×

လက္သည္း၀ါတာဟာ အလွအပႀကိဳက္တဲ့ မိန္းကေလးေတြအတြက္ စိတ္ရႈပ္စရာပါ။ ေန႔စဥ္သံုးစြဲေနတဲ့ လက္သည္းနီဆိုးေဆးေတြေၾကာင့္ လက္သည္းကို ပို၀ါေစပါတယ္။ ဒါ့ေၾကာင့္ လက္သည္းဆိုးမယ္ဆိုရင္ ေအာက္ခံအၾကည္ေလးကို ဆိုးေပးဖို႔လိုအပ္တာပါ။

လက္သည္း၀ါတာေတြ သက္သာေပ်ာက္ကင္းေစဖို႔ သဘာ၀နည္းလမ္းေလးေတြကို မွ်ေ၀ေပးသြားပါမယ္။

၁။ သံပုရာသီး

သံပုရာသီးနဲ႔ လက္သည္းေလးေတြကို ပြတ္တိုက္ေပးပါ။ ဒါမွမဟုတ္ ခြက္တစ္လံုးထဲမွာ သံပုရာသီးကိုအရည္ညွစ္ထည့္ၿပီး လက္သည္းကို ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ စိမ္ထားေပးပါ။

ၿပီးရင္ Brush နဲ႔ တိုက္ေပးပါ။ အဲဒီေနာက္ ေရေဆးခ်လိုက္ပါ။

၂။ ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုက္

ဟိုက္ဒရိုဂ်င္ပါေအာက္ဆိုက္အရည္ စားပြဲတင္ဇါန္း ၄ ဇြန္း၊ ေရ ခြက္တစ္၀က္ကိုေရာၿပီးေသခ်ာေမြပါ။ ၿပီးရင္ လက္သည္းကို ၂ မိနစ္ေလာက္စိမ္ထားၿပီး သြားပြတ္တံနဲ႔ တိုက္ခ်ေပးလိုက္ပါ။

၃။ သြားတိုက္ေဆး

သက္သည္းမွာ သြားတိုက္ေဆးနည္းနည္းထည့္ေပးၿပီး ေျခာက္ေအာင္ထားပါ။ ၿပီးရင္ Brush နဲ႔ ပြတ္ိုက္ေပးပါ။

ၿပီးရင္၀ါဂြမ္းကိုေရတို႔ၿပီး သြားတိုက္ေဆးကို ေဆးခ်ပါ။

အထက္ပါနည္းလမ္းေတြကို ေျခသည္းေလးေတြ ျပန္လည္ျဖဴ၀င္းေစဖို႔လည္း အသံုးျပဳႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myhealthmyanmar

#Unicode Version#
လက်သည်းဝါတာဟာ အလှအပကြိုက်တဲ့ မိန်းကလေးတွေအတွက် စိတ်ရှုပ်စရာပါ။ နေ့စဉ်သုံးစွဲနေတဲ့ လက်သည်းနီဆိုးဆေးတွေကြောင့် လက်သည်းကို ပိုဝါစေပါတယ်။ ဒါ့ကြောင့် လက်သည်းဆိုးမယ်ဆိုရင် အောက်ခံအကြည်လေးကို ဆိုးပေးဖို့လိုအပ်တာပါ။

လက်သည်းဝါတာတွေ သက်သာပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ သံပုရာသီး

သံပုရာသီးနဲ့ လက်သည်းလေးတွေကို ပွတ်တိုက်ပေးပါ။ ဒါမှမဟုတ် ခွက်တစ်လုံးထဲမှာ သံပုရာသီးကိုအရည်ညှစ်ထည့်ပြီး လက်သည်းကို ၁၀ မိနစ် ၁၅ မိနစ်လောက် စိမ်ထားပေးပါ။

ပြီးရင် Brush နဲ့ တိုက်ပေးပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။

၂။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် စားပွဲတင်ဇါန်း ၄ ဇွန်း၊ ရေ ခွက်တစ်ဝက်ကိုရောပြီးသေချာမွေပါ။ ပြီးရင် လက်သည်းကို ၂ မိနစ်လောက်စိမ်ထားပြီး သွားပွတ်တံနဲ့ တိုက်ချပေးလိုက်ပါ။

၃။ သွားတိုက်ဆေး

သက်သည်းမှာ သွားတိုက်ဆေးနည်းနည်းထည့်ပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် Brush နဲ့ ပွတိုက်ပေးပါ။

ပြီးရင်ဝါဂွမ်းကိုရေတို့ပြီး သွားတိုက်ဆေးကို ဆေးချပါ။

အထက်ပါနည်းလမ်းတွေကို ခြေသည်းလေးတွေ ပြန်လည်ဖြူဝင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myhealthmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top