×

ယမန္ေန႕က တရုတ္ႏုိင္ငံမွာ မူးယစ္ေဆးကုန္သည္ႏွစ္ေယာက္ကို ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။
သူတုိ႕ႏွစ္ေယာက္ကုိေတာ့ တရုတ္ႏုိင္ငံ ေတာင္ပိုင္း ဟန္နန္ ျမိဳ႕က Haikou အားကစားကြင္းမွ လူေရွ႕ထုတ္ျပခဲ့ျပီးေနာက္ ကြပ္မ်က္ပစ္ခဲ့တာပဲျဖစ္ပါတယ္။ Hinews.cn မွာတင္ထားတဲ့ဗီဒီယိုထဲမွာေတာ့ လာေရာက္ၾကည့္ရွဳၾကသူေတြထဲမွာ ေက်ာင္းဝတ္စံုဝတ္ထားတဲ့ ေက်ာင္းသားအငယ္ေလးေတြလည္းလာေရာက္ၾကတာကုိေတြ႕ရပါတယ္။

Qiongshan တရားရံုး နဲ႕ Haikou လူထုတရားရံုးမွ ဒီပြဲကုိ စီစဥ္ခဲ့တာျဖစ္ျပီးေတာ့ လူေပါင္း ၃၀၀ ေက်ာ္လာေရာက္ၾကည့္ရွဳခဲ့ၾကပါတယ္။ ဒါဟာ ဂြ်န္လ ၂၆ ရက္ေန႕မွာက်ေရာက္ခဲ့တဲ့ မူးယစ္ေဆးေမွာင္ခုိႏွိမ္နင္းေရးေန႕ အခမ္းအနားရဲ႕ အစိတ္အပုိင္းတစ္ခုလည္းျဖစ္ပါတယ္။ အသက္ ၃၉ ႏွစ္အရြယ္ Cai Liqun ဟာ မီသာဖီတာမုိင္း နဲ႕ မာဂူ ေရာင္းဝယ္တဲ့အတြက္ ဖမ္းဆီးခံရတာျဖစ္ျပီး  ေနာက္တစ္ေယာက္ကေတာ့ Huang Zhegye မီသာဖီတာမုိင္း နဲ႕ မူးယစ္ေဆးသစ္တစ္ခုကိုေမွာင္ခိုသြင္းေနတဲ့အတြက္ ဖမ္းဆီးခံခဲ့ရတာပဲျဖစ္ပါတယ္။

သူတုိ႕ကုိေတာ့ ၂၀၁၅ ခုႏွစ္စက္တင္ဘာလနဲ႕ ႏိုဝင္ဘာလၾကားမွာ မူးယစ္ေဆးဝါးေရာင္းဝယ္ေနတုန္းဖမ္းမိခဲ့တာပဲျဖစ္ပါတယ္။ Zhegye ရဲ႕ ဖမ္းမိတဲ့အခ်ိန္မွာ လက္ထဲမွာ မူးယစ္ေဆး ၁၀.၄၇ ေပါင္ နဲ႕ ေငြသား ၇၁၁၀၀ ယြမ္ လက္ဝယ္ဖမ္းဆီးရမိခဲ့ပါတယ္။ တရားရံုးႏွစ္ခုမွာ စစ္ေဆးခဲ့တဲ့ မူးယစ္ေဆးကုန္သည္ေပါင္း ၁၇ ေယာက္ရွိခဲ့ျပီး ၈ ေယာက္ကုိေတာ့ ေသမိန္႕ေပးခဲ့တယ္လုိ႕ Chinacourt.org  မွာေဖာ္ျပထားပါတယ္။

တရုတ္ႏုိင္ငံမွာ ေသမိန္႕ခ်တယ္ဆိုတာဟာ သိပ္ထူးဆန္းတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။ အာဏာ ပိုင္ေတြဟာ ဒုစရိုက္မႈမျပဳလုပ္ဖုိ႕နဲ႕ ေဆးေမွာင္ခုိမလုပ္ဖုိ႕ တင္းတင္းၾကပ္ၾကပ္သတိေပးထားပါတယ္။ Yulong အလယ္တန္းေက်ာင္းက ဆရာတစ္ေယာက္ျဖစ္တဲ့ Pan Hui ကေတာ့ အခုလိုအပစ္ေပးတာဟာ ေက်ာင္းသားေတြအတြက္ ထိတ္လန္႕စရာနမူနာတစ္ခုျဖစ္သြားမွာျဖစ္ျပီးေတာ့  သူတုိ႕ဒုစရိုက္မႈ ျပဳလုပ္ဖုိ႕ အရမ္းေၾကာက္မိသြားပါလိမ့္မယ္လုိ႕ China News က သတင္းေထာက္ကို ေျဖၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီအျဖစ္အပ်က္ကုိ လူမဆန္ဘူး ၊ ေစာ္ကားလြန္းတယ္ လုိ႕မွတ္ယူျပီး ဆႏၵျပတဲ့သူေတြလည္းရွိလာပါေသးတယ္။ Shen Bin ဆိုတဲ့သူတစ္ေယာက္ဟာ ခ်က္ခ်င္းပဲလူေတြကုိစုျပီးေတာ့ အာဧာပိုင္ေတြဟာ လူေတြကိုျခိမ္းေျခာက္ေနေၾကာင္း ၊ ဒီလိုမ်ိဳး လူ႕အခြင့္အေရးကိုမခ်ိဳးေဖာက္သင့္ေၾကာင္း ဆႏၵျပပါေတာ့တယ္။

