿတိ။ ထေရဿ အာနုဘာဝေန၊ သဒါ
ဟောတု ပိယံ မမ။

၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ
ပဿန္တု မံ ပိယံ။ တေ တေ ပဿန္တု မံ ပိယံ၊ ဇနပ္ပဒံ
ပူဇယန္တု။

၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ
ဌပေတွာန။ မန္တိတေဇ ဇယောမန္တံ၊ အဟံ
ဝန္ဒာမိ သဗ္ဗဒါ။

၁၀။ သီဝလိ စ မဟာထေရော၊
ဒေဝမနုဿ ပူဇိတော။ သောရဟော ပစ္စယာဒီနံ၊
မဟာလာဘံ ကရောတု မေ။

➦ အောက်က ပုံလေးတွေမှာ ဂါထာ ရဲ့
အနက် ကို အသေးစိပ် ရေးပေး
ထားကြပါတယ်

➦ ဒါ့အပြင် ၁၀ဂါထာ ကို ဂါထာ ၁ခုစီ အလိုက်
ဘာကြောင့် ရွတ်ဖတ်ကြရလဲ ဆိုတာကိုလဲ
အသေးစိပ် ရေးပေးထားကြပါတယ်

ရှင်သီဝလိ မထေရ်မြတ် ဤကဲ့သို့
လာဘ်လာဘ များ ပေါ များခြင်း
အကြောင်း ရင်း ကို ပြန်လည်
သုံးသပ်ပါက

ရှင်သီဝလိ လောင်း နုစဉ်အခါ က ဘုရား
ရဟန္တာ နှင့် သံဃာတော်များ အား ပျားရည်
ဆွမ်းဒါနကပ်လှုပူဇော်ခြင်း ကြောင့် ထူးမြတ်
လှသည့် အလှုဒါနပြု့ခဲ့ ခြင်း ၏ အကျိူး ဆက်
များဟု့ ဗုဒ္ဓ စာပေ များ တွင်တွေ့ရှိရပါသည်။

အလွန် မွန်မြတ်သည့် လှုဘွယ်ပစ္စည်း
ပျားရည် နှင့်ဆက်စပ် နှီးနွယ် လျက် ရှိသော
အကြောင်းအရာများကိုဗေဒင် သင်္ချာနည်း
အရ လေ့လာသုံးသပ်ပါက ….

ပျား ရည် = ၅ + ၈ =၁၃ = ၄ (လာဘ်)
လာဘ် လာ ဘ = ၄+၄+၅ =၁၃ =၄ (လာဘ်)
ရှင် သီဝလိ = ၄+၆+၄+၄=၂၂=၄ (လာဘ်)

သန္ဓေတော် ခသည့် အချိန်
၇ နှစ် ၇ လ ၇ ရက် ။
(၇) ဂဏန်း သည် မိခင် ဝမ်းတွင်း ပိတ်လှောင်
သည့် အကျဉ်း အကျပ် မှ လွတ်မြောက်သည့်
ဂဏန်း ကံကောင်းသည့် ဂဏန်း ။

လာဘ် ရွှင် ခြင်း လာဘ်ရ ခြင်း ၇ ၄
၄ ၇ စနေ -ဗုဒ္ဓဟးူ ဒါန်း လှ
မိတ် ဓာတ် ဖြစ် ခြင်း
ပေါင်း ခြင်း ၄+၇ = ၁၁ ဆယ်တစ်မီး
ငြိမ်းအေးစေခြင်း

ဗုဒ္ဓဟူး နံ စနေနံ တွဲယှဉ်ခြင်း ဖြင့် လာဘ်လာဘ
ပေါများမှု့ကို ဖြစ်စေသည်။

ထို့ကြောင့် ထို နေ့နံ ပန်းများ တွဲ၍ဘုရား လှုခြင်း ရွှေချ ခြင်း ရွှေဆိုင်း ကပ်လှုပြီး
ထီး ပူဇော်ခြင်း (ရွှေထီး ) လှုခြင်း ပျားရည်ဆမ်းမုန့်များ ကပ်လှုခြင်းစသဖြင့် လုပ်ဆောင်
နိုင်ပါသည်။

လာဘ်လာဘ ပေါများ သည့် ဂါထာ
ရှင်သီဝလိ ဂါထာအား မိမိ နေ့ နံ အလိုက်
ရွတ်ဆို နိုင်ရန် လည်း တင် ပြ
ပေး အပ် ပါ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: original uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top