×

သင္သည္ ပံုမွန္ေလ့က်င့္ခန္းလုပ္သူမဟုတ္ပါက ႂကြက္တက္ေလ့ရွိျခင္းမွာ မထူးဆန္းေပ။ သို႔ေသာ္ ႂကြက္တက္ျခင္းကို လ်စ္လ်ဴ႐ႈထားပါက ေနာင္တြင္ ဒဏ္ရာအနာတရျဖစ္ႏိုင္သည္။ ႂကြက္တက္ျခင္းကိုကာကြယ္ႏုိင္ မည့္နည္းလမ္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။
႐ုတ္တရက္မထင္မွတ္ဘဲ ႂကြက္သားမ်ားက်ံဳ႕သြားခ်ိန္တြင္ ႂကြက္တက္ျခင္း (သို႔မဟုတ္) အေၾကာဆြဲျခင္းတို႔ ျဖစ္တတ္သည္။ ယင္းအေၾကာဆြဲျခင္းမ်ားက ႂကြက္သားတစ္ခု (သို႔မဟုတ္) ႂကြက္သားအုပ္စုတစ္စုကုိ ႐ုတ္တရက္က်ဳံ႕သြားေစႏိုင္သည္။ ႂကြက္တက္ျခင္းမွာ စကၠန္႔အနည္းငယ္(သို႔) မိနစ္အနည္းငယ္မွ ယင္းထက္လည္းပိုၾကာႏုိင္သည္။

ႂကြက္သားႏွစ္မ်ဳိးရွိၿပီး တစ္မ်ဳိးမွာ မတင္ျခင္း၊ လႈပ္ရွားျခင္း၊ ေကြးျခင္း စသည္တို႔ျပဳလုပ္ခ်ိန္တြင္ သံုးႏိုင္သည့္ ေျခႏွင့္လက္တို႔ရွိ ႂကြက္သားမ်ားကဲ့သို႔ ထိန္းခ်ဳပ္ႏိုင္ေသာ ႂကြက္သားမ်ားျဖစ္သည္။ေနာက္တစ္မ်ဳိးမွာ မထိန္းခ်ဳပ္ႏိုင္ေသာႂကြက္သားမ်ားျဖစ္သည္။ မထိန္းခ်ဳပ္ႏိုင္ေသာ ႂကြက္သားမ်ားမွာ အေၾကာဆြဲျခင္း၊ ႂကြက္တက္ျခင္းတို႔ျဖစ္ေစႏိုင္သည္။

ကယ္လ္စီယမ္၊ ပိုတက္စီယမ္ႏွင့္ မဂၢနီစီယမ္ဓာတ္မ်ားမရွိ ျခင္း၊ ေရဓာတ္ခန္းေျခာက္ျခင္းတို႔ေၾကာင့္ ႂကြက္တက္ျခင္းကိုျဖစ္ ေစႏိုင္သည္။ အာ႐ံုေၾကာ (သို႔မဟုတ္) ႂကြက္သားဒဏ္ရာရပါက အေၾကာဆြဲျခင္းကိုျဖစ္ေစႏုိင္သည္။ ႂကြက္သားမ်ားသို႔ ေသြးလည္ပတ္မႈည့ံဖ်င္းျခင္းကလည္း ႂကြက္တက္ေစႏိုင္ၿပီး ေျခခ်င္းခ်ိတ္၍ အခ်ိန္အၾကာႀကီးထိုင္ၿပီးေနာက္ ႂကြက္တက္ႏိုင္သည္။

အခ်ဳိ႕ေသာေဆးဝါးမ်ားေၾကာင့္လည္း ႂကြက္တက္ႏိုင္သည္။ ဇရာႀကိဳေရာဂါ(အယ္လ္ဇုိင္းမား)ကို ကုသရာတြင္သံုးေသာ ေဆးဝါးအခ်ဳိ႕၊ ပါကင္ဆင္ေရာဂါ၊ ေသြးတိုးေရာဂါႏွင့္ ကိုလက္စထေရာေလွ်ာ့ခ်ေစရန္သံုးေသာေဆးဝါးအခ်ဳိ႕ေၾကာင့္ ႂကြက္တက္ႏိုင္သည္။ သို႔ေသာ္ ယင္းေဆးဝါးမ်ား၏ ေဘးထြက္ဆိုးက်ဳိးမ်ားမွာ ေဆးေသာက္သံုးသူအားလံုးကို ထိခိုက္ျခင္းမရွိဘဲ လူအနည္းငယ္မွ်ကိုသာ ထိခိုက္ေစသည္။

