ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 
၂၀၁၁ ခုႏွစ္မွာေပါ့...။
ဂင္ဇာ-တိုက်ဳိ- ဂ်ပန္
(Ginza, Tokyo)

ခိခုခ်ိ အဇုဟ(Azuha Kikuchi) ဆိုတဲ့ ဂ်ပန္ အမ်ိဳးသမီးေလးေခ်ာေလးဟာ အသက္ ၂၄ ႏွစ္အရြယ္မွာ သူမရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ Fukuoka ဆိုတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ နယ္ၿမိဳ႕ေလး တစ္ၿမိဳ႕ကေန တိုက်ိဳၿမိဳ႕ႀကီးကိုတက္လာခဲ့တယ္။

ခိခုခ်ိ ဟာ တိုက်ိဳ-ဂင္ဇာရပ္ကြက္မွာရွိတဲ့ နာမည္ႀကီး Night Club ကလပ္ေတြမွာ အလုပ္ဝင္လုပ္တယ္။ သူမဟာ အမ်ိဳးသားေတြကို အရက္ငွဲ႕ေပး စကားေျပာ ဧည့္ခံရတဲ့ ႏိုက္ကလပ္မယ္ (hostess) တစ္ဦးေပါ့...။

ဒီလိုနယ္ကလာတဲ့ အမ်ိဳးသမီးတစ္ေယာက္ လူခ်မ္းသာေတြ ေျခရႈပ္တဲ့ ဂင္ဇာႏိုက္ကလပ္ေတြမွာတိုးဖို႔ဆိုတာ မလြယ္ပါဘူး။

အရပ္ရွည္ရွည္၊ အေျပာခ်ိဳခ်ိဳ... ၿပီေတာ့ သူမရဲ႕ သိပ္လွတဲ့ဂုဏ္သတင္းေၾကာင့္ ဂင္ဇာက ေယာက္်ားေတြ အသည္းစြဲျဖစ္လာတယ္။

မၾကာမီမွာပဲ သူမကို ေမာ္ဒယ္လုပ္ဖို႔ကမ္းလွမ္းလာၾကတယ္...။

:::::::::::::::::::::::::::::::::::::::

ခိခုခ်ိဟာ ၂၀၁၃ ခုႏွစ္မွာ " Azuha Mine “ ဆိုတဲ့နာမည္နဲ႔ ေမာ္ဒယ္ စ လုပ္ခဲ့တယ္။ အဝတ္မပါတဲ့ ကိုယ္အလွျပမယ္ (Nude model ) ပံုေတြလည္း႐ိုက္တာေပါ့။

သူမရဲ႕ ေျခတံစင္းစင္းေလးေတြကို လွလြန္းလို႔ သူမကို “Legs Queen”ဆိုၿပီး sexy posts DVD ကို လစဥ္ထုတ္တဲ့အထိ နာမည္ႀကီးလာတယ္။

သူမ ညစ္ညမ္းဗီဒီယိုေတြလည္း႐ိုက္ခဲ့တယ္။

:::::::::::::::::::::::::::::::::::::::

၂၀၁၄ ခုႏွစ္ေရာက္ေတာ့ သူမ သိပ္ခ်စ္ရတဲ့သူနဲ႔ဆံုခဲ့ရတယ္။

ခ်စ္သူဟာ အသက္ ၄၇ ႏွစ္ရွိတဲ့ ဟီရတ ယူးဂ်ိ (Yuji Hirata) ဆိုတဲ့အမ်ိဳးသားတစ္ဦးျဖစ္တယ္။

သူမ အလုပ္လုပ္တဲ့ ကလပ္က မန္ေနဂ်ာေပါ့...။

အဲဒီအခ်ိန္ သူမ အသက္ ၂၇ ႏွစ္...။

ခ်စ္သူရၿပီဆိုေတာ့ သူမဟာ အျခားေယာက္်ားေတြနဲ႔ မပတ္သက္ခ်င္ေတာ့...။

သၾကားလံုး၊ ကိတ္မုန္႔ဆိုင္ေတြ ျပဳလုပ္ၿပီး ေရာင္းတဲ့ဆိုင္ တစ္ဆိုင္မွာ အလုပ္ေျပာင္းလုပ္ခဲ့တယ္။

သူတို႔ ခ်စ္သူႏွစ္ေယာက္ လက္မထပ္ေသးေပမဲ့ သိပ္ခ်စ္ၾကလို႔ အတူတူေနၾကတယ္။

သူတို႔ ခ်စ္သူႏွစ္ေယာက္ဟာ တစ္ကယ္ပဲ သိပ္ခ်စ္ၾကတယ္...။

ပတ္ဝန္းက်င္က သတိထား အသိအမွတ္ျပဳ အားက်မိၾကတဲ့အထိပါပဲ...။

:::::::::::::::::::::::::::::::::::::::

တစ္ႏွစ္နီးပါးၾကာေတာ့ ခ်စ္သူက သူမကို အလုပ္ထြက္ခိုင္းတယ္။

အလုပ္လဲမရွိေတာ့....။
ခ်စ္သူ ဟီရတကို အားကိုး ယံုၾကည္ၿပီး စိတ္ခ် လက္ခ်ေနခဲ့တာေပါ့...။

သူမဟာ ခ်စ္သူ ဟီရတ ကိုပဲ အားကိုးၿပီး အိမ္ရွင္မေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနခဲ့တယ္...။

ဒါေပမဲ့....သူမ မေမ်ာ္လင့္ထားတဲ့တစ္ေန႔ေရာက္လာခဲ့တယ္။

ခိခုခ်ိဟာ ဟာ ခ်စ္သူဆီက မေမ်ာ္လင့္တဲ့စကားတစ္ခြန္းၾကားလိုက္ရတယ္...။

" မင္းကို မခ်စ္ႏိုင္ေတာ့ဘူး.."တဲ့..။

:::::::::::::::::::::::::::::::::::::::

ခိခုခ်ိ အေတာ့္ကို ထိတ္လန္႔သြားတယ္။ ဘယ္ေသာအခါမွ အိပ္မက္ထဲမွာေတာင္ မမက္ခဲ့ဘူးတဲ့ စကားတစ္ခြန္း...။

ခ်စ္သူ ဟီရတဟာ သူမထက္ အသက္ ၂၀ႏွစ္ ႀကီးပါတယ္။ ခ်စ္သူကို သူမဟာ အၿမဲ ေလးလည္း ေလးစားတယ္.. ခ်စ္လည္းခ်စ္တယ္.. သူမနေဘးမွာ ဒီလို ေယာက္်ားေတြ ဝိုင္းဝိုင္းလည္ေနတာေတာင္ သစၥာမေဖာက္ခဲ့ဘူး...။

ဒါေပမဲ့ ခ်စ္သူက သူမကို စြန္႔ပစ္ေလၿပီ..။
သူမ ဘာဆက္လုပ္ရမွန္းမသိေတာ့...။

ဒီလို ဘဝ အလွည့္ အေျပာင္းကို သူမ ေၾကာက္လည္း အရမ္းေၾကာက္သြားတယ္။

:::::::::::::::::::::::::::::::::::::::

ခ်စ္သူဟာ ဘာလို႔မ်ား ငါ့ကို မခ်စ္ေတာ့တာလဲ...? ... သူမ ဘယ္လိုမွေတြးလို႔မရ...။

သူမ အေကာင္းဆံုးျဖစ္ေအာင္ေနခဲ့တယ္ေလ.,။

ၾကံရာမရတဲ့ သူမဟာ ခ်စ္သူ ဟီရတရဲ႕ ဖုန္းကို သူမသိေအာင္ ခိုးၾကည့္လိုက္တယ္..။

"ဟင္...!"

သူမရဲ႕ခႏၶာကိုယ္က ေသြးေတြ ေျပာင္းျပန္စီးသြားသလို ခံစားလိုက္ရတယ္...

ဩ... ဒါေၾကာင့္ကိုး...။

ခ်စ္သူ ဟီရတဟာ အျခားခ်စ္သူ အသစ္ရေနၿပီျဖစ္တယ္...။

:::::::::::::::::::::::::::::::::::::::

ခိခုခ်ိ အေတာ့္ကို ခံစားသြားရတယ္။
ဒီတစ္ခါေတာ့ သူမ သိပ္စိတ္ဆိုးသြားတယ္။

ခ်စ္သူဟာ အသစ္ျမင္သြားလို႔ သူမကို အေဟာင္းလို႔သတ္မွတ္လိုက္တာကိုး..။ သစၥာမရွိတဲ့ေယာက္်ား...။

သူမရဲ႕ ဝမ္းနည္းစိတ္ေတြဟာ ေဒါသစိတ္ကို ေျပာင္းလဲသြားတယ္။

:::::::::::::::::::::::::::::::::::::::

သူမဟာ ေစ်းဆိုင္သြားၿပီး သတၳဳ ေဘ့စ္ေဘာတုတ္တစ္ေခ်ာင္းကိုဝယ္လိုက္တယ္။

:::::::::::::::::::::::::::::::::::::::

"ငါ မင္းကိုမရရင္ မင္းကိုဘယ္သူမွမရေစရဘူး... သစၥာေဖာက္တဲ့ မင္းလို ေယာက္်ား ေသတာပဲေကာင္းတယ္...။"

:::::::::::::::::::::::::::::::::::::::

၂၀၁၅ ခုႏွစ္ ၂ လပိုင္း ၁ ရက္ေန႔

သူမဟာ အိပ္ေပ်ာ္ေနတဲ့ ခ်စ္သူကို တစ္ခ်က္ၾကည့္လိုက္တယ္။

"မုန္းတယ္..!"

