ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

“မိန္​းမ” ဆိုတာ….

“မိန္းမ ! လာစမ္း ခုခ်က္ခ်င္းနိပ္ေပးစမ္း”

“ဟုတ္ကဲ႕ ေယာက္်ား” “ခဏေလးေနာ္ဒီမွာ
ေမာင့္အဝတ္ေတြေလွ်ာ္ေနလို႕”

“ဟာကြာ လာဆိုခ်က္ခ်င္းမလာဘူး
ကဲဟာ ကဲဟာ ဖံုး ခြပ္ အင့္ မွတ္ပလား
ဒီေလာက္ရွိတဲ႕ မိန္းမ ဒါမွေတာ္ကာက်မယ္”

က်ဳပ္ကအဲ႕သလိုမ်ိဳး မထင္ရင္မထင္သလို
ေတြ႕ကရာနဲ႕ ေကာက္ေပါက္ပစ္တာ
မိန္းမဆိုတာ အဲ႕လိုေသးနိုင္ေခ်းနိုင္ နိုင္ထားမွ

အခုလည္းၾကည့္ ဗိုက္ဆာေနပါတယ္ဆို
ဘာလုပ္ေနလဲမသိဘူး

“မိန္းမ ! မိန္းမ ! ဟာကြာဒီမိန္းမ ဘာလုပ္ေနတာလဲ
အခုထိ ထမင္းပြဲမျပင္ရေသးဘူးလား
ေတာက္ ! ငါလုပ္လိုက္ရနာေတာ့မယ္”

“မ မ မဟုတ္ပါဘူး ေယာက္်ားရယ္ ျပင္ျပီးပါျပီ
ေယာက္်ားထမင္းစားရင္ ပူေနမွာစိုးလို႕ယပ္ခပ္ေပး
မလို႕ ယပ္ေတာင္ရွာေနတာပါ စိတ္မဆိုးပါနဲ႕ေနာ္”

“အဲ႕ဒီမွာ ထမင္းစားျပီးရင္ေသာက္ဖို႕ သံပုရာရည္ပါ
ေဖ်ာ္ထားေပးတယ္ မိန္းမကိုေတာ့ မရိုက္ပါနဲ႕
ေယာက္်ားရယ္ ”

“ေအးးးအရိုက္မခံခ်င္ရင္ေကာင္းေကာင္းေန
ၾကားလား ငါခ်စ္လို႕ယူထားတဲ႕မိန္းမ
လက္မပါခ်င္ဘူး”

“ဟုတ္ကဲ႕ ေယာက္်ား”

“ေအး ! ဒါနဲ႕ငါညက်ရင္ ေဘာလံုးပြဲၾကည့္ရင္းဘီယာ
ေသာက္မလို႕ အျမည္းေကာလုပ္ျပီးျပီးလား”

“ဟုတ္ ဟုတ္ လုပ္ျပီးပါျပီရွင့္ ဘီယာေကာ အျမည္း
ေကာ ေရခဲေသတၱာထဲမွာ ထည့္ထားပီးပါျပီ
ဘာခိုင္းစရာရွိေသးလဲရွင့္”

“ေအး အလုပ္မရွိရင္ အဝတ္ေတြသြားေလွ်ာ္ေန
အဝတ္ေလွ်ာ္ျပီးရင္ မေန႕ကေလွ်ာ္ထားတဲ႕အဝတ္
ေတြမီးပူတိုက္ အားလံုးျပီးရင္နားေတာ့”

သိတယ္မလား
မိန္းမဆိုတာလြယ္တာမဟုတ္ဘူး ယူခါစကတည္း
ကအပိုးက်ိဳးေအာင္ခိုင္းထားမွ လက္ပါသင္႕ရင္
ပါပစ္လိုက္ ။ နို႕မို႕ဆို အကန္းတက္တယ္ ။
က်ဳပ္ကိုဆိုမိန္းမက
ေစ့ေစ့ေတာင္ၾကည့္ရဲတာမဟုတ္ဘူး

ေအာ္ ! စကားေကာင္းေနတာနဲ႕ ေနေတာင္ေတာ္ေတာ္ပူ
ေနျပီ မိန္းမခပ္ထားေပးတဲ႕ေရေလးခ်ိဳးလိုက္ဦးမွပါ

ထိုစဥ္ အသံနက္ၾကီးတစ္ခုထြက္ေပၚလာသည္

“ဟဲ႕ မသာ ဘယ္အခ်ိန္ရွိေနျပီလဲ အိပ္ယာမထ
ေသးဘူးလား”

အမ္ ! ငါ လခြမ္း တစ္ကယ္ထင္ေနတာ အိပ္မက္ၾကီးဟ

“ထ ထပါျပီ မိန္းမရဲ႕ ခဏေလးေနာ္ေမာင္အိပ္ယာသိမ္းလိုက္ဦးးမယ္”

ဟီးဟီး ေက်ာ့္မိန္းမေခၚေနလို႕သြားလိုက္ဦးမယ္

ခုနကဟာေတြျပန္မေျပာနဲ႕ သက္လား

ေက်ာ့္မိန္းမကလက္သံေျပာင္တယ္ဗ် ဟီးဟီး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဖန္အိမ္
# Unicode Version ျဖင့္ ဖတ္ပါ #
“မိန်းမ” ဆိုတာ….

