ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဘယ္အရာမဆို အေကာင္းအဆိုး ဒြန္တြဲေနတတ္တဲ့ သေဘာရွိၿပီး အေကာင္းခ်ည္း မဟုတ္သလို အဆိုးခ်ည္းလည္း မျဖစ္တတ္ပါဘူး။ ခ်င့္ခ်ိန္ ႏုိင္စြမ္းကသာ အေကာင္းအဆိုးကို ခြဲျခား ေပးသြားတတ္ပါတယ္။ ဘီယာဟာ ယေန႔ေခတ္ လူႀကီးလူငယ္ၾကားမွာ ေရပန္းစားလွတဲ့ အရာတစ္ခုဆို မမွားပါဘူး။ ဘီယာေသာက္ျခင္းရဲ႕ ေနာက္ကြယ္မွာ ရွိေနတဲ့ ေကာင္းက်ိဳး အခ်ိဳ႕ကို မွ်ေ၀ခ်င္ပါတယ္။

၁။ ဘီယာဟာ ေက်ာက္ကပ္ကို ေကာင္းမြန္ေစမယ့္ အရည္တစ္ခုပါ။ ေလ့လာေတြ႔ရွိခ်က္ေတြ အရ ဘီယာဟာ ေက်ာက္ကပ္ကို ေကာင္းမြန္ေစၿပီး တစ္ေန႔ ဘီယာ တစ္လံုး ေသာက္ျခင္းဟာ ေက်ာက္ကပ္မွာ ေက်ာက္တည္မႈ ၄၀% ေလွ်ာ့က်ေစတယ္လို႔ ဆိုထားပါတယ္။

၂။ ဘီယာဟာ မေကာင္းတဲ့ ကိုလက္စထေရာကို က်ေစပါတယ္။ အမွ်င္ဓာတ္ပါ၀င္မႈ ရွိတဲ့အတြက္ ကိုယ္ထဲက LDL ကိုလက္စထေရာကို ေလ်ာ့က်ေစပါတယ္။

၃။ ဘီယာဟာ ဗီတာမင္ ဘီ ပမာဏကို တိုးပြားေစႏုိင္ပါတယ္။ ဗီတာမင္ဘီအုပ္စုျဖစ္တဲ့ b1,b2,b6,b12 တို႔ ပါ၀င္ပါတယ္။ ပါ၀င္မႈ အမ်ားဆံုးကေတာ့ B12 ပါ။

၄။ ဘီယာဟာ အရိုးေတြအတြက္ ေကာင္းမြန္ေစပါတယ္။ ဘီယာမွာ ပါတဲ့ ဓာတ္တစ္မ်ိဳးဟာ အရိုးရဲ႕ သိပ္သည္းဆကို ပိုၿပီး ျမင့္မားေစပါတယ္။

၅။ ဘီယာဟာ အိပ္မေပ်ာ္တဲ့ ညေတြ အတြက္ေတာ့ အေကာင္းဆံုး အေဖာ္ပါပဲ။ ဒါေပမယ့္ ၁-၂ လံုးအျပင္ ပိုမေသာက္သင့္ပါဘူး။

၆။ ဘီယာေသာက္သူေတြဟာ မေသာက္သူေတြထက္ ႏွလံုးေရွာ့ရႏုိင္မႈ ၄၀-၆၀% နည္းပါးတယ္လို႔ ဆိုပါတယ္။

၇။ ဘီယာေသာက္ျခင္းဟာ မွတ္ဥာဏ္ခ်ိဳ႕ယြင္းတဲ့ ျပႆနာကို ကာကြယ္ေပးႏုိင္ပါတယ္။ ဘီယာေသာက္သူေတြဟာ အယ္လ္ဇိုင္းမား ျဖစ္ပြား
မႈႏႈန္း နည္းတယ္လို႔ ဆိုပါတယ္။

၈။ ဘီယာဟာ စိတ္ဖိစီးမႈကေန လြတ္ေျမာက္ႏုိင္တယ္လို႔ Montreal တကၠသိုလ္က ေလ့လာသူေတြ ေျပာထားပါတယ္။

၉။ ဘီယာေသာက္သူ အမ်ိဳးသမီးေတြဟာ ပိုႏုပ်ိဳေစၿပီး ပါ၀င္တဲ့ ဗီတာမင္ဟာ အသားအေရကို ေခ်ာေမြ႔ေစႏုိင္ပါတယ္။

