ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သေဘာၤသီးစားသံုးတာက က်န္းမာေရးကို ေတာ္ေတာ္မ်ားမ်ားအက်ိဳးျပဳႏိုင္တယ္လို႔ သိထားၾကတာျဖစ္ပါတယ္။ သေဘၤာသီးမွာပါတဲ့ အင္ဇိုင္းက က်န္းမာေရးအတြက္ ဆိုးက်ိဳးအနည္းငယ္ရွိတယ္ဆိုတာကိုေတာ့ သိပ္မသိၾကပါဘူး။

အထူးသျဖင့္ သေဘၤာသီးစိမ္း၊ သေဘၤာသီးေစ့၊သေဘၤာရြက္နဲ႔ အစာေၾကညက္ေစဖို႔ေထာက္ပံ့ေပးတဲ့ဓာတ္တစ္မ်ိဳးျဖစ္တဲ့ papain enzyme  တို႔က ခႏၶာကိုယ္အေပၚမွာ ဆိုးက်ိဳးသက္ေရာက္ေစတာျဖစ္ပါတယ္။

သေဘၤာသီးမွာပါတဲ့ အင္ဇိုင္းေၾကာင့္ ခံစားရႏိုင္တဲ့ ဆိုးက်ိဳးေတြနဲ႔ ဘယ္လိုမ်ိဳးအေျခအေနေတြမွာ သေဘၤာသီးမစားတာက အေကာင္းဆံုး ျဖစ္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
ကိုယ္ဝန္ေဆာင္ နဲ႔ သေဘၤာသီး

သေဘၤာသီးအစိမ္းမွာၾကြယ္ဝစြာ ပါဝင္ေနတဲ့ သေဘ္ာသီးမွာအဓိကပါဝင္တဲ့ အင္ဇိုင္းတစ္မ်ိဳးျဖစ္တဲ့ papain အင္ဇိုင္းကို အာရွတိုက္ႏိုင္ငံေတြမွာ ကိုယ္ဝန္ေဆာင္စဥ္ကာလအတြင္း သေႏၶပ်က္က်ေေစဖို႔အသံုးျပဳေလ့ရွိၾကပါတယ္။

သေဘၤာသီးမွာပါတဲ့ papain အင္ဇိုင္းကို သေႏၶသားကိုထိခိုက္ေစႏိုင္တာေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ သေဘၤာသီးစိမ္းသုတ္ စားတာ၊သန္ေကာင္ တုတ္ေကာင္ကင္းေအာင္ဆိုျပီး သေဘၤာသီးေစ့ကိုစားသံုးတာမ်ိဳးနဲ႔ papain အင္ဇိုင္းပါဝင္တဲ့ ျဖည့္စြက္ေဆးေတြကို ေရွာင္ၾကဥ္ႏိုင္ရင္အေကာင္းဆံုးပဲျဖစ္ပါတယ္။

သေဘၤာသီးမွည့္ကိုေတာ့ စားသံုးေပးလို႔ရပါတယ္။ သေဘၤာသီးမွည့္မွာ သေဘၤာသီးအစိမ္းထက္ papain အင္ဇိုင္းပါဝင္မႈနည္းပါးသလို ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ဗီတာမင္ေတြနဲ႔ အျခားက်န္းမာေရးအတြက္အက်ိဳးျပဳႏိုင္တဲ့ ဓာတ္ေတြၾကြယ္ဝတာေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ စားသံုးဖို႔သင့္ေတာ္ပါတယ္။
Papain အင္ဇိုင္း၊ သေဘၤာသီးေစ့နဲ႔ ရာသီစက္ဝန္း

ကေလးယူဖို႔ ၾကိဳးစားေနသူေတြ (သို႔) အစီအစဥ္ရွိသူေတြအေနနဲ႔ papain အင္ဇိုင္းကို သတိထားေရွာင္ၾကဥ္သင့္ပါတယ္။ သေဘၤာသီးေစ့၊ သေဘၤာသီးစိမ္း နဲ႔ သေဘၤာသီးကေနရရွိတဲ့ အင္ဇိုင္းေတြပါဝင္ေနတဲ့အရာေတြကို ပမာဏမ်ားမ်ားစားသံုးတာ (သို႔) ပံုမွန္မွီဝဲေနတာမ်ိဳး ရွိမယ္ဆိုရင္ ရာသီစက္ဝန္းကို အေႏွာက္အယွက္ျဖစ္ေစမွာျဖစ္ပါတယ္။

