ေမာ္ဒယ္စူးရွထက္ကို အလိုမတူပဲ သားမယားျပဳက်င့္ခဲ့တာေၾကာင့္ မုဒိန္းမႈအပါအဝင္ ပုဒ္မ ၃ခုျဖင့္တရားစြဲခံထားရတဲ့ အဆိုေတာ္အစၥဏီရဲ႕ အမႈဟာ အနည္းငယ္ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း ပရိတ္သတ္ေတြရဲ႕ စိတ္ဝင္စားမႈကိုရွိေနဆဲျဖစ္ပါတယ္။ အဆိုေတာ္အစၥဏီရဲ႕ မိသားစုဝင္နဲ႔ အကိုတစ္ဝမ္းကြဲျဖစ္သူကိုေက်ာ္စြာတို႔ဟာ အစၥဏီဟာ မတရားစြပ္စြဲခံရတယ္ဆိုၿပီး အမႈမွန္ေပၚေပါက္ဖို႔ အစြမ္းကုန္ေဆာင္႐ြက္ေနတာလဲ ျဖစ္ပါတယ္။

ယေန႔မွာေတာ့ အဆိုေတာ္အစၥဏီကို ေခၚယူစစ္ေဆးခဲ့တာ ႐ုံးခ်ိန္းေပါင္း ၇ခ်ိန္တိတိရွိခဲ့ၿပီး ယေန႔၊ ဇြန္လ ၂၅ ရက္ေန႔မွာေတာ့ တရားလိုနဲ႔ မႈခင္း ဆရာဝန္ တို႔ကို စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ မႈခင္းဆရာဝန္ရဲ႕ ထြက္ဆိုခ်က္မ်ားကို အကိုျဖစ္သူ ကိုေက်ာ္စြာက သူရဲ႕ လူမႈစာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။

“ဒီေန႔အတြက္ တရားလိုျပသက္ေသအျဖစ္ မႈ႕ခင္းေဆးဆရာဝန္ႀကီး ဦးမင္းသူ ကထိက (မႈခင္းဖက္ဆိုင္ရာ ဆရာဝန္ႀကီး႐ုံး) နဲ႔ မဇာျခည္ေဌးကို စစ္တယ္။ပထမပိုင္းအေနနဲ႔ မႈ႕ခင္းေဆးထြက္ခ်က္ကို အရင္ေျပာပါမယ္။ ေဆးထြက္ခ်က္ကိုေျပာရမယ္ဆိုရင္ ၂ ပိုင္းျပန္ခြဲရပါမယ္။ ပုဒ္မ၃၇၆ အလိုမတူပဲအဓမၼျပဳက်င့္ပါတယ္ဆိုတဲ့ အမႈအတြက္ ေဆးစစ္ခ်က္အေျဖရယ္ သာမန္နာက်င္ေစမႈအတြက္ အေျဖရယ္ပါ။ ပုဒ္မ၃၇၆ အတြက္ ေဆးစစ္ခ်က္အေျဖကေတာ့ ေယာက်ာၤးေလးေရာ မိန္းကေလးေရာ ႏွစ္ေယာက္စလုံးရဲ႕ လိင္အဂၤါေတြကို အခင္းျဖစ္ၿပီးၿပီးျခင္း ရန္ကုန္ေဆး႐ုံႀကီး၌ ရွာေဖြစမ္းသပ္စစ္ေဆးရာ သုတ္ပိုးမေတြ႕ရွိျခင္း မိန္းမကိုယ္ႏွင့္ အူလမ္းေၾကာင္းမွာ ထိုးသြင္းဒဏ္ရာမရွိျခင္း ၊ ေယာက်ၤားအဂၤါမွာ ပြန္းရွဒဏ္ရာမရွိျခင္း ႏွင့္ အပ်ိဳအေမွးပါးတြင္ လတ္တေလာ ဒဏ္ရာမေတြ႕ရွိေၾကာင္း ၊ မွန္ျပားအမွတ္ ၃၈/၁၈နဲ႔ စစ္ေဆးမႈအရ အပ်ိဳအေမွးပါး၏ နာရီလက္တံ ၉ နာရီတြင္ေတာ့ ယခင္စုတ္ၿပဲ ဒဏ္ရာေဟာင္းတစ္ခု ေတြ႕ရွိၿပီး ယခုကိစၥနဲ႔ သက္ဆိုင္မႈ႕မရွိဟု ပါရွိသည္။ ကဲ ႏိုးဆိုရင္ႏိုးပဲဆိုတဲ့သူေတြကို ဘာမွျပန္ေျပာစရာမလိုေတာ့ဘူး ထင္တယ္ေနာ္ ။

