မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မႏၲေလးၿမိဳ႕တြင္ အိမ္အကူမိန္းကေလးကုိ မ်က္လုံးတစ္ဖက္ကြယ္ကာ မ်က္ႏွာတစ္ျခမ္း ပ်က္စီးသည္အထိ အက္စစ္ျဖင့္ ပက္ျခင္း၊ ရွစ္ႏွစ္ခန္႔ၾကာ ပိတ္ေလွာင္ထားျခင္းတုိ႔ျပဳလုပ္ခဲ့သည့္ အိမ္ရွင္အမ်ဳိးသမီးႏွစ္ဦးအား မတ္ ၁ ရက္က ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း မႏၲေလးတုိင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၂၀၀၈ ခုႏွစ္ခန္႔က ရြာငံၿမိဳ႕နယ္ နဘမ္းႀကီးေက်းရြာတြင္ေနထုိင္သည့္ မနန္းေမဇင္ဦးအား ေဒၚမိုးမိုးဆိုသူက မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာ ရပ္ကြက္ရွိ ကုန္စံုဆိုင္တြင္  တစ္လက်ပ္တစ္ေသာင္းျဖင့္ အလုပ္လုပ္ရန္ေခၚေဆာင္လာခဲ့ေၾကာင္း၊ ထုိ႔ေနာက္ ေဒၚမုိးမုိး ကုန္စံုဆုိင္ပိတ္လုိက္သျဖင့္ ေဒၚမုိးမိုး၏ အစ္ကုိျဖစ္သူ ကုန္စံုဆုိင္သို႔ ထပ္မံအလုပ္လုပ္ခဲ့ရၿပီး ထုိသုိ႔ အလုပ္လုပ္ေနစဥ္ ၂၀၁၀ ျပည့္ႏွစ္တြင္ ေဒၚမုိးမုိး၏ ေခြၽးမေတာ္စပ္သူ မနီနီႏုႏြယ္၏ သူငယ္ခ်င္းမ်ားႏွင့္ သႀကၤန္လည္ခဲ့ေၾကာင္း သိရသည္။

ထုိသုိ႔ သႀကၤန္လည္စဥ္ မနီနီႏုႏြယ္ သူငယ္ခ်င္းဆုိသူ ဟိန္းကုိကိုက မနန္းေမဇင္ဦးအား ခ်စ္ႀကိဳက္ေၾကာင္း ေျပာဆုိရာမွစ၍ မနီနီႏုႏြယ္က မနန္းေမဇင္ဦးကုိ ႐ိုင္းပ်စြာ ဆက္ဆံလာခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ သႀကၤန္ႏွစ္ဆန္းတစ္ရက္တြင္ မနန္းေမဇင္ဦးေရခ်ဳိးေနစဥ္ မနီနီႏုႏြယ္က အက္စစ္ျဖင့္ ပက္ရာ ၀ဲဘက္ မ်က္ႏွာတစ္ျခမ္းပ်က္စီးခဲ့ၿပီး ၀ဲဘက္မ်က္လံုး ကြယ္ခဲ့ရသည္ဟု ရဲမွတ္တမ္းတြင္ ေဖာ္ျပမႈမ်ားအရ သိရသည္။

“ေကာင္မေလးရဲ႕ ေျပာျပခ်က္နဲ႔ သံသယျဖစ္ဖြယ္ေတြ႕ရွိရပါတယ္။ ဒီကေလးမေလး အိမ္ထဲမွာ ကိုယ္တိုင္ခံစားခဲ့ရတာေတြ အရ ျဖစ္ဖို႔မ်ားပါတယ္။ မ်က္ျမင္ေတြ႕ရွိခ်က္ကေတာ့ ဒဏ္ရာေတြ အေတာ္ဆုိးပါတယ္။ ခႏၡာကုိယ္ဘယ္ဘက္ျခမ္းက အေရျပားေတြအ ကုန္ပ်က္စီးသြားသလို ဘယ္ဘက္မ်က္လံုးလည္း ကြယ္သြားပါတယ္” ဟု အမွတ္ (၁၁) လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု (မႏၲေလး)မွ ရဲမွဴးမ်ဳိးဇင္က ေျပာၾကားသည္။

ထုိသုိ႔ အက္စစ္ျဖင့္ အေလာင္းခံရသည့္ ဒဏ္ရာမ်ားေၾကာင့္ မနန္းေမဇင္ဦးကုိ ေဒၚမုိးမိုးက ျပဳစုေပးခဲ့ေၾကာင္း သိရၿပီး မနန္းေမဇင္ဦး၏ဖခင္ျဖစ္သူ ေရာက္လာခ်ိန္တြင္  ေဆးကုသေပးမည္ျဖစ္သျဖင့္ အမႈမဖြင့္ရန္ ရပ္ကြက္႐ံုးသုိ႔ ေခၚေဆာင္ၿပီးလက္မွတ္ေရးထုိးခိုင္း ခဲ့ေၾကာင္း၊ မနန္းေမဇင္ဦး၏ ဖခင္ျဖစ္သူကုိ က်ပ္တစ္သိန္းတစ္ႀကိမ္၊ သံုးလခန္႔အၾကာတြင္ က်ပ္ႏွစ္သိန္းတစ္ႀကိမ္ေပးခဲ့ေၾကာင္း၊ ထိုသို႔အက္စစ္ျဖင့္ ပက္ခဲ့သည့္ဒဏ္ရာမ်ားေၾကာင့္ အခန္းတြင္းပိတ္ေလွာင္ထားခဲ့ရာ ေလးႏွစ္ခန္႔ၾကာခဲ့သည္ဟု သိရသည္။