Shen ဟာ ၁၉၈၈ ခုႏွစ္မွာျပဌာန္းခဲ့တဲ့ ရာဇဝတ္ေကာင္ေတြကို ျပည္သူေရွ႕မွာ ထုတ္ျပီးအရွက္ခြဲတဲ့ ဥပေဒကုိလည္း ျငင္းခုန္ခဲ့ပါေသးတယ္။ အခုလိုကြပ္မ်က္တာကို လူရိုင္းဆန္လြနး္တယ္ ၊ သနားညွာတာမႈမဲ့လြန္းတယ္လုိ႕ ယူဆတဲ့ William Nee ကလည္း Shanwei ျမိဳ႕မွာ အျခားအဖြဲ႕ကိုဦးေဆာင္ျပီး ဆႏၵျပခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #


ယမန်နေ့က တရုတ်နိုင်ငံမှာ မူးယစ်ဆေးကုန်သည်နှစ်ယောက်ကို သေဒဏ်ချမှတ်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ကိုတော့ တရုတ်နိုင်ငံ တောင်ပိုင်း ဟန်နန် မြို့က Haikou အားကစားကွင်းမှ လူရှေ့ထုတ်ပြခဲ့ပြီးနောက် ကွပ်မျက်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ Hinews.cn မှာတင်ထားတဲ့ဗီဒီယိုထဲမှာတော့ လာရောက်ကြည့်ရှုကြသူတွေထဲမှာ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျောင်းသားအငယ်လေးတွေလည်းလာရောက်ကြတာကိုတွေ့ရပါတယ်။

Qiongshan တရားရုံး နဲ့ Haikou လူထုတရားရုံးမှ ဒီပွဲကို စီစဉ်ခဲ့တာဖြစ်ပြီးတော့ လူပေါင်း ၃၀၀ ကျော်လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒါဟာ ဂျွန်လ ၂၆ ရက်နေ့မှာကျရောက်ခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုနှိမ်နင်းရေးနေ့ အခမ်းအနားရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ် Cai Liqun ဟာ မီသာဖီတာမိုင်း နဲ့ မာဂူ ရောင်းဝယ်တဲ့အတွက် ဖမ်းဆီးခံရတာဖြစ်ပြီး  နောက်တစ်ယောက်ကတော့ Huang Zhegye မီသာဖီတာမိုင်း နဲ့ မူးယစ်ဆေးသစ်တစ်ခုကိုမှောင်ခိုသွင်းနေတဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။

သူတို့ကိုတော့ ၂၀၁၅ ခုနှစ်စက်တင်ဘာလနဲ့ နိုဝင်ဘာလကြားမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတုန်းဖမ်းမိခဲ့တာပဲဖြစ်ပါတယ်။ Zhegye ရဲ့ ဖမ်းမိတဲ့အချိန်မှာ လက်ထဲမှာ မူးယစ်ဆေး ၁၀.၄၇ ပေါင် နဲ့ ငွေသား ၇၁၁၀၀ ယွမ် လက်ဝယ်ဖမ်းဆီးရမိခဲ့ပါတယ်။ တရားရုံးနှစ်ခုမှာ စစ်ဆေးခဲ့တဲ့ မူးယစ်ဆေးကုန်သည်ပေါင်း ၁၇ ယောက်ရှိခဲ့ပြီး ၈ ယောက်ကိုတော့ သေမိန့်ပေးခဲ့တယ်လို့ Chinacourt.org  မှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ သေမိန့်ချတယ်ဆိုတာဟာ သိပ်ထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ အာဏာ ပိုင်တွေဟာ ဒုစရိုက်မှုမပြုလုပ်ဖို့နဲ့ ဆေးမှောင်ခိုမလုပ်ဖို့ တင်းတင်းကြပ်ကြပ်သတိပေးထားပါတယ်။ Yulong အလယ်တန်းကျောင်းက ဆရာတစ်ယောက်ဖြစ်တဲ့ Pan Hui ကတော့ အခုလိုအပစ်ပေးတာဟာ ကျောင်းသားတွေအတွက် ထိတ်လန့်စရာနမူနာတစ်ခုဖြစ်သွားမှာဖြစ်ပြီးတော့  သူတို့ဒုစရိုက်မှု ပြုလုပ်ဖို့ အရမ်းကြောက်မိသွားပါလိမ့်မယ်လို့ China News က သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအဖြစ်အပျက်ကို လူမဆန်ဘူး ၊ စော်ကားလွန်းတယ် လို့မှတ်ယူပြီး ဆန္ဒပြတဲ့သူတွေလည်းရှိလာပါသေးတယ်။ Shen Bin ဆိုတဲ့သူတစ်ယောက်ဟာ ချက်ချင်းပဲလူတွေကိုစုပြီးတော့ အာဧာပိုင်တွေဟာ လူတွေကိုခြိမ်းခြောက်နေကြောင်း ၊ ဒီလိုမျိုး လူ့အခွင့်အရေးကိုမချိုးဖောက်သင့်ကြောင်း ဆန္ဒပြပါတော့တယ်။

Shen ဟာ ၁၉၈၈ ခုနှစ်မှာပြဌာန်းခဲ့တဲ့ ရာဇဝတ်ကောင်တွေကို ပြည်သူရှေ့မှာ ထုတ်ပြီးအရှက်ခွဲတဲ့ ဥပဒေကိုလည်း ငြင်းခုန်ခဲ့ပါသေးတယ်။ အခုလိုကွပ်မျက်တာကို လူရိုင်းဆန်လွန်းတယ် ၊ သနားညှာတာမှုမဲ့လွန်းတယ်လို့ ယူဆတဲ့ William Nee ကလည်း Shanwei မြို့မှာ အခြားအဖွဲ့ကိုဦးဆောင်ပြီး ဆန္ဒပြခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top