iMyanmarHouse.com - Best Property Website for Myanmar
×

အဆီျပန္လြန္းတဲ့ ဆံပင္ေၾကာင့္ မၾကာခဏ စိတ္ညစ္ရတယ္ မဟုတ္လား။ Hana ဆိုရင္လည္း အဆီျပန္လြန္းတဲ့ ဆံပင္ေၾကာင့္ အျပင္သြားခါနီးတိုင္း အၿမဲေခါင္းေလွ်ာ္ရတာေတြ ၊ အၿမဲဆံပင္က ကပ္ကပ္ျပားျပားႀကီး ျဖစ္ေနလို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေပ်ာက္တဲ့ အျဖစ္ေတြအမ်ားႀကီး ႀကံဳရပါတယ္။ ဒါေၾကာင့္မို႔ အင္တာနက္က နည္းလမ္းေတြ ရွာေဖြလုပ္ၾကည့္တဲ့အခါ အခ်ိဳ႕နည္းလမ္းေတြက အဆင္ေျပလို႔ ေယာင္းတို႔ကို မွ်ေဝေပးလိုက္ပါတယ္။

၁။ အဆီျပန္တဲ့ ဆံပင္အတြက္ ထုတ္တဲ့ shampooသံုးပါ။

ေခါင္းေလွ်ာ္ရည္က ဆံပင္အမ်ိဳးမ်ိဴးအတြက္ ထုတ္ထားတာ အမ်ိဳးမ်ိဳးပါ။ ေယာင္းဟာ ဆံပင္အဆီျပန္တတ္တဲ့သူ ဆိုရင္ ႀကံဳတဲ့ရွန္ပူနဲ႔ ႀကံဳသလို ေလွ်ာ္လို႔မရပါဘူး။ အဆီထြက္တဲ့ ဆံပင္ကို အဆီျဖည့္ေပးတဲ့ ရွန္ပူသံုးရင္ ပိုမဆိုးသြားဘူးလား။ ဒါေၾကာင့္မို႔ အေရာင္းေကာင္တာေတြမွာ ေသခ်ာေမးၿပီး သူတို႔ညႊန္းေပးတဲ့ ရွန္ပူကို စြဲသံုးၾကည့္ပါ။

၂။ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္ (apple cider vinegar) ကို city martေတြမွာ အလြယ္တကူ ရွာေတြ႔နိုင္ပါတယ္။ သူ႔ရဲ႕အစြမ္းကလည္း တကယ့္ကို အံ့မခန္းပါပဲ။ ေရ၁ခြက္ထဲမွာ ရွာလကာရည္ အနည္းငယ္ေရာၿပီး ဆံပင္ကို ေရထဲမွာစိမ္ၿပီး ႏွံ႔ေအာင္ နယ္ေပးပါ။ မိနစ္အနည္းငယ္ထားၿပီးရင္ ေရေဆးလိုက္ရုံပါပဲ။ တစ္ပတ္ကို ၂ခါ၃ခါ လုပ္ေပးပါ။

၃။ဘီယာ

ကဲ…ဒီနည္းလမ္းေလးကေတာ့ ကိုယ္ေတြအႀကိဳက္ဆံုးေပါ့ေနာ္။ ဘီယာေလးလည္း ေသာက္ရင္း ေခါင္းေလးလည္း ေလွ်ာ္ရင္းေပါ့။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါတိုင္း ေရအနည္းငယ္ေရာၿပီး ေခါင္းေပၚေလာင္းခ်လိုက္ပါ။ ၅မိနစ္ေလာက္ထားၿပီး ေရခ်ိဳးဂ်ီးတြန္းေနလိုက္ပါ။ ၅မိနစ္ျပည့္သြားရင္ ေရေဆးခ်လိုက္ပါ။ အရမ္း သိသာတဲ့ေျပာင္းလဲမႈကို ေတြ႔ရမွာပါ။

၄။ ၾကက္ဥအကာ

ၾကက္ဥအကာက မ်က္ႏွာမွာ အဆီေၾကာင့္ျဖစ္တဲ့ ဝက္ျခံေတြနဲ႔ အဆီေတြကိုေတာင္ ေပ်ာက္ကင္းေစပါတယ္။ ဆံသားမွာ ေပါင္းတင္ေပးရင္ေတာ့ ဦးေရျပားအဆီထြက္တာေတြကို သက္သာေစၿပီး ဆံႏြယ္ေလးကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။ ၾကက္ဥအကာႏွစ္လံုးကို သံပရာသီးညွစ္ၿပီး နာနာေခါက္ပါ။ ဆံပင္အႏွံ႔လိမ္းၿပီးရင္ ၅မိနစ္ေလာက္ထားၿပီး ေရေဆးပါ။ မၾကာခဏ လုပ္ေပးရင္ ထူးျခားတဲ့ ရလဒ္ကိုေတြ႔ရမွာပါ။

၅။ မုန္႔ဖုတ္ေဆာ္ဒါ

မုန္႔ဖုတ္ေဆာ္ဒါကလည္း ဆံပင္အဆီထြက္တာကို ထိန္းသိမ္းေပးပါတယ္။ ေခါင္းေလွ်ာ္တိုင္းမွာ မုန္႔ဖုတ္ေဆာ္ဒါ၂ဇြန္းကို ေရာၿပီးေလွ်ာ္မယ္ဆိုရင္ ဆံပင္အဆီထြက္တာ အေတာ္ေလးသက္သာသြားတာကို ေတြ႔ရပါတယ္။ ေခါင္းေလွ်ာ္ရည္နဲ႔ မေရာဘဲ ေရအနည္းငယ္နဲ႔ ေရာေလွ်ာ္မယ္ဆိုလည္း အဆင္ေျပပါတယ္ေနာ္..