အိမ္သံုးဓါးနဲ႔ခ်စ္သူရဲ႕ ရင္ဘတ္ကိုထိုးခ်လိုက္တယ္။

မထႏိုင္ေတာ့တဲ့ခ်စ္သူကို ဓါးနဲ႔ ဆက္ထိုးတယ္။ ေက်ာကုန္း၊ လည္ပင္း...။

ၿပီးေတာ့ ခ်စ္သူရဲ႕ ဦးေခါင္းနဲ႔ မ်က္ႏွာကို သတၳဳ ေဘ့စ္ေဘာတုတ္နဲ႔ တစ္ခ်က္ျခင္း ႐ိုက္ ၿပီး အစိတ္စိတ္ အမႊာမႊာခြဲပစ္လိုက္တယ္ေလ...။

သတိဝင္လာေတာ့ သူမ ခ်စ္သူကို သူမ ဓါးနဲ႔ထိုး၊ ႐ိုက္ႏွက္ေနတာ ၂ ရက္နီးပါး ရွိေနၿပီ...။

သူမဟာ ဘာဆက္လုပ္ရမွန္းမသိ ...သူမမိတ္ေဆြ K ကိုအေၾကာင္းၾကားလိုက္တယ္။

သူမ ခ်စ္သူ ဟီရတကို အနီးဆံုးေဆး႐ုံကို ပို႔ခဲ့ေပမဲ့ ဟီရတဟာ ေသဆံုးေနပါၿပီ.. ။

သြားေပေတာ့...။
ငါ့ကို သစၥာေဖာက္တဲ့ခ်စ္သူ...။

:::::::::::::::::::::::::::::::::::::::

ရက္ရက္စက္စက္ ..။
ဟုတ္တယ္.. သူမဟာ ခ်စ္သူရဲ႕ဓာတ္ပံုကို တစစီ ဆုတ္ၿဖဲပစ္လိုက္သလို ခ်စ္သူမ်က္ႏွာကိုရစရာမရွိေအာင္ ထုေခ် ႐ိုက္ခြဲပစ္ခဲ့တယ္...။

သူမကိုယ္တိုင္ ခ်စ္သူ ဘယ္တုန္းကဘယ္အခ်ိန္ေသသြားၿပီလဲ ဆိုတာေတာင္ မသိ.. ေဒါသတႀကီးနဲ႔ ဆက္႐ိုက္ေနတာ ၂ ရက္နီးပါး....။

:::::::::::::::::::::::::::::::::::::::

၂၀၁၅ ခုႏွစ္ ၂ လပိုင္း ၂ ရက္ေန႔

ဒါဟာ ေဒါသအေလွ်ာက္မေတာ္တဆသတ္တဲ့အမႈမဟုတ္ဘူးေလ...သူမဟာ ခ်စ္သူကိုသတ္ဖို႔ပစၥည္းေတြသြားဝယ္ အစီအစဥ္တက် အခ်ိန္ေကာင္းေစာင့္ၿပီး တစ္တိတစ္တိ သတ္ပစ္လိုက္တာျဖစ္တယ္။

သူမ အျပစ္ဟာ သိပ္ႀကီးတာေပါ့..။
သူမကို ရဲေတြကဖမ္းဆီးလိုက္ၾကတယ္..။

:::::::::::::::::::::::::::::::::::::::

ခိခုခ်ိ မိန္းမေခ်ာေလးဟာ ဂ်ပန္ျပည္က နာမည္ႀကီးေမာ္ဒယ္မို႔ အစကတည္းက လူသိမ်ားခဲ့တယ္။

ဒီလို လွပတဲ့ မိန္းကေလးတစ္ေယာက္ဟာ ရက္ရက္စက္စက္ လူတစ္ေယာက္ကို သတ္ပစ္လိုက္တဲ့အတြက္ ဂ်ပန္ႏိုင္ငံမွာ ဒီသတင္းက အေတာ့္ကိုႀကီးသြားတာေပါ့..။

:::::::::::::::::::::::::::::::::::::::

ဂ်ပန္ သတင္းစာေတြထဲ သူမ အေၾကာင္းကို ဒီလိုေခါင္းစဥ္တပ္ၾကတယ္။

"မိန္းမလွ လူသတ္သမား "

သူမ အခုမွပိုၿပီး နာမည္ႀကီးသြားေတာ့တယ္။ လူေတြက သူမနာမည္ Azuha Kikuchi ( あずは菊池) ကို Facebook, Twitter ေတြမွာ ရွာၾကည့္ၾကတယ္...။ သူမရဲ႕ဓာတ္ပံုကို ျမင္ခ်င္ ၾကည့္ခ်င္ၾကလြန္းလို႔...။

ဒီလိုခ်စ္ဖို႔ေကာင္းတဲ့ မိန္းမေခ်ာေလးဟာ လူသတ္ခဲ့တယ္ဆိုတာ မယံုႏိုင္စရာ....။

:::::::::::::::::::::::::::::::::::::::

ဒီလိုနဲ႔.....
ေခ်ာေမာလွပတဲ့သူမကို ပထမဆံုးအႀကိမ္ တရားခြင္ဝင္ဖို႔ ေန႔ကိုေရာက္လာတယ္...။

တရား႐ုံးေရွ႕မွာ ေယာက္်ားေတြ အုတ္ေအာ္ေသာင္းနင္းျဖစ္ေနၾကတယ္..။

သူမမ်က္ႏွာကို ေနာက္ဆံုး တစ္ခါေလာက္ပဲျဖစ္ျဖစ္ ၾကည့္ခ်င္ၾကလြန္းလို႔တဲ့....။

အလြန္ေအးလွတဲ့ ေဆာင္းရာသီမွာ အဲဒီေန႔မတိုင္ခင္ ညဖက္ကတည္းက tent ရြက္ဖ်င္တဲ ထိုးၿပီးေစာင့္ေနသူမ်ားလည္းရွိတယ္။

အလုအယက္ တန္းဆီၿပီးေစာင့္ေနၾကတဲ့ ေယာက္်ားေတြ အားလံုး အေယာက္ ၁၈၀ ဝန္းက်င္ ...။

ဂ်ပန္ျပည္မွာ တရားခြင္ထဲကို အျပင္လူ ၃၅ ေယာက္ပဲဝင္ခြင့္ရွိပါတယ္။

ဒါေၾကာင့္ ဒီလိုတန္းစီၿပီး ဝင္ခြင့္လက္မွတ္ကို ေစာင့္ယူေနၾကတာျဖစ္တယ္...။

မဝင္ရပဲ က်န္သူေတြကေတာ့ အျပင္က သူမ တရား႐ုံးထဲဝင္သြားတာေလးကိုပဲၾကည့္ရရင္ေတာ္ၿပီေပါ့...။

:::::::::::::::::::::::::::::::::::::::

မၾကာမီမွာပဲ ေထာင္ကားက တရား႐ုံးေရွ႕မွာလာရပ္တယ္။

ေထာင္ကားထဲက သူမ ဆင္းလာတယ္။

" ဘယ္သူႀကီးလဲ... ခိခုခ်ိ အဇုဟ ဟုတ္ပါသလား..????"

အေရွ႕ဆံုးကလူက ေအာ္လိုက္တယ္။

သူမမ်က္ႏွာ တျဖည္းျဖည္းနဲ႔ နီးလာတယ္။

ဟုတ္ပ... ခိခုခ်ိ အစစ္...။

သူမကိုေတြ႕လိုက္ရတဲ့သူေတြ အားလံုးဟာ အံၾသ ဆြံအသြားၾကေတာ့တယ္...။

:::::::::::::::::::::::::::::::::::::::

သူတို႔ သိပ္ေတြ႕ခ်င္တဲ့ သိပ္လွတဲ့ ခိခုခ်ိဟာ သူမ ဆံပင္အရွည္ေတြကို ဖ႐ိုဖရဲစုစည္းထားၿပီး အလြန္ေလးလံတဲ့ေျခလွမ္းေတြနဲ႔ ေထာင္ကားထဲကေန ေထာ့နဲ႔ ေထာ့နဲ႔လမ္းေလွ်ာက္လာတယ္။

သူမရဲ႕ မ်က္လံုးေတြဟာ ျပဴးက်ယ္ၿပီး စိတ္ေဖာက္ေနတဲ့သူတစ္ေယာက္လို ေငးေၾကာင္ေၾကာင္ျဖစ္ေနတယ္။

ပါးစပ္ေဟာင္းေလာင္းပြင့္ေနၿပီး မ်က္ေတာင္လဲမခပ္ေတာ့ဘူး...။

ၿပီးေတာ့....

