×

ပုသိမ္ၿမိဳ႕ ငဝန္ျမစ္အတြင္း သူငယ္ခ်င္းမ်ားႏွင့္အတူ ေရဆင္းကူးရာမွ ေရနစ္ေသဆုံးခဲ့သည့္ ဆယ္တန္းေက်ာင္းသား စာေမးပြဲေအာင္ျမင္ေၾကာင္း ၎၏ မိသားစုဝင္မ်ားထံမွ သိရွိရသည္။

တကၠသုိလ္ဝင္စာေမးပြဲေျဖဆုိထားသည့္ အသက္ ၁၆ ႏွစ္အရြယ္ ေမာင္ထက္ဇံလင္းသည္ ေမလ ၂၃ ရက္က ငဝန္ျမစ္အတြင္း ေရဆင္းကူးရာမွ ေရနစ္ေသဆုံးခဲ့ျခင္းျဖစ္သည္။

၎၏ မိခင္ျဖစ္သူက “သိပၸံြဘာသာတြဲပါ။ ေအာင္ပါတယ္။ သူကေျဖၿပီးကတည္းက ေျဖနုိင္တယ္လုိ႔ ေျပာခဲ့တာပါ။ တစ္ခါေသတာ ႏွစ္ခါေၾကကြဲရပါတယ္”ဟု ေျပာၾကားသည္။

ယေန႔ ဇြန္ ၂ ရက္ထုတ္ျပန္ေသာ ဆယ္တန္းေအာင္စာရင္းတြင္ ပုသိမ္ၿမိဳ႕နယ္မွ ေျဖသူ ၆၃၀၀ ေက်ာ္ရွိသည့္အနက္ ၂၃၀၀ ေက်ာ္ ေအာင္ျမင္ခဲ့ရာ ၃၆ ဒသမ ၆၄ ရာခုိင္ႏႈန္း ေအာင္ခ်က္ရွိသည္။

ပုသိမ္ၿမိဳ႕နယ္တြင္ ဘာသာစုံဂုဏ္ထူးရသူ ၃ ဦး၊ ၅ ဘာသာ ၆၅ ဦး၊ ၄ ဘာသာ ၂၁၆ ဦး အပါအဝင္ ၃၊ ၂၊ ၁ ဘာသာဂုဏ္ထူးရွင္မွာ ေထာင္ဂဏန္းအထိ ပါဝင္သည္ကုိ ပုသိမ္ၿမိဳ႕နယ္ပညာေရးမွဴးရုံးထံမွ သိရွိရသည္။

ဧရာဝတီတုိင္းေဒသႀကီးတစ္ခုလုံးတြင္ ႀကံခင္းၿမိဳ႕နယ္က ေအာင္ခ်က္ ၄၂ ဒသမ ၆၉ ရာခုိင္ႏႈန္းျဖင့္ တစ္တုိင္းလုံးတြင္ ေအာင္ခ်က္အေကာင္းဆုံးျဖစ္ေၾကာင္း တုိင္းပညာေရးမွဴးရုံးထုတ္ျပန္ခ်က္အရ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thevoice

#Unicode Version#
ပုသိမ်မြို့ ငဝန်မြစ်အတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့သည့် ဆယ်တန်းကျောင်းသား စာမေးပွဲအောင်မြင်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရှိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသည့် အသက် ၁၆ နှစ်အရွယ် မောင်ထက်ဇံလင်းသည် မေလ ၂၃ ရက်က ငဝန်မြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်း၏ မိခင်ဖြစ်သူက “သိပ္ပွံဘာသာတွဲပါ။ အောင်ပါတယ်။ သူကဖြေပြီးကတည်းက ဖြေနိုင်တယ်လို့ ပြောခဲ့တာပါ။ တစ်ခါသေတာ နှစ်ခါကြေကွဲရပါတယ်”ဟု ပြောကြားသည်။

ယနေ့ ဇွန် ၂ ရက်ထုတ်ပြန်သော ဆယ်တန်းအောင်စာရင်းတွင် ပုသိမ်မြို့နယ်မှ ဖြေသူ ၆၃၀၀ ကျော်ရှိသည့်အနက် ၂၃၀၀ ကျော် အောင်မြင်ခဲ့ရာ ၃၆ ဒသမ ၆၄ ရာခိုင်နှုန်း အောင်ချက်ရှိသည်။

ပုသိမ်မြို့နယ်တွင် ဘာသာစုံဂုဏ်ထူးရသူ ၃ ဦး၊ ၅ ဘာသာ ၆၅ ဦး၊ ၄ ဘာသာ ၂၁၆ ဦး အပါအဝင် ၃၊ ၂၊ ၁ ဘာသာဂုဏ်ထူးရှင်မှာ ထောင်ဂဏန်းအထိ ပါဝင်သည်ကို ပုသိမ်မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးတွင် ကြံခင်းမြို့နယ်က အောင်ချက် ၄၂ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့် တစ်တိုင်းလုံးတွင် အောင်ချက်အကောင်းဆုံးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထုတ်ပြန်ချက်အရ သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thevoice

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top