နာက်င္ေစမႈအရ အေျဖေတြကေတာ့ သာမန္ပြန္းရွ ဖူးေရာင္ဒဏ္ရာမ်ားသာ ပါဝင္ၿပီး ဟန္ထြန္းတြင္လဲ အလားသဏၰန္တူ ဒဏ္ရာမ်ားစစ္ေဆးေတြ႕ရွိသည္။ သြားက်ိဳးသည္ဟုဆိုထားေသာ္လည္း ဆရာဝန္ထြက္ခ်က္အရ အလွစြပ္သြားအတု ထိပ္ဖ်ားပဲ့ဟုသာပါဝင္ၿပီး ဒဏ္ရာဟုမမွတ္ယူပါ။ ဆက္ထားေသာ လက္ခလယ္လက္သည္းႏွင့္ လက္သူႂကြယ္ လက္သည္းထိပ္က်ိဳး ။ ရင္ဘတ္ေအာင့္သည္ဟုေျပာေသာ္လည္း ဓါတ္မွန္႐ိုက္ၾကည့္ၿပီးေနာက္ အတြင္းဒဏ္ရာတစ္စုံတစ္ခုမရွိသျဖင့္ ေဆးကုသရန္မလိုဟုပါရွိသည္။ မ်က္စိမႈန္ဝါးျဖစ္သည္ဟု ေျပာၾကားေသာ္လည္း မ်က္လုံးမွာ သာမန္အျမင္ရွိပီး ဒဏ္ရာမရွိပါ။ ဦးေခါင္းဓတ္မွန္ နံ႐ိုးဓတ္မွန္ ဝမ္းဗိုက္ဓတ္မွန္ေတြအရ အကုန္ေကာင္းမြန္ေနပီး အတြင္းအူကလီစာေတြမွာလဲ ဒဏ္ရာမရွိပါ ဟု ပါရွိသည္ ဟုေရးသားထားပါတယ္။က်န္ရွိေနေသးတဲ့ အေၾကာင္းအရာမ်ားနဲ႔ပတ္သက္၍လည္း ထပ္မံေဖာ္ျပသြားမယ္ဆိုၿပီး သူရဲ႕ လူမႈစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ပရိတ္သတ္ေတြက အမႈမွန္ေပၚေပါက္ဖို႔ ေမွ်ာ္လင့္ေနၾကတဲ့ အစၥဏီနဲ႔ စူးရွထက္တို႔ရဲ႕အမႈမွာ အမွန္တရားအျမန္ဆုံးေပၚေပါက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါဦးေနာ္ ပရိတ္သတ္ႀကီးေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PetiMyanmar

#Unicode Version#
မော်ဒယ်စူးရှထက်ကို အလိုမတူပဲ သားမယားပြုကျင့်ခဲ့တာကြောင့် မုဒိန်းမှုအပါအဝင် ပုဒ်မ ၃ခုဖြင့်တရားစွဲခံထားရတဲ့ အဆိုတော်အစ္စဏီရဲ့ အမှုဟာ အနည်းငယ်ကြာမြင့်နေပြီဖြစ်သော်လည်း ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကိုရှိနေဆဲဖြစ်ပါတယ်။ အဆိုတော်အစ္စဏီရဲ့ မိသားစုဝင်နဲ့ အကိုတစ်ဝမ်းကွဲဖြစ်သူကိုကျော်စွာတို့ဟာ အစ္စဏီဟာ မတရားစွပ်စွဲခံရတယ်ဆိုပြီး အမှုမှန်ပေါ်ပေါက်ဖို့ အစွမ်းကုန်ဆောင်ရွက်နေတာလဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ အဆိုတော်အစ္စဏီကို ခေါ်ယူစစ်ဆေးခဲ့တာ ရုံးချိန်းပေါင်း ၇ချိန်တိတိရှိခဲ့ပြီး ယနေ့၊ ဇွန်လ ၂၅ ရက်နေ့မှာတော့ တရားလိုနဲ့ မှုခင်း ဆရာဝန် တို့ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်များကို အကိုဖြစ်သူ ကိုကျော်စွာက သူရဲ့ လူမှုစာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

