×

“အ​ေဖ”
“သား ဆယ္​တန္​းက်တယ္​”
နြားစာ​ေက်ြး​ေန​ေသာ အ​ေဖ ရုတ္​တရတ္​တုံ႔သြားသည္​မီးဖုိ​ေခ်ာင္​ထဲ ထမင္​းခ်က္​​ေန​ေသာ အ​ေမကၾကားလိမ္​့မည္​မထင္​။အ​ေဖ စကားတလုံးမွ မ​ေျပာပဲ က်​ေတာ္​့ကုိ စူးစုိက္​ၾကည္​့​ေနသည္​။

​”ဟုိးမွာ​ေတြ႕လား ငါ့သား!!!ဓား ၂​ေခ်ာင္​းစီ က်​ေတာ္​့ကုိၫြန္​ျပသည္​(စကားလမ္​းလြဲွလုိက္​သည္​ဟု က်​ေတာ္​ထင္​)”လွည္​း​ေပၚတင္​ကြာ အ​ေဖနဲ႔​လယ္​​ေတာခဏလုိက္​ခဲ့ အ​က်ၤီထူထူ ယူခဲ့ ”

နြားညဳိသုိးႀကီး ၂​ေကာင္​ကုိဆြဲသြားၿပီး အ​ေဖနြားလွည္​းတပ္​​ေနၿပီ ။က်​ေတာ္​ အ​ေဖ့​ေနာက္​မွ၀င္​ထုိင္​လုိက္​သည္​။(အ​ေတြးထဲ ​ေက်ာင္​းမ်ားထုတ္​လုိက္​သည္​ဟု ထင္​ခဲ့)

လယ္​​ေတာ​ေရာက္​​ေတာ့ အ​ေဖ က်​ေတာ္​့ကုိထြန္​တုံးဆင္​​ေပးၿပီး ထြန္​ခုိင္​းသည္​။ က်​ေတာ္​​အူ​ေၾကာင္​​ေၾကာင္​ျဖစ္​သြားတယ္​။ အ​ေဖ ငါ့ကုိတကယ္​မ်ား​ေက်ာင္​းထုတ္​လုိက္​ၿပီလား?

က်​ေတာ့္ကုိ တခါမွ အလုပ္​မခုိင္​းဘူးခဲ့တဲ့အ​ေဖကဒီလုိလုပ္​​ေတာ့ အ့ံၾသသြားမိတာ​ေပါ့က်​ေတာ္​ နြားကုိရုိက္​လုိက္​သည္​။လယ္​ထဲကုိသုံးပတ္​​ေလာက္​ပတ္​မိတဲ့အခ်ိန္​ ​ေျဖဖဝါး​ေတက​ေသြးက်င္​ဥ လာတယ္​။ ​​ေနပူတဲ့ဒဏ္​​ေၾကာင္​​ေခ်ြးတလုံးလုံးနဲ႔ ပန္​ပင္​းတဲ့ဒဏ္​ကုိ မခံစားႏုိင္​
​ေတာ့ဘဲ က်​ေတာ္​ ယုိင္​က်သြားသည္​။

No automatic alt text available.

“ငါ့သား အ​ေဖတုိ႔ မင္​းလုိ ပညာမသင္​ခဲ့ရဘူးပညာဆုိလုိ႔ ၄တန္​းပဲ​ေအာင္​ခဲ့တာမင္​းကုိ​ေက်ာင္​းထားတယ္​ဆုိတာ အ​ေဖတုိ႔လုိပန္​းပင္​းမွာဆုိးလုိ႔ ငါ့သားသမီး​ေတြငါ့လုိ မျဖစ္​ရ​ေလ​ေအာင္​ဆုိၿပီး အ​ေဖတုိ႔မင္​းကုိ ​ေဘာ္​ဒါ​ေဆာင္​မွာ ​ေကာင္​း​ေကာင္​းထားၿပီး စာသင္​ခုိင္​းခဲ့တာ အ​ေဖတုိ႔ မင္​းဆီကဘာမွ​ေမ်ာ္​လင္​့ခ်က္​မရွိဘူူး

ငါ့သားသမီး ငါ့လုိပင္​ပင္​ပန္​းပန္​းနဲ႔ မလုပ္​စား​ေစခ်င္​လုိ႔​ေနာင္​တခ်ိန္​မွာ မင္​းဘ၀​ေလး သာယာလွပဖုိ႔(​ေျပားရင္​းနဲ႔ အ​ေဖ့သံက ငုိသံပါသလုိလုိခံစားရ)

