န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

တနသၤာရီၿမိဳ႕နယ္၊ သိန္ခြန္းေက်းရြာအုပ္စု၊ အမွတ္(၈)ေက်းရြာတြင္ ဇြန္လ ၁၄ ရက္ေန႔က
ရွစ္နွစ္အရြယ္ မယားပါသမီးအား ပေထြးျဖစ္သူမွ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္းသိရပါတယ္။

အမွတ္(၈)ေက်းရြာနွင္ ၁ မိုင္ခြဲခန္႔ေဝးတဲ့ေတာင္ယာတဲမွာ ေနာက္အိမ္ ေထာင္ျဖစ္သူ ဦးေက်ာ္သန္းမွ ယခင္အိမ္ေထာင္နွင့္ရရွိခဲ့တဲ့ ရွစ္နွစ္အရြယ္ ဒုတိယတန္းေက်ာင္းသူကို သားမယားအျဖစ္ျပဳက်င့္ခဲ့တာပါ။

မိခင္ျဖစ္သူမွ ခင္ပြန္းဦးေက်ာ္သန္းနွင့္ သမီး ၂ ေယာက္ကို ေတာင္ယာတဲမွာထားရစ္ခဲ့ၿပီး အမွတ္(၈)ေက်းရြာတြင္ ရိကၡာဝယ္ယူၿပီး ေတာင္ယာတဲ့သို႔ နံနက္ ၁၀ နာရီခန္႔ျပန္ေရာက္ရွိစဥ္ သမီးႀကီးျဖစ္သူမွာ အိပ္ယာမွမထပဲ အိပ္ေနသျဖင့္ "ခုထိအိပ္ယာမွမထေသးဘူးလား ေနမေကာင္းျဖစ္ေနလား"လို႔ေမးျမန္းရာ သမီးငယ္ျဖစ္သူမွ ဦးေက်ာ္သန္းနွင့္မမ တို႔ လိင္ဆက္ဆံေနသည္ဟုေျပာရာ ခင္ပြန္းျဖစ္သူေရာက္လာၿပီး မဟုတ္ေၾကာင္းေျပာသျဖင့္ ခင္ပြန္းျဖစ္သူမွ ရန္ရွာမည္စိုး၍ ေရေခ်ာင္းဘက္မွာေရသြားခ်ိဳးမည္ေျပာၿပီး သမီး ၂ ေယာက္အား ေရေခ်ာင္းဖက္သို႔ေခၚေဆာင္၍ေမးျမန္းတာေၾကာင့္ အေၾကာင္းစံုသိရွိရၿပီး ညေနပိုင္းတြင္ အမွတ္(၈)ေက်းရြာေနအိမ္သို႔ျပန္သြားၿပီး အိမ္နီးခ်င္းျဖစ္သူ ေဒၚေအးရီအားေျပာျပေနစဥ္ အရံသားဖြားဆရာမတစ္ဦးေရာက္ရွိလာၿပီး ၎ကိစၥအားကူညီေဆာင္ရြက္ေပးမည္ဟု ေျပာရာ ခင္ပြန္းျဖစ္သူရန္ရွာမည္စိုးရိမ္သျဖင့္ အမႈဖြင့္တိုင္ၾကားျခင္းမရွိပဲ ေတာင္ယာတဲသို႔လည္းမသြားပဲ အမွတ္(၈)ေက်းရြာေနအိမ္တြင္ ေနထိုင္လ်ွက္ရွိစဥ္ ခင္ပြန္းျဖစ္သူမွ ယခုလိုျဖစ္စဥ္ေနာက္ထပ္ျဖစ္လာမည္ကိုစိုးရိမ္ၿပီး ဇြန္လ ၂၇ ရက္ေန႔၊ နံနက္ ၁၀ နာရီမွာ ေမာေတာင္နယ္ေျမရဲစခန္းတြင္ အမႈဖြင့္ခဲ့တယ္လို႔သိရပါတယ္။