သုေတသနစာတမ္းတစ္ေစာင္မွာ papain  အင္ဇိုင္း (သို႔) သေဘၤာသီးေစ့နဲ႔ သေဘၤာသီးစိမ္းမွာပါတဲ့ အင္ဇိုင္းေတြက ပံုမွန္ ရာသီစက္ဝန္းအေပၚမွာ သက္ေရာက္မႈရွိတာျဖစ္ႏိုင္တယ္။လို႔ သံုးသပ္ထားပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ သေဘၤာသီးစိမ္းမွာပါတဲ့  papain အင္ဇိုင္းက ကိုယ္ဝန္ေဆာင္ႏိုင္ေစဖို႔ နဲ႔ သေႏၶျမျေစဖို႔အတြက္ သားအိမ္ကိုျပ္င္ဆင္ရာမွာလိုအပ္တဲ့ ေဟာ္မုန္းတစ္မ်ိဳးျဖစ္တဲ့ progesterone ေဟာ္မုန္းေတြကို ပ်က္စီးေစႏိုင္တယ္၊လို႔ ေျပာၾကားခဲ့ပါတယ္။ papain  အင္ဇိုင္းက သေႏၶသားၾကီးထြားဖြံ႔ျဖိဳးဖို႔အတြက္ အေရးပါတဲ့ အလႊာပါးကို ပ်က္စီးေစႏိုင္ပါတယ္၊လို႔လည္းဆိုပါတယ္။

သေဘၤာသီးမွည့္မွာေတာ့ papain  အင္ဇိုင္းပါဝင္မႈ ပမာဏေလ်ာ့နည္းသြားတာေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ရာသီစက္ဝန္းအေပၚမွာေရာ ကိုယ္ဝန္ေဆာင္နိုင္စြမ္းအေပၚမွာပါ ထိခိုက္မႈမရွိႏိုင္ပါဘူး။
သေဘၤာသီးမွာပါတဲ့ အင္ဇိုင္း နဲ႔ ႏို႔တိုက္မိခင္

ႏို႔တိုက္မိခင္ေတြအေနနဲ႔ သေဘၤာသီးမွာပါတဲ့ အင္ဇိုင္း၊ သေဘၤာသီးစိမ္း (သို႔) သေဘၤာသီးမွည့္ကို ႏို႔တိုက္ေနစဥ္အတြင္း စားသံုးေပးသင့္တယ္၊လို႔ အၾကံျပဳတာမ်ိဳးေတြရွိပါတယ္။ ဘာေၾကာင့္လဲဆိုတာကိုေတာ့ အေၾကာင္းအရင္းခိုင္ခိုင္လံုလံုေျပာႏိုင္ျခင္းမရွိေသးပါဘူး။

အာရွ တလႊားမွာ သေဘၤာသီးစိမ္းသုတ္နဲ႔ သေဘၤာသီးစိမ္းဟင္းခ်ိဳေတြက ႏို႔တိုက္မိခင္ေတြမွာ ႏို႔ထြက္ေကာင္းေစတယ္။လို႔ လက္ခံယံုၾကည္ထားပါတယ္။ papain အင္ဇိုင္းအျပည့္အဝပါဝင္တဲ့ သေဘၤာသီးစိမ္းကို ႏို႔တိုက္မိခင္ေတြစားသံုးေပးသင့္တယ္၊လို႔ ေထာက္ခံအၾကံျပဳတာမ်ိဳးလည္းရွိပါတယ္။သေဘၤာသီးမွာပါတဲ့ Papain အင္ဇိုင္းက ကေလးငယ္အေပၚမွာ ဆိုးက်ိဳးသက္ေရာက္နိုင္တာေၾကာင့္ ဆရာဝန္နဲ႔ အရင္တိုင္ပင္သင့္ပါတယ္။

အာရွတလႊားကအမ်ိဳးသမီးေတြက ႏို႔တိုက္မိခင္မဟုတ္ရင္ေတာင္မွာ သေဘၤာသီးစိမ္းသုတ္ကိုမွန္မွန္စားသံုးေပးမယ္ဆိုရင္ သေဘၤာသီးမွာပါတဲ့ အင္ဇိုင္းက ေရရွည္စားသံုးတဲ့အခါ ရင္သားအရြယ္အစားကိုဖြံ႔ထြားေစတယ္၊ လို႔လက္ခံယံုၾကည္ထားၾကပါတယ္။
အမ်ိဳးသားေတြရဲ႕ မ်ိဳးေအာင္နိုင္စြမ္းနဲ႔ သေဘၤာသီးေစ့