သူမဟာ ႏႈတ္ခမ္းေမႊးေတြနဲ႔ေလ......။
ေမးစိကလည္း ႏွစ္ထပ္ျဖစ္သြားတယ္...။

:::::::::::::::::::::::::::::::::::::::

"ဟင္... ေယာက္်ားႀကီး..!!"

ဟုတ္ပါတယ္။

သူမဟာ လိင္ေျပာင္းထားတဲ့ သူတစ္ေယာက္ ( transgender) ျဖစ္ပါတယ္...။

သူမဟာ ေထာင္ထဲမွာ အီစႀထိဳဂ်င္ မိန္းမေဟာ္မုန္း ထိုးေဆး (Estrogen injections )သံုးခြင့္မရလို႔ ဒီလို မူလ႐ုပ္ေပၚလာတာျဖစ္တယ္။

ဒါကို သူမ ပရိတ္သတ္ေတြဟာ မရိပ္မိခဲ့ေလာက္ေအာင္အထိ သူမဟာ လွပခဲ့တာေပါ့။

:::::::::::::::::::::::::::::::::::::::

တရားခြင္ထဲေရာက္လာၿပီ...။

"ကြ်န္မ ခိခုခ်ိ အဇုဟ ျဖစ္ပါတယ္.."

သူမဆီက ေယာက္်ားသံ ၾသၾသႀကီးထြက္လာခဲ့တယ္...။

သူမ စကားသံေတြလည္းထစ္ အ ေနခဲ့တယ္။ သူမဟာ သိပ္ေၾကာက္ေနပံုရတယ္။

ပါးစပ္အၿမဲလိုလို ပြင့္ေနၿပီး သြားရည္ေတြလည္းက်လို႔...။

သူမ ...စိတ္ေဖာက္ေနသူတစ္ေယာက္လို ျဖစ္ေနတယ္..။

:::::::::::::::::::::::::::::::::::::::

ေရွ႕ေနက တရားသူႀကီးကို ေလွ်ာက္ထားတယ္။

"သူမမွာ gender identity disorder (GID)ဆိုတဲ့ စိတၱဇေရာဂါရွိေနတယ္...။ ဒါေၾကာင့္ သူမကို ျပစ္မႈေပါ့ေလွ်ာ့ စဥ္းစားေပးေစခ်င္ပါတယ္.."...။

gender identity disorder (GID) ဆိုတာ ေမြးရာပါလိင္အဂၤါကို ဆန္႔က်င္တဲ့ စိတ္ေရာဂါတစ္ခုေပါ့...။

ေယာက္်ားေလး တစ္ေယာက္လို ေမြးဖြားလာတဲ့ ခိခုခ်ိဟာ ....

"ငါဟာ မိန္းမတစ္ေယာက္ျဖစ္ေနပါရက္နဲ႔ ဘာလို႔ေယာက္်ားအဂၤါရွိေနပါလိမ့္..?" ဆိုတဲ့အေတြးေတြနဲ႔ စိတ္ဆင္းရဲေနခဲ့တယ္။

" လူေတြကငါ့ကို ေယာက္်ားတစ္ေယာက္လို႔ သတ္မွတ္ေနၾကၿပီ... အမွန္ေတာ့ ငါဟာ ေယာက္်ားမွမဟုတ္တာ.."

ဒီအေတြးဟာ သူ႔ကို တုန္လွဳပ္ေျခာက္ျခားေစခဲ့ပါတယ္။

ဒါဟာ စိတ္ေသာကကို ျဖစ္ေစၿပီး ေလာကႀကီးကို မေက်နပ္မႈေတြမ်ားလာတယ္။

:::::::::::::::::::::::::::::::::::::::

သူမ ေယာက္်ားဘဝတုန္းက နာမည္ကေတာ့ မာဆားတိုျဖစ္ပါတယ္။

သူဟာ ငယ္စဥ္ကတည္းက ေယာက္်ား မိန္းမ သူငယ္ခ်င္း ဘယ္သူနဲ႔ဘယ္လိုေပါင္းရမွန္းမသိ တစ္ေယာက္ထဲအထီးက်န္ေနခဲ့တယ္။

ေနာက္ဆံုးလူေတြနဲ႔မေတြ႕ရဲေတာ့ ... ေၾကာက္လန္႔တဲ့အထိျဖစ္ခဲ့တာ အသက္ ၁၈ ႏွစ္ေရာက္တဲ့အထိပါပဲ...။

" အဲဒီအိမ္က ေကာင္ေလးက ကြ်န္မတို႔ ဓာတ္ေလွကားသံုးရင္ ကြ်န္မတို႔နဲ႔အတူ ဓာတ္ေလွကားစီးရမွာစိုးလို႔ ကားထဲကမဆင္းဘူး။ သူစိမ္း ဘယ္သူမွ မရွိေတာ့မွ ဓာတ္ေလွကားကို အသံုးျပဳတယ္..." လို႔

အိမ္နီးနားခ်င္းေတြကေျပာၾကတယ္။

:::::::::::::::::::::::::::::::::::::::

ေနာက္ဆံုး သူအသက္ ၂၀ ျပည့္တဲ့အခ်ိန္မွာထိုင္းႏိုင္ငံသြားၿပီး လိင္ေျပာင္းတဲ့ခြဲစိတ္မႈျပဳခဲ့တယ္။ ဒီလိုခြဲစိတ္တဲ့အဆင့္ေရာက္တဲ့အခ်ိန္အထိ သူခံစားခဲ့ရတာေတြ သိပ္မ်ားခဲ့တယ္။ မိဘေတြရဲ႕ၿငိဳျငင္မႈကလည္း သူ႔ကို စိတ္ဒါဏ္ရာရေစခဲ့တယ္။

:::::::::::::::::::::::::::::::::::::::

သူမဟာ တိုက်ိဳၿမိဳ႕ကိုတက္လာၿပီး လူေတာတိုးခ်င္လို႔ လူေတြအမ်ားႀကီးေတြ႕ႏိုင္မယ့္ ႏိုက္ကလပ္မယ္အလုပ္ကို စတင္လုပ္ခဲ့ပါတယ္။

သူမ လိင္ေျပာင္းထားတာကို အလြန္ရင္းႏွီးသူတစ္ဦး ႏွစ္ဦးနဲ႔ ခ်စ္သူကလြဲၿပီး အားလံုးကိုလွဳိ့ဝွက္ထားခဲ့တယ္။

လိင္ေျပာင္းၿပီးကတည္းက သူမကိုယ္သူမ ယံုၾကည္မႈရွိလာတယ္။ သူမရဲ႕ လူမႈဆက္ဆံေရးဟာ လူေတြ ၾသခ်ရေလာက္ေအာင္ သိပ္ၿပီးေတာ္လာခဲ့တယ္။

သူမလိုခ်င္တဲ့ ေအာင္ျမင္တဲ့ မိန္းမဘဝရခဲ့ပါတယ္..,။ လူတကာအခ်ီးက်ဴးခံ အခ်စ္ခံရတဲ့ မိန္းကေလးဘဝ....။သူမဟာ ေက်နပ္ေပ်ာ္ရြင္ခဲ့ရတယ္...။

သူမ အေပ်ာ္ဆံုးအခ်ိန္ကေတာ့ ခ်စ္တဲ့သူရဲ႕နေဘးမွာ မိန္းမ ပီပီသသ ေနခြင့္ရတာကိုပါပဲ...။

ငယ္စဥ္က ေၾကာက္ရြံမႈေတြ အခုေတာ့ ၿပီးဆံုးခဲ့ၿပီ..။

အခ်စ္ဆိုတာေၾကာင့္ပိုၿပီး ေအးခ်မ္း လံုျခဳံဘဝကိုရၿပီလို႔ သူမ ေက်နပ္ခဲ့ျပန္တယ္။

ဒီလို အခ်စ္ဟာ ပူျပင္းေသာက ဒုကၡေပါင္းစံုကို ေပးလိမ့္မယ္လို႔ သူမ ဘယ္လိုမွထင္မထားခဲ့..။

:::::::::::::::::::::::::::::::::::::::

ခိခုခ်ိဟာ သူမ ခ်စ္သူကိုမသတ္ခင္ သူမ ယံုၾကည္ရတဲ့ မိတ္ေဆြ K ဆိုတဲ့အမ်ိဳးသားကို တိုင္ပင္ခဲ့ပါေသးတယ္။

" ကၽြန္မ ...သူ႔ကိုသတ္ပစ္ေတာ့မယ္..."