ဘယ္အရာမဆို တန္ေဆး လြန္ေဘးဆိုတဲ့ သေဘာတရား အတိုင္း လိုတာထက္ပိုၿပီး ေသာက္သံုးခဲ့မယ္ဆိုရင္ေတာ့ အေကာင္းထက္ အဆိုးဖက္ကို ဦးတည္ေနမယ္ဆိုတာေတာ့ သတိထားေစလိုပါတယ္။

Source: newremedies.net
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ သဘောရှိပြီး အကောင်းချည်း မဟုတ်သလို အဆိုးချည်းလည်း မဖြစ်တတ်ပါဘူး။ ချင့်ချိန် နိုင်စွမ်းကသာ အကောင်းအဆိုးကို ခွဲခြား ပေးသွားတတ်ပါတယ်။ ဘီယာဟာ ယနေ့ခေတ် လူကြီးလူငယ်ကြားမှာ ရေပန်းစားလှတဲ့ အရာတစ်ခုဆို မမှားပါဘူး။ ဘီယာသောက်ခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကောင်းကျိုး အချို့ကို မျှဝေချင်ပါတယ်။

၁။ ဘီယာဟာ ကျောက်ကပ်ကို ကောင်းမွန်စေမယ့် အရည်တစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေ အရ ဘီယာဟာ ကျောက်ကပ်ကို ကောင်းမွန်စေပြီး တစ်နေ့ ဘီယာ တစ်လုံး သောက်ခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်မှု ၄၀% လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။

၂။ ဘီယာဟာ မကောင်းတဲ့ ကိုလက်စထရောကို ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု ရှိတဲ့အတွက် ကိုယ်ထဲက LDL ကိုလက်စထရောကို လျော့ကျစေပါတယ်။

၃။ ဘီယာဟာ ဗီတာမင် ဘီ ပမာဏကို တိုးပွားစေနိုင်ပါတယ်။ ဗီတာမင်ဘီအုပ်စုဖြစ်တဲ့ b1,b2,b6,b12 တို့ ပါဝင်ပါတယ်။ ပါဝင်မှု အများဆုံးကတော့ B12 ပါ။

၄။ ဘီယာဟာ အရိုးတွေအတွက် ကောင်းမွန်စေပါတယ်။ ဘီယာမှာ ပါတဲ့ ဓာတ်တစ်မျိုးဟာ အရိုးရဲ့ သိပ်သည်းဆကို ပိုပြီး မြင့်မားစေပါတယ်။

၅။ ဘီယာဟာ အိပ်မပျော်တဲ့ ညတွေ အတွက်တော့ အကောင်းဆုံး အဖော်ပါပဲ။ ဒါပေမယ့် ၁-၂ လုံးအပြင် ပိုမသောက်သင့်ပါဘူး။

၆။ ဘီယာသောက်သူတွေဟာ မသောက်သူတွေထက် နှလုံးရှော့ရနိုင်မှု ၄၀-၆၀% နည်းပါးတယ်လို့ ဆိုပါတယ်။

၇။ ဘီယာသောက်ခြင်းဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ ဘီယာသောက်သူတွေဟာ အယ်လ်ဇိုင်းမား ဖြစ်ပွား
မှုနှုန်း နည်းတယ်လို့ ဆိုပါတယ်။

၈။ ဘီယာဟာ စိတ်ဖိစီးမှုကနေ လွတ်မြောက်နိုင်တယ်လို့ Montreal တက္ကသိုလ်က လေ့လာသူတွေ ပြောထားပါတယ်။

၉။ ဘီယာသောက်သူ အမျိုးသမီးတွေဟာ ပိုနုပျိုစေပြီး ပါဝင်တဲ့ ဗီတာမင်ဟာ အသားအရေကို ချောမွေ့စေနိုင်ပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ သဘောတရား အတိုင်း လိုတာထက်ပိုပြီး သောက်သုံးခဲ့မယ်ဆိုရင်တော့ အကောင်းထက် အဆိုးဖက်ကို ဦးတည်နေမယ်ဆိုတာတော့ သတိထားစေလိုပါတယ်။

Source: newremedies.net

ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top