သေဘၤာသီးေစ့က အမ်ိဳးသမီးရဲ႕မ်ိဳးပြားမႈကိုထိခိုက္ေစတာမဟုတ္ဘဲ အမ်ိဳးသားေတြရဲ႕ မ်ိဳးေအာင္ႏိုင္စြမ္းကိုလည္းထိခိုက္ေစႏိုင္ပါတယ္။ အာရွေဒသေတာ္ေတာ္မ်ားမ်ားမွာ အမ်ိဳးသားေတြအတြက္ သေႏၶတားေဆးအေနနဲ႔ အသံုးျပဳၾကပါတယ္။

ကေလးယူဖို႔ဆံုးျဖတ္ထားတဲ့ အမ်ိဳးသားေတြအေနနဲ႔ သေဘၤာသီးစိမ္းေတြနဲ႔ သေဘၤာသီးေစ့ေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။
ကေလးေတြမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ျဖစ္ေစႏိုင္ျခင္း

သေဘၤာရြက္ နဲ႔ သေဘၤာသီးေတြမွာေတြ႔ရတဲ့ ဓာတုျဒပ္ေပါင္းတစ္မ်ိဳးျဖစ္တဲ့ Papain က ကေလးငယ္ေတြကို အဆိပ္အေတာက္ျဖစ္ေစႏိုင္သလို ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မိခင္ကစားသံုးမယ္ဆိုရင္ ေမြးလာတဲ့ကေလးငယ္မွာ ေမြးရာပါခၽြတ္ယြင္းမႈျဖစ္ေစႏိုင္ပါတယ္။ သေဘၤာသီးစိမ္းမွာ သေဘၤာသီးမွည့္ထက္ papain ပါဝင္မႈပိုမ်ားတာေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္နိုင္ရင္ သေဘၤာသီးစိမ္းေရာ သေဘၤာသီးမွည့္ကိုပါ မစားသံုးသင့္ပါဘူး။ ႏို႔တိုက္ေနရစဥ္ကာလအတြင္းမ်ာ သေဘၤာသီးစားသံုးတာက ကေလးငယ္အတြက္ဘးကင္းရဲ႕လားဆိုတာကို ေသခ်ာမသိရေသးပါဘူး။ ျဖစ္နိုမယ္ဆိုရင္ေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္ နဲ႔ ႏို႔တိုက္ေနစဥ္ကာလအတြင္းမွာ သေဘၤာသီးစိမ္းေရာ သေဘၤာသီးမွည့္ကိုပါ အတိုင္းအခ်င့္နဲ႔စားတာပိုေကာင္းပါတယ္။
၁ ႏွစ္ေအာက္ကေလးငယ္ေတြ နဲ႔ သေဘၤာသီး

ေလ့လာမႈေတြအတြင္း မိခင္ေတြအေနနဲ႔ ေမြးကင္းကေန တစ္ႏွစ္အထိကာလအတြင္း ကေလးငယ္ေတြကို သေဘၤာသီးမေကၽြးသင့္ပါဘူး ေမြးကင္းစေန ၁ ႏွစ္အရြယ္အတြင္း ကေလးငယ္မွာ လိုအပ္တဲ့အမွ်င္ဓာတ္ေတြျပည့္စံုေနတာေၾကာင့္ မေကၽြးသင့္တာျဖစ္ပါတယ္။ အမွ်င္ဓာတ္လါန္ကဲမႈက ကေလးေတြရဲ႕က်န္းမာေရးအေပၚ ဆိုးက်ိုးသက္ေရာက္မႈေတြရွိလာႏိုင္ပါတယ္။

    ဝမ္းေပ်ာ့ေစႏိုင္ျခင္း
    ေရဓာတ္လံုေလာက္မႈမရွိပါက ဝမ္းခ်ဳပ္ေစနိုင္ျခင္း
    ကေလးငယ္ကို သေဘၤာသီးစိမ္းပဲျဖစ္ျဖစ္ သေဘၤာသီးမွည့္ပဲျဖစ္ျဖစ္မေကၽြးခင္မွာ ဆရာဝန္နဲ႔အရင္တိုင္ပင္သင့္ပါတယ္။

Papain နဲ႔ ေသြးက်ဲေဆး

Papain အင္ဇိုင္းက ေသြးက်ဲဆးေတြရဲ႕ အာနိသင္ကိုတိုးေစႏိုင္ပါတယ္။ ေသြးၾကဲေဆးေတြေသာက္သံုးေနသူေတြအေနနဲ႔ Papain အင္ဇိုင္း ကိုေသြးၾကဲေဆးမွီဝဲေနစဥ္ကာလအတြင္းမွာ မစားသံုးမိေစဖို႔အၾကံျပဳထားပါတယ္။