K ကသူမကိုအႀကိမ္ႀကိမ္တားခဲ့ပါတယ္...။

K က အီးေမးလ္တစ္ေစာင္ ေနာက္ဆံုးေရးပို႔ခဲ့ေသးတယ္။

:::::::::::::::::::::::::::::::::::::::

ခိခုခ်ိ.... ။

မဟုတ္တာေတြမလုပ္နဲ႔....။ မလုပ္သင့္တာေတြလုပ္ခ်င္လာရင္ အျပင္ခဏထြက္ၿပီး တစ္ခုခုစားလိုက္... စိတ္ေလွ်ာ့...။
မဟုတ္တာေတြမလုပ္ဖို႔ ကတိေပးေနာ္...။
ကတိတည္ရင္ ငါဟာ မင္းစိတ္ညစ္စရာေတြ အကုန္ေျဖရွင္းေပးမယ့္ ေယာက္်ားေကာင္းတစ္ေယာက္အျဖစ္ မင္းအတြက္ေနေပးမယ္..။

မင္းနဲ႔မပတ္သက္ေတာ့ဘူးလို႔ ေတြးခဲ့ဖူးတယ္။ ငါဒီလိုေျပာရင္ မင္းအတြက္ပိုၿပီးပင္ပန္းေနမလားပဲ...။ ဖုန္းဆက္ပါ... ငါ မင္းကို အေကာင္းဆံုးနည္းလမ္းေတြေျပာျပမယ္..။

မင္းရဲ႕ K

:::::::::::::::::::::::::::::::::::::::

သူမ ယံုၾကည္တဲ့သူရဲ႕စာကလည္း အျခားအဓိပၸါယ္ေတြပါေနသလိုခံစားရလို႔ ဂ်ပန္ျပည္သူျပည္သားေတြက အမ်ိဳးမ်ိဳးေဝဖန္ၾကတယ္။

:::::::::::::::::::::::::::::::::::::::

၂၀၁၅ ခုႏွစ္ ၂ လပိုင္း ၂ ရက္ေန႔
တနလၤာေန႔
ေန႔လယ္ ၁၂ နာရီ ၂၀ မိနစ္

ခိခုခ်ိဟာ K ကိုဖုန္းဆက္ခဲ့ပါတယ္။ ဒါေပမဲ့ သူမခ်စ္သူကို သတ္ၿပီးေနၿပီ...။

K ဟာ သူမတို႔ ခ်စ္သူႏွစ္ဦးေနတဲ့ ၅လႊာေျမာက္ တိုက္ခန္းထဲကို အျမန္ဆံုး ေျပးသြားခဲ့တယ္..။

K ဟာ ေသြးစြန္း ညဝတ္အက်ႌဝတ္ထားၿပီး သဆံုးေနတဲ့သူမရဲ႕ခ်စ္သူကို အိပ္ယာေပၚမွာေတြ႕လိုက္ရတယ္...။

"ခိခုခ်ိ... မင္းဘဝလည္း ဆံုးၿပီ.."

K ကိုယ္တိုင္ ေဆး႐ုံနဲ႔ ရဲစခန္းကိုဖုန္းဆက္ အေၾကာင္းၾကားခဲ့တာျဖစ္တယ္...။

ခ်စ္သူေျပာခဲ့တဲ့ေနာက္ဆံုးစကား သူမနားထဲကမထြက္....သူမ ဆံုးျဖတ္ခ်က္မွားခဲ့ၿပီ...။

"ငါ့ရင္ထဲမွာ မင္းအတြက္ .... အခ်စ္ဆိုတာမရွိေတာ့ဘူး... သံေယာဇဥ္လက္က်န္ပဲက်န္ရစ္ေတာ့တယ္..။"

"ဘာေျပာလိုက္တာလဲဟင္..?"

"မင္းကို မခ်စ္ႏိုင္ေတာ့ဘူး.."

ဒီစကားတစ္ခြန္းဟာ သူ႔ဘဝကိုေျပာင္းလဲပစ္လိုက္တယ္။

ခိခုခ်ိဟာ ေထာင္ဒါဏ္ ၁၆ ႏွစ္အေပးခံခဲ့ရတယ္။ သူမ အေၾကာက္ဆံုးကေတာ့ ေထာင္ထဲမွာ မိန္းကေလးေတြၾကားမွာ သူမေနရေတာ့မွာကိုပဲ...။

ေထာင္ထဲမွာ အီစႀထိဳဂ်င္ ဟိုမုန္းေဆး (Estrogen Hormone )ထိုးေဆး၊ ေသာက္ေဆး၊ လိမ္းေဆး၊ စပေရး ဘာဆိုဘာမွ သံုးခြင့္မရ...။သူမဟာ ဒီလို ေခ်ာေမာလွပတဲ့ မိန္းမဘဝအျဖစ္ရပ္တည္ဖို႔ဆိုတာ ထင္သေလာက္မလြယ္လွပါဘူး။

မိမိကိုယ္မိမိ ပိုးေမြးသလို ေမြးၿပီး ဂ႐ုတစိုက္ လွလွေလးေနခဲ့ရတဲ့သူမ...။

အခုေတာ့ သူမ ေထာင္ထဲမွာ အလွအပဆိုေဝလားေဝး ....။ ငယ္စဥ္ကတည္းကခ်မ္းသာခဲ့တဲ့သူမဟာ ေထာင္ထမင္း ေထာင္ဟင္းေတာင္ မစားႏိုင္...။

ဟိုမုန္းအေျပာင္းအလဲေၾကာင့္ သူမ ေခါင္းေတြကိုက္ၿပီး ေၾကာက္စိတ္ေတြ ဝင္လာတယ္။ ေျပာင္းလဲလာတဲ့ မိမိခႏၶာကိုယ္က ေယာက္်ားရဲ႕သြင္အျပင္ေတြကိုၾကည့္ၿပီး မိမိကိုယ္မိမိ ရြံလာတယ္။

သူမ ခႏၶာကိုယ္တစ္ခုလံုး ဟိုကဒီက အဆီေတြ ႐ုတ္တရက္ ထြက္လာတယ္။ ေမးစိကတြဲက်ျပီး ႏွစ္ထပ္ျဖစ္သြားတယ္။ သူမ မွန္ေတာင္မၾကည့္ရဲ...။

ဒီအတိုင္းသာဆို...မိန္းမေတြၾကား သူမ ဘယ္လိုေနရပါ့...။

သူမဟာ ငယ္စဥ္ဘဝထက္ ပိုဆိုးတဲ့ဘဝကို ေရာက္သြားၿပီဆိုတာ သတိျပဳမိလာတယ္။

သူမရဲ႕ေဒါသက သူမဘဝကို သတ္ပစ္လိုက္ေလၿပီ... အခုမွ တကယ္ဒုကၡေရာက္ၿပီ..။

ေဒါသေၾကာင့္ သူမ အလွ သူမ ဘဝ အစိတ္စိတ္အမႊာမႊာကြဲေၾကေနပါၿပီ...။

ေထာင္ထဲမွာ ေနရမယ့္ ၁၆ ႏွစ္...။
သူမဘဝကို သူမဆက္ၿပီးမေတြးရဲေတာ့...။

ၿပီးေတာ့ သူမ ခ်စ္တဲ့သူ ေသသြားၿပီ...။
သူမကိုယ္တိုင္ သတ္ပစ္လိုက္ၿပီ..။

ခ်စ္သူကိုသတ္လိုက္ေတာ့ ဘာျဖစ္သြားလဲ...?