ႂကြက္တက္ျခင္းကိုကုသရန္ ႂကြက္သားမ်ားကို သက္ေသာင့္ သက္သာျဖစ္ေအာင္လုပ္ပါ။ ႂကြက္သားေပၚတြင္ အပူဖိကပ္ပါ။ ႂကြက္သားကို ျဖည္းျဖည္းခ်င္း ဆန္႔ထုတ္ပါ။ ႏွိပ္ေပးျခင္းကလည္း ႂကြက္တက္ျခင္းကို ကုသရာတြင္ ေကာင္းသည္။ ကယ္လ္စီယမ္၊ ပုိတက္စီယမ္ႏွင့္ မဂၢနီစီယမ္ဓာတ္မ်ားခ်ဳိ႕တဲ့ေနပါက ျဖည့္စြက္စာစားေပးပါ။ ေရေသာက္ပါ။ လွ်ပ္စစ္ဓာတ္ျဖတ္ႏိုင္ေသာ ေဖ်ာ္ရည္မ်ားေသာက္ပါ။ လမ္းေလွ်ာက္ျခင္း (သို႔မဟုတ္) မတ္တတ္ရပ္ျခင္းမ်ဳိးျပဳလုပ္ပါ။

ေျခဆန္႔လက္ဆန္႔လုပ္ျခင္း၊ ေသြးပူေလ့က်င့္ခန္းလုပ္ျခင္း၊ ေလ့က်င့္ခန္းလုပ္ၿပီး အေၾကာေလွ်ာ့ျခင္းတို႔ျပဳလုပ္ျခင္းျဖင့္ ႂကြက္တက္ျခင္းကိုကာကြယ္ႏိုင္သည္။ အားသြန္ခြန္စိုက္လႈပ္ရွားမႈမ်ဳိးျပဳလုပ္ရမည္ဆိုပါက ေရဓာတ္ျဖည့္တင္းထားပါ။ ေခြၽးအလြန္ထြက္ခ်ိန္တြင္ လွ်ပ္စစ္ဓာတ္ျဖတ္ႏိုင္ေသာေဖ်ာ္ရည္မ်ား ေသာက္သံုးေပးရန္ အထူးအေရးႀကီးသည္။

အသက္ႀကီးသူမ်ားအိပ္ေနခ်ိန္တြင္ ေသြးလည္ပတ္မႈေႏွးေကြးသြားသျဖင့္ ႂကြက္တက္ႏိုင္ၿပီး လႈပ္ရွားမႈမရွိျခင္း၊ ေလ့က်င့္ခန္းမလုပ္ျခင္းတို႔ေၾကာင့္ျဖစ္ႏိုင္သည္။ သို႔ေသာ္ ကိုယ္ေနဟန္ထားတစ္မ်ဳိးတည္း အခ်ိန္အၾကာႀကီးရပ္ေနျခင္း၊ ကုလားထုိင္ေပၚတြင္ထုိင္ ေနရျခင္းတုိ႔ေၾကာင့္ ႂကြက္တက္ျခင္းမွာ မည္သူမဆုိ ျဖစ္ႏိုင္သည္။

ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ား ကိုယ္ဝန္သက္တမ္းဒုတိယ သံုးလပတ္ကာလအတြင္း ေျခႏွင့္လက္တို႔ ႂကြက္တက္ေလ့ရွိသည္။ ကိုယ္ဝန္ေဆာင္မ်ားမည္သည့္အတြက္ေၾကာင့္ ႂကြက္တက္သည္ ကို ရွင္းရွင္းလင္းလင္း မသိရေသာ္လည္း ကိုယ္အေလးခ်ိန္ပိုမ်ားျခင္းႏွင့္ ဆက္ႏႊယ္ဖြယ္ရွိသည္။ အႏွိပ္ခံျခင္းက ႂကြက္တက္ျခင္းကိုသက္သာႏိုင္သည္ ဆုိေသာ္လည္း မွားယြင္းေသာနည္းျဖင့္ ႏွိပ္နယ္ပါက ႂကြက္တက္ျခင္းကိုပိုမိုဆုိးရြားေစႏိုင္သည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version#

သင်သည် ပုံမှန်လေ့ကျင့်ခန်းလုပ်သူမဟုတ်ပါက ကြွက်တက်လေ့ရှိခြင်းမှာ မထူးဆန်းပေ။ သို့သော် ကြွက်တက်ခြင်းကို လျစ်လျူရှုထားပါက နောင်တွင် ဒဏ်ရာအနာတရဖြစ်နိုင်သည်။ ကြွက်တက်ခြင်းကိုကာကွယ်နိုင် မည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်တွင် ကြွက်တက်ခြင်း (သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်တတ်သည်။ ယင်းအကြောဆွဲခြင်းများက ကြွက်သားတစ်ခု (သို့မဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တရက်ကျုံ့သွားစေနိုင်သည်။ ကြွက်တက်ခြင်းမှာ စက္ကန့်အနည်းငယ်(သို့) မိနစ်အနည်းငယ်မှ ယင်းထက်လည်းပိုကြာနိုင်သည်။