ခြဲစိတ္ကုသမႈခံယူဖို႔ရွိပါကလည္း ခြဲစိတ္ကုသမႈခံယူမယ့္ရက္မတိုင္ခင္အနည္းဆံုး ၂ ပတ္ေလာက္အလိုကတည္းက papain  ျဖည့္စြက္ေဆးဝါးေတြ၊ သေဘၤာသီးစိမ္း နဲ႔ သေဘၤာသီးေစ့ေတြကို မစားသံုးမိေအာင္ဆင္ျခင္ရမွာျဖစ္ပါတယ္။ ေသြးခဲပိတ္ဆို႔ျခင္း (thrombosis) နဲ႔ ေသြးမတိတ္ျခင္း (hemophilia) တို႔လိုမ်ိဳး ေသြးနဲ႔ပတ္သက္တဲ့ေဝဒနာရွိသူေတြအေနနဲ႔ papain အင္ဇိုင္း နဲ႔ သေဘာၤသီးစိမ္းတို႔ကို ေရွာင္ၾကဥ္သင့္ပါတယ္။
ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစႏိုင္ျခင္း

သေဘၤာသီးက ေသြးတြင္းသၾကားဓာတ္ကိုက်ဆင္းေစႏိုင္တာေၾကာင့္ ေသြးခ်ိုက်ေဆးေတြမွီဝဲေနရတဲ့ ဆီးခ်ိဳေဝဒနာသည္ေတြအေနနဲ႔  ေသြးတြင္းသၾကားဓာတ္ကိုတိုင္းတာျပီးမွသာ သေဘၤာသီးကို ခ်င့္ခ်ိန္စားသံုးသင့္ပါတယ္။ သေဘၤာသီးက ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစႏိုင္တာေၾကာင့္ ေသြးတြင္းအခ်ိဳဓာတ္တအားနည္းတဲ့သူေတြနဲ႔ ေသြးတြင္းအခ်ိဳဓာတ္နည္းတဲ့ အခ့ရွိသူေတြအေနနဲ႔ မစားသံုးသင့္ပါဘူး။
ႏွလံုးခုန္ေႏွးေစႏိုင္ျခင္း

ႏွလံုးနဲ႔ပတ္သက္တဲ့ ေဝဒနာခံစားေနရသူေတြအေနနဲ႔ သေဘၤာသီးကိုမစားသံုးသင့္ပါဘူး။ သေဘၤာသီးမွာပါတဲ့ papain အင္ဇိုင္းက ႏွလံုးခုန္ႏႈန္းကိုေႏွးေစျပီး ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြကိုခံစားရေစႏိုင္ပါတယ္။
Carotenemia ျဖစ္ေစနိုင္ျခင္း

သေဘၤာသီးကို အလြန္အကၽြံစားသံုးမယ္ဆိုရင္ သေဘၤာသီးမွာပါတဲ့ ဘီတာကယ္ရိုတင္းပမာဏမ်ားတာ ေၾကာင့္အသားအေရအေရာင္ေျပာင္းလာျခင္း carotenemia ျဖစ္ေပၚခံစားရႏိုင္ပါတယ္။ မ်က္လံုး၊ ေျခဖဝါးလက္ဖဝါးေတြ ဝါလာတာမ်ိုးဆိုရင္ေတာ့ အသားဝါေရာဂါခံစားေနရတာျဖစ္ႏိုင္ပါတယ္။
ဆီးေက်ာက္တည္ေစႏိုင္ျခင္း

သေဘၤာသီးမွာ ဗီတာမင္ စီၾကြယ္ဝစြာပါဝင္ျပီး သေဘၤာသီးတစ္လံုးမွာ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ စီ ပမာဏ  ၃၀၀ ရာခိုင္နႈန္းေက်ာ္ပိုမိုပါဝင္ပါတယ္။ စြမ္းအင္ျပည့္ဝတဲ့ ဗီတာမင္ စီက ကိုယ္ခံအားစနစ္ကိုတိုးျမွင့္ေပးျပီးကင္ဆာေရာဂါကေန ကာကြယ္ေပးသလို ေသြးတိုး (hypertension)၊ ေသြးေၾကာဆိုင္ရာေဝဒနာေတြနဲ႔ အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္တာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။ ဒါေပမယ့္ ကိုယ္တြင္းမွာ ဗီတာမင္ ပမာဏ အရမ္းမ်ားလာတဲ့အခါ အဆိပ္အေတာက္ျဖစ္ေစျပီး ဆီးေက်ာက္တည္ေစႏိုင္ပါတယ္။
အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြျဖစ္ေစႏိုင္ျခင္း