သူမ ဝမ္းသာသြားမယ္... ဂလဲစားေခ်ႏိုင္သြားမယ္.. အႏိုင္ရသြားမယ္လို႔ ေတြးခဲ့မိ...။

သူမ ထင္သလိုျဖစ္မလာခဲ့...။

သူမ ရလိုက္တာကေတာ့ အဆမတန္ႀကီးမားတဲ့ေနာင္တနဲ႔ အေၾကာက္တရားပဲျဖစ္ပါတယ္...,။

သူမဟာ လူတစ္ေယာက္ကိုရက္ရက္စက္စက္သတ္မိခဲ့တာ ေနာင္ဘဝမကူး ဒီဘဝမွာတင္ ပူေလာင္စြာခံစားေနရၿပီျဖစ္တယ္...။

ခ်စ္သူကိုသတ္မိလို႔ ရင္ကြဲနာက် စိတ္ဆင္းရဲရတဲ့အျပင္...သူမ ျမတ္ႏိုးတြယ္တာခဲ့တဲ့ သူမ ဘဝ သူမ အလွ သူမ ခ်မ္းသာႂကြယ္ဝမႈ အားလံုး ဆံုးရႈံးသြားၿပီ...။

:::::::::::::::::::::::::::::::::::::::

သူမဟာ တရားခြင္မွာ ဟန္ေဆာင္လို႔မရေအာင္ တစ္ကိုယ္လံုးတုန္ရင္ေနတယ္။ စကားေတာင္ မေျပာႏိုင္ ထစ္အေနတယ္။

အခုေတာ့ သူမမွာ ေဒါသလဲမရွိေတာ့ပါဘူး။ မာနလည္းမရွိေတာ့ပါဘူး။ ဝမ္းနည္းမႈနဲ႔ ေၾကာက္လန္႔မႈေတြပဲက်န္ရစ္ေတာ့တယ္။

အဲဒီတုန္းကဘသူမသာ K ေျပာခဲ့တဲ့စကားေတြ နားေထာင္ခဲ့ရင္ သိပ္ေကာင္းမွာပဲ...လို႔ေတြးမိတယ္...။

“တစ္ေယာက္ထဲ အျပင္မွာ အရသာရွိတဲ့ အစားအစာ တစ္ခုခုစားၿပီး စိတ္ထိန္းႏိုင္ခဲ့ရင္ အေကာင္းသား..။”

သူမ အမွားႀကီးမွားခဲ့ေပါ့...။

( transgender ႏွင့္ပတ္သက္၍ ျဖစ္ေစ.. Azuha Kikuchi အား မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ နွိမ္ခ် ညစ္ညမ္းေသာ ကြန္မန္႔မ်ား မေပးၾကပါရန္ ေမတၱာရပ္ခံပါသည္။ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး (ကိုရီးယား)

# Unicode Version ျဖင့္ ဖတ္ပါ #
 ၂၀၁၁ ခုနှစ်မှာပေါ့...။
ဂင်ဇာ-တိုကျို- ဂျပန်
(Ginza, Tokyo)

ခိခုချိ အဇုဟ(Azuha Kikuchi) ဆိုတဲ့ ဂျပန် အမျိုးသမီးလေးချောလေးဟာ အသက် ၂၄ နှစ်အရွယ်မှာ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ Fukuoka ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ နယ်မြို့လေး တစ်မြို့ကနေ တိုကျိုမြို့ကြီးကိုတက်လာခဲ့တယ်။

ခိခုချိ ဟာ တိုကျို-ဂင်ဇာရပ်ကွက်မှာရှိတဲ့ နာမည်ကြီး Night Club ကလပ်တွေမှာ အလုပ်ဝင်လုပ်တယ်။ သူမဟာ အမျိုးသားတွေကို အရက်ငှဲ့ပေး စကားပြော ဧည့်ခံရတဲ့ နိုက်ကလပ်မယ် (hostess) တစ်ဦးပေါ့...။

ဒီလိုနယ်ကလာတဲ့ အမျိုးသမီးတစ်ယောက် လူချမ်းသာတွေ ခြေရှုပ်တဲ့ ဂင်ဇာနိုက်ကလပ်တွေမှာတိုးဖို့ဆိုတာ မလွယ်ပါဘူး။

အရပ်ရှည်ရှည်၊ အပြောချိုချို... ပြီတော့ သူမရဲ့ သိပ်လှတဲ့ဂုဏ်သတင်းကြောင့် ဂင်ဇာက ယောက်ျားတွေ အသည်းစွဲဖြစ်လာတယ်။

မကြာမီမှာပဲ သူမကို မော်ဒယ်လုပ်ဖို့ကမ်းလှမ်းလာကြတယ်...။

:::::::::::::::::::::::::::::::::::::::

ခိခုချိဟာ ၂၀၁၃ ခုနှစ်မှာ " Azuha Mine “ ဆိုတဲ့နာမည်နဲ့ မော်ဒယ် စ လုပ်ခဲ့တယ်။ အဝတ်မပါတဲ့ ကိုယ်အလှပြမယ် (Nude model ) ပုံတွေလည်းရိုက်တာပေါ့။

သူမရဲ့ ခြေတံစင်းစင်းလေးတွေကို လှလွန်းလို့ သူမကို “Legs Queen”ဆိုပြီး sexy posts DVD ကို လစဉ်ထုတ်တဲ့အထိ နာမည်ကြီးလာတယ်။

သူမ ညစ်ညမ်းဗီဒီယိုတွေလည်းရိုက်ခဲ့တယ်။

:::::::::::::::::::::::::::::::::::::::

၂၀၁၄ ခုနှစ်ရောက်တော့ သူမ သိပ်ချစ်ရတဲ့သူနဲ့ဆုံခဲ့ရတယ်။

ချစ်သူဟာ အသက် ၄၇ နှစ်ရှိတဲ့ ဟီရတ ယူးဂျိ (Yuji Hirata) ဆိုတဲ့အမျိုးသားတစ်ဦးဖြစ်တယ်။

သူမ အလုပ်လုပ်တဲ့ ကလပ်က မန်နေဂျာပေါ့...။

အဲဒီအချိန် သူမ အသက် ၂၇ နှစ်...။

ချစ်သူရပြီဆိုတော့ သူမဟာ အခြားယောက်ျားတွေနဲ့ မပတ်သက်ချင်တော့...။

သကြားလုံး၊ ကိတ်မုန့်ဆိုင်တွေ ပြုလုပ်ပြီး ရောင်းတဲ့ဆိုင် တစ်ဆိုင်မှာ အလုပ်ပြောင်းလုပ်ခဲ့တယ်။

သူတို့ ချစ်သူနှစ်ယောက် လက်မထပ်သေးပေမဲ့ သိပ်ချစ်ကြလို့ အတူတူနေကြတယ်။

သူတို့ ချစ်သူနှစ်ယောက်ဟာ တစ်ကယ်ပဲ သိပ်ချစ်ကြတယ်...။

ပတ်ဝန်းကျင်က သတိထား အသိအမှတ်ပြု အားကျမိကြတဲ့အထိပါပဲ...။

:::::::::::::::::::::::::::::::::::::::

တစ်နှစ်နီးပါးကြာတော့ ချစ်သူက သူမကို အလုပ်ထွက်ခိုင်းတယ်။

အလုပ်လဲမရှိတော့....။
ချစ်သူ ဟီရတကို အားကိုး ယုံကြည်ပြီး စိတ်ချ လက်ချနေခဲ့တာပေါ့...။

သူမဟာ ချစ်သူ ဟီရတ ကိုပဲ အားကိုးပြီး အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေခဲ့တယ်...။

ဒါပေမဲ့....သူမ မမျော်လင့်ထားတဲ့တစ်နေ့ရောက်လာခဲ့တယ်။

ခိခုချိဟာ ဟာ ချစ်သူဆီက မမျော်လင့်တဲ့စကားတစ်ခွန်းကြားလိုက်ရတယ်...။

" မင်းကို မချစ်နိုင်တော့ဘူး.."တဲ့..။

:::::::::::::::::::::::::::::::::::::::

ခိခုချိ အတော့်ကို ထိတ်လန့်သွားတယ်။ ဘယ်သောအခါမှ အိပ်မက်ထဲမှာတောင် မမက်ခဲ့ဘူးတဲ့ စကားတစ်ခွန်း...။

ချစ်သူ ဟီရတဟာ သူမထက် အသက် ၂၀နှစ် ကြီးပါတယ်။ ချစ်သူကို သူမဟာ အမြဲ လေးလည်း လေးစားတယ်.. ချစ်လည်းချစ်တယ်.. သူမနဘေးမှာ ဒီလို ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေတာတောင် သစ္စာမဖောက်ခဲ့ဘူး...။

ဒါပေမဲ့ ချစ်သူက သူမကို စွန့်ပစ်လေပြီ..။
သူမ ဘာဆက်လုပ်ရမှန်းမသိတော့...။

ဒီလို ဘဝ အလှည့် အပြောင်းကို သူမ ကြောက်လည်း အရမ်းကြောက်သွားတယ်။

:::::::::::::::::::::::::::::::::::::::

ချစ်သူဟာ ဘာလို့များ ငါ့ကို မချစ်တော့တာလဲ...? ... သူမ ဘယ်လိုမှတွေးလို့မရ...။

သူမ အကောင်းဆုံးဖြစ်အောင်နေခဲ့တယ်လေ.,။

ကြံရာမရတဲ့ သူမဟာ ချစ်သူ ဟီရတရဲ့ ဖုန်းကို သူမသိအောင် ခိုးကြည့်လိုက်တယ်..။

"ဟင်...!"

သူမရဲ့ခန္ဓာကိုယ်က သွေးတွေ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရတယ်...