ကြွက်သားနှစ်မျိုးရှိပြီး တစ်မျိုးမှာ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း စသည်တို့ပြုလုပ်ချိန်တွင် သုံးနိုင်သည့် ခြေနှင့်လက်တို့ရှိ ကြွက်သားများကဲ့သို့ ထိန်းချုပ်နိုင်သော ကြွက်သားများဖြစ်သည်။နောက်တစ်မျိုးမှာ မထိန်းချုပ်နိုင်သောကြွက်သားများဖြစ်သည်။ မထိန်းချုပ်နိုင်သော ကြွက်သားများမှာ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သည်။

ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များမရှိ ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ကြွက်တက်ခြင်းကိုဖြစ် စေနိုင်သည်။ အာရုံကြော (သို့မဟုတ်) ကြွက်သားဒဏ်ရာရပါက အကြောဆွဲခြင်းကိုဖြစ်စေနိုင်သည်။ ကြွက်သားများသို့ သွေးလည်ပတ်မှုညံ့ဖျင်းခြင်းကလည်း ကြွက်တက်စေနိုင်ပြီး ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ကြွက်တက်နိုင်သည်။

အချို့သောဆေးဝါးများကြောင့်လည်း ကြွက်တက်နိုင်သည်။ ဇရာကြိုရောဂါ(အယ်လ်ဇိုင်းမား)ကို ကုသရာတွင်သုံးသော ဆေးဝါးအချို့၊ ပါကင်ဆင်ရောဂါ၊ သွေးတိုးရောဂါနှင့် ကိုလက်စထရောလျှော့ချစေရန်သုံးသောဆေးဝါးအချို့ကြောင့် ကြွက်တက်နိုင်သည်။ သို့သော် ယင်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆေးသောက်သုံးသူအားလုံးကို ထိခိုက်ခြင်းမရှိဘဲ လူအနည်းငယ်မျှကိုသာ ထိခိုက်စေသည်။

ကြွက်တက်ခြင်းကိုကုသရန် ကြွက်သားများကို သက်သောင့် သက်သာဖြစ်အောင်လုပ်ပါ။ ကြွက်သားပေါ်တွင် အပူဖိကပ်ပါ။ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပါ။ နှိပ်ပေးခြင်းကလည်း ကြွက်တက်ခြင်းကို ကုသရာတွင် ကောင်းသည်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များချို့တဲ့နေပါက ဖြည့်စွက်စာစားပေးပါ။ ရေသောက်ပါ။ လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များသောက်ပါ။ လမ်းလျှောက်ခြင်း (သို့မဟုတ်) မတ်တတ်ရပ်ခြင်းမျိုးပြုလုပ်ပါ။

ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ခြင်းတို့ပြုလုပ်ခြင်းဖြင့် ကြွက်တက်ခြင်းကိုကာကွယ်နိုင်သည်။ အားသွန်ခွန်စိုက်လှုပ်ရှားမှုမျိုးပြုလုပ်ရမည်ဆိုပါက ရေဓာတ်ဖြည့်တင်းထားပါ။ ချွေးအလွန်ထွက်ချိန်တွင် လျှပ်စစ်ဓာတ်ဖြတ်နိုင်သောဖျော်ရည်များ သောက်သုံးပေးရန် အထူးအရေးကြီးသည်။

အသက်ကြီးသူများအိပ်နေချိန်တွင် သွေးလည်ပတ်မှုနှေးကွေးသွားသဖြင့် ကြွက်တက်နိုင်ပြီး လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ သို့သော် ကိုယ်နေဟန်ထားတစ်မျိုးတည်း အချိန်အကြာကြီးရပ်နေခြင်း၊ ကုလားထိုင်ပေါ်တွင်ထိုင် နေရခြင်းတို့ကြောင့် ကြွက်တက်ခြင်းမှာ မည်သူမဆို ဖြစ်နိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်းဒုတိယ သုံးလပတ်ကာလအတွင်း ခြေနှင့်လက်တို့ ကြွက်တက်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်များမည်သည့်အတွက်ကြောင့် ကြွက်တက်သည် ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ကိုယ်အလေးချိန်ပိုများခြင်းနှင့် ဆက်နွှယ်ဖွယ်ရှိသည်။ အနှိပ်ခံခြင်းက ကြွက်တက်ခြင်းကိုသက်သာနိုင်သည် ဆိုသော်လည်း မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားစေနိုင်သည်။ 


ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top