သေဘၤာသီးမွာပါတဲ့ papain အင္ဇိုင္းက ျပင္းထန္တဲ့ ဓာတ္မတည့္မႈကိုျဖစ္ေစႏိုင္တဲ့အရာျဖစ္ပါတယ္။ သေဘၤာသီးကိုအလြန္အကၽြံစားသံုးမယ္ဆိုရင္

    အသက္ရႈၾကပ္တာ
    သလိပ္ကပ္ျပီး အသက္ရႈရခက္တာ
    ႏွာေခါင္းပိတ္တာ
    ဓာတ္မတည့္မႈေၾကာင့္ႏွာေစးတာ
    ပန္းနာရင္ၾကပ္ (Asthma) တို႔ခံစားရႏိုင္ပါတယ္။

အဆိပ္အေတာက္ျဖစ္ေစနိုင္ျခင္း

သေဘၤာသီးက က်န္းမာေရးကိုေတာ္ေတာ္ေလးအက်ိဳးျပဳသလို အသည္းနဲ႔ေက်ာက္ကပ္အတြက္ေကာင္းတယ္ဆိုေပမယ့္ အကန္႔အသတ္နဲ႔ပဲစားသံုးသင့္ပါတယ္။ သေဘၤာေစ့မွာပါတဲ့ benzyl isothiocyanate  ျဒပ္ေပါင္းတစ္မ်ိဳးက မ်ားမ်ားစားရင္အဆိပ္အေတာက္ျဖစ္ေစႏိုင္ပါတယ္။

သေဘၤာရြက္ကို ေသြးလြန္တုပ္ေကြး (Dengue fever)၊ ငွက္ဖ်ား (Malaria) အတြက္ သဘာဝေဆးဖက္ဝင္အပင္တစ္မ်ိဳးပါ။ ကင္ဆာေရာဂါအတြက္လည္း အသံုးျပဳၾကပါတယ္။

သေဘၤာသီးနဲ႔သေဘၤာရြက္မွာ က်န္းမာေရးအတြက္အက်ိဳးျပဳတဲ့အခ်က္ေတြရွိေပမယ့္လို႔  ကိုယ္ဝန္ေဆာင္နဲ႔ႏို႔တိုက္မိခင္ေတြ အေနနဲ႔ေရွာင္ၾကဥ္သင့္ပါတယ္။ ျပည္တည္နာလိုမ်ိဳး အနာေတြအတြက္ကုသမႈခံယူေနရသူေတြနဲ႔ ေသြးက်ဲဆးေသာက္သံုးေနရသူေတြအေနနဲ႔ သေဘၤာသီးမစားခင္မွာ ဆရာဝန္နဲ႔အရင္တိုင္ပင္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
သဘောၤသီးစားသုံးတာက ကျန်းမာရေးကိုတော်တော်များများအကျိုးပြုနိုင်တယ်လို့သိထားကြတာဖြစ်ပါတယ်။သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ကျန်းမာရေးအတွက် ဆိုးကျိုးအနည်းငယ်ရှိတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။

အထူးသဖြင့် သင်္ဘောသီးစိမ်း၊ သင်္ဘောသီးစေ့၊သင်္ဘောရွက်နဲ့ အစာကြေညက်စေဖို့ထောက်ပံ့ပေးတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ papain enzyme  တို့က ခန္ဓာကိုယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်စေတာဖြစ်ပါတယ်။

သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းကြောင့် ခံစားရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုမျိုးအခြေအနေတွေမှာ သင်္ဘောသီးမစားတာက အကောင်းဆုံး ဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ဆောင် နဲ့ သင်္ဘောသီး

သင်္ဘောသီးအစိမ်းမှာကြွယ်ဝစွာ ပါဝင်နေတဲ့ သဘေ်ာသီးမှာအဓိကပါဝင်တဲ့ အင်ဇိုင်းတစ်မျိုးဖြစ်တဲ့ papain အင်ဇိုင်းကို အာရှတိုက်နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း သန္ဓေပျက်ကျေစေဖို့အသုံးပြုလေ့ရှိကြပါတယ်။

သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းကို သန္ဓေသားကိုထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သင်္ဘောသီးစိမ်းသုတ် စားတာ၊သန်ကောင် တုတ်ကောင်ကင်းအောင်ဆိုပြီး သင်္ဘောသီးစေ့ကိုစားသုံးတာမျိုးနဲ့ papain အင်ဇိုင်းပါဝင်တဲ့ ဖြည့်စွက်ဆေးတွေကို ရှောင်ကြဉ်နိုင်ရင်အကောင်းဆုံးပဲဖြစ်ပါတယ်။