ဩ... ဒါကြောင့်ကိုး...။

ချစ်သူ ဟီရတဟာ အခြားချစ်သူ အသစ်ရနေပြီဖြစ်တယ်...။

:::::::::::::::::::::::::::::::::::::::

ခိခုချိ အတော့်ကို ခံစားသွားရတယ်။
ဒီတစ်ခါတော့ သူမ သိပ်စိတ်ဆိုးသွားတယ်။

ချစ်သူဟာ အသစ်မြင်သွားလို့ သူမကို အဟောင်းလို့သတ်မှတ်လိုက်တာကိုး..။ သစ္စာမရှိတဲ့ယောက်ျား...။

သူမရဲ့ ဝမ်းနည်းစိတ်တွေဟာ ဒေါသစိတ်ကို ပြောင်းလဲသွားတယ်။

:::::::::::::::::::::::::::::::::::::::

သူမဟာ ဈေးဆိုင်သွားပြီး သတ္ထု ဘေ့စ်ဘောတုတ်တစ်ချောင်းကိုဝယ်လိုက်တယ်။

:::::::::::::::::::::::::::::::::::::::

"ငါ မင်းကိုမရရင် မင်းကိုဘယ်သူမှမရစေရဘူး... သစ္စာဖောက်တဲ့ မင်းလို ယောက်ျား သေတာပဲကောင်းတယ်...။"

:::::::::::::::::::::::::::::::::::::::

၂၀၁၅ ခုနှစ် ၂ လပိုင်း ၁ ရက်နေ့

သူမဟာ အိပ်ပျော်နေတဲ့ ချစ်သူကို တစ်ချက်ကြည့်လိုက်တယ်။

"မုန်းတယ်..!"

အိမ်သုံးဓါးနဲ့ချစ်သူရဲ့ ရင်ဘတ်ကိုထိုးချလိုက်တယ်။

မထနိုင်တော့တဲ့ချစ်သူကို ဓါးနဲ့ ဆက်ထိုးတယ်။ ကျောကုန်း၊ လည်ပင်း...။

ပြီးတော့ ချစ်သူရဲ့ ဦးခေါင်းနဲ့ မျက်နှာကို သတ္ထု ဘေ့စ်ဘောတုတ်နဲ့ တစ်ချက်ခြင်း ရိုက် ပြီး အစိတ်စိတ် အမွှာမွှာခွဲပစ်လိုက်တယ်လေ...။

သတိဝင်လာတော့ သူမ ချစ်သူကို သူမ ဓါးနဲ့ထိုး၊ ရိုက်နှက်နေတာ ၂ ရက်နီးပါး ရှိနေပြီ...။

သူမဟာ ဘာဆက်လုပ်ရမှန်းမသိ ...သူမမိတ်ဆွေ K ကိုအကြောင်းကြားလိုက်တယ်။

သူမ ချစ်သူ ဟီရတကို အနီးဆုံးဆေးရုံကို ပို့ခဲ့ပေမဲ့ ဟီရတဟာ သေဆုံးနေပါပြီ.. ။

သွားပေတော့...။
ငါ့ကို သစ္စာဖောက်တဲ့ချစ်သူ...။

:::::::::::::::::::::::::::::::::::::::

ရက်ရက်စက်စက် ..။
ဟုတ်တယ်.. သူမဟာ ချစ်သူရဲ့ဓာတ်ပုံကို တစစီ ဆုတ်ဖြဲပစ်လိုက်သလို ချစ်သူမျက်နှာကိုရစရာမရှိအောင် ထုချေ ရိုက်ခွဲပစ်ခဲ့တယ်...။

သူမကိုယ်တိုင် ချစ်သူ ဘယ်တုန်းကဘယ်အချိန်သေသွားပြီလဲ ဆိုတာတောင် မသိ.. ဒေါသတကြီးနဲ့ ဆက်ရိုက်နေတာ ၂ ရက်နီးပါး....။

:::::::::::::::::::::::::::::::::::::::

၂၀၁၅ ခုနှစ် ၂ လပိုင်း ၂ ရက်နေ့

ဒါဟာ ဒေါသအလျှောက်မတော်တဆသတ်တဲ့အမှုမဟုတ်ဘူးလေ...သူမဟာ ချစ်သူကိုသတ်ဖို့ပစ္စည်းတွေသွားဝယ် အစီအစဉ်တကျ အချိန်ကောင်းစောင့်ပြီး တစ်တိတစ်တိ သတ်ပစ်လိုက်တာဖြစ်တယ်။

သူမ အပြစ်ဟာ သိပ်ကြီးတာပေါ့..။
သူမကို ရဲတွေကဖမ်းဆီးလိုက်ကြတယ်..။

:::::::::::::::::::::::::::::::::::::::

ခိခုချိ မိန်းမချောလေးဟာ ဂျပန်ပြည်က နာမည်ကြီးမော်ဒယ်မို့ အစကတည်းက လူသိများခဲ့တယ်။

ဒီလို လှပတဲ့ မိန်းကလေးတစ်ယောက်ဟာ ရက်ရက်စက်စက် လူတစ်ယောက်ကို သတ်ပစ်လိုက်တဲ့အတွက် ဂျပန်နိုင်ငံမှာ ဒီသတင်းက အတော့်ကိုကြီးသွားတာပေါ့..။

:::::::::::::::::::::::::::::::::::::::

ဂျပန် သတင်းစာတွေထဲ သူမ အကြောင်းကို ဒီလိုခေါင်းစဉ်တပ်ကြတယ်။

"မိန်းမလှ လူသတ်သမား "

သူမ အခုမှပိုပြီး နာမည်ကြီးသွားတော့တယ်။ လူတွေက သူမနာမည် Azuha Kikuchi ( あずは菊池) ကို Facebook, Twitter တွေမှာ ရှာကြည့်ကြတယ်...။ သူမရဲ့ဓာတ်ပုံကို မြင်ချင် ကြည့်ချင်ကြလွန်းလို့...။

ဒီလိုချစ်ဖို့ကောင်းတဲ့ မိန်းမချောလေးဟာ လူသတ်ခဲ့တယ်ဆိုတာ မယုံနိုင်စရာ....။

:::::::::::::::::::::::::::::::::::::::

ဒီလိုနဲ့.....
ချောမောလှပတဲ့သူမကို ပထမဆုံးအကြိမ် တရားခွင်ဝင်ဖို့ နေ့ကိုရောက်လာတယ်...။

တရားရုံးရှေ့မှာ ယောက်ျားတွေ အုတ်အော်သောင်းနင်းဖြစ်နေကြတယ်..။

သူမမျက်နှာကို နောက်ဆုံး တစ်ခါလောက်ပဲဖြစ်ဖြစ် ကြည့်ချင်ကြလွန်းလို့တဲ့....။

အလွန်အေးလှတဲ့ ဆောင်းရာသီမှာ အဲဒီနေ့မတိုင်ခင် ညဖက်ကတည်းက tent ရွက်ဖျင်တဲ ထိုးပြီးစောင့်နေသူများလည်းရှိတယ်။

အလုအယက် တန်းဆီပြီးစောင့်နေကြတဲ့ ယောက်ျားတွေ အားလုံး အယောက် ၁၈၀ ဝန်းကျင် ...။

ဂျပန်ပြည်မှာ တရားခွင်ထဲကို အပြင်လူ ၃၅ ယောက်ပဲဝင်ခွင့်ရှိပါတယ်။

ဒါကြောင့် ဒီလိုတန်းစီပြီး ဝင်ခွင့်လက်မှတ်ကို စောင့်ယူနေကြတာဖြစ်တယ်...။

မဝင်ရပဲ ကျန်သူတွေကတော့ အပြင်က သူမ တရားရုံးထဲဝင်သွားတာလေးကိုပဲကြည့်ရရင်တော်ပြီပေါ့...။

:::::::::::::::::::::::::::::::::::::::

မကြာမီမှာပဲ ထောင်ကားက တရားရုံးရှေ့မှာလာရပ်တယ်။

ထောင်ကားထဲက သူမ ဆင်းလာတယ်။

" ဘယ်သူကြီးလဲ... ခိခုချိ အဇုဟ ဟုတ်ပါသလား..????"

အရှေ့ဆုံးကလူက အော်လိုက်တယ်။

သူမမျက်နှာ တဖြည်းဖြည်းနဲ့ နီးလာတယ်။

ဟုတ်ပ... ခိခုချိ အစစ်...။

သူမကိုတွေ့လိုက်ရတဲ့သူတွေ အားလုံးဟာ အံသြ ဆွံအသွားကြတော့တယ်...။

:::::::::::::::::::::::::::::::::::::::

သူတို့ သိပ်တွေ့ချင်တဲ့ သိပ်လှတဲ့ ခိခုချိဟာ သူမ ဆံပင်အရှည်တွေကို ဖရိုဖရဲစုစည်းထားပြီး အလွန်လေးလံတဲ့ခြေလှမ်းတွေနဲ့ ထောင်ကားထဲကနေ ထော့နဲ့ ထော့နဲ့လမ်းလျှောက်လာတယ်။

သူမရဲ့ မျက်လုံးတွေဟာ ပြူးကျယ်ပြီး စိတ်ဖောက်နေတဲ့သူတစ်ယောက်လို ငေးကြောင်ကြောင်ဖြစ်နေတယ်။

ပါးစပ်ဟောင်းလောင်းပွင့်နေပြီး မျက်တောင်လဲမခပ်တော့ဘူး...။

ပြီးတော့....