“ဒီနေ့အတွက် တရားလိုပြသက်သေအဖြစ် မှု့ခင်းဆေးဆရာဝန်ကြီး ဦးမင်းသူ ကထိက (မှုခင်းဖက်ဆိုင်ရာ ဆရာဝန်ကြီးရုံး) နဲ့ မဇာခြည်ဌေးကို စစ်တယ်။ပထမပိုင်းအနေနဲ့ မှု့ခင်းဆေးထွက်ချက်ကို အရင်ပြောပါမယ်။ ဆေးထွက်ချက်ကိုပြောရမယ်ဆိုရင် ၂ ပိုင်းပြန်ခွဲရပါမယ်။ ပုဒ်မ၃၇၆ အလိုမတူပဲအဓမ္မပြုကျင့်ပါတယ်ဆိုတဲ့ အမှုအတွက် ဆေးစစ်ချက်အဖြေရယ် သာမန်နာကျင်စေမှုအတွက် အဖြေရယ်ပါ။ ပုဒ်မ၃၇၆ အတွက် ဆေးစစ်ချက်အဖြေကတော့ ယောကျာၤးလေးရော မိန်းကလေးရော နှစ်ယောက်စလုံးရဲ့ လိင်အင်္ဂါတွေကို အခင်းဖြစ်ပြီးပြီးခြင်း ရန်ကုန်ဆေးရုံကြီး၌ ရှာဖွေစမ်းသပ်စစ်ဆေးရာ သုတ်ပိုးမတွေ့ရှိခြင်း မိန်းမကိုယ်နှင့် အူလမ်းကြောင်းမှာ ထိုးသွင်းဒဏ်ရာမရှိခြင်း ၊ ယောင်္ကျားအင်္ဂါမှာ ပွန်းရှဒဏ်ရာမရှိခြင်း နှင့် အပျိုအမှေးပါးတွင် လတ်တလော ဒဏ်ရာမတွေ့ရှိကြောင်း ၊ မှန်ပြားအမှတ် ၃၈/၁၈နဲ့ စစ်ဆေးမှုအရ အပျိုအမှေးပါး၏ နာရီလက်တံ ၉ နာရီတွင်တော့ ယခင်စုတ်ပြဲ ဒဏ်ရာဟောင်းတစ်ခု တွေ့ရှိပြီး ယခုကိစ္စနဲ့ သက်ဆိုင်မှု့မရှိဟု ပါရှိသည်။ ကဲ နိုးဆိုရင်နိုးပဲဆိုတဲ့သူတွေကို ဘာမှပြန်ပြောစရာမလိုတော့ဘူး ထင်တယ်နော် ။

နာကျင်စေမှုအရ အဖြေတွေကတော့ သာမန်ပွန်းရှ ဖူးရောင်ဒဏ်ရာများသာ ပါဝင်ပြီး ဟန်ထွန်းတွင်လဲ အလားသဏ္ဏန်တူ ဒဏ်ရာများစစ်ဆေးတွေ့ရှိသည်။ သွားကျိုးသည်ဟုဆိုထားသော်လည်း ဆရာဝန်ထွက်ချက်အရ အလှစွပ်သွားအတု ထိပ်ဖျားပဲ့ဟုသာပါဝင်ပြီး ဒဏ်ရာဟုမမှတ်ယူပါ။ ဆက်ထားသော လက်ခလယ်လက်သည်းနှင့် လက်သူကြွယ် လက်သည်းထိပ်ကျိုး ။ ရင်ဘတ်အောင့်သည်ဟုပြောသော်လည်း ဓါတ်မှန်ရိုက်ကြည့်ပြီးနောက် အတွင်းဒဏ်ရာတစ်စုံတစ်ခုမရှိသဖြင့် ဆေးကုသရန်မလိုဟုပါရှိသည်။ မျက်စိမှုန်ဝါးဖြစ်သည်ဟု ပြောကြားသော်လည်း မျက်လုံးမှာ သာမန်အမြင်ရှိပီး ဒဏ်ရာမရှိပါ။ ဦးခေါင်းဓတ်မှန် နံရိုးဓတ်မှန် ဝမ်းဗိုက်ဓတ်မှန်တွေအရ အကုန်ကောင်းမွန်နေပီး အတွင်းအူကလီစာတွေမှာလဲ ဒဏ်ရာမရှိပါ ဟု ပါရှိသည် ဟုရေးသားထားပါတယ်။ကျန်ရှိနေသေးတဲ့ အကြောင်းအရာများနဲ့ပတ်သက်၍လည်း ထပ်မံဖော်ပြသွားမယ်ဆိုပြီး သူရဲ့ လူမှုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ပရိတ်သတ်တွေက အမှုမှန်ပေါ်ပေါက်ဖို့ မျှော်လင့်နေကြတဲ့ အစ္စဏီနဲ့ စူးရှထက်တို့ရဲ့အမှုမှာ အမှန်တရားအမြန်ဆုံးပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါဦးနော် ပရိတ်သတ်ကြီးရေ…


ဖိုးသူတော် (www.phothutaw.com)
Credit: PetiMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top