သင်္ဘောသီးမှည့်ကိုတော့ စားသုံးပေးလို့ရပါတယ်။ သင်္ဘောသီးမှည့်မှာ သင်္ဘောသီးအစိမ်းထက် papain အင်ဇိုင်းပါဝင်မှုနည်းပါးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ဗီတာမင်တွေနဲ့ အခြားကျန်းမာရေးအတွက်အကျိုးပြုနိုင်တဲ့ ဓာတ်တွေကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့သင့်တော်ပါတယ်။
Papain အင်ဇိုင်း၊ သင်္ဘောသီးစေ့နဲ့ ရာသီစက်ဝန်း

ကလေးယူဖို့ ကြိုးစားနေသူတွေ (သို့) အစီအစဉ်ရှိသူတွေအနေနဲ့ papain အင်ဇိုင်းကို သတိထားရှောင်ကြဉ်သင့်ပါတယ်။ သင်္ဘောသီးစေ့၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးကနေရရှိတဲ့ အင်ဇိုင်းတွေပါဝင်နေတဲ့အရာတွေကို ပမာဏများများစားသုံးတာ (သို့) ပုံမှန်မှီဝဲနေတာမျိုး ရှိမယ်ဆိုရင် ရာသီစက်ဝန်းကို အနှောက်အယှက်ဖြစ်စေမှာဖြစ်ပါတယ်။

သုတေသနစာတမ်းတစ်စောင်မှာ papain  အင်ဇိုင်း (သို့) သင်္ဘောသီးစေ့နဲ့ သင်္ဘောသီးစိမ်းမှာပါတဲ့ အင်ဇိုင်းတွေက ပုံမှန် ရာသီစက်ဝန်းအပေါ်မှာ သက်ရောက်မှုရှိတာဖြစ်နိုင်တယ်။လို့ သုံးသပ်ထားပါတယ်။

သိပ္ပံပညာရှင်တွေကတော့ သင်္ဘောသီးစိမ်းမှာပါတဲ့  papain အင်ဇိုင်းက ကိုယ်ဝန်ဆောင်နိုင်စေဖို့ နဲ့ သန္ဓေမြြစေဖို့အတွက် သားအိမ်ကိုြပ်င်ဆင်ရာမှာလိုအပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ progesterone ဟော်မုန်းတွေကို ပျက်စီးစေနိုင်တယ်၊လို့ ပြောကြားခဲ့ပါတယ်။ papain  အင်ဇိုင်းက သန္ဓေသားကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အလွှာပါးကို ပျက်စီးစေနိုင်ပါတယ်၊လို့လည်းဆိုပါတယ်။

သင်္ဘောသီးမှည့်မှာတော့ papain  အင်ဇိုင်းပါဝင်မှု ပမာဏလျော့နည်းသွားတာကြောင့် အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းအပေါ်မှာရော ကိုယ်ဝန်ဆောင်နိုင်စွမ်းအပေါ်မှာပါ ထိခိုက်မှုမရှိနိုင်ပါဘူး။
သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း နဲ့ နို့တိုက်မိခင်

နို့တိုက်မိခင်တွေအနေနဲ့ သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်း၊ သင်္ဘောသီးစိမ်း (သို့) သင်္ဘောသီးမှည့်ကို နို့တိုက်နေစဉ်အတွင်း စားသုံးပေးသင့်တယ်၊လို့ အကြံပြုတာမျိုးတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ အကြောင်းအရင်းခိုင်ခိုင်လုံလုံပြောနိုင်ခြင်းမရှိသေးပါဘူး။

အာရှ တလွှားမှာ သင်္ဘောသီးစိမ်းသုတ်နဲ့ သင်္ဘောသီးစိမ်းဟင်းချိုတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းစေတယ်။လို့ လက်ခံယုံကြည်ထားပါတယ်။ papain အင်ဇိုင်းအပြည့်အဝပါဝင်တဲ့ သင်္ဘောသီးစိမ်းကို နို့တိုက်မိခင်တွေစားသုံးပေးသင့်တယ်၊လို့ ထောက်ခံအကြံပြုတာမျိုးလည်းရှိပါတယ်။သင်္ဘောသီးမှာပါတဲ့ Papain အင်ဇိုင်းက ကလေးငယ်အပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်တာကြောင့် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