“မိန်းမ ! လာစမ်း ခုချက်ချင်းနိပ်ပေးစမ်း”

“ဟုတ်ကဲ့ ယောက်ျား” “ခဏလေးနော်ဒီမှာ
မောင့်အဝတ်တွေလျှော်နေလို့”

“ဟာကွာ လာဆိုချက်ချင်းမလာဘူး
ကဲဟာ ကဲဟာ ဖုံး ခွပ် အင့် မှတ်ပလား
ဒီလောက်ရှိတဲ့ မိန်းမ ဒါမှတော်ကာကျမယ်”

ကျုပ်ကအဲ့သလိုမျိုး မထင်ရင်မထင်သလို
တွေ့ကရာနဲ့ ကောက်ပေါက်ပစ်တာ
မိန်းမဆိုတာ အဲ့လိုသေးနိုင်ချေးနိုင် နိုင်ထားမှ

အခုလည်းကြည့် ဗိုက်ဆာနေပါတယ်ဆို
ဘာလုပ်နေလဲမသိဘူး

“မိန်းမ ! မိန်းမ ! ဟာကွာဒီမိန်းမ ဘာလုပ်နေတာလဲ
အခုထိ ထမင်းပွဲမပြင်ရသေးဘူးလား
တောက် ! ငါလုပ်လိုက်ရနာတော့မယ်”

“မ မ မဟုတ်ပါဘူး ယောက်ျားရယ် ပြင်ပြီးပါပြီ
ယောက်ျားထမင်းစားရင် ပူနေမှာစိုးလို့ယပ်ခပ်ပေး
မလို့ ယပ်တောင်ရှာနေတာပါ စိတ်မဆိုးပါနဲ့နော်”

“အဲ့ဒီမှာ ထမင်းစားပြီးရင်သောက်ဖို့ သံပုရာရည်ပါ
ဖျော်ထားပေးတယ် မိန်းမကိုတော့ မရိုက်ပါနဲ့
ယောက်ျားရယ် ”

“အေးးးအရိုက်မခံချင်ရင်ကောင်းကောင်းနေ
ကြားလား ငါချစ်လို့ယူထားတဲ့မိန်းမ
လက်မပါချင်ဘူး”

“ဟုတ်ကဲ့ ယောက်ျား”

“အေး ! ဒါနဲ့ငါညကျရင် ဘောလုံးပွဲကြည့်ရင်းဘီယာ
သောက်မလို့ အမြည်းကောလုပ်ပြီးပြီးလား”

“ဟုတ် ဟုတ် လုပ်ပြီးပါပြီရှင့် ဘီယာကော အမြည်း
ကော ရေခဲသေတ္တာထဲမှာ ထည့်ထားပီးပါပြီ
ဘာခိုင်းစရာရှိသေးလဲရှင့်”

“အေး အလုပ်မရှိရင် အဝတ်တွေသွားလျှော်နေ
အဝတ်လျှော်ပြီးရင် မနေ့ကလျှော်ထားတဲ့အဝတ်
တွေမီးပူတိုက် အားလုံးပြီးရင်နားတော့”

သိတယ်မလား
မိန်းမဆိုတာလွယ်တာမဟုတ်ဘူး ယူခါစကတည်း
ကအပိုးကျိုးအောင်ခိုင်းထားမှ လက်ပါသင့်ရင်
ပါပစ်လိုက် ။ နို့မို့ဆို အကန်းတက်တယ် ။
ကျုပ်ကိုဆိုမိန်းမက
စေ့စေ့တောင်ကြည့်ရဲတာမဟုတ်ဘူး

အော် ! စကားကောင်းနေတာနဲ့ နေတောင်တော်တော်ပူ
နေပြီ မိန်းမခပ်ထားပေးတဲ့ရေလေးချိုးလိုက်ဦးမှပါ

ထိုစဉ် အသံနက်ကြီးတစ်ခုထွက်ပေါ်လာသည်

“ဟဲ့ မသာ ဘယ်အချိန်ရှိနေပြီလဲ အိပ်ယာမထ
သေးဘူးလား”

အမ် ! ငါ လခွမ်း တစ်ကယ်ထင်နေတာ အိပ်မက်ကြီးဟ

“ထ ထပါပြီ မိန်းမရဲ့ ခဏလေးနော်မောင်အိပ်ယာသိမ်းလိုက်ဦးးမယ်”

ဟီးဟီး ကျော့်မိန်းမခေါ်နေလို့သွားလိုက်ဦးမယ်

ခုနကဟာတွေပြန်မပြောနဲ့ သက်လား

ကျော့်မိန်းမကလက်သံပြောင်တယ်ဗျ ဟီးဟီး

ဖိုးသူတော် (www.phothutaw.com)
Credit: ဖန်အိမ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top