ထုိသို႔ ေနထုိင္စဥ္ မနန္းေမဇင္ဦးသည္ အမိႈက္ပံုးသြန္ရာ မႏုိင္သျဖင့္ေမွာက္က်ခဲ့ရာ မနီနီႏုႏြယ္က နံရံႏွင့္ တြန္းကန္ေဆာင့္လွဲျခင္း၊ ၀က္စာပံုးထဲသို႔ မ်က္ႏွာအပ္ၿပီး ဖိခ်ျခင္း၊ ဆဲဆိုႀကိမ္းေမာင္းျခင္းမ်ားျပဳလုပ္ခဲ့သျဖင့္ ၎တုိ႔ အလစ္တြင္ ေနအိမ္မွထြက္ေျပးခဲ့ရာ အမ်ဳိးသမီးေရးရာအဖြဲ႕ႏွင့္ ေတြ႕ဆံုခဲ့ၿပီး ယခုျဖစ္စဥ္ ေပၚေပါက္ခဲ့ရသည္ဟု သိရသည္။

“အက္စစ္နဲ႔ ပက္ခံရတဲ့ ဒဏ္ရာေတြရရွိကတည္းက အိပ္ခန္းထဲပိတ္ေလွာင္တာ ေလးႏွစ္ေလာက္ၾကာတယ္လုိ႔ သိရပါတယ္။ ေရခ်ဳိးခ်ိန္ေလာက္ပဲ အျပင္ထုတ္တယ္။ေလးႏွစ္ေလာက္ၾကာၿပီး ဒဏ္ရာေတြသက္သာေတာ့မွ အိမ္ထဲမွာပဲ ေနထုိင္သြားလာခြင့္ရၿပီး အိမ္ အလုပ္ေတြလုပ္ေပးခဲ့ရတယ္လို႔ သိရတယ္။ အျပင္ကိုေတာ့ ထြက္ခြင့္မရဘူး။ အလုပ္လုပ္ေပးခဲ့ရတာ ေလးႏွစ္ဆုိေတာ့ စုစုေပါင္း ရွစ္ႏွစ္ေပါ့။ သူအိမ္ကထြက္လာခဲ့တာေတာ့ ၁၄ ႏွစ္အရြယ္ပဲ ရွိေသးတယ္။ မ်က္လံုးတစ္ဖက္ကေတာ့ ကြယ္သြားၿပီ။ ခႏၶာကုိယ္တစ္ ျခမ္းလံုး အက္စစ္ပက္ခံရတဲ့ဒဏ္ရာေတြ ကုသဖို႔အတြက္လည္း ကြၽန္မတို႔ေဆာင္ရြက္ေပးရမွာျဖစ္လို႔ ကူညီၾကေစလိုပါတယ္” ဟု  မနန္းေမဇင္ဦးကိစၥ လုိက္ပါကူညီေဆာင္ရြက္ေပးေနသည့္  မႏၲေလးတုိင္းေဒသႀကီး အမ်ဳိးသမီးေရးရာအဖြဲ႕မွ တုိင္းအတြင္းေရးမွဴး ေဒၚ သႏၲာဘုန္း၀င္းက ဆုိသည္။

အဆုိပါျဖစ္ရပ္မ်ား က်ဴးလြန္ခဲ့သူ မနီနီႏုႏြယ္ႏွင့္ ေဒၚမိုးမိုးအား ရဲမွဴးမ်ဳိးဇင္က တရားလိုျပဳလုပ္ကာ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ အရ အမႈဖြင့္ ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။

Source – Eleven
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Search Myanmar

#Unicode Version#
မန္တလေးမြို့တွင် အိမ်အကူမိန်းကလေးကို မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းတို့ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီးနှစ်ဦးအား မတ် ၁ ရက်က ဖမ်းဆီးအမှုဖွင့်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၀၈ ခုနှစ်ခန့်က ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးအား ဒေါ်မိုးမိုးဆိုသူက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်ရှိ ကုန်စုံဆိုင်တွင်  တစ်လကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန်ခေါ်ဆောင်လာခဲ့ကြောင်း၊ ထို့နောက် ဒေါ်မိုးမိုး ကုန်စုံဆိုင်ပိတ်လိုက်သဖြင့် ဒေါ်မိုးမိုး၏ အစ်ကိုဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံအလုပ်လုပ်ခဲ့ရပြီး ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သင်္ကြန်လည်ခဲ့ကြောင်း သိရသည်။