အာရှတလွှားကအမျိုးသမီးတွေက နို့တိုက်မိခင်မဟုတ်ရင်တောင်မှာ သင်္ဘောသီးစိမ်းသုတ်ကိုမှန်မှန်စားသုံးပေးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ အင်ဇိုင်းက ရေရှည်စားသုံးတဲ့အခါ ရင်သားအရွယ်အစားကိုဖွံ့ထွားစေတယ်၊ လို့လက်ခံယုံကြည်ထားကြပါတယ်။
အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းနဲ့ သင်္ဘောသီးစေ့

သင်္ဘောသီးစေ့က အမျိုးသမီးရဲ့မျိုးပွားမှုကိုထိခိုက်စေတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်းထိခိုက်စေနိုင်ပါတယ်။ အာရှဒေသတော်တော်များများမှာ အမျိုးသားတွေအတွက် သန္ဓေတားဆေးအနေနဲ့ အသုံးပြုကြပါတယ်။

ကလေးယူဖို့ဆုံးဖြတ်ထားတဲ့ အမျိုးသားတွေအနေနဲ့ သင်္ဘောသီးစိမ်းတွေနဲ့ သင်္ဘောသီးစေ့တွေကို ရှောင်ကြဉ်သင့်ပါတယ်။
ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်ဖြစ်စေနိုင်ခြင်း

သင်္ဘောရွက် နဲ့ သင်္ဘောသီးတွေမှာတွေ့ရတဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ Papain က ကလေးငယ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကစားသုံးမယ်ဆိုရင် မွေးလာတဲ့ကလေးငယ်မှာ မွေးရာပါချွတ်ယွင်းမှုဖြစ်စေနိုင်ပါတယ်။ သင်္ဘောသီးစိမ်းမှာ သင်္ဘောသီးမှည့်ထက် papain ပါဝင်မှုပိုများတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်ရင် သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ မစားသုံးသင့်ပါဘူး။ နို့တိုက်နေရစဉ်ကာလအတွင်းမျာ သင်္ဘောသီးစားသုံးတာက ကလေးငယ်အတွက်ဘးကင်းရဲ့လားဆိုတာကို သေချာမသိရသေးပါဘူး။ ဖြစ်နိုမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန် နဲ့ နို့တိုက်နေစဉ်ကာလအတွင်းမှာ သင်္ဘောသီးစိမ်းရော သင်္ဘောသီးမှည့်ကိုပါ အတိုင်းအချင့်နဲ့စားတာပိုကောင်းပါတယ်။
၁ နှစ်အောက်ကလေးငယ်တွေ နဲ့ သင်္ဘောသီး

လေ့လာမှုတွေအတွင်း မိခင်တွေအနေနဲ့ မွေးကင်းကနေ တစ်နှစ်အထိကာလအတွင်း ကလေးငယ်တွေကို သင်္ဘောသီးမကျွေးသင့်ပါဘူး မွေးကင်းစနေ ၁ နှစ်အရွယ်အတွင်း ကလေးငယ်မှာ လိုအပ်တဲ့အမျှင်ဓာတ်တွေပြည့်စုံနေတာကြောင့် မကျွေးသင့်တာဖြစ်ပါတယ်။ အမျှင်ဓာတ်လါန်ကဲမှုက ကလေးတွေရဲ့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။

    ဝမ်းပျော့စေနိုင်ခြင်း
    ရေဓာတ်လုံလောက်မှုမရှိပါက ဝမ်းချုပ်စေနိုင်ခြင်း
    ကလေးငယ်ကို သင်္ဘောသီးစိမ်းပဲဖြစ်ဖြစ် သင်္ဘောသီးမှည့်ပဲဖြစ်ဖြစ်မကျွေးခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

Papain နဲ့ သွေးကျဲဆေး

Papain အင်ဇိုင်းက သွေးကျဲဆးတွေရဲ့ အာနိသင်ကိုတိုးစေနိုင်ပါတယ်။ သွေးကြဲဆေးတွေသောက်သုံးနေသူတွေအနေနဲ့ Papain အင်ဇိုင်း ကိုသွေးကြဲဆေးမှီဝဲနေစဉ်ကာလအတွင်းမှာ မစားသုံးမိစေဖို့အကြံပြုထားပါတယ်။