ရွစ္နွစ္အရြယ္မယားပါသမီးကို သားမယားအျဖစ္ျပဳက်င့္သူ ဦးေက်ာ္သန္း(၃၅)နွစ္ကို ေမာေတာင္နယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ထြဋ္ (ၿမိတ္)
Myat Htut - Myeik (fb)

#Unicode Version#
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ အမှတ်(၈)ကျေးရွာတွင် ဇွန်လ ၁၄ ရက်နေ့က
ရှစ်နှစ်အရွယ် မယားပါသမီးအား ပထွေးဖြစ်သူမှ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်းသိရပါတယ်။

အမှတ်(၈)ကျေးရွာနှင် ၁ မိုင်ခွဲခန့်ဝေးတဲ့တောင်ယာတဲမှာ နောက်အိမ်ထောင်ဖြစ်သူ ဦးကျော်သန်းမှ ယခင်အိမ်ထောင်နှင့်ရရှိခဲ့တဲ့ ရှစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို သားမယားအဖြစ်ပြုကျင့်ခဲ့တာပါ။

မိခင်ဖြစ်သူမှ ခင်ပွန်းဦးကျော်သန်းနှင့် သမီး ၂ ယောက်ကို တောင်ယာတဲမှာထားရစ်ခဲ့ပြီး အမှတ်(၈)ကျေးရွာတွင် ရိက္ခာဝယ်ယူပြီး တောင်ယာတဲ့သို့ နံနက် ၁၀ နာရီခန့်ပြန်ရောက်ရှိစဉ် သမီးကြီးဖြစ်သူမှာ အိပ်ယာမှမထပဲ အိပ်နေသဖြင့် "ခုထိအိပ်ယာမှမထသေးဘူးလား နေမကောင်းဖြစ်နေလား"လို့မေးမြန်းရာ သမီးငယ်ဖြစ်သူမှ ဦးကျော်သန်းနှင့်မမ တို့ လိင်ဆက်ဆံနေသည်ဟုပြောရာ ခင်ပွန်းဖြစ်သူရောက်လာပြီး မဟုတ်ကြောင်းပြောသဖြင့် ခင်ပွန်းဖြစ်သူမှ ရန်ရှာမည်စိုး၍ ရေချောင်းဘက်မှာရေသွားချိုးမည်ပြောပြီး သမီး ၂ ယောက်အား ရေချောင်းဖက်သို့ခေါ်ဆောင်၍မေးမြန်းတာကြောင့် အကြောင်းစုံသိရှိရပြီး ညနေပိုင်းတွင် အမှတ်(၈)ကျေးရွာနေအိမ်သို့ပြန်သွားပြီး အိမ်နီးချင်းဖြစ်သူ ဒေါ်အေးရီအားပြောပြနေစဉ် အရံသားဖွားဆရာမတစ်ဦးရောက်ရှိလာပြီး ၎င်းကိစ္စအားကူညီဆောင်ရွက်ပေးမည်ဟု ပြောရာ ခင်ပွန်းဖြစ်သူရန်ရှာမည်စိုးရိမ်သဖြင့် အမှုဖွင့်တိုင်ကြားခြင်းမရှိပဲ တောင်ယာတဲသို့လည်းမသွားပဲ အမှတ်(၈)ကျေးရွာနေအိမ်တွင် နေထိုင်လျှက်ရှိစဉ် ခင်ပွန်းဖြစ်သူမှ ယခုလိုဖြစ်စဉ်နောက်ထပ်ဖြစ်လာမည်ကိုစိုးရိမ်ပြီး ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီမှာ မောတောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။

ရှစ်နှစ်အရွယ်မယားပါသမီးကို သားမယားအဖြစ်ပြုကျင့်သူ ဦးကျော်သန်း(၃၅)နှစ်ကို မောတောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (fb)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top