တနသၤာရီတုိင္းေဒသၾကီး၊ ပေလာက္ၿမိဳ႕၊ ျပင္ဘုႀကီးေက်းရြာအုပ္စု ၊ သကၤန္းက်ဲေက်းရြာတြင္ ဖခင္ျဖစ္သူမွ သမီးအရင္းျဖစ္သူအား သားမယားအျဖစ္ အႀကိမ္ႀကိမ္ ျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္ ။
ျပင္ဘုႀကီးေက်းရြာအုပ္စု၊ သကၤန္းက်ဲ ေက်းရြာတြင္ေနထိုင္သည့္ ဖိုးကရင္(ခ)ရဲထြန္း (၅၉) နွစ္၊ သည္ ၎၏ ဇနီး မအင္မိုး (၃၉)ႏွစ္ ၊လြန္ခဲ့ေသာ ၁၀ ရက္ခန္႔က လင္မယားစကားမ်ားရန္ျဖစ္ၿပီး မအင္မိုးမွ ေနအိမ္မွဆင္းသြားေၾကာင္း သိရပါတယ္။
အဆိုပါေနအိမ္တြင္ ခင္ပြန္းျဖစ္သူ ဖိုးကရင္(ခ)ရဲထြန္း နွင့္ သမီးျဖစ္သူ မ … …(၁၂)ႏွစ္၊ တို႔ သားအဖနွစ္ဦးက်န္ရွိေနစဥ္ ေမလ ၂၆ ရက္၊ ညပိုင္းတြင္းတြင္ ဖခင္ျဖစ္သူ ဖိုးကရင္မွ သမီးအရင္းျဖစ္သူအား သားမယားအျဖစ္ ၂ ႀကိမ္၊ ၂၇ ရက္၊ ညပိုင္းတြင္ ၁ ႀကိမ္၊ ၂၈ ရက္၊ ညပိုင္းတြင္ ၁ ႀကိမ္ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း မိခင္ျဖစ္သူ ေဒၚအင္မိုး ေနအိမ္သို႔ျပန္လာစဥ္ သမီးျဖစ္သူမွေျပာျပတာေၾကာင့္ သိရပါတယ္။
သမီးအရင္းအား သားမယားအျဖစ္ အႀကိမ္ႀကိမ္ျပဳက်င့္သူ ဖိုးကရင္(ခ)ရဲထြန္းအား ပေလာက္နယ္ေျမရဲစခန္းမွ (ပ) ၇ /၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္းသိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမတ္ထြဋ္ (ၿမိတ္)
Myat Htut - Myeik (facebook)
#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စု ၊ သင်္ကန်းကျဲကျေးရွာတွင် ဖခင်ဖြစ်သူမှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။
ပြင်ဘုကြီးကျေးရွာအုပ်စု၊ သင်္ကန်းကျဲ ကျေးရွာတွင်နေထိုင်သည့် ဖိုးကရင်(ခ)ရဲထွန်း (၅၉) နှစ်၊ သည် ၎င်း၏ ဇနီး မအင်မိုး (၃၉)နှစ် ၊လွန်ခဲ့သော ၁၀ ရက်ခန့်က လင်မယားစကားများရန်ဖြစ်ပြီး မအင်မိုးမှ နေအိမ်မှဆင်းသွားကြောင်း သိရပါတယ်။
အဆိုပါနေအိမ်တွင် ခင်ပွန်းဖြစ်သူ ဖိုးကရင်(ခ)ရဲထွန်း နှင့် သမီးဖြစ်သူ မ … …(၁၂)နှစ်၊ တို့ သားအဖနှစ်ဦးကျန်ရှိနေစဉ် မေလ ၂၆ ရက်၊ ညပိုင်းတွင်းတွင် ဖခင်ဖြစ်သူ ဖိုးကရင်မှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် ၂ ကြိမ်၊ ၂၇ ရက်၊ ညပိုင်းတွင် ၁ ကြိမ်၊ ၂၈ ရက်၊ ညပိုင်းတွင် ၁ ကြိမ် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်အင်မိုး နေအိမ်သို့ပြန်လာစဉ် သမီးဖြစ်သူမှပြောပြတာကြောင့် သိရပါတယ်။
သမီးအရင်းအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သူ ဖိုးကရင်(ခ)ရဲထွန်းအား ပလောက်နယ်မြေရဲစခန်းမှ (ပ) ၇ /၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (facebook)