ဒီနည္းေလးေတြကေတာ့ ဆံပင္အဆီထြက္တာကို ေလ်ာ့ခ်ေပးတဲ့ တကယ္ကို အဆင္ေျပတဲ့နည္းလမ္းေလးေတြပါ။ Hanaေျပာျပတဲ့ နည္းလမ္းေလးေတြအတိုင္း လုပ္ၾကည့္ၿပီး အဆီကင္းေဝးၿပီး ႏူးညံ့တဲ့ဆံသားေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hana (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အဆီပြန်လွန်းတဲ့ ဆံပင်ကြောင့် မကြာခဏ စိတ်ညစ်ရတယ် မဟုတ်လား။ Hana ဆိုရင်လည်း အဆီပြန်လွန်းတဲ့ ဆံပင်ကြောင့် အပြင်သွားခါနီးတိုင်း အမြဲခေါင်းလျှော်ရတာတွေ ၊ အမြဲဆံပင်က ကပ်ကပ်ပြားပြားကြီး ဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်တဲ့ အဖြစ်တွေအများကြီး ကြုံရပါတယ်။ ဒါကြောင့်မို့ အင်တာနက်က နည်းလမ်းတွေ ရှာဖွေလုပ်ကြည့်တဲ့အခါ အချို့နည်းလမ်းတွေက အဆင်ပြေလို့ ယောင်းတို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ အဆီပြန်တဲ့ ဆံပင်အတွက် ထုတ်တဲ့ shampooသုံးပါ။

ခေါင်းလျှော်ရည်က ဆံပင်အမျိုးမျိူးအတွက် ထုတ်ထားတာ အမျိုးမျိုးပါ။ ယောင်းဟာ ဆံပင်အဆီပြန်တတ်တဲ့သူ ဆိုရင် ကြုံတဲ့ရှန်ပူနဲ့ ကြုံသလို လျှော်လို့မရပါဘူး။ အဆီထွက်တဲ့ ဆံပင်ကို အဆီဖြည့်ပေးတဲ့ ရှန်ပူသုံးရင် ပိုမဆိုးသွားဘူးလား။ ဒါကြောင့်မို့ အရောင်းကောင်တာတွေမှာ သေချာမေးပြီး သူတို့ညွှန်းပေးတဲ့ ရှန်ပူကို စွဲသုံးကြည့်ပါ။

၂။ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် (apple cider vinegar) ကို city martတွေမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ သူ့ရဲ့အစွမ်းကလည်း တကယ့်ကို အံ့မခန်းပါပဲ။ ရေ၁ခွက်ထဲမှာ ရှာလကာရည် အနည်းငယ်ရောပြီး ဆံပင်ကို ရေထဲမှာစိမ်ပြီး နှံ့အောင် နယ်ပေးပါ။ မိနစ်အနည်းငယ်ထားပြီးရင် ရေဆေးလိုက်ရုံပါပဲ။ တစ်ပတ်ကို ၂ခါ၃ခါ လုပ်ပေးပါ။

၃။ဘီယာ

ကဲ…ဒီနည်းလမ်းလေးကတော့ ကိုယ်တွေအကြိုက်ဆုံးပေါ့နော်။ ဘီယာလေးလည်း သောက်ရင်း ခေါင်းလေးလည်း လျှော်ရင်းပေါ့။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေအနည်းငယ်ရောပြီး ခေါင်းပေါ်လောင်းချလိုက်ပါ။ ၅မိနစ်လောက်ထားပြီး ရေချိုးဂျီးတွန်းနေလိုက်ပါ။ ၅မိနစ်ပြည့်သွားရင် ရေဆေးချလိုက်ပါ။ အရမ်း သိသာတဲ့ပြောင်းလဲမှုကို တွေ့ရမှာပါ။

၄။ ကြက်ဥအကာ

ကြက်ဥအကာက မျက်နှာမှာ အဆီကြောင့်ဖြစ်တဲ့ ဝက်ခြံတွေနဲ့ အဆီတွေကိုတောင် ပျောက်ကင်းစေပါတယ်။ ဆံသားမှာ ပေါင်းတင်ပေးရင်တော့ ဦးရေပြားအဆီထွက်တာတွေကို သက်သာစေပြီး ဆံနွယ်လေးကို နူးညံ့ပျော့ပျောင်းစေပါတယ်။ ကြက်ဥအကာနှစ်လုံးကို သံပရာသီးညှစ်ပြီး နာနာခေါက်ပါ။ ဆံပင်အနှံ့လိမ်းပြီးရင် ၅မိနစ်လောက်ထားပြီး ရေဆေးပါ။ မကြာခဏ လုပ်ပေးရင် ထူးခြားတဲ့ ရလဒ်ကိုတွေ့ရမှာပါ။

၅။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကလည်း ဆံပင်အဆီထွက်တာကို ထိန်းသိမ်းပေးပါတယ်။ ခေါင်းလျှော်တိုင်းမှာ မုန့်ဖုတ်ဆော်ဒါ၂ဇွန်းကို ရောပြီးလျှော်မယ်ဆိုရင် ဆံပင်အဆီထွက်တာ အတော်လေးသက်သာသွားတာကို တွေ့ရပါတယ်။ ခေါင်းလျှော်ရည်နဲ့ မရောဘဲ ရေအနည်းငယ်နဲ့ ရောလျှော်မယ်ဆိုလည်း အဆင်ပြေပါတယ်နော်..

ဒီနည်းလေးတွေကတော့ ဆံပင်အဆီထွက်တာကို လျော့ချပေးတဲ့ တကယ်ကို အဆင်ပြေတဲ့နည်းလမ်းလေးတွေပါ။ Hanaပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်ပြီး အဆီကင်းဝေးပြီး နူးညံ့တဲ့ဆံသားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hana (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top