ထိုသို့ သင်္ကြန်လည်စဉ် မနီနီနုနွယ် သူငယ်ချင်းဆိုသူ ဟိန်းကိုကိုက မနန်းမေဇင်ဦးအား ချစ်ကြိုက်ကြောင်း ပြောဆိုရာမှစ၍ မနီနီနုနွယ်က မနန်းမေဇင်ဦးကို ရိုင်းပျစွာ ဆက်ဆံလာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သင်္ကြန်နှစ်ဆန်းတစ်ရက်တွင် မနန်းမေဇင်ဦးရေချိုးနေစဉ် မနီနီနုနွယ်က အက်စစ်ဖြင့် ပက်ရာ ဝဲဘက် မျက်နှာတစ်ခြမ်းပျက်စီးခဲ့ပြီး ဝဲဘက်မျက်လုံး ကွယ်ခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြမှုများအရ သိရသည်။

“ကောင်မလေးရဲ့ ပြောပြချက်နဲ့ သံသယဖြစ်ဖွယ်တွေ့ရှိရပါတယ်။ ဒီကလေးမလေး အိမ်ထဲမှာ ကိုယ်တိုင်ခံစားခဲ့ရတာတွေ အရ ဖြစ်ဖို့များပါတယ်။ မျက်မြင်တွေ့ရှိချက်ကတော့ ဒဏ်ရာတွေ အတော်ဆိုးပါတယ်။ ခန္ခာကိုယ်ဘယ်ဘက်ခြမ်းက အရေပြားတွေအ ကုန်ပျက်စီးသွားသလို ဘယ်ဘက်မျက်လုံးလည်း ကွယ်သွားပါတယ်” ဟု အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲမှူးမျိုးဇင်က ပြောကြားသည်။

ထိုသို့ အက်စစ်ဖြင့် အလောင်းခံရသည့် ဒဏ်ရာများကြောင့် မနန်းမေဇင်ဦးကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း သိရပြီး မနန်းမေဇင်ဦး၏ဖခင်ဖြစ်သူ ရောက်လာချိန်တွင်  ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီးလက်မှတ်ရေးထိုးခိုင်း ခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ်တစ်သိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်းတစ်ကြိမ်ပေးခဲ့ကြောင်း၊ ထိုသို့အက်စစ်ဖြင့် ပက်ခဲ့သည့်ဒဏ်ရာများကြောင့် အခန်းတွင်းပိတ်လှောင်ထားခဲ့ရာ လေးနှစ်ခန့်ကြာခဲ့သည်ဟု သိရသည်။

ထိုသို့ နေထိုင်စဉ် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်သဖြင့်မှောက်ကျခဲ့ရာ မနီနီနုနွယ်က နံရံနှင့် တွန်းကန်ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းတို့ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည်ဟု သိရသည်။

“အက်စစ်နဲ့ ပက်ခံရတဲ့ ဒဏ်ရာတွေရရှိကတည်းက အိပ်ခန်းထဲပိတ်လှောင်တာ လေးနှစ်လောက်ကြာတယ်လို့ သိရပါတယ်။ ရေချိုးချိန်လောက်ပဲ အပြင်ထုတ်တယ်။လေးနှစ်လောက်ကြာပြီး ဒဏ်ရာတွေသက်သာတော့မှ အိမ်ထဲမှာပဲ နေထိုင်သွားလာခွင့်ရပြီး အိမ် အလုပ်တွေလုပ်ပေးခဲ့ရတယ်လို့ သိရတယ်။ အပြင်ကိုတော့ ထွက်ခွင့်မရဘူး။ အလုပ်လုပ်ပေးခဲ့ရတာ လေးနှစ်ဆိုတော့ စုစုပေါင်း ရှစ်နှစ်ပေါ့။ သူအိမ်ကထွက်လာခဲ့တာတော့ ၁၄ နှစ်အရွယ်ပဲ ရှိသေးတယ်။ မျက်လုံးတစ်ဖက်ကတော့ ကွယ်သွားပြီ။ ခန္ဓာကိုယ်တစ် ခြမ်းလုံး အက်စစ်ပက်ခံရတဲ့ဒဏ်ရာတွေ ကုသဖို့အတွက်လည်း ကျွန်မတို့ဆောင်ရွက်ပေးရမှာဖြစ်လို့ ကူညီကြစေလိုပါတယ်” ဟု  မနန်းမေဇင်ဦးကိစ္စ လိုက်ပါကူညီဆောင်ရွက်ပေးနေသည့်  မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တိုင်းအတွင်းရေးမှူး ဒေါ် သန္တာဘုန်းဝင်းက ဆိုသည်။

အဆိုပါဖြစ်ရပ်များ ကျူးလွန်ခဲ့သူ မနီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်ကာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

Source – Eleven

ဖိုးသူတော် (www.phothutaw.com)
Credit:Search Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top