က်​ေတာ္​့​ေနာင္​တနဲ႔အတူ မ်က္​ရည္​​ေတက်လာခဲ့သည္​(စာမက်က္​မိသည္​မ်ားကုိ)

ဟုိးအ​ေ၀းက အ​ေမ တလူပ္​လူပ္​နဲ႔ထမင္​း​ေထာင္​းကုိ ႐ြတ္​လာတာျမင္​​ေနမိသည္​။

အ​ေဖ့ကုိ ထာ၀ရစဥ္​​ေလးစားလ်က္​

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ​ေပတူ
# Unicode Version ျဖင့္ ဖတ္ပါ #


“အဖေ”
“သား ဆယ်တန်းကျတယ်”
နွားစာကျွေးနေသော အဖေ ရုတ်တရတ်တုံ့သွားသည်မီးဖိုချောင်ထဲ ထမင်းချက်နေသော အမေကကြားလိမ့်မည်မထင်။အဖေ စကားတလုံးမှ မပြောပဲ ကျတော့်ကို စူးစိုက်ကြည့်နေသည်။

”ဟိုးမှာတွေ့လား ငါ့သား!!!ဓား ၂ချောင်းစီ ကျတော့်ကိုညွန်ပြသည်(စကားလမ်းလွဲှလိုက်သည်ဟု ကျတော်ထင်)”လှည်းပေါ်တင်ကွာ အဖေနဲ့လယ်တောခဏလိုက်ခဲ့ အင်္ကျီထူထူ ယူခဲ့ ”

နွားညိုသိုးကြီး ၂ကောင်ကိုဆွဲသွားပြီး အဖေနွားလှည်းတပ်နေပြီ ။ကျတော် အဖေ့နောက်မှဝင်ထိုင်လိုက်သည်။(အတွေးထဲ ကျောင်းများထုတ်လိုက်သည်ဟု ထင်ခဲ့)

လယ်တောရောက်တော့ အဖေ ကျတော့်ကိုထွန်တုံးဆင်ပေးပြီး ထွန်ခိုင်းသည်။ ကျတော်အူကြောင်ကြောင်ဖြစ်သွားတယ်။ အဖေ ငါ့ကိုတကယ်များကျောင်းထုတ်လိုက်ပြီလား?

ကျတော့်ကို တခါမှ အလုပ်မခိုင်းဘူးခဲ့တဲ့အဖေကဒီလိုလုပ်တော့ အံ့သြသွားမိတာပေါ့ကျတော် နွားကိုရိုက်လိုက်သည်။လယ်ထဲကိုသုံးပတ်လောက်ပတ်မိတဲ့အချိန် ဖြေဖဝါးတေကသွေးကျင်ဥ လာတယ်။ နေပူတဲ့ဒဏ်ကြောင်ချွေးတလုံးလုံးနဲ့ ပန်ပင်းတဲ့ဒဏ်ကို မခံစားနိုင်
တော့ဘဲ ကျတော် ယိုင်ကျသွားသည်။

No automatic alt text available.

“ငါ့သား အဖေတို့ မင်းလို ပညာမသင်ခဲ့ရဘူးပညာဆိုလို့ ၄တန်းပဲအောင်ခဲ့တာမင်းကိုကျောင်းထားတယ်ဆိုတာ အဖေတို့လိုပန်းပင်းမှာဆိုးလို့ ငါ့သားသမီးတွေငါ့လို မဖြစ်ရလေအောင်ဆိုပြီး အဖေတို့မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်းထားပြီး စာသင်ခိုင်းခဲ့တာ အဖေတို့ မင်းဆီကဘာမှမျော်လင့်ချက်မရှိဘူူး

ငါ့သားသမီး ငါ့လိုပင်ပင်ပန်းပန်းနဲ့ မလုပ်စားစေချင်လို့နောင်တချိန်မှာ မင်းဘဝလေး သာယာလှပဖို့(ပြေားရင်းနဲ့ အဖေ့သံက ငိုသံပါသလိုလိုခံစားရ)

ကျတော့်နောင်တနဲ့အတူ မျက်ရည်တေကျလာခဲ့သည်(စာမကျက်မိသည်များကို)

ဟိုးအဝေးက အမေ တလူပ်လူပ်နဲ့ထမင်းထောင်းကို ရွတ်လာတာမြင်နေမိသည်။

အဖေ့ကို ထာဝရစဉ်လေးစားလျက်

ဖိုးသူတော် (www.phothutaw.com)
Credit: ပေတူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top