န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကေလးျမိဳ႕နယ္ ကံႀကီးေက်းရြာတြင္ အိမ္ ျခံဝင္းအတြင္း ေရတြင္းတူးေဖာ္ရာမွ ေျမပိမိသျဖင့္ လူတေယာက္အားကယ္ဆယ္ေရးျပဳလုပ္ခဲ႔ရေႀကာင္း သိရွိရသည္။

အနက္၁၈ေပ ခန္႔တြင္တူးေဖာ္ေနရာမွ ေျမျပိဳက် ပိမိျပီး လူေပၚသို႔ ၉ေပခန့္ေျမပိေနသျဖင့္ ခက္ခက္ခဲခဲ ဆယ္ယူကယ္ထုတ္ခဲ႔ရသည္။

ကံႀကီးရြာရွိ ရြာသူရြာသားမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ၊ ဘက္ဖုိးဆရာမ်ား နင့္ ကံႀကီးရြာမွဆရာေတာ္သံဃာေတာ္မ်ားဝုိင္းဝန္းကူညီ ေျဖရွင္းမႈျဖင့္ ၂နာရီအတြင္း အသက္ရွင္လ်ွက္ ကယ္ဆယ္နိင္ခဲ့သည္။

ထိုကဲ႔သို႔ ထိခိုက္ဒါဏ္ရာႀကီးႀကီးမားမားမရွိပဲ အသက္ရွင္လ်က္ ေခ်ာေမာစြာ ျပန္ကယ္တင္ႏိုင္ခဲ႔ျခင္းမွာ ရွားပါးေသာျဖစ္စဥ္ျဖစ္ပါသည္။

” သူ၏ ကုသိုလ္ကံေကာင္းလြန္းေသာေႀကာင့္သာ ယခုကဲ႔သို႔ အသက္ရွင္ေခ်ာေမာစြာ ျပန္ကယ္တင္ႏိုင္ခဲ႔ျခင္းျဖစ္သည္ ” ဟု လူအမ်ားစုက မွတ္ခ်က္ေပးႀကသည္ ။

ယခုအခါ ထိုသူအား ေနရဥၨရာလူမွူကူညီေရးကားျဖင့္ ေဆးရုံသို႔ ပို႔ေဆာင္ကူညီထားခဲ႔သည္ဟုသိရွိရပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကုိရာဇာေအာင္

#Unicode Version#
ကလေးမြို့နယ် ကံကြီးကျေးရွာတွင် အိမ်ခြံဝင်းအတွင်း ရေတွင်းတူးဖော်ရာမှ မြေပိမိသဖြင့် လူတယောက်အားကယ်ဆယ်ရေးပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။

အနက်၁၈ပေ ခန့်တွင်တူးဖော်နေရာမှ မြေပြိုကျ ပိမိပြီး လူပေါ်သို့ ၉ပေခန့်မြေပိနေသဖြင့် ခက်ခက်ခဲခဲ ဆယ်ယူကယ်ထုတ်ခဲ့ရသည်။

ကံကြီးရွာရှိ ရွာသူရွာသားများ၊ အုပ်ချုပ်ရေးအဖွဲ့များ ၊ ဘက်ဖိုးဆရာများ နင့် ကံကြီးရွာမှဆရာတော်သံဃာတော်များဝိုင်းဝန်းကူညီ ဖြေရှင်းမှုဖြင့် ၂နာရီအတွင်း အသက်ရှင်လျှက် ကယ်ဆယ်နိင်ခဲ့သည်။

ထိုကဲ့သို့ ထိခိုက်ဒါဏ်ရာကြီးကြီးမားမားမရှိပဲ အသက်ရှင်လျက် ချောမောစွာ ပြန်ကယ်တင်နိုင်ခဲ့ခြင်းမှာ ရှားပါးသောဖြစ်စဉ်ဖြစ်ပါသည်။

” သူ၏ ကုသိုလ်ကံကောင်းလွန်းသောကြောင့်သာ ယခုကဲ့သို့ အသက်ရှင်ချောမောစွာ ပြန်ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည် ” ဟု လူအများစုက မှတ်ချက်ပေးကြသည် ။

ယခုအခါ ထိုသူအား နေရဉ္ဇရာလူမှူကူညီရေးကားဖြင့် ဆေးရုံသို့ ပို့ဆောင်ကူညီထားခဲ့သည်ဟုသိရှိရပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: ကိုရာဇာအောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top