သူမဟာ နှုတ်ခမ်းမွှေးတွေနဲ့လေ......။
မေးစိကလည်း နှစ်ထပ်ဖြစ်သွားတယ်...။

:::::::::::::::::::::::::::::::::::::::

"ဟင်... ယောက်ျားကြီး..!!"

ဟုတ်ပါတယ်။

သူမဟာ လိင်ပြောင်းထားတဲ့ သူတစ်ယောက် ( transgender) ဖြစ်ပါတယ်...။

သူမဟာ ထောင်ထဲမှာ အီစထြိုဂျင် မိန်းမဟော်မုန်း ထိုးဆေး (Estrogen injections )သုံးခွင့်မရလို့ ဒီလို မူလရုပ်ပေါ်လာတာဖြစ်တယ်။

ဒါကို သူမ ပရိတ်သတ်တွေဟာ မရိပ်မိခဲ့လောက်အောင်အထိ သူမဟာ လှပခဲ့တာပေါ့။

:::::::::::::::::::::::::::::::::::::::

တရားခွင်ထဲရောက်လာပြီ...။

"ကျွန်မ ခိခုချိ အဇုဟ ဖြစ်ပါတယ်.."

သူမဆီက ယောက်ျားသံ သြသြကြီးထွက်လာခဲ့တယ်...။

သူမ စကားသံတွေလည်းထစ် အ နေခဲ့တယ်။ သူမဟာ သိပ်ကြောက်နေပုံရတယ်။

ပါးစပ်အမြဲလိုလို ပွင့်နေပြီး သွားရည်တွေလည်းကျလို့...။

သူမ ...စိတ်ဖောက်နေသူတစ်ယောက်လို ဖြစ်နေတယ်..။

:::::::::::::::::::::::::::::::::::::::

ရှေ့နေက တရားသူကြီးကို လျှောက်ထားတယ်။

"သူမမှာ gender identity disorder (GID)ဆိုတဲ့ စိတ္တဇရောဂါရှိနေတယ်...။ ဒါကြောင့် သူမကို ပြစ်မှုပေါ့လျှော့ စဉ်းစားပေးစေချင်ပါတယ်.."...။

gender identity disorder (GID) ဆိုတာ မွေးရာပါလိင်အင်္ဂါကို ဆန့်ကျင်တဲ့ စိတ်ရောဂါတစ်ခုပေါ့...။

ယောက်ျားလေး တစ်ယောက်လို မွေးဖွားလာတဲ့ ခိခုချိဟာ ....

"ငါဟာ မိန်းမတစ်ယောက်ဖြစ်နေပါရက်နဲ့ ဘာလို့ယောက်ျားအင်္ဂါရှိနေပါလိမ့်..?" ဆိုတဲ့အတွေးတွေနဲ့ စိတ်ဆင်းရဲနေခဲ့တယ်။

" လူတွေကငါ့ကို ယောက်ျားတစ်ယောက်လို့ သတ်မှတ်နေကြပြီ... အမှန်တော့ ငါဟာ ယောက်ျားမှမဟုတ်တာ.."

ဒီအတွေးဟာ သူ့ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

ဒါဟာ စိတ်သောကကို ဖြစ်စေပြီး လောကကြီးကို မကျေနပ်မှုတွေများလာတယ်။

:::::::::::::::::::::::::::::::::::::::

သူမ ယောက်ျားဘဝတုန်းက နာမည်ကတော့ မာဆားတိုဖြစ်ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက ယောက်ျား မိန်းမ သူငယ်ချင်း ဘယ်သူနဲ့ဘယ်လိုပေါင်းရမှန်းမသိ တစ်ယောက်ထဲအထီးကျန်နေခဲ့တယ်။

နောက်ဆုံးလူတွေနဲ့မတွေ့ရဲတော့ ... ကြောက်လန့်တဲ့အထိဖြစ်ခဲ့တာ အသက် ၁၈ နှစ်ရောက်တဲ့အထိပါပဲ...။

" အဲဒီအိမ်က ကောင်လေးက ကျွန်မတို့ ဓာတ်လှေကားသုံးရင် ကျွန်မတို့နဲ့အတူ ဓာတ်လှေကားစီးရမှာစိုးလို့ ကားထဲကမဆင်းဘူး။ သူစိမ်း ဘယ်သူမှ မရှိတော့မှ ဓာတ်လှေကားကို အသုံးပြုတယ်..." လို့

အိမ်နီးနားချင်းတွေကပြောကြတယ်။

:::::::::::::::::::::::::::::::::::::::

နောက်ဆုံး သူအသက် ၂၀ ပြည့်တဲ့အချိန်မှာထိုင်းနိုင်ငံသွားပြီး လိင်ပြောင်းတဲ့ခွဲစိတ်မှုပြုခဲ့တယ်။ ဒီလိုခွဲစိတ်တဲ့အဆင့်ရောက်တဲ့အချိန်အထိ သူခံစားခဲ့ရတာတွေ သိပ်များခဲ့တယ်။ မိဘတွေရဲ့ငြိုငြင်မှုကလည်း သူ့ကို စိတ်ဒါဏ်ရာရစေခဲ့တယ်။

:::::::::::::::::::::::::::::::::::::::

သူမဟာ တိုကျိုမြို့ကိုတက်လာပြီး လူတောတိုးချင်လို့ လူတွေအများကြီးတွေ့နိုင်မယ့် နိုက်ကလပ်မယ်အလုပ်ကို စတင်လုပ်ခဲ့ပါတယ်။

သူမ လိင်ပြောင်းထားတာကို အလွန်ရင်းနှီးသူတစ်ဦး နှစ်ဦးနဲ့ ချစ်သူကလွဲပြီး အားလုံးကိုလှို့ဝှက်ထားခဲ့တယ်။

လိင်ပြောင်းပြီးကတည်းက သူမကိုယ်သူမ ယုံကြည်မှုရှိလာတယ်။ သူမရဲ့ လူမှုဆက်ဆံရေးဟာ လူတွေ သြချရလောက်အောင် သိပ်ပြီးတော်လာခဲ့တယ်။

သူမလိုချင်တဲ့ အောင်မြင်တဲ့ မိန်းမဘဝရခဲ့ပါတယ်..,။ လူတကာအချီးကျူးခံ အချစ်ခံရတဲ့ မိန်းကလေးဘဝ....။သူမဟာ ကျေနပ်ပျော်ရွင်ခဲ့ရတယ်...။

သူမ အပျော်ဆုံးအချိန်ကတော့ ချစ်တဲ့သူရဲ့နဘေးမှာ မိန်းမ ပီပီသသ နေခွင့်ရတာကိုပါပဲ...။

ငယ်စဉ်က ကြောက်ရွံမှုတွေ အခုတော့ ပြီးဆုံးခဲ့ပြီ..။

အချစ်ဆိုတာကြောင့်ပိုပြီး အေးချမ်း လုံခြုံဘဝကိုရပြီလို့ သူမ ကျေနပ်ခဲ့ပြန်တယ်။

ဒီလို အချစ်ဟာ ပူပြင်းသောက ဒုက္ခပေါင်းစုံကို ပေးလိမ့်မယ်လို့ သူမ ဘယ်လိုမှထင်မထားခဲ့..။

:::::::::::::::::::::::::::::::::::::::

ခိခုချိဟာ သူမ ချစ်သူကိုမသတ်ခင် သူမ ယုံကြည်ရတဲ့ မိတ်ဆွေ K ဆိုတဲ့အမျိုးသားကို တိုင်ပင်ခဲ့ပါသေးတယ်။

" ကျွန်မ ...သူ့ကိုသတ်ပစ်တော့မယ်..."