ခွဲစိတ်ကုသမှုခံယူဖို့ရှိပါကလည်း ခွဲစိတ်ကုသမှုခံယူမယ့်ရက်မတိုင်ခင်အနည်းဆုံး ၂ ပတ်လောက်အလိုကတည်းက papain  ဖြည့်စွက်ဆေးဝါးတွေ၊ သင်္ဘောသီးစိမ်း နဲ့ သင်္ဘောသီးစေ့တွေကို မစားသုံးမိအောင်ဆင်ခြင်ရမှာဖြစ်ပါတယ်။ သွေးခဲပိတ်ဆို့ခြင်း (thrombosis) နဲ့ သွေးမတိတ်ခြင်း (hemophilia) တို့လိုမျိုး သွေးနဲ့ပတ်သက်တဲ့ဝေဒနာရှိသူတွေအနေနဲ့ papain အင်ဇိုင်း နဲ့ သဘောၤသီးစိမ်းတို့ကို ရှောင်ကြဉ်သင့်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ခြင်း

သင်္ဘောသီးက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တာကြောင့် သွေးချိုကျဆေးတွေမှီဝဲနေရတဲ့ ဆီးချိုဝေဒနာသည်တွေအနေနဲ့  သွေးတွင်းသကြားဓာတ်ကိုတိုင်းတာပြီးမှသာ သင်္ဘောသီးကို ချင့်ချိန်စားသုံးသင့်ပါတယ်။ သင်္ဘောသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းအချိုဓာတ်တအားနည်းတဲ့သူတွေနဲ့ သွေးတွင်းအချိုဓာတ်နည်းတဲ့ အခ့ရှိသူတွေအနေနဲ့ မစားသုံးသင့်ပါဘူး။
နှလုံးခုန်နှေးစေနိုင်ခြင်း

နှလုံးနဲ့ပတ်သက်တဲ့ ဝေဒနာခံစားနေရသူတွေအနေနဲ့ သင်္ဘောသီးကိုမစားသုံးသင့်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက နှလုံးခုန်နှုန်းကိုနှေးစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေကိုခံစားရစေနိုင်ပါတယ်။
Carotenemia ဖြစ်စေနိုင်ခြင်း

သင်္ဘောသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သင်္ဘောသီးမှာပါတဲ့ ဘီတာကယ်ရိုတင်းပမာဏများတာ ကြောင့်အသားအရေအရောင်ပြောင်းလာခြင်း carotenemia ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မျက်လုံး၊ ခြေဖဝါးလက်ဖဝါးတွေ ဝါလာတာမျိုးဆိုရင်တော့ အသားဝါရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။
ဆီးကျောက်တည်စေနိုင်ခြင်း

သင်္ဘောသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်ပြီး သင်္ဘောသီးတစ်လုံးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏ  ၃၀၀ ရာခိုင်နှုန်းကျော်ပိုမိုပါဝင်ပါတယ်။ စွမ်းအင်ပြည့်ဝတဲ့ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးပြီးကင်ဆာရောဂါကနေ ကာကွယ်ပေးသလို သွေးတိုး (hypertension)၊ သွေးကြောဆိုင်ရာဝေဒနာတွေနဲ့ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်တွင်းမှာ ဗီတာမင် ပမာဏ အရမ်းများလာတဲ့အခါ အဆိပ်အတောက်ဖြစ်စေပြီး ဆီးကျောက်တည်စေနိုင်ပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်စေနိုင်ခြင်း

သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက ပြင်းထန်တဲ့ ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အရာဖြစ်ပါတယ်။ သင်္ဘောသီးကိုအလွန်အကျွံစားသုံးမယ်ဆိုရင်

    အသက်ရှုကြပ်တာ
    သလိပ်ကပ်ပြီး အသက်ရှုရခက်တာ
    နှာခေါင်းပိတ်တာ
    ဓာတ်မတည့်မှုကြောင့်နှာစေးတာ
    ပန်းနာရင်ကြပ် (Asthma) တို့ခံစားရနိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်စေနိုင်ခြင်း

သင်္ဘောသီးက ကျန်းမာရေးကိုတော်တော်လေးအကျိုးပြုသလို အသည်းနဲ့ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲစားသုံးသင့်ပါတယ်။ သင်္ဘောစေ့မှာပါတဲ့ benzyl isothiocyanate  ဒြပ်ပေါင်းတစ်မျိုးက များများစားရင်အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

သင်္ဘောရွက်ကို သွေးလွန်တုပ်ကွေး (Dengue fever)၊ ငှက်ဖျား (Malaria) အတွက် သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ ကင်ဆာရောဂါအတွက်လည်း အသုံးပြုကြပါတယ်။

သင်္ဘောသီးနဲ့သင်္ဘောရွက်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့အချက်တွေရှိပေမယ့်လို့  ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ အနေနဲ့ရှောင်ကြဉ်သင့်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေအတွက်ကုသမှုခံယူနေရသူတွေနဲ့ သွေးကျဲဆးသောက်သုံးနေရသူတွေအနေနဲ့ သင်္ဘောသီးမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top