×

ရန္ကုန္တိုင္း ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ “ေရႊမင္းသမီး” ေရႊဆိုင္တြင္ ဇြန္လ ၇ ရက္ ၾကာႆပေတးေန႔က ေရႊဝယ္ခ်င္ေယာင္ေဆာင္လၽွက္ ဆိုင္ရွင္နဲ႔ ဝန္ထမ္းမ်ာကို အာ႐ုံမ်ားေအာင္ လုပ္ၿပီးေနာက္ အေလးခ်ိန္ တစ္က်ပ္ခြဲသား ေရႊဆြဲႀကိဳးတစ္ကုံးကို ေငြတစ္ျပားမွ မေပးေခ်ပဲ ယူေဆာင္သြားမွုတစ္ခု ျဖစ္ပြားခဲ့ပါတယ္။

ထူးဆန္းတာက ဓားျပတိုက္တာလည္း မဟုတ္၊ အႏုၾကမ္းစီးတာလည္း မဟုတ္ပဲ ဆိုင္ရွင္ကို တစ္ခဏတာ စိတ္လွည့္စားေစေသာ (အရပ္အေခၚ တို႔ေဆး) နည္းလမ္းျဖင့္ ဆိုင္ရွင္ကိုယ္တိုင္က ေရႊဆြဲႀကိဳးကိုပင္ လည္ပင္းမွာ ဆြဲေပးလိုက္ရသည္ထိ စိတ္ကိုညိဳ႕ငင္ကာ ယူေဆာင္သြားခဲ့ျခင္းျဖစ္သည္။

အဆိုပါအမ်ိဳးသမီး၏ ပုံပန္းသ႑န္မွာ အိႏၵိယႏြယ္ဖြားျဖစ္ဟန္တူၿပီး ဆံပင္အရွည္မွာ ခါးေလာက္ရွိသည္ဟု လိမ္လည္ခံလိုက္ရသူ ေရႊဆိုင္ပိုင္ရွင္ အမ်ိဳးသမီးက သူမ၏ လူမွုကြန္ယက္ Tin Zar Khin တြင္ ဗီဒီယိုမွတ္တမ္းႏွင့္တစ္ကြ ေဖာ္ျပခဲ့သည္။

အဆိုပါဗီဒီယို လူမွုကြန္ယက္ေပၚ တင္ခဲ့ၿပီးေနာက္ သူမကဲ့သို႔ အလိမ္ခံခဲ့ရဖူးေသာ ဆိုင္ပိုင္ရွင္းမ်ားကလည္း ဆက္သြယ္လာေၾကာင္း ေရးသားထားသည္။
လိမ္လည္သူ အမ်ိဳးသမီးမွာ ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အေတာ္မ်ားမ်ားက ေရႊဆိုင္မ်ားတြင္လည္ လိမ္လည္ခဲ့သူျဖစ္ေၾကာင့္ အျခားလိမ္လည္ခံရသူမ်ား တင္ထားေသာ ဓါတ္ပုံမ်ားႏွင့္ တစ္ထပ္တည္းျဖစ္ေနေၾကာင္း ဗီဒီယိုထဲတြင္ ေနာက္ခံအသံျဖင့္ေျပာဆိုထားသည္။

အဆိုပါအမွုအတြက္ သက္ဆိုင္ရာရဲစခန္းတြင္ အမွုဖြင့္တိုင္ၾကားထားေသာ္လည္း လိမ္လည္ခံခဲ့ရသည့္ ဇြန္လ ၇ ရက္ေန႔ထဲက ယေန႔ ဇြန္ ၁၃ ရက္ထိ ထူးျခားမွုမရွိေသးေၾကာင္းလည္း ေရးသားေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ “ရွှေမင်းသမီး” ရွှေဆိုင်တွင် ဇွန်လ ၇ ရက် ကြာဿပတေးနေ့က ရွှေဝယ်ချင်ယောင်ဆောင်လျှက် ဆိုင်ရှင်နဲ့ ဝန်ထမ်းမျာကို အာရုံများအောင် လုပ်ပြီးနောက် အလေးချိန် တစ်ကျပ်ခွဲသား ရွှေဆွဲကြိုးတစ်ကုံးကို ငွေတစ်ပြားမှ မပေးချေပဲ ယူဆောင်သွားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ထူးဆန်းတာက ဓားပြတိုက်တာလည်း မဟုတ်၊ အနုကြမ်းစီးတာလည်း မဟုတ်ပဲ ဆိုင်ရှင်ကို တစ်ခဏတာ စိတ်လှည့်စားစေသော (အရပ်အခေါ် တို့ဆေး) နည်းလမ်းဖြင့် ဆိုင်ရှင်ကိုယ်တိုင်က ရွှေဆွဲကြိုးကိုပင် လည်ပင်းမှာ ဆွဲပေးလိုက်ရသည်ထိ စိတ်ကိုညို့ငင်ကာ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီး၏ ပုံပန်းသဏ္ဍန်မှာ အိန္ဒိယနွယ်ဖွားဖြစ်ဟန်တူပြီး ဆံပင်အရှည်မှာ ခါးလောက်ရှိသည်ဟု လိမ်လည်ခံလိုက်ရသူ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးက သူမ၏ လူမှုကွန်ယက် Tin Zar Khin တွင် ဗီဒီယိုမှတ်တမ်းနှင့်တစ်ကွ ဖော်ပြခဲ့သည်။

အဆိုပါဗီဒီယို လူမှုကွန်ယက်ပေါ် တင်ခဲ့ပြီးနောက် သူမကဲ့သို့ အလိမ်ခံခဲ့ရဖူးသော ဆိုင်ပိုင်ရှင်းများကလည်း ဆက်သွယ်လာကြောင်း ရေးသားထားသည်။
လိမ်လည်သူ အမျိုးသမီးမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်များများက ရွှေဆိုင်များတွင်လည် လိမ်လည်ခဲ့သူဖြစ်ကြောင့် အခြားလိမ်လည်ခံရသူများ တင်ထားသော ဓါတ်ပုံများနှင့် တစ်ထပ်တည်းဖြစ်နေကြောင်း ဗီဒီယိုထဲတွင် နောက်ခံအသံဖြင့်ပြောဆိုထားသည်။

အဆိုပါအမှုအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသော်လည်း လိမ်လည်ခံခဲ့ရသည့် ဇွန်လ ၇ ရက်နေ့ထဲက ယနေ့ ဇွန် ၁၃ ရက်ထိ ထူးခြားမှုမရှိသေးကြောင်းလည်း ရေးသားဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top