K ကသူမကိုအကြိမ်ကြိမ်တားခဲ့ပါတယ်...။

K က အီးမေးလ်တစ်စောင် နောက်ဆုံးရေးပို့ခဲ့သေးတယ်။

:::::::::::::::::::::::::::::::::::::::

ခိခုချိ.... ။

မဟုတ်တာတွေမလုပ်နဲ့....။ မလုပ်သင့်တာတွေလုပ်ချင်လာရင် အပြင်ခဏထွက်ပြီး တစ်ခုခုစားလိုက်... စိတ်လျှော့...။
မဟုတ်တာတွေမလုပ်ဖို့ ကတိပေးနော်...။
ကတိတည်ရင် ငါဟာ မင်းစိတ်ညစ်စရာတွေ အကုန်ဖြေရှင်းပေးမယ့် ယောက်ျားကောင်းတစ်ယောက်အဖြစ် မင်းအတွက်နေပေးမယ်..။

မင်းနဲ့မပတ်သက်တော့ဘူးလို့ တွေးခဲ့ဖူးတယ်။ ငါဒီလိုပြောရင် မင်းအတွက်ပိုပြီးပင်ပန်းနေမလားပဲ...။ ဖုန်းဆက်ပါ... ငါ မင်းကို အကောင်းဆုံးနည်းလမ်းတွေပြောပြမယ်..။

မင်းရဲ့ K

:::::::::::::::::::::::::::::::::::::::

သူမ ယုံကြည်တဲ့သူရဲ့စာကလည်း အခြားအဓိပ္ပါယ်တွေပါနေသလိုခံစားရလို့ ဂျပန်ပြည်သူပြည်သားတွေက အမျိုးမျိုးဝေဖန်ကြတယ်။

:::::::::::::::::::::::::::::::::::::::

၂၀၁၅ ခုနှစ် ၂ လပိုင်း ၂ ရက်နေ့
တနင်္လာနေ့
နေ့လယ် ၁၂ နာရီ ၂၀ မိနစ်

ခိခုချိဟာ K ကိုဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ သူမချစ်သူကို သတ်ပြီးနေပြီ...။

K ဟာ သူမတို့ ချစ်သူနှစ်ဦးနေတဲ့ ၅လွှာမြောက် တိုက်ခန်းထဲကို အမြန်ဆုံး ပြေးသွားခဲ့တယ်..။

K ဟာ သွေးစွန်း ညဝတ်အကျႌဝတ်ထားပြီး သဆုံးနေတဲ့သူမရဲ့ချစ်သူကို အိပ်ယာပေါ်မှာတွေ့လိုက်ရတယ်...။

"ခိခုချိ... မင်းဘဝလည်း ဆုံးပြီ.."

K ကိုယ်တိုင် ဆေးရုံနဲ့ ရဲစခန်းကိုဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်တယ်...။

ချစ်သူပြောခဲ့တဲ့နောက်ဆုံးစကား သူမနားထဲကမထွက်....သူမ ဆုံးဖြတ်ချက်မှားခဲ့ပြီ...။

"ငါ့ရင်ထဲမှာ မင်းအတွက် .... အချစ်ဆိုတာမရှိတော့ဘူး... သံယောဇဉ်လက်ကျန်ပဲကျန်ရစ်တော့တယ်..။"

"ဘာပြောလိုက်တာလဲဟင်..?"

"မင်းကို မချစ်နိုင်တော့ဘူး.."

ဒီစကားတစ်ခွန်းဟာ သူ့ဘဝကိုပြောင်းလဲပစ်လိုက်တယ်။

ခိခုချိဟာ ထောင်ဒါဏ် ၁၆ နှစ်အပေးခံခဲ့ရတယ်။ သူမ အကြောက်ဆုံးကတော့ ထောင်ထဲမှာ မိန်းကလေးတွေကြားမှာ သူမနေရတော့မှာကိုပဲ...။

ထောင်ထဲမှာ အီစထြိုဂျင် ဟိုမုန်းဆေး (Estrogen Hormone )ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး၊ စပရေး ဘာဆိုဘာမှ သုံးခွင့်မရ...။သူမဟာ ဒီလို ချောမောလှပတဲ့ မိန်းမဘဝအဖြစ်ရပ်တည်ဖို့ဆိုတာ ထင်သလောက်မလွယ်လှပါဘူး။

မိမိကိုယ်မိမိ ပိုးမွေးသလို မွေးပြီး ဂရုတစိုက် လှလှလေးနေခဲ့ရတဲ့သူမ...။

အခုတော့ သူမ ထောင်ထဲမှာ အလှအပဆိုဝေလားဝေး ....။ ငယ်စဉ်ကတည်းကချမ်းသာခဲ့တဲ့သူမဟာ ထောင်ထမင်း ထောင်ဟင်းတောင် မစားနိုင်...။

ဟိုမုန်းအပြောင်းအလဲကြောင့် သူမ ခေါင်းတွေကိုက်ပြီး ကြောက်စိတ်တွေ ဝင်လာတယ်။ ပြောင်းလဲလာတဲ့ မိမိခန္ဓာကိုယ်က ယောက်ျားရဲ့သွင်အပြင်တွေကိုကြည့်ပြီး မိမိကိုယ်မိမိ ရွံလာတယ်။

သူမ ခန္ဓာကိုယ်တစ်ခုလုံး ဟိုကဒီက အဆီတွေ ရုတ်တရက် ထွက်လာတယ်။ မေးစိကတွဲကျပြီး နှစ်ထပ်ဖြစ်သွားတယ်။ သူမ မှန်တောင်မကြည့်ရဲ...။

ဒီအတိုင်းသာဆို...မိန်းမတွေကြား သူမ ဘယ်လိုနေရပါ့...။

သူမဟာ ငယ်စဉ်ဘဝထက် ပိုဆိုးတဲ့ဘဝကို ရောက်သွားပြီဆိုတာ သတိပြုမိလာတယ်။

သူမရဲ့ဒေါသက သူမဘဝကို သတ်ပစ်လိုက်လေပြီ... အခုမှ တကယ်ဒုက္ခရောက်ပြီ..။

ဒေါသကြောင့် သူမ အလှ သူမ ဘဝ အစိတ်စိတ်အမွှာမွှာကွဲကြေနေပါပြီ...။

ထောင်ထဲမှာ နေရမယ့် ၁၆ နှစ်...။
သူမဘဝကို သူမဆက်ပြီးမတွေးရဲတော့...။

ပြီးတော့ သူမ ချစ်တဲ့သူ သေသွားပြီ...။
သူမကိုယ်တိုင် သတ်ပစ်လိုက်ပြီ..။

ချစ်သူကိုသတ်လိုက်တော့ ဘာဖြစ်သွားလဲ...?

သူမ ဝမ်းသာသွားမယ်... ဂလဲစားချေနိုင်သွားမယ်.. အနိုင်ရသွားမယ်လို့ တွေးခဲ့မိ...။

သူမ ထင်သလိုဖြစ်မလာခဲ့...။

သူမ ရလိုက်တာကတော့ အဆမတန်ကြီးမားတဲ့နောင်တနဲ့ အကြောက်တရားပဲဖြစ်ပါတယ်...,။

သူမဟာ လူတစ်ယောက်ကိုရက်ရက်စက်စက်သတ်မိခဲ့တာ နောင်ဘဝမကူး ဒီဘဝမှာတင် ပူလောင်စွာခံစားနေရပြီဖြစ်တယ်...။

ချစ်သူကိုသတ်မိလို့ ရင်ကွဲနာကျ စိတ်ဆင်းရဲရတဲ့အပြင်...သူမ မြတ်နိုးတွယ်တာခဲ့တဲ့ သူမ ဘဝ သူမ အလှ သူမ ချမ်းသာကြွယ်ဝမှု အားလုံး ဆုံးရှုံးသွားပြီ...။

:::::::::::::::::::::::::::::::::::::::

သူမဟာ တရားခွင်မှာ ဟန်ဆောင်လို့မရအောင် တစ်ကိုယ်လုံးတုန်ရင်နေတယ်။ စကားတောင် မပြောနိုင် ထစ်အနေတယ်။

အခုတော့ သူမမှာ ဒေါသလဲမရှိတော့ပါဘူး။ မာနလည်းမရှိတော့ပါဘူး။ ဝမ်းနည်းမှုနဲ့ ကြောက်လန့်မှုတွေပဲကျန်ရစ်တော့တယ်။

အဲဒီတုန်းကဘသူမသာ K ပြောခဲ့တဲ့စကားတွေ နားထောင်ခဲ့ရင် သိပ်ကောင်းမှာပဲ...လို့တွေးမိတယ်...။

“တစ်ယောက်ထဲ အပြင်မှာ အရသာရှိတဲ့ အစားအစာ တစ်ခုခုစားပြီး စိတ်ထိန်းနိုင်ခဲ့ရင် အကောင်းသား..။”

သူမ အမှားကြီးမှားခဲ့ပေါ့...။

( transgender နှင့်ပတ်သက်၍ ဖြစ်စေ.. Azuha Kikuchi အား မည်သည့်အကြောင်းကြောင့်ဖြစ်စေ နှိမ်ချ ညစ်ညမ်းသော ကွန်မန့်များ မပေးကြပါရန် မေတ္တာရပ်ခံပါသည်။ )

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး (ကိုရီးယား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top